Channel Myanmar

Varsha Ramesh

Footage (2024) 5.4
Footage (2024) Footage (2024) ********************** ဒီဇာတ်ကားလေး ကတော့ IMDb rating 5.4အထိ ရရှိထားတဲ့ Suspense/Thriller အမျိုးအစား မောလိဝုဒ် ဇတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်း မင်းသားနဲ့ မင်းသမီးတို့ဟာ Footage ဆိုတဲ့ အဖြစ် အပျက်ရိုက်ကူးရေးလုပ်ပြီး ယူကျု အင်စတင်ဂရမ် စတဲ့ ပလက်ဖောင်းတွေမှာ တင်ဆက်ပြသပြီး လိုက်ခ်တွေ ဖောလိုးဝါးတွေ ရှာကြတဲ့ သူတွေပါ။ရွာအနီးခြောက်စပ်ကပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ် သာမန်ကိစ္စတွေရော မသင်္ကာစရာလှုပ်ရှားမှုတွေကိုပါ ကင်မရာကြီးတကားကားနဲ့ ဗီဒီယို ရိုက်ရတာပေါ့။ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ရဲ့ အိမ်နားက မိန်းမကြီး တစ်ယောက် အိတ်တလုံးကို မသင်္ကာဖွယ်ဆွဲသွားတာကို မြင်မိပြီး ဗီဒီယို လိုက်ရိုက်ရာကနေ... အိတ်ထဲမှာ ဘာတွေထည့်သွားနေတာလဲ... သူတို့ လိုက်လာတာကိုရော အဲဒီမိန်းမကြီး ရိပ်မိသွားမလား... ဘယ်လို ခြောက်ခြားစရာတွေနဲ့ ဆက်လက် ကြုံတွေ့ကြမလဲ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှု ပေးကြပါလို့... ဘာသာပြန်သူကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။ File size… 1.8 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Footage (2024)

Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam (2025 ) 6.1
Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam (2025 ) Oru Jaathi Jaathakam (aka) Oru Jaathi Oru Jaathakam (2025 ) (လူပျိုသိုးကြီး၏ ဇနီးရှာပုံတော်)ဂျေရက်ရှ်ဆိုသူဟာ အသက် ၃၇နှစ်ပြည့်သွားပြီဖြစ်ပေမဲ့လည်း ယခုအချိန်ထိ အိမ်ထောင်ဖက်ရှာမတွေ့သေးတဲ့ လူပျိုသိုးကြီးပေါ့။ သူဟာ အိမ်ထောင်မပြုချင်လို့ လူပျိုကြီးဖြစ်နေတာမျိုးမဟုတ်ဘဲ အရွေးလွန်နေပြီး အကြိုက်မတွေ့တဲ့အတွက်နဲ့ လူပျိုကြီးဖြစ်နေရသူပါ။အိမ်ထောင်ဖက်တွေ့ဖို့အတွက် လူရွေးပြီဆိုရင် အရင်ဆုံး ဇာတာစစ်ပါတယ်၊ ဇာတာစစ်ပြီးရင် အဲဒီမိန်းကလေးဘက်က မိသားစုဝင်တွေအထိ မှုခင်းပြစ်မှု ရှိမရှိကို ရဲအရာရှိတွေထံမှာ စစ်ဆေးပါသေးတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး ဒါတွေစစ်ဆေးလို့ပြီးသွားရင်တောင်မှ လိုက်ဖက်မှုရှိမရှိ, ဟိုဟာစစ် ဒီဟာစစ်နဲ့ နည်းမျိုးစုံနဲ့ကို စစ်ဆေးတော့တာပါပဲ။ဒီလိုတွေ ချေးများပြီး ရွေးနေလို့လဲ လူပျိုသိုးကြီးဖြစ်နေရတာပေါ့နော်။အသက် ၃၈နှစ်မရောက်ခင် အိမ်ထောင်ပြုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျေရက်ရှ်ဟာ သောကြာနေ့ရုံးဆင်းချိန်ဆို ဇာတိမြေကိုပြန် စနေ၊တနင်္ဂနွေဆိုရင် အိမ်ထောင်ဖက်ရှာ၊ တနင်္လာနေ့ရောက်ရင် ရုံးပြန်တက်။ဒီလိုနည်းလမ်းကို သုံးပြီးအပူတပြင်းကို လိုက်ရှာလို့နေပါတော့တယ်။ဂျေရက်ရှ်တစ်ယောက် အသက်၃၈နှစ်မတိုင်ခင် သူလိုချင်တဲ့ အိမ်ထောင်ဖက်ကောင်းနဲ့ ရှာတွေ့သွားမလား .......အိမ်ထောင်ဖက်ရှာရင်း ဘယ်လို အခွီဇာတ်လမ်းတွေ ဖြစ်လာမလဲ ....ဆိုတာကို ကြည့်ရှုရမဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam (2025 )

Bougainvillea (2024) 6.7
Bougainvillea (2024) Bougainvillea (2024) "စက္ကူပန်း" IMDb – 6.7/10 ဒီကားလေးကတော့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့ပရိသတ်တွေအတွက် မလွတ်တမ်းကြည့်သင့်တဲ့ ရုံတင်ဇာတ်ကားကောင်းလေးပါ။ရော့်ချီနဲ့ ရီသူးတို့ဟာ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေကြတဲ့သူတွေပါ။ဒါပေမဲ့ တစ်ရက် ကားအက်စီးဒင့်တစ်ခုနဲ့ကြုံလိုက်ရပြီး ရီသူးတစ်ယောက် အတိတ်မေ့သွားပါတယ်။ မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ဒီလိုအဖြစ်ဆိုးနဲ့ပါကြုံလိုက်ရတာကြောင့် အနည်းနဲ့အများတော့ နေ့စဉ်ဘဝမှာ သက်ရောက်မှုရှိခဲ့တာပေါ့။ဒါပေမဲ့ ရော့်ချီဟာ သူ့ဇနီးကို စိတ်ရှည်ရှည်နဲ့စောင့်ရှောက်ပေးပြီး အချစ်တွေအပြည့်အဝပေးရှာပါတယ်။ ရီသူးက အပြင်ကိုသိပ်ထွက်လေ့မရှိပေမဲ့ အားလပ်ချိန်တွေမှာတော့ ပန်းချီလေးတွေဆွဲပြီး သွားသွားရောင်းတတ်တဲ့သူပါ။ ဒါပေမဲ့ ဒီလိုတစ်ဖန်ပြန်အဆင်ပြေနေတဲ့ သူတို့ဘဝလေးထဲကို နောက်ထပ်မုန်တိုင်းတစ်လုံး ဝင်လာပါတယ်။ အဲဒါကတော့ ရဲအရာရှိတစ်ယောက် စုံစမ်းနေတဲ့အမှုတစ်ခုမှာ ရီသူးက အဓိကသံသယရှိသူဖြစ်လို့နေတာပါ။ရီသူးဆိုတဲ့ အမျိုးသမီးရဲ့အတိတ်မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ ဒီအမှုကရော သူနဲ့ဘယ်လိုပတ်သက်မှုရှိနေတာလဲ.. ဒီမေးခွန်းတွေကိုတော့ ဇာတ်ကားလေးကို ရင်တထိတ်ထိတ်ကြည့်ရင်းနဲ့ပဲ အဖြေရှာလိုက်ရအောင်နော်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 1.6 GB / 866 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bougainvillea (2024)

Live (2023) 6.5
Live (2023) Live (2023)CM Bollywood ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.5/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၀၁၈ ရေဘေးမှာ အင်တိုက်အားတိုက်ကူညီခဲ့ပြီး သူရဲကောင်းမလေးလို့ပါခေါ်ဝေါ်ကြတဲ့ အဘက်ဘက်ကပြည့်စုံတဲ့ ဆရာဝန်မလေး အမ်မလာ..တနေကုန်လုံး အလုပ်နဲ့‌ပေါ့ပါးပေါ့ပါးပါးဖြတ်သန်းခဲ့ရင်းက ည ၁၁ နာရီဆိုတာနဲ့ သူပဲသိတဲ့ခြောက်လှန့်မှုနဲ့ ရင်ဆိုင်ရပါပြီ။ ဘာများလဲ... ရေတွက်မရတဲ့ Spam message တွေပါပဲ။ တနေကုန်ဘယ်ကရိုက်ထားမှန်းမသိတဲ့ သူ့ရဲ့မသင့်တော်ရာနေရာတွေကို မသင့်တော်တဲ့ရှုထောင့်နဲ့ရိုက်ထားတဲ့ပုံတွေ မသင့်တော်တဲ့စကားတွေနဲ့ သူ့ရဲ့ညတိုင်းဟာ ကုန်ဆုံးနေရပါတယ်။တစ်ဖက်မှာလည်း သူ့လက်ပေါ်မှာကြီးလာပြီး ဆရာဝန်ဖြစ်ဖို့ကြိုးစားနေတဲ့ကောင်မလေး ... ပြည့်တန်ဆာတိုက်ဖျက်နှိမ်နင်းရေးရေးစီမံချက်မှာ ဖမ်းဆီးရေးလုပ်နေတဲ့လူအုပ်ကြားရောပါပြီး အဖမ်းခံရရာက နောက်ကြောင်းပါအစဆွဲထုတ် လူထုအရှက်ခွဲမှုကြီးခံရပါတော့တယ်။ ဒါကိုသူငယ်ချင်းဖြစ်သူ သတင်းထောက်နဲ့ ပူးပေါင်းဖြေရှင်းရင်း မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ.... ဘာတွေဘယ်လိုရင်ဆိုင်ရမလဲ ..ပြဿနာတွေအားလုံးကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်။(အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, BpL, Voldemort,Yunni နဲ့ Thaik San တို့မှ ဘာသာပြန်တင်ဆက်ပေးတာပဲဖြစ်ပါတယ်။) File size…2.01GB / 873MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard ...
movie

Live (2023)

2023