Channel Myanmar

Vanessa Stacey

Bookworm (2024)
Bookworm (2024) Imdb 6.2 RT 90%Lord of the Rings ရုပ်ရှင်မှာ Frodo အဖြစ် လူသိများတဲ့ မင်းသား Elijah Wood ရဲ့၂၀၂၃ ထွက် ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မီးလ်ဒရစ်ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် တော်တဲ့ ၁၁ နှစ်အရွယ် စာကြမ်းပိုးမလေးဟာ သူ့အမေ မမျှော်လင့်ဘဲ ကိုမာဝင်သွားပြီးနောက် သူတစ်ခါမှ မတွေ့ဖူးတဲ့ အဖေ ဆိုသူနဲ့ တွေ့ကြပါတယ်။သူ့အဖေဆိုသူက မအောင်မြင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး မီးလ်ဒရစ်နဲ့လည်း ဘာဆိုဘာမှ မတူဘဲ သားအဖနှစ်ယောက် တွေ့တွေ့ချင်း အစေးမကပ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ မီးလ်ဒရစ်မှာ သူ့အမေရဲ့ ဆေးရုံစားရိတ်အတွက် ပိုက်ဆံ ၅၀၀၀၀ တန်အကြံတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူတို့နယ်တစ်ဝိုက်မှာ နာမည်ကြီးနေတဲ့ ကျားသစ်နက်ကြီးရဲ့ ဓာတ်ပုံမှတ်တမ်းကို အရယူပေးနိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ ခုမှ စတွေ့ရတဲ့ သူ့အဖေရဲ့ အကူအညီနဲ့ သားအဖနှစ်ယောက် တောနက်ထဲကိုကျားသစ်နက်ရှာပုံတော် ...
movie

Bookworm (2024)

Out of the Blue (2006) 7.1
Out of the Blue (2006)  ရာဇဝတ်မှုလုံးဝမရှိလုနီးပါးအေးချမ်းလှတဲ့နယူးဇီလန်နိုင်ငံရဲ့Aramoana မြို့လေးမှာ သေနတ်သမားတစ်ယောက်ကလူပေါင်း ၁၃ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်ကဖြစ်ရပ်မှန်တစ်ခုကိုရိုက်ကူးထားတာပါ။တွေ့ရာလူလိုက်ပစ်သတ်နေတဲ့သေနတ်သမားရဲ့ရက်စက်မှုကိုချောက်ချားစရာမြင်တွေ့ရမှာဖြစ်ပေမယ့် မှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တာကြောင့် သာမန်နေ့ရက်တွေကိုအေးအေးချမ်းချမ်းဖြတ်ကျော်နေကြတဲ့ဒေသခံတွေဆီ ရုတ်တရက်ရောက်ရှိလာတဲ့ကြမ္မာဆိုး၊အရွယ်နဲ့မလိုက်အောင် သေနတ်သမားရှေ့မှာကြောက်ရွံ့မှုကိုခံစားခဲ့ကြရတဲ့ကလေးငယ်လေးတွေ၊ သေနတ်သမားရန်ထက်သားသမီးအတွက်ပူလောင်သောကဝေခဲ့ကြရတဲ့မိဘတွေရဲ့ပုံရိပ်တွေကိုအဓိကပြသသွားပါတယ်။၁၉၉၀ နိုဝင်ဘာလ ၁၃ ရက်မှာ ကလေးငယ်လေးဦးအပါအဝင် လူ ၁၃ယောက်သေဆုံးစေခဲ့တဲ့ Aramoana massacre ဟာ နယူးဇီလန်နိုင်ငံရဲ့ဒုတိယအကြီးဆုံးလူအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်မှုဖြစ်ရပ်မှန်ပါ။လူဦးရေအနည်းငယ်သာရှိပြီး ပျင်းစရာကောင်းလောက်အောင်အေးချမ်းလွန်းလှတဲ့ ပင်လယ်ကမ်းခြေမြို့ငယ်လေးမှာ အလုပ်လက်မဲ့တစ်ဦးဖြစ်တဲ့ဒေးဗစ်ဂရေးဟာ စိတ်ဖောက်ပြန်သွားပြီး ရိုင်ဖယ်တစ်လက်နဲ့ကလေးတွေပါမချန် တွေ့ကရာလူကိုပစ်သတ်ခဲ့ပါတယ်။ပုံမှန်နေ့ရက်တွေမှာ တိရစ္ဆာန်ပျောက်တဲ့အမှုတွေလောက်သာလိုက်ဖြေရှင်းရတဲ့ မြို့ခံရဲအင်အားစုဟာ လူအင်အားမရှိ၊လေ့ကျင့်မှုမရှိ၊ လက်နက်မရှိဘဲ ရွာထဲမှာ ၂၄ နာရီကြာအောင်ပိတ်မိနေတဲ့အသက်ရှင်ကျန်ရစ်သူတွေကို အသက်စွန့်ကာကွယ်ကယ်တင်ပေးခဲ့ကြပါတယ်။လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရောက်ရှိလာချိန်မှာတော့ ဒေးဗစ်ဂရေးကိုပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ File size…2.07 GB / 994MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Out of the Blue (2006)