Channel Myanmar

Viktor Sukhorukov

Brother 2 (2000) Brat 2 7.6
Brother 2 (2000) Brat 2 Brother 2 (2000)IMDb Rating (7.6) / Rotten Tomatoes (80%) ရုရှားရာဇ၀တ်မှုမြောက်ရုပ်ရှင်ဖြစ်ပြီး Brother (1997) ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။သူငယ်ချင်းရဲ့ အစ်ကိုဖြစ်သူ ဟော်ကီကစားသမားတစ်ဦးက အမေရိကန်မှာ မတရားပြုမူခံရကြောင်း သိလိုက်ရတဲ့ စစ်သားဟောင်း Danila ရဲ့ ဇာတ်လမ်းကို နောက်ဆက်တွဲဖော်ပြလိုက်တာပါ။Danila က သူ့သူငယ်ချင်းတွေနဲ့အတူ အမေရိကကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ သူက လူဆိုးဂိုဏ်းတွေ၊ အကျင့်ပျက် စီးပွားရေးသမားတွေနဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်။ရုရှားနှင့် အမေရိကကြား ခြားနားချက်ကို ပြသပါတယ်။ ပစ်ခတ်မှုတွေ တိုက်ပွဲတွေအပါအဝင် အက်ရှင်ဇာတ်ကွက်များစွာ ပါရှိပါတယ်။Danila က ရန်သူတွေကို အနိုင်ယူဖို့ သူရဲ့ စွမ်းရည်ကို အသုံးပြုတယ် ထက်မြက်ပြီး သန်မာတယ်။ဒီဇာတ်ကားမှာ ခင်မင်ရင်းနှီးမှုနဲ့ သစ္စာစောင့်သိမှုကို ပြသတဲ့ စိတ်ခံစားမှုအပိုင်းတွေလည်း ပါဝင်ပါတယ်။Danila က သူ့သူငယ်ချင်းတွေကို ကူညီပေးပြီး အန္တရာယ်ဖြစ်ပါစေ ...
movie

Brother 2 (2000) Brat 2

2000
Brother (1997) Brat 7.8
Brother (1997) Brat  Brother (1997)IMDb Rating (7.8) / Rotten Tomatoes (100%) 1997 မှာထွက်ရှိခဲ့တဲ့ Brother ဆိုတဲ့ ရုရှားရုပ်ရှင်ကားလေးကတော့ ဒါရိုက်တာ Aleksei Balabanov ရဲ့ လက်ရာဖြစ်ပြီး၊ရုရှားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ Danila ဆိုတဲ့ စစ်ပြန်လူငယ်လေးတစ်ယောက် လူဆိုးဂိုဏ်းတွေကြားထဲ ရောက်သွားရတဲ့အကြောင်း ရိုက်ကူးထားတာပါ။သူ့အမေတိုက်တွန်းလို့ St. Petersburg မြို့မှာရှိတဲ့ သူ့အစ်ကိုဆီကိုသွားရင်း အစ်ကိုဖြစ်သူက လူမိုက်ဖြစ်နေတာကို သိလိုက်ရပြီး ကူညီရင်းနဲ့ သူပါ အမှောင်လောကထဲ ရောက်မှန်းမသိရောက်သွားပါတယ်။ဒီကားမှာ သရုပ်ဆောင်တွေကလည်း တော်ကြသလို၊ ရုရှားရော့ခ်သီချင်းတွေကလည်း ဇာတ်ရှိန်ကို မြှင့်ပေးထားပါတယ်။၁၉၉၀ ခုနှစ်များက ရုရှားနိုင်ငံရဲ့ အခြေအနေဆိုးတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDB rating ကလည်း မြင့်တဲ့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာ အာမခံနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (1.9 GB) ...
movie

Brother (1997) Brat

1997
Infiltration (2022) 5.2
Infiltration (2022)  စစ်ကားတွေကိုကြိုက်တဲ့သူတွေအတွက် Infiltrationလို့ခေါ်တဲ့ရှရှားစစ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.2 ရရှိထားပြီး သူ့အနေအထားနဲ့သူကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အီဗန်ဆိုတဲ့ ရှရှားစစ်ပြန်တစ်ယောက်က စစ်ပွဲကြီးပြီးသွားလို့အိမ်ပြန်လာပေမဲ့ အမေရိကန်ပိုင်နက်မှာ ISIS တွေက သူ့ရဲ့တပ်မှူးနဲ့ စစ်သားတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းနေကြောင်းကို သိခဲ့ရပါတယ်။ပြန်ပေးငွေက ပြဿနာမရှိပေမဲ့ အဖမ်းခံထားရတာက အမေရိကန်ပိုင်နက်မှာ ဖြစ်နေတဲ့အတွက် အဲ့ဒီအချိန်ကလည်း ရှရှားနဲ့ အမေရိကန်တို့က စစ်တွေဖြစ်နေကြတဲ့အတွက် အဖမ်းခံထားရတဲ့ လူတွေကို ကယ်ထုတ်ဖို့ကအခက်အခဲ ဖြစ်နေပါတော့တယ်။ဒီအခက်အခဲတွေကို သိတဲ့အီဗန်ကပြန်ပေးငွေစုဖို့ ကူညီပေးခဲ့တဲ့အပြင်ကိုမှ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကယ်တင်ဖို့ ဆီးရီးယားကို သွားခဲ့ပါတော့တယ်။စစချင်းမှာတော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ရှရှားစစ်တပ်နဲ့အတူလိုက်ပါခဲ့ပြီး အမေရိကန်ပိုင်နက်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီကနေမှ တစ်ဆင့် အမေရိကန်စစ်တပ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာအဖမ်းခံရတဲ့ လူတွေကိုကယ်တင်နိုင်ပါ့မလား။ဒီစစ်ဆင်ရေးကြီးကိုကိုယ့်သဘောနဲ့ကိုယ် တစ်ယောက်တည်းလုပ်နေတဲ့ အီဗန်အတွက်လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်... File size…1.95GB / 1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Drama , History , Thriller Subtitle….Myanmar ...
movie

Infiltration (2022)

No Escapes (2020) 6.5
No Escapes (2020) No Escapes (2020) ============== IMDb Rating - 6.5/10စွန့်စားခန်းကြည့်ချင်လား? သဲထိပ်ရင်ဖိုကြည့်ချင်လား ? ဇာတ်လမ်းအစနေအဆုံးအထိ စီးမြောခံစားပြီးကြည့်ချင်လား ? အများကြီးမစဉ်းစားနေပါနဲ့ တစ်ခါတည်းဒေါင်းပြီး ကြည့်လိုက်တော့ဗျို့...ပိုစတာမြင်တာနဲ့ ဘာကားမှန်းတော့သိကြမှာပါ။ တောမီးလောင်တာကို ငြိမ်းရတဲ့ မီးသတ်ကားလေးပါ။ တစ်ခြားမီးသတ်ကားနဲ့ဘာမတူဘူးလဲဆိုတော့ ဇာတ်အလယ်ရောက်မှ ဇာတ်ရှိန်တက်တာမဟုတ်ဘူးဗျ၊ အစကတည်းက တက်လိုက်တဲ့ဇာတ်ရှိန်၊ တစ်ခါမှကို ပြန်မကျတော့ဘူး။ သရုပ်ဆောင်တွေကလည်း ကွက်တိ။ မီးလောင်နေတဲ့တောထဲ တကယ်ရိုက်ထားသလားတောင် ထင်ရတဲ့အထိပါ။ တကယ်ကောင်းပါတယ်။ကမ္ဘာကြီးလည်း တစ်ဖြည်းဖြည်းပူလာတာနဲ့အမျှ တောမီးတွေလည်းနေရာစုံက လောင်နေပါတယ်။ ဒါကိုငြိမ်းဖို့ လူအင်အားလည်းမရှိတော့ လူသစ်တစ်ယောက်ကို အပါခေါ်ပြီး စုစုပေါင်းခြောက်ယောက်နဲ့ မစ်ရှင်စပါတော့တယ်။ တောမီးငြိမ်းနေရင်းနဲ့ အနီးအနားကရွာပါ မီးကူးသွားနိုင်တဲ့ အခြေအနေနဲ့ကြုံလာတော့... ဘယ်လိုမျိုးဇာတ်သိမ်း ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.47 GB) / (1.39 GB) / (884 MB) Quality............WebRip 1080p / 720p / 360P Duration.........2Hr 11mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Jo Jo Va Encoder..........SWM 
movie

No Escapes (2020)

2020