Channel Myanmar

Vidhu

Retro (2025) 7.9
Retro (2025) Retro (2025) "အချစ်နဲ့စစ်"၂၀၂၅ ရဲ့ ဝင်ငွေအကောင်းဆုံး တမီးလ်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်သလို Jai Bhim ရုပ်ရှင်ထဲကမင်းသား ဆူရီယာနဲ့ ဒီနှစ်ပေါက်ကားဖြစ်တဲ့ Deva ထဲက မင်းသမီး ပူဂျာတို့က ခေါင်းဆောင်ပါဝင်တဲ့ အက်ရှင်/ရိုမန့် ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ပါရီဆိုတဲ့ မိဘမဲ့ကောင်လေးဟာ ဂန်းစတားတစ်ယောက်ရဲ့ မိန်းမက သနားလို့မွေးစားခြင်းခံခဲ့ရပြီး မိခင်မေတ္တာကို အပြည့်အဝရခဲ့ပေမဲ့ မွေးစားအဖေ လူမိုက်ကြီးကတော့ ပါရီကို လက်မရွံ့လက်ပါးစေအဖြစ်သာ သဘောထားခဲ့ပါတယ်ဒီလိုနဲ့ မိခင်သေဆုံးခဲ့ပြီးနောက်မှာ အဖေဖြစ်သူအလိုကျ ရုတ်ရင်းကြမ်းတမ်းတဲ့ လူမိုက်တစ်ယောက်ဖြစ်လာခဲ့တဲ့ ပါရီဟာ တိကုဆရာဝန်မလေး ရုခ်မီနီနဲ့အတွေ့မှာတော့ ဒုစရိုက်လောကကို အပြီးပိုင်ကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်ဒီဆုံးဖြတ်ချက်ကြောင့် သူ့မွေးစားအဖေနဲ့ ပါရီတို့နှစ်ယောက် ရန်ဘက်တွေဖြစ်လာကြပြီးနောက် ဘာတွေဆက်ဖြစ်မလဲ ပရိသတ်တို့ကပဲ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 10 GB / 3.89 GB / 2 GB Quality…WEB DL 4k HEVC / 1080p / 720p Format…mkv/ mp4 Duration….2h 48m Subtitle….Myanmar ...
movie

Retro (2025)

4K HEVC
Jigarthanda DoubleX (2023) 8.4
Jigarthanda DoubleX (2023) Jigarthanda DoubleX (2023) IMDb-8.4/10တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။ Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လို့ရပါတယ်ဗျ။ ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။ တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။ အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖို့နဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကိုပေးပြီး အစိုးရအတွက် လျှို့ဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးက အက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖို့ကြိုးစားနေတဲ့အချိန်။အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ် ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size....2.57GB / 1.74GB Quality…1080p WEB DL /720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Jigarthanda DoubleX (2023)

2023
Boomika (2021) 6.1
Boomika (2021) Boomika (2021)အိမ်ရာစီမံကိန်းပရောဂျက်တစ်ခုကိုရေးဆွဲဖို့အတွက် ၁၀နှစ်တာလောက် စွန့်ပစ်ထားခြင်းခံထားရတဲ့ ဗြိတိသျှခေတ်က ရဲတိုက်ကြီးတစ်ခုဆီကို မိသားစုတစ်စုထွက်လာကြတယ်...ရဲတိုက်ကြီးက ဟိန်းနေပြီး ခြံဝန်းကြီးကလည်း အကျယ်ကြီး...ရဲတိုက်ကြီးဆီရောက်ပြီး သူတို့တွေ ခဏတထောက်နားကြရင်း ခရစ်ရှနားဆိုတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်နဲ့ စာပို့စကားပြောနေကြတယ်...သိပ်မကြာခင်မှာပဲ အဲ့ဒီကောင်လေးဟာ လွန်ခဲ့တဲ့ ၁နာရီလောက်ကတည်းက ယာဉ်တိုက်မှုကြောင့် သေဆုံးသွားပြီဆိုတာ သိလိုက်ရတဲ့အခါ..တဖြည်းဖြည်းနဲ့ ရဲတိုက်ကြီးအတွင်းမှာလည်း သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပေါ်လာပါတော့တယ်...သူတို့ အဲ့ဒီရဲတိုက်ကြီးကနေ ထွက်ပြေးလေလေ ပိုအချုပ်ကျလေလေ ဖြစ်လာတဲ့အခါ...ရှေ့ဆက်ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့....။Review by : May Zin OoTranslated by : May Zin Oo and MyaFile size…2.33 GB and 1.5 GB and 487MB Quality….WEB-DL 1080p 5.1CH and 720p and 480p Format…mp4 Duration…. 2h 3min Subtitle….Myanmar Subtitle (Hardsub) Translator ..... May Zin Oo and Mya Encoder ..... August
movie

Boomika (2021)

2021