Channel Myanmar

Vasundhara Kashyap

Kannai Nambathe (2023) 5.8
Kannai Nambathe (2023) Kannai Nambathey 2023 (ကိုယ့်မျက်လုံးကို မယုံပါနဲ့)နီဇယ်ပရဟိတကျောင်းမှာ ကလေးငယ်လေးတွေကို ဂရုစိုက်ပေးနေတဲ့ အမျိုးသမီးကြီးတစ်ယောက်၊ ကလေးလေးတွေကြားထဲမှာမှ အသက်၇နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်းရှိနေပါတယ်။ဒီကောင်မလေးကတော့ အမျိုးသမီးကြီးဟာ ကလေးငယ်ငယ်လေးတွေကိုပဲ ဂရုစိုက်နေတဲ့အတွက် မနာလိုဖြစ်နေပြီးတော့ သူ့ရဲ့ ၇နှစ်ပြည့်မွေးနေ့မှာ ကိတ်မုန့်ထဲ ဆေးခတ်ပြီး ကလေးတွေကို စားစေလိုက်တဲ့အတွက် ကလေးတွေ အစာအဆိပ်သင့်သွားတဲ့ မြင်ကွင်းနဲ့ စတင်ထားပါတယ်။အာရွန်ဆိုတဲ့ ကောင်လေးတစ်ယောက်၊ အိမ်ကနေ နှင်ချခံလိုက်ရတဲ့အတွက် အိမ်အငှားလိုက်ရှာရင်းကနေ သူကြိုက်နေတဲ့ကောင်မလေး ဒီဗယာတို့အိမ်မှာ တိုက်တိုက်ဆိုင်ဆိုင်အိမ်ငှားလိုအပ်နေတာကိုတွေ့သွားပါတော့တယ်။ဒါပေမဲ့လည်း ဒီအိမ်မှာ လူပျိုတစ်ယောက်တည်းကို မငှားဘူးလို့ဆိုလာတာကြောင့် ဇာတိမြေက မိခင်ဖြစ်သူ မကြာခင် လိုက်လာမှာပါလို့ လိမ်ပြီး ငှားနေလိုက်ပါတော့တယ်။ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ခရီးလမ်းလေး စတင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အချိန်နည်းနည်းကြာတဲ့အထိ မွေးရပ်မြေက မိခင်ဆိုသူ ရောက်မလာတဲ့အခါမှာတော့ လိမ်ထားတာတွေ ပေါ်ကုန်ပြီး အိမ်ကနေ ဆင်းပေးရပါတော့တယ်။ဒီလိုနဲ့ နောက်ထပ် အိမ်ငှားလိုက်ရှာရင်း တိုင်ပတ်ပြန်ပါတော့တယ်။ ခက်ခက်ခဲခဲနဲ့ အိမ်ငှားရှာတွေ့ပြန်တော့လည်း အခန်းဖော်နဲ့အတူ ငှားနေရမယ့်အခန်းဖြစ်နေပြန်ပါတယ်။ သို့ပေမဲ့လည်း အသက်အရွယ်မကွာတဲ့အတွက် မြန်မြန်ပဲ ရင်းနှီးမှုရရှိခဲ့ပါတော့တယ်။ ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လို ဆက်ဖြစ်လာမလဲ ..... အာရွန်တစ်ယောက် ရာဇဝတ်မှုတွေနဲ့ ဘယ်လို ဆက်စပ်မိသွားမှာလဲ ...
movie

Kannai Nambathe (2023)

Peranmai (2009) 7.1
Peranmai (2009) Peranmai ( 2009 ) "သူရဲကောင်းတို့ရဲ့ဂုဏ်သိက္ခာ"ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်ထွက် တမီးလ်စကားပြော Action / Adventure ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဇာတ်ကားအကျဉ်းကတော့တက္ကသိုလ်ကျောင်းသူတစ်စုဟာ စခန်းသွင်းလေ့ကျင့်ရေးအတွက် တောထဲက တက္ကသိုလ်မှာ လာနေပြီး ချီတက်ပွဲအတွက် အပြိုင်အဆိုင်လေ့ကျင့်ရမှာဖြစ်ပါတယ်။ကျောင်းသူတွေထဲမှာ သူတို့ကိုယ်သူတို့ ဒီစခန်းရဲ့ မဏ္ဍိုင်ကြီးငါးခုအဖြစ် ကြေညာသတ်မှတ်ထားတဲ့ ခပ်ကဲကဲကျောင်းသူအလန်းလေး ၅ ယောက်ပါလာပါတယ်။ဘယ်သူ့ကိုမှလည်းမကြောက်သလို မြို့သူလေးတွေလည်းဖြစ်ပြန်တော့ ဘာကိုမှအလေးအနက်မထားတတ်ဘဲ အစားအသောက်ကအစ ကလေးဆန်ဆန်ချေးများလို့နေပါတော့တယ်။မင်းသားဖြစ်တဲ့ ဒူရူဗန်ကတော့ သူတို့အားလုံးကို လေ့ကျင့်ပေးရတဲ့ဆရာတစ်ယောက်ဖြစ်ပြီး တောရိုင်းလူမျိုးစုတစ်စုက ဆင်းသက်လာသူဖြစ်ပါတယ်။လေ့ကျင့်ကွင်းထဲမှာ စည်းကပ်အလွန်တင်းကျပ်ပေမဲ့ သာမာန်အချိန်မှာ ပျော်ပျော်နေတတ်သူဖြစ်တာကြောင့် ကျောင်းသူတွေကိုလည်း သူငယ်ချင်းလိုပဲဆက်ဆံပါတယ်။ဒါပေမဲ့ အပျိုချောတို့ကတော့ သူ့မျိုးနွယ်စုကြောင့် အထင်တသေးလှောင်ပြောင်ချင်စိတ်ပဲရှိနေကြပါတယ်။ ဒီလိုနဲ့ စည်းကမ်းကျပ်တဲ့လေ့ကျင့်ရေးဆရာနဲ့ ဘာကိုမှအလေးအနက်မထားတတ်တဲ့ကျောင်းသူတစ်စုတို့ ဘယ်လိုတွေစခန်းသွားကြမလဲ.. Action / Adventure Genre ဖြစ်လာဖို့ ဇာတ်ကြောင်းလှည့်ကွက်တွေ ဘယ်လိုဆက်ရှိမလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။) File size… 5 GB / 2.95 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard ...
movie

Peranmai (2009)