Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vance Larena
8.4
My Future You (2024)
My Future You (2024)"ငါ့အနာဂတ် မင်း" ================================၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရိုရိုချိုချို ဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်က လူသန်းပေါင်း ၈ ထောင်ကျော်ထဲမှာ ကိုယ့်ရဲ့ ဝိညာဉ်ဖက်ကိုရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ။ဒါပေမဲ့ ရှာတွေ့ဖို့အချိန်တန်ရင်တော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာ ဘယ်အချိန်ကိုပဲရောက်နေနေ သူ့အလိုလိုရှာတွေ့စမြဲပါပဲ။လက်စ်ဆိုတဲ့ ကောင်လေးနဲ့ အဲလက်စ်ဆိုတဲ့ကောင်မလေးဟာ အွန်လိုင်းဒိတ်တင်းဆိုက်တစ်ခုမှာတွေ့ပြီး ပုံမှန်စကားပြောဖြစ်နေသူတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ မျက်နှာမမြင်ဖူးဘဲ စကားပြောနေရာကနေ တဖြည်းဖြည်း အဆင့်တက်ကာ ချစ်သူတွေဖြစ်လာကြပါတယ်။အစပိုင်းမှာ ဒီလို ချစ်ကြိုက်ကွဲညားဇာတ်လမ်းမျိုးလို့ထင်ရပေမဲ့ ဇာတ်လမ်းကထင်သလောက်မရိုးရှင်းဘဲ သူတို့နှစ်ယောက်ဟာ ဥက္ကာခဲတစ်ခုကြောင့် ချိတ်ဆက်မိနေတဲ့ အချိန် ၁၅ နှစ်ကွာခြားတဲ့ ကာလနှစ်ခုက ကံကြမ္မာတူလူနှစ်ယောက်ဖြစ်နေတဲ့အခါမှာတော့...။သူတို့တွေ အဖြစ်မှန်ကို ဘယ်လိုသိသွားကြမှာလဲ၊ အချိန်ကာလတွေကို လွန်ဆန်နိုင်မှာလား၊ ဘယ်လိုရှေ့ဆက်ဖို့ကြိုးစားကြမှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။) File size…1.6 GB / 800 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 49min Subtitle….Myanmar Subtitle ...
movie
My Future You (2024)
[18+] Home Service (2023)
Home Service (2023)ဟက်ပီးဆိုတဲ့ကောင်မလေးက နေ့ခင်းပိုင်းမှာ သူနာပြုကျောင်းတက်ပြီး ညဘက်မှာတော့ ပညာသင်စရိတ်အတွက် အနှိပ်ပညာရှင်အဖြစ် ဝင်ငွေရှာပါတယ်။ အနှိပ်ဆိုပေမဲ့ ဖောက်သည်ရဲ့တောင်းဆိုချက်အတိုင်း လိုအပ်ရင် Happy Ending အထိ သွားတဲ့ဝန်ဆောင်မှုပုံစံပါ။တစ်နေ့တော့ ကားတံခါးမှာ ပုဝါချိတ်ထားတဲ့အချက်ပြနည်းနဲ့ လူခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ ချိတ်ဆက်မိရင်း သူ့အတွက် ဝင်ငွေပိုရနိုင်စရာနည်းလမ်းကို ရှာတွေ့သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးနဲ့ သူ့လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ ဓာတ်ပုံဆရာတို့ဟာ ကျောင်းသူလေးတွေကို ညစ်ညမ်းတဲ့ပုံစံအမျိုးမျိုးနဲ့ ကိုယ်ဟန်ပြခိုင်းပြီး ငွေဖြုန်းနိုင်တဲ့ဖောက်သည်တွေဆီကိုပြန်ရောင်းစားနေကြတာပါ။ ဟက်ပီးတစ်ယောက် သူတို့နဲ့ချိတ်ဆက်မိပြီးမကြာခင်မှာပဲ ရဲတစ်ယောက်က သူတို့အုပ်စုကိုခြေရာခံမိသွားပြီး ဇာတ်လမ်းတွေပိုရှုပ်ဖို့ဖြစ်လာပါတော့မယ်။ ဒါပေမဲ့လည်း အဲဒီရဲကိုယ်တိုင်ကပါ သူတို့ရဲ့ဗီဒီယိုဖိုင် ဓာတ်ပုံတွေနဲ့ ပြသခြိမ်းခြောက်ပြီး အကျပ်ကိုင်အနိုင်ကျင့်လာချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.05GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 54Min Genre - Drama Subtitle - Myanmar ...
movie
[18+] Home Service (2023)
2023
5.5
Dead Kids (2019)
ဒါကတော့ Netflixကထုတ်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းလေးပါ။ပထမတော့ ratingကြည့်ပြီး ငကြောင်ကားများလားထင်မိပေမယ့်အဲ့လိုမဟုတ်ပါဘူး။Based on true eventပါတဲ့။ဆန်တာမာရီယာဆိုတာ နယ်ကနေလာပြီးအဒေါ်အိမ်မှာငှားနေကာကျောင်းတက်နေတဲ့ပညာသင်ဆုရ တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ယောက်။သူတို့ကျောင်းမှာ ပိုက်ဆံရှိပြီးဆောင့်ကြွားကြွားနေတဲ့သူတွေအများသား။အဲ့ထဲမှာ ချက်ဆိုတဲ့ကောင်လေးကအဆိုးဆုံးသူ့အဖေအရှိန်အဝါနဲ့နာမည်ကြီးပြီး ကျောင်းမှာအနိုင်ကျင့်တဲ့သူပေါ့။တစ်ရက်တော့ ချက်နဲ့ညိထားတဲ့ကောင်လေးသုံးယောက်ကဆန်တာမာရီယာကို အလုပ်တူတူတွဲလုပ်ဖို့ကမ်းလှမ်းလိုက်ပါတယ်။ချက်ကိုပြန်ပေးဆွဲပြီး သူ့အိမ်ကိုငွေတောင်းဖို့ပေါ့။ပြန်ပေးဆွဲပြီး ဘာတွေဆက်ဖြစ်မလဲစိတ်ဝင်စားရင်တော့ ကြည့်ရှုလိုက်ပါအုံး။ဇာတ်လမ်းနာမည်Dead kidsဆိုတာ သူဌေးသားတွေပဲနာမည်ကြီးနေတဲ့ကျောင်းမျိုးမှာမထင်ရှားတဲ့ကျောင်းသားတွေကိုရည်ညွှန်းတာပါ။ File Size : (881 MB , 331 MB )Quality : WEB-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : ThrillerSubtitle : Myanmar ...
movie
Dead Kids (2019)
2019