Channel Myanmar

Vince Vaughn

The Lost World: Jurassic Park (1997) 6.5
The Lost World: Jurassic Park (1997) The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။ File Size ...
movie


1997
Nonnas (2025) 7.0
Nonnas (2025)  ဇာတ်ကားနာမည်ကို မြင်ပြီး ကိုရီးယားက နူနားတွေလို့မထင်လိုက်ပါနဲ့ဦး။ Nonnaဆိုတာ အီတလီလို အဘွားလို့ခေါ်တာပါ။ဂျိုးဟာ ငယ်စဉ်ကတည်း အမေနဲ့ အဘွားတို့နဲ့ ကြီးပြင်းလာခဲ့ရပြီး အမေနဲ့ အဘွားတို့ ချက်ကျွေးတဲ့ အီတလီဟင်းလျာတွေဟာ သူ့ရဲ့ soul food တွေဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ အသက်တွေကြီးလာပြီး ဂျိုးရဲ့အမေဆုံးသွားချိန်မှာဂျိုးဟာ အမေ့ရဲ့ အသက်အာမခံပိုက်ဆံတွေကို အရင်းပြုပြီးအီတလီစားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။သူဖွင့်ချင်တာ သာမန်စားသောက်ဆိုင်မျိုးမဟုတ်ဘဲအီတလီအဘွားတွေကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ မိသားစုဆန်ဆန်စားသောက်ဆိုင်လေးတစ်ခုပါ။သူ့ရဲ့ရည်ရွယ်ချက်က အကြောင်းအမျိုးမျိုး‌ကြောင့်ချစ်ရတဲ့ မိသားစုဝင်‌တွေအနားမှာမရှိကြတော့တဲ့သူတွေအတွက် မိသားစုအရသာ၊ အမေ့လက်ရာ၊အဘွားလက်ရာကို ပေးစွမ်းနိုင်မဲ့ စားသောက်ဆိုင်တစ်ခုဖြစ်စေဖို့ပါပဲ။ဒီလိုနဲ့ နီးစပ်ရာ အီတလီ အဘွားတွေနဲ့အတူ အန်နိုတက်ကာမာရီယာဆိုတဲ့ စားသောက်ဆိုင်လေးကို စတင်ဖွင့်လှစ်ခဲ့ပုံအကြောင်းရိုက်ကူးထားတာပါ။ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး နှလုံးသားကိုပါ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခုပေးစွမ်းနိုင်တာမလို့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ ညွှန်းလိုက်ချင်ပါတယ်။ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ အမေ့လက်ရာအဘွားလက်ရာ အစားအစာတွေကို တောင့်တမိမှာအသေအချာပါပဲ။  File size…  (1.18GB) / ( 730 MB) Quality… WEB-DL  1080p HEVC  /720p Format…mkv ...
movie

Nonnas (2025)

Hacksaw Ridge (2016) 8.1
Hacksaw Ridge (2016) Hacksaw Ridge (2016)IMDb Rating (8.1) / Rotten Tomatoes (81 %)2016 ခုနှစ်ကထွက်ရှိခဲ့ပြီး war ရုပ်ရှင်တွေ ထဲမှာ အကောင်းဆုံး ရုပ်ရှင်လို့တောင်ပြောလို့ရမယ့် ဒါရိုက်တာ Mel Gibson ရဲ့ Hacksaw ridge ဆိုတဲ့ရုပ်ရှင်ကို အားလုံးပဲသိကြမှာပါ ဒီရုပ်ရှင်ထဲက battles scene တွေကို ဒါရိုက်တာကြီး Mel Gibson က ကလေးဘဝတုန်းက သူမက်ခဲ့တဲ့ အိမ်မက်ဆိုးတွေ အပေါ်မှာ အခြေခံပြီးရိုက်ကူးခဲ့တာပါ ဒါရိုက်တာကြီးရဲ့အဖေဟာ ဒုတိယကမ္ဘာစစ် ဝါရင့် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး စစ်ပွဲအတွင်းက အဖြစ်အပျက်တွေကို အိပ်ရာဝင်ပုံပြင်အဖြစ် ပြောပြလေ့ရှိတဲ့အတွက် သူ battle Scene တွေကို အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်Mel Gibson ဟာ ဒီ battles scene တွေကို ပိုပြီး လက်တွေ့ကြစေချင်တဲ့အတွက် ရုပ်ရှင်ဘတ်ဂျက်ထဲကမဟုတ်ဘဲ သူ့အိပ်ကပ်ထဲက ဒေါ်လာ 1 သိန်း ...
movie

Hacksaw Ridge (2016)

2016
4K HEVC
Mr. & Mrs. Smith (2005) Mr and Mrs Smith 6.5
Mr. & Mrs. Smith (2005) Mr and Mrs Smith Mr. & Mrs. Smith (2005)IMDb Rating (6.5) / Rotten Tomatoes (60%)ကားဟောင်းတွေကို Quality update လုပ်ပေးနေရာမှာ ဒီတစ်ခါအလှည့်ကျလာတာကတော့ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ နာမည်ကြီး Action/Comedy Mr and Mrs Smith ကားလေးပါပဲ။ ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ရဲ့ သတ္တမမြောက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး IMDB 6.5/10 ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ နှစ်ယောက်သား အပြင်မှာတကယ် လက်တွဲခဲ့ကြပြီး အဆုံးသတ်ကတော့ အများသိထားတဲ့အတိုင်းပါပဲ။မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် စတွေ့ပြီးလပိုင်းအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် အရူးအမူးဖြစ်ပြီး လက်ထပ်ခဲ့ကြတဲ့ စမစ်တို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်မှာ စုံတွဲတော်တော်များများ ခံစားခဲ့ရသလို ငြီးငွေ့ ပျင်းရိဖွယ် အိမ်ထောင်ရေးတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အချစ်တွေလျော့လာပြီး တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်တွေ တစ်ပုံတစ်ပင်နဲ့ အပေါ်ယံဆက်ဆံနေခဲ့ရာက တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်တစ်ခုနဲ့ အချင်းချင်းရဲ့ သရုပ်မှန်ကို သိလိုက်ရပါတော့တယ်။နှစ်ယောက်စလုံးက အဆင့်မြင့် လုပ်ကြံရေးသမားတွေ ဖြစ်နေပြီး ဟန်ဆောင်ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျကာ တစ်ဖက်နဲ့ ...
movie

Mr. & Mrs. Smith (2005) Mr and Mrs Smith

Into the Wild (2007) 8.1
Into the Wild (2007)  Into the Wild (2007)IMDb Rating (8.1) / Rotten Tomatoes (83%)၁၉၉၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ လှုပ်လှုပ်ရှားရှား သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့တယ်။ အသက် ၂၀ ကျော်၊ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၊ ငွေရေးကြေးရေး အခက်အခဲ မရှိသလို၊ မိသားစုပြသနာ၊ အချစ်ရေး ပြသနာ ဘာမှ မရှိတဲ့ လူငယ်လေးတစ်ဦးဟာ တောထဲကို ဝင်ရောက်သွားခဲ့တယ်။တောထဲမှာ တစ်ကိုယ်တော်နေထိုင်ရင်း သစ်သားဘတ်စ်ကားအိုကြီးထဲမှာ ပျက်စီးနေတဲ့ သူ့ရုပ်အလောင်းကို ဆတ်မုဆိုးအဖွဲ့ကနေ တွေ့ရှိခဲ့ပါတော့တယ်။♦️ ဘာကြောင့်သူဟာ ပိုင်ဆိုင်မှူတွေကို စွန့်ခွာခဲ့တာလဲ♦️ ဘာကြောင့်သူဟာ အောင်မြင်မှူတွေကို စွန့်ခွာခဲ့တာလဲ♦️ ဘာကြောင့်သူဟာ ချစ်ခင်တဲ့ မိသားစုကို စွန့်ခွာခဲ့တာလဲအဆိုပါ လူငယ်လေးအကြောင်းဟာ အမေရိကန်နိုင်ငံသားတွေကြားမှာ ဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါ လူငယ်လေးရဲ့ ကိုယ်ရေးမှတ်တမ်းတွေအပါအဝင် သူပတ်သက်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာ ဆရာမတွေ၊ မိသားစုဝင်တွေနဲ့ သူ့ချစ်သူတို့ကို မေးမြန်းကာ စာရေးဆရာ Jon Krakauer က Into the Wild ဆိုပြီး စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပါတယ်။အဆိုပါစာအုပ်ဟာ အမေရိကန်ပြည်တွင်းကို ကျော်လွန်ကာ နိုင်ငံတကာထိ ပေါက်မြောက် ...
movie

Into the Wild (2007)

2007
Paparazzi (2004)
Paparazzi (2004) Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ...ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ...ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ...သူဟာမိသားစုကိုအလေးထားသူပါ....ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်....အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်...တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်.... ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ... ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(1.69 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Paparazzi (2004)

Rudy (1993) 7.5
Rudy (1993) Rudy 1993 ဟာ sport/family အမျိုးအစားဖြစ်ပြီးတော့ iMDB 7.5 ရရှိထားတဲ့ ကား‌ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Rotten Tomatoes ကလည်း 77% တောင်ရှိတာဆိုတော့ ရုပ်ရှင်ပရိသတ်တွေလုံးဝ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ပုဒ်လို့ပြောရမယ်။ဇာတ်လမ်းအကျဉ်းကတော့ ရူဒီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ နော်ထရီဒိန်းမှာဘောလုံးကစားသမား ဖြစ်ချင်ပေမယ့် ကျူရှင်ဖိုးမတတ်နိုင် စာတော်တဲ့အထဲလည်းမပါ‌တော့ သူ့အနေနဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ၊ အခက်ခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်း ဇာတ်ကွက်လည်း ကောင်းပြီး ပရိသတ်တွေကို motivation ကောင်းကောင်းပေးနိုင်မယ့် ရုပ်ရှင်တစ်ပုဒ်လို့လည်း ပြောလို့ရတယ်။ရူဒီဇာတ်ကောင်ရဲ့ မလျှော့သော ဇွဲ၊ စိတ်အားထက်သန်မှု၊ ရလိုစိတ်ပြင်းပြမှုတွေနဲ့အတူ ပျင်းဖို့အချိန်မရှိရလောက်အောင် ဇာတ်ရှိန်ကိုဆွဲခေါ်နိုင်တဲ့ကားမို့ ပရိသတ်တို့အကြိုက်တွေ့မှာသေချာပါတယ်။File size…  3.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Biography/Drama/Sport Subtitle…. Myanmar Subtitle (Hard ...
movie

Rudy (1993)

Zoolander (2001)
Zoolander (2001) IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie

Zoolander (2001)

The Cell (2000) 6.4
The Cell (2000)  ဒီရုပ်ရှင်လေးက ၂၀၀၀ခုနှစ်ထွက် Sci-Fi Horrorကားလေးပါ...။သရုပ်ဆောင်တွေအနေနဲ့က Jennifer Lopez၊ Vince Vaughnတို့ပါဝင်ပြီး ဆုတံဆိပ်တွေအများကြီးရရှိခဲ့သလို Makeupနဲ့ Hairstyleပိုင်းမှာအော်စကာဇကာတင်အဖြစ်ပါခဲ့ပါသေးတယ်။ရုံဝင်ငွေကလည်း ဘတ်ဂျက်၃၃မီလီယံမှာ ၁၀၄မီလီယံအထိရရှိခဲ့တဲ့ကားလေးဖြစ်ပြီး အဲ့ဒီခေတ်အဲ့ဒီအခါက ဒီလိုဇာတ်အိမ်မျိုးကို ဒီလိုရိုက်ပြခဲ့ပါလားဆိုပြီး မြင်တွေ့ရမယ့်ကားလေးလည်းဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းလေးကလည်း ခပ်ဆန်းဆန်း၊ တိုတိုရှင်းရှင်းပြောရရင်ကိုမာဝင်နေတဲ့လူရဲ့စိတ်ထဲကဝင်ပြီး ကိုယ်သိချင်တဲ့အချက်အလက်တွေဝင်ရှာပြီးရာဇဝတ်အမှုလိုက်သွားတဲ့ကားလေးပါ...။Inceptionလို မူဗီမျိုးကိုကြိုက်တတ်ရင်တော့ ဒီကားလေးကလည်းအရသာတစ်မျိုးတွေ့ဦးမှာပါ၊ ထပ်ပြီးထူးတာက ဒီကားထဲမှာhorror vibeကိုလည်းခံစားရဦးမှာပါ....၊ဇာတ်လမ်းအကျဥ်းလေးက ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိတယ်...သူ့သတ်ဖြတ်နည်းက ခပ်ဆန်းဆန်း၊အမျိုးသမီးတွေကိုပဲ ပြန်ပေးဆွဲကာတစ်နေရာမှာဖွက်ထားပြီး ရေနှစ်သေအောင်လုပ်တယ် ပြီးမှ အရုပ်မဖြစ်အောင်အရောင်ချွတ်ဆေးတွေနဲ့မွမ်းမံပြီး ရဲတွေတွေ့အောင်ပစ်သွားတာ...။ရဲတွေကသူ့ကိုတော်တော်နဲ့မဖမ်းနိုင်ခဲ့ဘူး...။ဘယ်အချိန်မှ ဖမ်းမိသွားလဲဆိုတောအဲ့ဒီလူသတ်သမားကိုမာဝင်သွားမှ ဖမ်းမိတယ်...။အဖမ်းခံရတဲ့အချိန်မှာလည်း အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီးသား...၊ဒီတော့ ပြန်ပေးဆွဲခံတဲ့အမျိုးသမီးရဲ့တည်နေရာကို သူ့ကိုမေးဖို့အတွက်ခုနကပြောတဲ့ တစ်ဖက်လူရဲ့စိတ်ထဲဝင်လို့ရတဲ့နည်းပညာတွေလိုလာပြီပေါ့။အဲ့ဒီနည်းပညာတွေနဲ့ လူသတ်သမားရဲ့စိတ်ထဲကိုဝင်ကြည့်မိတဲ့အခါမှာတော့....။အဲ့ဒီခေတ်အခါက ဇာတ်အိမ်ဆန်းဆန်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေကိုတစ်ဖန်ပြန်ခံစားချင်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ။  File size…1.90 GB / 840 MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 47m Genre ….. Crime , Horror , Sci-Fi Subtitle….Myanmar Subtitle ...
movie

The Cell (2000)

Old School (2003) 7.0
Old School (2003) ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာကSuperbad တို့ American Pie တို့လိုကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေမဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်းလူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ ‌ အရိုးရဲ့ ‌‌‌အော်ပရာသီချင်းကိုလက်တွေဘဝမှာကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်းအဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို‌မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကိုအလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ‌ ဇာတ်ဆောင်တွေအနေနဲ့ကလဲcomedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie's Angel,Death at a funeral, Idiocracy တို့မှမင်းသားLuke Wilson ပါမက Step Brothers, Anchor Man,Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကိုWedding Crushers, The Watch, Zoo Lander တို့မှVince Vaughn တို့လို ဟာသကျော်ကြီးတွေသုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကိုကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size…  3 GB ...
movie

Old School (2003)

2003
Delivery Man (2013) 6.3
Delivery Man (2013) Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။  File size…  1.33 GB /  646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie

Delivery Man (2013)

2015
Lay the Favorite (2012) 4.8
Lay the Favorite (2012) Lay the Favorite (2012) ==================အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကို ပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့ တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေ ရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့ အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါ တော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ် မှန်ကို ရိုက်ကူးထားတာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.69 GB) / (679 ...
movie

Lay the Favorite (2012)

2012
The Dilemma (2011) 5.3
The Dilemma (2011) 2011 ခုနှစ်က ထွက်ရှိခဲ့ပီး IMbd 5.3 ရရှိခဲ့တဲ့black comedy အမျိုးအစား ဇာတ်ကား ​လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့ ရွန်နီ နဲ့ နစ်ခ် ဟာအထက်တန်း​ကျောင်းတုန်းကနဲ့ ခင်ကြတဲ့ သူငယ်ချင်း​တွေဖြစ်ကြပီးစီးပွား​ရေး လည်းအတူတွဲလုပ်ကြတဲ့ သူတွေပါ။​ဂေါ်မစွံ့ လူပျိုကြီ ရွန်နီ ကို အိမ်​ထောင်ပြုဖြစ်​အောင် နစ်ခ် တို့ ဇနီး​မောင်နှံကကြိုးစားတိုက်တွန်းကြပါတယ် ၊ တစ်​နေ့မှာ​တော့ နစ်ခ်ရဲ့ မိန်းမ က ​ဖောက်ပြန်​နေတာကိုရွန်နီ က သိရှိသွားတဲ့ အခါ နစ်ခ် ကို​ ​ပြောပြဖို့ ကြိုးစားပါတယ်။အဲ့လိုလုပ်​နေရင်းနဲ့ မရိုးရှင်းလှတဲ့ အိမ်​ထောင်​ရေးပြသနာ​တွေ၊ လျို့ဝှက်ချက်​တွေကိုသိသွားပီး ​ဖြေရှင်းဖို့ကြိုးစားပုံ​တွေ ၊ သူငယ်ချင်း​တွေ ကြားကသံ​ယောဇဥ် အ​ကြောင်း​တွေ ကို ​ပေါ်လွင်​အောင်​ဖော်ပြထားတဲ့ဇာတ်လမ်း​လေးပဲ ဖြစ်ပါတယ်။တဖက်ကလည်း အခက်အခဲ​တွေ​ကျော်လွှားပီး​အောင်မြင်​အောင်ကြိုးစား အလုပ်လုပ်ကြပုံ​တွေကိုလည်း​တွေ့ရမှာပါ။Vince Vaughn နဲ့ Kevin James တို့လို မင်းသားကြီး​တွေရဲ့သရုပ်​ဆောင်မှု နဲ့ခပ်​သော့​သော့ ဟာသ ​တွေအပြင် ...
movie

The Dilemma (2011)

2011
Couples Retreat (2009) 5.5
Couples Retreat (2009) Vince Vaughn အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ပြီး Jason Bateman, Jon Favreau စတဲ့ စတားတွေ ခြံရံထားတဲ့ Couples' retreat ဆိုတဲ့ အိမ်ထောင်ရေးအချစ်ဟာသဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အချစ်ရေးဆိုတာကလည်း ဘာပြဿနာမှမရှိနေတာကလည်း ပြဿနာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါပြီ။ အိမ်ထောင် တစ်ခု ဖြစ်တည်လာပြီဆိုရင် စုံတွဲတွေအဖို့ အခက်အခဲတွေ ပြဿနာတွေကြားထဲကပဲ အချစ်ကိုတည်ဆောက် ပဲ့ပြင်ကြရစမြဲပါပဲ။ Couples' retreat ဆိုတာကတော့ စုံတွဲတွေအတွက် အေးစက်နေတဲ့အချစ်ရေးကိုပြန်စတင်ဖို့ အချိန်ကာလတစ်ခု ကိုဆိုလိုတာပါ စုံတွဲတွေအတွက် ခံစားချက်တွေ အေးစက်လာတဲ့အချိန်. ပုံမှန်နေ့စဉ်ဘဝကြီးထဲမှာ စိတ်လှုပ်ရှားစရာတွေကုန်ခမ်း လာတဲ့အချိန်မှာ ခြေတစ်လှမ်းဆုတ်ပြီး ဘဝကိုအနားခဏပေးကာ စိတ်ရောကိုယ်ပါအနားယူပြီး ခံစားချက် တွေကို တည့်မတ်ခွင့်ရတဲ့အတွက်လည်း Couples' retreat လို့ တင်စားပြောနိုင်ပါတယ် ဒီစိတ်ကူးကို ပထမဆုံးအကြံရပြီး အကောင်အထည်ဖော်ဖို့ တကယ်ကြီးတင်ဆက်လာတာကတော့ ဂျေဆင်နဲ့ စင်သီရာ တို့ အတွဲပါပဲ. သူတို့ရဲ့ ကျွန်းပေါ်ကအပန်းဖြေစခန်းမှာ အနားယူကြမယ့် အိုင်ဒီယာကို ပရိုဂျက်တာနဲ့ ပြပြီး ပါဝါပွိုင့်စလိုက်ရှိုးတွေနဲ့ပါ တင်ဆက်လာခဲ့ပါတော့တယ် ပထမအစမှာတော့ ကျန်တဲ့စုံတွဲ ၃ တွဲက သဘောမတူခဲ့ကြပါဘူး. ဒါပေမယ့် ဂျေဆင်ရဲ့ အထူးကြိုးပမ်းမှုအရ ဒေ့ဗ် နဲ့ ...
movie

Couples Retreat (2009)

Fred Claus (2007) 5.6
Fred Claus (2007)  ဆန်တာကလေ့ာစ်ကိုတော့ အားလုံးသိကြမှာပါ...။ခရစ်စမတ်ဆိုရင် ဒရယ်စွတ်ဖားလှည်းကြီးစီးပြီး ဝတ်စုံနီကြီးနဲ့ကလေးတွေကို လက်ဆောင်တွေလိုက်ပေးတဲ့ ဖိုးဖိုးကြီးပေါ့...။ဒါပေမဲ့ လူတိုင်းမသိကြတာက သူ့မှာ ဖရက်ဒ်ကလော့စ်ဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။ဒီပုံပြင်လေးက သူ့ရဲ့ပုံပြင်လေးပါ...။ပုံပြင်လေးကဘယ်လိုလဲဆိုတော့ လိမ္မာပြီး စိတ်ထားလှတဲ့ ဆန်တာကိုဆိုရင်ငယ်ငယ်လေးကတည်းက လူတိုင်းကချစ်ခင်ကြ ချီးကျုးကြတယ်ပေါ့...။ဖရက်ဒ်လေးဟာ ဆန်တာရဲ့လောင်းရိပ်အောက်မှာ ရောက်နေခဲ့တာကြောင့်ဘယ်လိုပဲကြိုးစားကြိုးစား လျစ်လျူရှုခံရမှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်...။ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားတွေကွဲလွဲခဲ့ပြီး မခေါ်မပြောဖြစ်ခဲ့ကြပါတယ်...။သို့ပေမဲ့ တစ်ခုသော ခရစ်စမတ်မှာ ညီအစ်ကိုနှစ်ယောက် ပြန်ညီညွှတ်ဖို့အခွင့်အလမ်းတစ်ခုပေါ်လာတော့တယ်...။ကဲဇာတ်ကြောင်းလေးက ဘယ်လိုလေးဆက်ဖြစ်မလဲ...ညီအစ်ကိုနှစ်ယောက်တကယ်တမ်းသင့်မြတ်ကြပါ့မလားဆိုတာကို....ဒီComedy,Family, Fantasy movieလေးထဲမှာ ကြည့်ရှုလို့ရပါပြီ...။ File size…2.08GB / 946MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 56m Genre ….. Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Fred Claus (2007)

Wedding Crashers (2005) 7
Wedding Crashers (2005) IMDb Rating -7/10Rotten Tomatoes - 75%Wedding crashers ဆိုတဲ့သူတွေကမင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲအပျော်တမ်းလိုက်တက်တဲ့သူတွေနောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာမင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီးမင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာမျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်ကခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ်ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီးချစ်မိသွားလေသောအခါ...ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... ...
movie

Wedding Crashers (2005)

2005
DodgeBall: A True Underdog Story (2004)
DodgeBall: A True Underdog Story (2004) Peter La Fleur ဆိုတာ ရည်မှန်းချက်မည်မည်ရရ မရှိဘဲ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံအသေးလေးတစ်ရုံ ပိုင်ပါတယ်။ သူ့ gym မှာ ကစားနေကျ ဖောက်သည် တစ်သိုက်ရှိပေမဲ့ ပိုက်ဆံမရတာတော့(၁၃)လရှိပါပြီ။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ပီတာ့ဘဝထဲကို သတင်းဆိုးကြီး ဝင်ရောက်လာပါ‌တော့တယ်။ ရက်(၃၀)အတွင်း $50,000 မဆပ်နိုင်ရင် gym ကို ဘဏ်က သိမ်းပါတော့မယ်။ သူတို့ Gym ဘေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးနေတဲ့ Globo Gym က ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ Average Joe’s ဆိုတာ ပီတာတို့ဘော်ဒါတစ်သိုက်အတွက်တော့ အားကစားလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ ဘဝအပန်းပြေစေတဲ့ ခိုနားရာလေးဖြစ်ပါတယ် ။ သူတို့အားလုံးအတွက် အရေးကြီးလို့ အဆုံးရှုံးမခံနိုင်ကြပါဘူး။ဒီတော့ ပီတာနဲ့ ဘော်ဒါတစ်သိုက် ရက်(၃၀)အတွက် $50,000 ရှာဖို့ နည်းမျိုးစုံစဉ်းစားကြရပါပြီ။ ...
movie

DodgeBall: A True Underdog Story (2004)

Be Cool (2005) 5.6
Be Cool (2005) ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie

Be Cool (2005)

North Hollywood (2021) 5.9
North Hollywood (2021) ဒီကားလေးက 2021 ထွက် comedy/drama ကားကောင်းလေးပါ။rating လည်း ထိုက်သင့်သလောက် ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းလေးပါ။comedy ဆိုတာထက် drama ဘက် ပိုယိမ်းပါတယ်။ဇာတ်လမ်းအကျဉ်း==================လောစ့်အိန်ဂျလိစ့် ၊ North Hollywood ဆိုတဲ့မြို့ကလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ဘဝနဲ့ သူ​ပြေးလိုက်တဲ့ အိပ်မက်အကြောင်းရိုက်ထားတာပါ။အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ မိုက်ကယ်ရူးရူးမူးမူးဖြစ်ချင်တာကတော့ ပရို စကိတ်စီးသမားတစ်ယောက်ပါ။သို့သော် အမိမဲ့သား မိုက်ကယ်ရဲ့ စကိတ်သမားဖြစ်ချင်တဲ့ရည်ရွယ်ချက်ကို သဘောမတူတဲ့ သူ့အဖေကတော့ မိုက်ကယ်ကိုအထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်ကို ဆက်တက်ပြီး ​ပညာရေးကိုရှေ့ဆက်စေချင်တာပါ။ မိုက်ကယ်ကတေ့ာ သူဖြစ်ချင်တဲ့စကိတ်သမားဖြစ်လာဖို့ ဘာကိုမဆို စတေးရ စတေးရအဆင်သင့်ဖြစ်နေသူတစ်ဦးပါ။ ဇာတ်က အေးပါတယ်။ဒါပေမယ့် ဇာတ်ကားမဆန်ဘဲ တကယ့်အပြင်က reality တစ်ခုကိုပြထားသလို ခံစားရမှာပါ။ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ဖြစ်ချင်တဲ့ စိတ်ဆန္ဒနောက်ကို ပြေးလိုက်တဲ့ ခရီးလမ်းမှာ မိသားစု ၊မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါမှု ဒါတွေကို လက်တွေ့ဆန်စွာခံစားကြည့်ရှုရပါမယ်။ File size…1.26GB / 547MB Quality…1080p WEB DL AAC5.1CH ...
movie

North Hollywood (2021)

2022
Queenpins(2021) 6.5
Queenpins(2021) Queenpins(2021) အညွှန်း*********************ဒီတစ်ခါကားလေးမှာတော့ Bebe Rexha နဲ့ Frozen ထဲကဇာတ်ကောင် Anna ရဲ့အသံသရုပ်ဆောင် Kristen Bell တို့ပါဝင်ထားပါတယ်.....ဥာဏ်များပြီးဇွဲရှိတဲ့ Connie Kaminski (Kristen Bell) ဟာစျေးဝယ်ကူပွန်တွေစုပြီးအသုံးစရိတ်တွေကိုပါးပါးနပ်နပ်နဲ့လျှော့ချတတ်ပါတယ် ....တစ်နေ့သူအကြံရလာတာကတော့.... စျေးဝယ်ကူပွန်တွေကို ပုံနှိပ်စက်ရုံကနေခိုးထုတ်ပြီးအွန်လိုင်းကနေ ဝက်ဘ်ဆိုဒ်ထောင်ကာအလကားရလာတဲ့ကူပွန်တွေကို တစ်ဝက်စျေးနဲ့ပြန်ရောင်းတာပေါ့ ...ဟက်ကာမ သူငယ်ချင်းတစ်ယောက်နဲ့ ဘော်ဒါတစ်ယောက်ပါ သူ့လုပ်ငန်းထဲပါဝင်လာခဲ့တယ်...ဒီလောကထဲမှာ အတော်အတန်ကျင်လည်ပြီးနောက် သူတို့တွေဟာ ဈေးကွက်ကိုကြီးစိုးနေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုပါ  အပီအပျင်ဗျင်းဖို့  ကြိုးစားလာတဲ့အခါမှာတော့...သူတို့ဘယ်လောက်ထိအောင်မြင်မလဲ....ရဲတွေနဲ့ရော ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ....ဒီကားက အမျိုးသမီးတွေကို အဓိက ဇာတ်အိမ်တည်ထားပြီး တော်တော်ကိုမြိုင်ဆိုင်ပါတယ်...ဘက်ဂျင်လည်း တော်တော်လေးသုံးထားလို့  ဒေါင်းကြည့်တဲ့သူတွေအဖို့အပန်းဖြေဖို့ရာ ထိုက်တန်စေတဲ့ကားတစ်ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ...File Size :(1GB) and (365 MB) Quality :WEBRip 720p Format…mp4 Duration…01:50:00 Genre : Crime , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by  Hnin Wut Yi & ...
movie

Queenpins(2021)