Channel Myanmar

Vanessa Guide

30 Jours Max (2020)
30 Jours Max (2020) 30 Jours Max (2020) =============== IMDb Rating - 5.4/10ဒီဟာသဇာတ်ကား​လေးနာမည်က အလွန်ဆုံး ရက် ၃၀ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဘဝကိုဖြတ်သန်း​နေရင်း ရုတ်တရက်ကြီးအသက်ရှင်သန်ရဖို့ ရက်၃၀ပဲကျန်​တော့ မယ်ဆိုရင် ကျွန်​​တော်တို့​ရော ဘာ​တွေလုပ်မိကြမလဲ။ ရာယန်းက ကပျက်ကျ​ချော် နိုင်တဲ့ရဲဝန်ထမ်းတစ်​ယောက်၊ အ​​​ဖေဖြစ်သူကိုဂုဏ်ယူ​စေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီး ကြိတ်ကြိုက်​နေရတဲ့ တွဲဖက်​ရဲ​မေကိုလည်း အထင်ကြီး​အောင် လုပ်ပြချင်​နေတဲ့သူ​ ပေါ့။ ကံဆိုးချင်​တော့ သူရဲ့​ပေါ့တိ​ပေါ့ပျက်နိုင်မှု​တွေ​ကြောင့် အ​ရေးကြီးတဲ့စစ်ဆင်​ ရေးတစ်ခုမှာ အမှားလုပ်မိပြီး ရဲဌာနက ရဲ​ဘော်ရဲဖက်​တွေရဲ့ဖယ်ကျဥ်ခြင်းကို ခံရ တယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း သူ့ကိုရှိတယ်လို့​တောင် မထင်ဘဲ ချိုး နှိမ်ဆက်ဆံကြတယ်။ သူကိုယ်တိုင်ကလည်း တဖက်သားအ​ပေါ် လိုတာထက်ပိုပြီး သည်းခံတတ်တာလည်းပါတာ​ပေါ့။ဘယ်​လောက်သည်းခံလဲဆိုရင် ပြတ်သွားတာ တစ်နှစ်​လောက်ရှိနေပြီဖြစ်တဲ့ ရည်း စား​​ဟောင်းက သူငှား​နေတဲ့အိမ်​ပေါ်တက်​နေပြီး လူပါးဝတာကိုမှ ​ငြိမ်ခံပြီး ဆက်​နေ ခိုင်းတယ်။ အဲဒီ​နောက် ကြွက်တစ်​ကောင်နဲ့ဆရာဝန်တစ်​​ယောက်​ကြောင့် သူရဲ့ဘဝ က အကြီးအကျယ်​ပြောင်းလဲဖို့ဖြစ်လာတယ် ဘာ​တွေဘယ်လို​ပြောင်းလဲကုန်မလဲသိ ရဖို့ အ​ပြေး​လေး ကြည့်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.17 GB) / (420 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

30 Jours Max (2020)

2020
Alad’2 (2018) The Brand New Adventures of Aladin
Alad’2 (2018) The Brand New Adventures of Aladin  2015 ကထွက်ခဲ့တဲ့ အာလာဒင်ဟာသကားလေးကို ကြည့်ဖူးသူတိုင်းမှတ်မိကြဦးမယ်ထင်ပါတယ်။ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းမဆိုးသလို အလွန်လည်းရယ်ခဲ့ရတဲ့ ကားကောင်းလေးတစ်ကားပါ။အဲဒီကားလေးရဲ့အဆက်နံပါတ် ၂ ကားလေးကိုတော့ ၂၀၁၈ မှာထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဟာသကားဖြစ်သည့်အားလျော်စွာ အလွန်ခွီးနေရမှာလည်းဖြစ်သလို ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့ဇာတ်လမ်းဇာတ်ကွက်ကအလွန်ကောင်းပြန်တဲ့ ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့ပထမဇာတ်လမ်းက အာလာဒင်ဟာ နန်းတော်ကြီးမှာ ရွှေနန်းပြောင်ပြောင်းနန်းဆောင်ဆောင်နဲ့နေရပြီး အရင်လိုစွန့်စားခန်းတွေမရှိတော့တဲ့သူ့ဘဝကြီးကိုပျင်းနေပါတယ်။မင်းသားဖြစ်သူအာလာဒင်ဘာမှသေချာမစီမံပေးနိုင်တာကြောင့်အဆင်မပြေဖြစ်နေရတဲ့တိုင်းပြည်ကြီးကို ရှားဇမန်ဆိုတဲ့သူရောက်လာပြီး တိုင်းပြည်သိမ်းဖို့လုပ်တဲ့အခါအင်အားမသာတာကြောင့်အရေးနိမ့်ပြီး မင်းသားအာလာဒင်အနေနဲ့ထွက်ပြေးရပါတော့တယ်။အခက်အခဲတွေရောက်နေတဲ့ အာလာဒင်ဟာ သူလွှတ်ပေးခဲ့တဲ့ သူရဲ့ဂျင်းနီကိုပြန်ရှာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရမယ်၊ထွက်ပြေးသွားတဲ့အာလာဒင်ကိုယုံကြည်မှုကင်းမဲ့သွားတဲ့မင်းသမီးရဲ့ယုံကြည်မှုကိုဘယ်လိုပြန်ရအောင်ကြိုးစားရမယ်၊ဇာတ်လမ်းထဲမှာဘယ်လိုလှည့်ကွက်မြုပ်ကွက်လေးတွေပါမယ်ဆိုတာကို ဟာသလေးတွေနဲ့တောက်လျှောက်ကြည့်ရင်းဘဝ‌အမောတွေပြေရစေဖို့ ဒီတစ်ခါညွှန်းလိုက်ရတဲ့ကားလေးက‌တော့ Aladdin 2(2018) ပဲဖြစ်ပါတယ်ခင်ဗျာ။(Aladin 1 ကို ဒီမှာ https://channelmyanmar.to/the-new-adventures-of-aladdin-2015/   ဒေါင်းပါ။)  File size…(1.8 GB) and (1 GB) Quality…BluRay 1080p & 720p 5.1CH (HEVC Encode) Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

Alad’2 (2018) The Brand New Adventures of Aladin

HEVC 1080p 5.1