Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Victoria Scott D'Angelo
7.4
Witness (1985)
ဒီရုပ်ရှင်ကတော့ စိတ်လှုပ်ရှားစရာ၊ လွမ်းမောစရာတွေနဲ့ ပြည့်နေတဲ့ သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းလေးလို့ ပြောရမှာပဲ ရိုက်ထားတာ ၁၉၈၅ ခုနှစ်တုန်းကတည်းကဆိုပေမယ့် အခုအချိန်အထိ တော်တော်လေး ကြည့်လို့ကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားထဲမှာပါပါတယ် ဒီရုပ်ရှင်က ဒါရိုက်တာပီတာရေးရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ခုဆိုလည်း မမှားဘူး အကယ်ဒမီဇကာတင်စာရင်းမှာတောင် စာရင်းသွင်းတာခံထားရတဲ့ ကားတစ်ကားပါဇာတ်ကားထဲမှာ အားမစ်ရှ်လို့ခေါ်တဲ့ မိမိမှာရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး နေတတ်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ခေတ်ပေါ်နည်းပညာတွေအပေါ် အရမ်း မှီခိုနေကြတဲ့ အမေရိကန်တွေအကြောင်း ယှဉ်တွဲပြထားတယ်အားမစ်ရှ်တွေဟာ သူတို့အသိုင်းအဝိုင်းရဲ့ပြင်ပက လူတွေကို သံသယမျက်လုံးနဲ့ကြည့်လေ့ရှိပြီး သူတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲတိုးတက်နေနေ သူတို့ကတော့ မြင်းတွေ ရထားတွေနဲ့ သွားလာကြတုန်း လျှပ်စစ်မီးအစား မီးအိမ်တွေ သုံးကြတုန်းပါပဲဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်မင်းသမီးရဲ့ ယောကျာ်း အားမစ်ရှ်တစ်ယောက်သေသွားတယ် မင်းသမီးနဲ့ သူ့သားငယ်လေးတို့က ရထားနဲ့ သူ့ညီမဆီကို ခရီးထွက်လာကြတယ် ရထားဘူတာရုံမှာ ကလေးလေးက လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားတယ် ဒီမှာ ...
movie
Witness (1985)