Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vera Miles
6.6
Psycho II (1983)
Psycho II (1983) ReviewBates Motel နဲ့ နော်မန်ဘိတ်စ်တို့မိသားစုအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်၊ Series တွေ ရှိတဲ့အထဲမှာမှ1960 ခုနှစ်က ဒါရိုက်တာ Alfred Hitchcock ရဲ့ Psycho ရုပ်ရှင်ကားကြီး ထွက်ရှိပြီး ၂၃ နှစ်အကြာမှာ နော်မန်ဘိတ်စ်ရဲ့ မပြီးဆုံးသေးတဲ့ဘဝဇာတ်လမ်းကိုPsycho II အနေနဲ့ တင်ဆက်လာပါတယ်။ စိတ်ကျန်းမာရေးဆေးရုံကလူကောင်းပကတိအဖြစ်ကို ပြန်ရောက်ရှိပြီဆိုတဲ့ ထောက်ခံချက်နဲ့အတူတရားရုံးကနေ နော်မန်ဘိတ်စ်ကို လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။ဒေသခံစားသောက်ဆိုင်လေးတစ်ခုမှာ အကူအဖြစ်နဲ့ ဘဝကို ပြန်လည်စတင်ခဲ့တဲ့ နော်မန်ဘိတ်စ်ဟာလုပ်ဖော်ကိုင်ဖက် စားပွဲထိုးမလေး မေရီကို မျက်စိကျလာခဲ့ပါတယ်။ရည်းစားပြဿနာကြောင့် တစ်ညတာအိပ်စက်ရမယ့်နေရာပါ အခက်အခဲတွေ့နေတဲ့ မေရီကိုသူ့ရဲ့မိုတယ်မှာ တည်းခိုဖို့ နော်မန်က ကမ်းလှမ်းခဲ့ပါတယ်။ သူ့မိုတယ်ကို ပြန်ရောက်ရောက်ချင်းမှာပဲBates Motel ဟာဆေးသမားတွေ၊ အပျော်အပါးလိုက်စားသူတွေ ကျက်စားရာ ညစ်ညမ်းဟိုတယ်အဖြစ်ကိုရောက်နေမှန်း မျက်မြင်သိခဲ့ရပါတယ်။ ဟိုတယ်မန်နေဂျာကို နေရာမှာတင် အလုပ်ထုတ်ပြီးမေရီကို သူ့ရဲ့အိမ်ထဲမှာပဲ တည်းခိုခွင့်ပေးခဲ့ပါတယ်။ ဘဝမှာ အခြေကျအနည်ထိုင်ဖို့ ...
movie
Psycho II (1983)
8.1
The Man Who Shot Liberty Valance (1982)
ဒီရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ ဂျွန်ဖို့ဒ် ရိုက်ကူးခဲ့တဲ့ အနောက်တိုင်းဂန္တဝင်ရုပ်ရှင်ကား တစ်ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင် ဥပဒေသမားလေး ရန်ဆမ် စတောဒတ် နဲ့ ဥပဒေဆို မထီမဲ့မြင်ပြုပြီး ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ လစ်ဘာတီ ဗဲလန့်စ် ကြားထဲက ဇာတ်လမ်းအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အထက်လွှတ်တော်အမတ် ဖြစ်တဲ့ ရန်ဆမ် စတောဒတ် ဟာ သူ့နယ်မြို့လေးကို ချစ်ဇနီး ဟယ်လီ နဲ့အတူ ပြန်ရောက်လာပါတယ်။ လာရင်းကတော့ ရန်ဆမ်ရဲ့ သူငယ်ချင်း ဇာပနအတွက်ပါ။ အဲဒီမှာ သတင်းထောက်သမားတွေက အထက်လွှတ်တော်အမတ်တစ်ယောက်က နယ်မြေလေးကို ဒုန်းဆိုင်းပြန်လာရတဲ့အကြောင်းရင်းကို သိချင်ဇောနဲ့ အင်တာဗျူးဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရန်ဆမ့် အနေနဲ့ အတိတ်က ဇာတ်လမ်းဟောင်းလေးဖြစ်တဲ့ "လစ်ဘာတီ ဗဲလန့်စ် ကို ပစ်ခဲ့သူ" အကြောင်း ပြန်ပြောပြဖို့ရာ အကြောင်းဖန်လာပါတော့တယ်...ဒီရုပ်ရှင်ဟာဆိုရင် ရန်ဆမ် စတောဒတ် နဲ့ သူ့သူငယ်ချင်း၊ နောက်ပြီး ဟယ်လီတို့ ...
movie
The Man Who Shot Liberty Valance (1982)
7.8
The Searchers (1956)
The Searchers (1956)~ IMDb - 7.8/10, Rotten Tomatoes - 87% ~ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို "King of ...
movie
The Searchers (1956)
1956
Psycho(1960)
Psycho(1960)IMDb...8.5,,,,Rotten...86%(unicode) အကောင်းဆုံး Horror ဇာတ်ကားဆိုပြီးရှာလိုက်ရင် စာရင်းအတော်များများရဲ့ ထိပ်ဆုံးကနေ အမြဲလိုရပ်တည်နေတဲ့ ဂန္ဓဝင်ကားကောင်း တစ်ကားဖြစ်လို့ အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ပါဘူး။ ခင်ဗျားဟာ ဘယ်လောက်ပဲဇာတ်ကားတွေကြည့်ခဲ့ ကြည့်ခဲ့ ဒီဇာတ်ကားဟာ ခင်ဗျားတို့ကို အချိန်ပြည့် ပါးစပ်အဟောင်းသားဖြစ်သွားစေလိမ့်မယ်လို့လည်း တော်တော်များများက ညွှန်းဆိုကြတယ်... ဇာတ်လမ်းသွားအရတော့ မာရီယွန်ကရိန်းဆိုတဲ့ အတွင်းရေးမှူး ကောင်မလေးတစ်ယောက် သူ့အလုပ်ရှင်ဆီက ငွေတွေကို အပျောက်ရိုက်ပြီးအသွား လူသူမနီးတဲ့ မိုတယ်တစ်ခုမှာ ဝင်တည်းမိပါတယ်။ အဲ့ဒီမိုတယ်ရဲ့ ပိုင်ရှင် မန်နေဂျာတစ်ယောက်ဖြစ်တဲ့ နော်မန်ဘိတ်စ် ဆိုတဲ့လူနဲ့ အတွေ့မှာ သူ့ဘ၀ တစ်ဆစ်ချိုးဖို့ ဖြစ်လာပါတော့တယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက် သြဇာအကြီးမားဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး ထိတ်လန့်သည်းဖိုဘုရင်တစ်ပါးလို့ တင်စားကြတဲ့ ဒါရိုက်တာကြီး Alfred Hitchcock ရဲ့နာမည်ကျော် ဖန်တီးမှုလက်ရာတစ်ခုပါပဲ။ Imdb rating ကတော့ (8.5) ရရှိထားပါတယ်။Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲရေးပါရစေ.... အော်စကာ(၄)ဆုရရှိထားပြီး အခြားဆု(၁၀)ဆုအတွက်လည်း ဆန်ကာတင်စာရင်း ဝင်ပါသေးသတဲ့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်.....(zawgyi)အကောင်းဆုံး Horror ဇာတ်ကားဆိုပြီးရှာလိုက်ရင် စာရင်းအတော်များများရဲ့ ထိပ်ဆုံးကနေ အမြဲလိုရပ်တည်နေတဲ့ ...
movie
Psycho(1960)