Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vajja Venkata Giridhar
7
100% Love (2011)
100 % Love (2011)IMDb - 7ဇာတ်လမ်းအညွှန်း ~~~~~~~~~~~တစ်ကျောင်းလုံး အဆင့် ၁ နေရာကို အမြဲဆွတ်ခူးနိုင်ပြီး အင်မတန် မာနကြီးလှတဲ့ စာကြမ်းပိုးလေး ဘာလူ။မွေးရာပါ ထူးချွန်တဲ့အခံကြောင့် ကြိုးစားလိုက်တာနဲ့ ဖြစ်မြောက်ပြီး အင်မတန်ကို လှရက်လွန်းတဲ့ မာဟာလက်ရှ်မီး။သူတို့နှစ်ဦးဟာ ဆွေမျိုးမကင်းတဲ့သူတွေ ဖြစ်တဲ့အလျောက် ငယ်ရွယ်စဉ်ကတည်းက ရင်းနှီးခဲ့ကြပြီး အမြဲတမ်း မျဉ်းပြိုင်နှစ်ကြောင်းလို ပြိုင်ဆိုင်နေခဲ့ကြတယ်။ ကြောင်နဲ့ ကြွက် ဆက်ဆံရေးလို ဖြစ်နေကြတဲ့ သူတို့ ၂ ဦးဟာ အချင်းချင်း ချစ်လျက်နဲ့တောင် ကိုယ်စီထားရှိတဲ့ မာနတွေကြောင့် ကတောက်ကဆဖြစ်ပြီး ဝေးကွာသွားခဲ့ကြတယ်။ဒီလိုနဲ့ ရက်လနှစ်တွေချီပြီး ပြန်တွေ့တဲ့အခါမှာတော့ အရင်က အချစ်မီးတောက်တွေ ပြန်တောက်လောင်လာမလား၊ မာနချင်းပဲ လွန်ဆွဲနေဦးမလားဆိုတာ ရင်ဖိုလှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းကိုတော့ Esthက ရေးသားထားပါတယ်)File Size - 3.45 GB/ 1.83 GB Quality - BluRay ...
movie
100% Love (2011)
5
Viswam (2024)
Viswam 2024ဒီတစ်ခေါက် 2024 ခုနှစ်ထွက် ဘောလိဝုဒ်ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတဲ့ လူတစ်စုက ကလေးငယ်လေးတစ်ယောက်ကို လိုက်လံရှင်းလင်း သတ်ဖြတ်ကြမယ့်စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအကျဉ်းအကြမ်းဖက်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဂျာလာလူဒင်ကာရက်ရှီဆိုတဲ့လူက ဦးဆောင်ပြီး သူတို့လမ်းမှာ အဟန့်အတားဖြစ်လာမယ့် ဝန်ကြီးတစ်ဦးကို အဲဒီဝန်ကြီးရဲ့ညီဖြစ်သူနဲ့ပေါင်းသတ်လိုက်ပါတယ်။သူတို့အဲဒီလို ဒုစရိုက်မှုကျူးလွန်နေတာကို မတော်တဆ ကလေးမလေးတစ်ယောက်ကမြင်သွားခဲ့ပါတယ်။ဂျာလာလူဒင်တို့လည်း ဒီမျက်မြင်သက်သေကလေးမလေးကို သတ်ဖို့လုပ်ကြတော့တာပေါ့။ ထိတ်လန့်နေတဲ့ ဒီကလေးမလေးကို သူ့အဘိုးဖြစ်သူတို့က သက်သာရာသက်သာကြောင်း ဘုရားကျောင်းလိုက်ပို့တဲ့အချိန်မှာ သူ့ကိုသတ်ဖို့လိုက်လာတဲ့ လူမိုက်အုပ်စုနဲ့တွေ့ပါတော့တယ်။ဒီကလေးမလေးနဲ့ သူတို့မိသားစုကို ကယ်တယ်ပေးသွားမယ့် ကယ်တင်ရှင်က ဘယ်သူဖြစ်ပြီး ဘယ်လိုအကြောင်းအရာများနဲ့ပေါ်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 3.5 GB / 1.8 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Viswam (2024)
4.5
Mr Bachchan (2024)
Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း” Genre – Action, Crime, Dramaအိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။ အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက် ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ ...
movie
Mr Bachchan (2024)
6.8
Mangalavaaram (2023)
Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများ IMDb - 6.8/10ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲ မျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီး အဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက် မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့ အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ ...
movie
Mangalavaaram (2023)
2023
8.0
Top Gear (2022)
Top Gear (2022) IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက... မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီး ဟိုက်ဒရာဘတ်ကနေ စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊ မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊ တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊ အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့ သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာ လက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni ...
movie
Top Gear (2022)
2022
8.8
Korameenu (2022)
Korameenu(2022)IMDb-8.5/10ဒီတစ်ခါတော့ အောင်မြင်တဲ့ဇာတ်လမ်းပေါင်းများစွာကိုကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကိုယ်တိုင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားကြီး Anad Ravi ရဲ့ ကားလေးအလှည့်ပါသူကိုယ်တိုင်ရေးထားတဲ့ဒီကားထဲမှာတော့ ကောင်မလေးတစ်ယောက်ကို နှစ်ရှည်လများသဘောကျနေတဲ့ ကိုတီဆိုတဲ့လူရိုးကြီးအဖြစ်သရုပ်ဆောင်ထားပါတယ် မီနာရှီရ်လို့ ခေါ်တဲ့အမျိုးသမီးကို အဲ့မြို့ကနိုင်ငံရေးစီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ကာရူနာနဲ့ သူ့လက်အောက်က ကိုတီတို့ နှစ်ယောက်အပြိုင်ကြိုက်မိတဲ့အခါမှာ ဇာတ်လမ်းလေးက ရှင်းမလိုနဲ့ အဆုံးထိကို ဆွဲခေါ်သွားမှာပါကိုယ့်ထက်အင်အားအဆမတန်ကြီးမားတဲ့ ရန်သူကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း မြှပ်ကွက်များစွာနဲ့ တင်ဆက်ပြထားတာမို့ မလွတ်တမ်းကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ပါရစေ File size…1.7GB / 837MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Sai ThuRein
movie
Korameenu (2022)
2022