Channel Myanmar

Vicki Kim

The Path of Totality (2024) 5.8
The Path of Totality (2024)  Escape Room လို ဇာတ်ကားမျိုးတွေကို သဘောကျတဲ့ပရိသတ်တွေကို Thriller ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။စိတ်ပိုင်းဆိုင်ရာ ပိတ်လှောင် ကျဉ်းကြပ်မှုနဲ့အတူslow burning ဖြစ်တဲ့ ကားတစ်ကားမို့ ဖုန်းဒိုင်းအုံးဂွမ်းThriller ကားမျိုးတော့ မဟုတ်တာကြောင့် အချို့ပရိသတ်တွေ အတွက်က ပျင်းရိဖွယ် ကောင်းနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်း ပြောရမယ်ဆိုရင် ဂရေဆင်လီဆိုတဲ့ကိုးရီးယားနွယ်ဖွား အမေရိကန် လူမျိုးတစ်ယောက်ဟာအချုပ်ခန်း တစ်ခန်းထဲမှာ သတိလစ်နေရာကနေ နိုးလာခဲ့ပါတယ်။ သူ့ကို ထိုင်ခုံနဲ့အတူ လက်ထိပ်ခတ်ထားပြီးတော့အလုံပိတ် အခန်းထဲမှာ သံစားပွဲတစ်လုံး၊ နံရံကပ်ဒစ်ဂျယ်တယ် နာရီတစ်ခု အပြင် တခြားဘာမှ ရှိမနေပါဘူး။ခဏအကြာမှာ နံရံပေါ်မှာ သူ့ကို ရိုက်ကူးနေတဲ့ ဝက်ဘ်ကင်မရာနဲ့ နံရံမြှုပ် ရုပ်မြင်သံကြား တီဗီတစ်လုံး ရှိနေတာကိုတွေ့လိုက်ရပါတယ်။ အဲဒီထဲက လူတစ်ဦးက သူ့ကိုယ်သူဒေါက်တာဆောင်းမွန်းလို့ မိတ်ဆက်ပြီးတော့ ဂရေဆင်လီဟာနောက်ထပ် ၈ နာရီအကြာမှာ သေဆုံးရမယ် ဆိုတာကိုပြောလာပါတယ်။ဂရေဆင်လီဟာ သူဘယ်ကို ရောက်နေတယ်ဆိုတာကိုမမှတ်မိသလို သူလုပ်ခဲ့တာ ဘာတွေလဲ ဆိုတာလည်းမမှတ်မိတဲ့အပြင် သူ့လက်မှာ ဆေးထိုးအပ်ရာ ...
movie

The Path of Totality (2024)