Channel Myanmar

Vanessa Kirby

Jupiter Ascending (2015) 5.3
Jupiter Ascending (2015)  Jupiter Ascending (2015)ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Jupiter Ascending (2015)

2015
Kill Command (2016) 5.8
Kill Command (2016)  ၂၀၁၆ ကထွက်ရှိထားတဲ့ဗြိတိန်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်Kill Command ကတော့ မရိန်းစစ်သားတွေနဲ့ AIစက်ရုပ်တွေကြမ်းကြမ်းတမ်းတမ်းချကြမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။ Mission: Impossible ရုပ်ရှင်တွေထဲကမင်းသမီးချော Vanessa Kirby က အဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ Cyborg မလေး Mills အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။နည်းပညာအရမ်းတိုးတက်နေတဲ့ခေတ်ကာလ တစ်ခုကိုအခြေခံထားပြီး Harbinger Corporation အတွက်အလုပ်လုပ်တဲ့ Cyborg မလေး Millsဟာ လူသူကင်းမဲ့တဲ့ကျွန်းတစ်ခုမှာတည်ရှိတဲ့ Harbinger I လေ့ကျင့်ရေးကွင်းမှာတိုက်ခိုက်ရေး AI စနစ်တစ်ခုက တစ်စုံတစ်ခုလွှဲမှားနေမှန်းရိပ်စားမိနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Mills ဟာ ကပ္ပတိန် Bukes ခေါင်းဆောင်တဲ့Reaper I မရိန်းအဖွဲ့အတူ Harbinger I ကို သွားရောက်ရဖို့ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် Bukes နဲ့အဖွဲ့က သာမန်စစ်ရေးလေ့ကျင့်မှုတစ်ခုလို့ပဲထင်ပြီး ခပ်ပေါ့ပေါ့ပဲလာခဲ့ကြပေမယ့်တပ်ဖွဲ့ဝင်တချို့သေဆုံးသွားပြီးတဲ့နောက်မှာမှ ကျွန်းပေါ်ကစနစ်ချွတ်ယွင်းနေတဲ့ AI တိုက်ခိုက်ရေးစနစ်နဲ့ အသေအကြေရင်ဆိုင်တိုက်ခိုက်ရမှာကိုသိရှိလာခဲ့ရပါတယ်။Mills နဲ့ကပ္ပတိန်  Bukes တို့အဖွဲ့ဟာ နည်းပညာအဆင့်မြင့်ပြီးသူတို့ကိုသားကောင်တွေလိုသဘောထားအမဲလိုက်မယ့်ခေတ်လွန်စက်ရုပ်ကြီးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB ...
movie

Kill Command (2016)

Napoleon (2023) 6.5
Napoleon (2023) Napoleon (2023) ============== IMDb Rating - 6.5/10မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး ...
movie

Napoleon (2023)

2023
4K HEVC
Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie

Mission: Impossible – Fallout (2018)

2018
4K HEVC IMAX
Me Before You (2016) 7.4
Me Before You (2016) Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou ...
movie

Me Before You (2016)

2016
4K HEVC
The Son(2022) 6.7
The Son(2022) The Son(2022)************* Wolverine မင်းသားကြီး Hugh Jackman အဓိကပါဝင်သရုပ်ဆောင်ထားပြီးမိဘ‌တစ်ယောက်ရဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေ၊ သားသမီးရဲ့စိတ်အပေါ် မိဘရဲ့အိမ်ထောင်ရေးကအများကြီးသက်ရောက်ကြောင်းဖော်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ Peter Millerဟာ အလုပ်နဲ့မအားလပ်တဲ့ဖခင်တစ်ယောက်ဖြစ်ပြီး လောလောလတ်လတ်လေးမှ ဒုတိယဇနီးဖြစ်သူနဲ့ကလေးမွေးထားသူပေါ့။ အရင်ပထမအိမ်ထောင်နဲ့တုန်းကလည်း အသက်17နှစ်အရွယ်သားတစ်ယောက်ကျန်ခဲ့ပြီးမိဘတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲကြောင့် စိတ်ဝေဒနာရနေသူပါ။ တစ်နေ့မှာတော့ ဒီသားဖြစ်သူဟာ ကျောင်းကိုတစ်လလုံး‌ ရောက်မလာကြောင်းကိုယခင်ဇနီးဖြစ်သူဆီကသိလိုက်ရတဲ့အခါမှာတော့.... Peter Miller ကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိတာမဟုတ်တဲ့အတွက်သားဖြစ်သူအလှည့်ကျ ဖခင်ကောင်းဖြစ်ပေးမယ်ဆိုပြီး ကြိုးစားရင်း....File Size :(1.6GB) and (618 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:0300 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Son(2022)

Italian Studies (2021) 5
Italian Studies (2021) Italian Studies (2021) မြန်မာစာတန်းထိုး********************************* ခင်ဗျားဟာ ရုတ်တရက် လူစည်ကားတဲ့လမ်းမကြီးပေါ်ရောက်နေပြီး အတိတ်မေ့နေတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုပါစို့။ကိုယ့်ကိုကိုယ်လည်းမသိဘူး တခြားလူတွေကိုလည်းမသိဘူး၊ ကိုယ်ဟာဘာလုပ်လို့ဘာကိုင်ခဲ့မှန်းလည်းမသိဘူး၊ လူတစ်ယောက်ရဲ့ ပင်ကိုအသိဉာဏ်ပဲရှိတော့တယ်ဆိုတာမျိုး မြင်ယောင်ကြည့်လိုက် ...ဘယ်နားအိပ်ရမှန်းမသိ ဘယ်နားသွားစားရမှန်းမသိတဲ့ဘဝ ... ခုဇာတ်လမ်းထဲကမင်းသမီးက အဲ့လိုဖြစ်နေတာ၊ ဒါပေမဲ့ သူက သူနဲ့တစ်ညတာ ခင်မင်ခဲ့ဖူးတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့သွားတယ်။ သူကတော့ မမှတ်မိပေမဲ့ ဟိုကောင်မလေးက သူ့ကိုစနှုတ်ဆက်တဲ့အချိန်ရောက်မှ သူ့ဟာသူ အတိတ်မေ့နေမှန်းသိတာ။ဒီလိုနဲ့မှ သူ့ရဲ့အဖြစ်အပျက်တွေကို ပြန်လည်ဖော်ဆောင်ရတဲ့အခါမှာတော့ သူဖြတ်သန်းခဲ့ရတဲ့ကိစ္စ‌တွေဟာ ကောင်းတဲ့ကိစ္စတွေချည်းပဲ မဟုတ်ခဲ့ဘူးဆိုတာ သိရှိလာရချိန်မှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Paing ပါ) File Size     : (1.8 GB)(740 MB) and (345 MB) Quality       : WEB-DL 1080P DD5.1CH, 720p Format       : mkv, mp4 Genre      ...
movie

Italian Studies (2021)

2021
The World to Come (2020) 6.1
The World to Come (2020) The World to Come (2020)====================IMDb Rating - 6.1/10ဒီရုပ်ရှင်ကတော့ ဒရာမာ စစ်စစ်လေးပါ။ နာမည်ကျော်သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင် လေးယောက်ကိုအဓိကထားပြီး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ လက်စ်ဘီယန်အချစ်အကြောင်းလည်းဖြစ်ပါတယ်။လယ်သမား လင်မယားနှစ်ယောက် မိတ်ဆွေဖွဲ့ရင်း ဖြစ်လာတဲ့ လူမှုရေး ကိစ္စ တွေကိုမှ ကဗျာဆန်ဆန်ပြသထားသလို အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကိုလည်း အဲဒီခေတ်နဲ့ အညီ သရုပ်ဖော်ထားလို့ တကယ့်ဝတ္ထုကောင်းလေးတစ်အုပ်ကို ဇိမ်နဲ့ ထိုင်ဖတ်နေရသလိုပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 45minSubtitle – Myanmar HardsubFormat – Mp4Genre : DramaSource : 1080p.WebRipTranslator – LittleneoEncoder – SWM
movie

The World to Come (2020)

2020
Pieces of a Woman (2020) 7.1
Pieces of a Woman (2020) Pieces of woman (2020)************************IMDb -7.1 ရရှိခဲ့တဲ့ ကားလေးပဲ ဖြစ်ပါတယ် Pieces of woman ဇာတ်ကားလေးဟာဆိုရင် မာသာနဲ့ ရွှန်းန် တို့ရဲ့ အိမ်ထောင်ရေးအပေါ် ဇာတ်အိမ်ဖွဲ့ ရိုက်ပြထားတဲ့ အိမ်ထောင်ရေး Drama ကားလေး ဖြစ်ပါတယ် ခေါင်းမာပြီး တဇွတ်ထိုးဆန်တဲ့ မာသာက သူတို့ရဲ့ သမီးဦးလေးကို သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတဲ့ အိမ်လေးမှာပဲ ဝမ်းဆွဲသည်နဲ့ မွေးဖို့ စီစဉ်ခဲ့ပါတယ် မာသာအမေက ရွှန်းန်ကို သဘောမကျသော်လည်း လင်မယားနှစ်ယောက်က အရာအားလုံးကို ဆိုးတူကောင်းဖက် တိုင်ပင်ပြီး အချစ်တွေနဲ့ ပြည့်နေတဲ့ အိမ်ထောင်ရေးလေးကနေ ချစ်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ဖို့ ကြိုးစားနေခဲ့ကြပါတယ် မာသာဟာ သူချစ်ရတဲ့ သမီးလေးကို ဆေးရုံမှာ မမွေးပဲ နာကျင်ခြင်း ဝေဒနာကို အံကြိတ်ခံပြီး အိမ်မှာပဲ ဝမ်းဆွဲသည်နဲ့ မွေးစေခဲ့ပါတယ် တခါတရံ စီစဉ်ထားသလို မဖြစ်ခဲ့တဲ့အခါမှာဆိုရင် လူတွေဟာ စိတ်ဝေဒနာတွေကို ကျော်ဖြတ်ဖို့ နည်းအမျိူးမျိူး သုံးကြပြီး အခက်အခဲတွေကို အဖက်ဖက်ကနေ ရိုက်ပြထားတဲ့ ကားကောင်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် အမျိုးသမီးတို့ရဲ့ မဖြစ်မနေ ရင်ဆိုင်ရတဲ့ ...
movie

Pieces of a Woman (2020)

2020
About Time (2013) 7.8
About Time (2013) About Time (2013)IMDb - 7.8/10_____Rotten - 68%   ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။ဒီလိုနဲ့ သူတို့နှစ်ယောက် ဘဝခရီးလမ်းလေးဖြောင့်ဖြူးဖို့ အချိန်တွေနောက်ပြန်လှည့် အမျိုးမျိုးကြိုးစားရင်း တင်မ်တစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အချစ်အရှုံးသမားလေးတင်မ်က နောက်ဆုံးမှာ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းတစ်လျှောက်လုံးမှာ တင်မ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အလွဲတွေကို ...
movie

About Time (2013)

2013