Channel Myanmar

Vigneshwar Suresh

Mura (2024) 8.4
Mura (2024) Mura (2024) "အကြံအစည်"ကျေးလက်အက်ရှင်-ဒရာမာဇာတ်လမ်းမျိုး နှစ်ခြိုက်ကြတဲ့ ပရိသတ်ကြီးအတွက် မလေယာလမ်စကားပြော ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းမှာ အာဏာရှိတဲ့လူတွေနဲ့ အခြေခံလူတန်းစားတွေကြားက ပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ဇာတ်လမ်းထဲမှာတော့ အညတရမိသားစုတွေကနေ ကြီးပြင်းလာတဲ့ သူငယ်ချင်းလေးယောက်ကို အခြေခံရိုက်ကူးထားပါတယ်။သူတို့လေး‌ယောက်ဟာ လုယက်ဓားပြတိုက်ဖို့ ကြံစည်ထားပေမဲ့ တကယ့်လက်တမ်း အတိတ်ကလျှို့ဝှက်ချက်နဲ့ ဖုံးကွယ်ထားတဲ့ မြှုပ်ကွက်တွေပေါ်လာတဲ့အခါ သူတို့ရဲ့သစ္စာတရားကို အစမ်းသပ်ခံရ‌ပါတော့တယ်။နောက်ပိုင်း ရည်မှန်းချက်နဲ့ ရင်းနှီးခင်မင်မှုကြား လွန်ဆွဲရင်း ခက်ခက်ခဲခဲရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါ ဘယ်သူက ဘယ်ဘက်ကိုတိမ်းသွားမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြရမှာပါ။အာဏာကိုလက်ကိုင်ထားတဲ့ လူကုံထံအသိုင်းအဝိုင်းက အညတရလူတန်းစားကို အကြမ်းဖက်မှုနဲ့ ရာဇ၀တ်မှုတွေကျူးလွန်ဖို့ ဘယ်လိုလက်ကိုင်တုတ်လုပ်ပြီး အသုံးချမလဲဆိုတာကလည်း စိတ်၀င်စားစရာပါပဲ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 2.02 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team
movie

Mura (2024)

Thankam(2023) 7.2
Thankam(2023) Thankam (2023)2023 ခုနှစ်ထွက် မှုခင်းဒရမ်မာ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအဓိကပါဝင်ထားပြီး IMDb rating မှာ 7.2/10 အထိရရှိထားပါတယ်။အိန္ဒိယရဲ့ ရွှေမြို့တော်လို့ တင်စားခံရတဲ့ ထရီဆူးမြို့က ရွှေကုန်သည်သူငယ်ချင်းသုံးယောက် မူတူး ၊ ကန်နန် နဲ့ ဘီဂျွိုင်း...ဇာတ်လမ်းကတော့ မွန်ဘိုင်းကို သုံးယောက်သားရွှေအရောင်းအ၀ယ်လုပ်ဖို့သွားရာကနေ ပြဿနာတစ်ခုခုပြီးတစ်ခုစဖြစ်ပါတော့တယ်။အိတ်ဖောင်းရင်စိတ်ပြောင်းတတ်တဲ့ လူတွေရဲ့အချိုးဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တစ်နေ့မှာတော့ ကန်နန်ဟာရွှေအိတ်တွေကိုယူပြီး ပျောက်ချင်းမလှပျောက်သွားတဲ့အခါ သူငယ်ချင်းတွေဟာ အချင်းချင်းသံသယ၀င်ကုန်ပါတော့တယ်။ဒီလိုနဲ့အမှုက ကြီးထွားလာပြီး ရဲတွေနဲ့ပါပတ်သက်လာတဲ့အခါ...ကန်နန်က သူငယ်ချင်းတွေကိုတကယ်သစ္စာဖောက်သွားတာလား...အမှုမှန်ကိုဘယ်လိုဖော်ထုတ်ကြမလဲ....နောက်ကွယ်ကအကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…1.9GB / 800MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye
movie

Thankam(2023)

2023