Channel Myanmar

Upasna Singh

Main Prem Ki Diwani Hoon (2003)
Main Prem Ki Diwani Hoon (2003) Main Prem Ki Diwani Hoon (2003)"အချစ်ကြောင့်ရူး" ========================================လက်ပွားမင်းသားကြီး ရီသိက်ရိုရှန်းနဲ့ မင်းသမီးကြီး ကရီနာကပူးရ်တို ငယ်ရွယ်စဉ်က တွဲဖက်ရိုက်ကူးခဲ့တဲ့ ၂၀၀၃ ခုနှစ်ထွက် အချစ်ဟာသ ကလက်စစ်ရုပ်ရှင်ဟောင်းလေးကို ဘောလိဝုဒ်ပရိသတ်တွေအတွက် ပြန်လည် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးမလိုနဲ့ ဆန်းပါတယ်။အိန္ဒိယကမိဘတွေရဲ့ မိဘအိမ်ထောင်ချပေးရင် သားသမီးခေါင်းငြိမ့်ဆိုတဲ့ ဓလေ့ကို ချိုးဖျက်ချင်နေတဲ့ ဆန်ဂျနာဆိုတဲ့ ကောင်မလေး။ဆန်ဂျနာဟာ သူတင်မကဘဲ သူများတွေကိုပါ ကိုယ်ချစ်တဲ့သူကိုလက်ထပ်ဖို တိုက်တွန်းနေပေမဲ့ သူ့အမေကတော့ သူ့ကို ပရမ်းဆိုတဲ့ ဥစ္စာပေါ၊ ရုပ်ချော သူဌေးလေးတစ်ယောက်နဲ့ ပေးစားဖိုအတွက် ကြိုးပမ်းလာခဲ့ပါတယ်။ခေတ်ပညာတတ်မလေး ဆန်ဂျနာဟာ အစပိုင်းမှာ အချစ်ဟာသရုပ်ရှင်တွေရဲ့ထုံးစံ ဇာတ်လိုက်ပရမ်းကို ဒုက္ခတွေပေး၊ ပြန်ပြေးအောင် ကြံစည်ပေမဲ့ ဥစ္စာပေါ ရုပ်ချောရုံသာမက တော်ကီပါကောင်းတဲ့ ပရမ်းကို ကြွေစပြုလာတဲ့အချိန်မှာ ဘယ်သူမှမထင်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး ပရမ်းနဲ့ ဆန်ဂျနာတို ဆက်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဒီအချစ်ဟာသရုပ်ရှင်လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.8 GB / 2.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Main Prem Ki Diwani Hoon (2003)

Golmaal Returns (2008) 5.3
Golmaal Returns (2008) Golmaal Returns (2008) "ပရမ်းပတာ"တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Golmaal ဟာသ ဇာတ်လမ်းတွဲထဲက ဒုတိယမြောက်ကားလေးကို ပရိသတ်တို့အတွက် ပြန်လည်တင်ဆက်ထားပါတယ်ဒီကားထဲမှာ မင်းသားအဂျေး (Ajay Devgn) နဲ့ ဝါရင့်မင်းသမီးကရီနာကပူးတို့က ခေါင်းဆောင်ပါဝင်ထားပြီး ၂၀၀၈ မှာ ဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်စာရင်းထဲ ပါခဲ့တာပါဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လိုက်ကျော် ဂိုပယ်က စကားမပြောတတ်တဲ့ သူ့သူငယ်ချင်း လပ်ကီးရဲ့အစ်မဖြစ်သူ အက်တာနဲ့ အိမ်ထောင်ကျသွားခဲ့ပြီး ငါးလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေပါတယ်သူ့မိန်းမအက်တာက တီဗွီဇာတ်လမ်းတွဲတွေအကြည့်များပြီး သူ့ယောကျ်ားကို အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ သံသယများနေတဲ့အပြင် ရဲအရာရှိတစ်ယောက်ကလည်း သူတို့ကုမ္ပဏီက ငါးပုဇွန်တင်တဲ့ သင်္ဘောထဲမှာ မူးယစ်ဆေးတွေရှိနိုင်တယ်လို့ သင်္ကာမကင်းဖြစ်နေပြန်ပါတယ်တစ်ရက်မှာ ဂိုပယ်က မီရာဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိလိုက်ရာကနေစလို့ ဘယ်လိုပြဿနာတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာမလဲ ဆိုတာကတော့ ----အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 4.1 GB / 1.98 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Golmaal Returns (2008)

Teriya Meriya Hera Pheriyan (2024)
Teriya Meriya Hera Pheriyan (2024) Teriyaan Meriyaan Hera Pheriyan 2024 (ယူကေကို သွားချင်တဲ့ ကားသမားလေးလက်ကီး)လက်ကီးဆိုတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ဟာ ယူကေကို အရမ်းသွားချင်နေသူဖြစ်ပေမယ့် ငွေရေးကြေးရေးအခြေအနေအရ မသွားနိုင်တဲ့သူတစ်ယောက်ပါ၊ ကားလေးတစ်စီးကို အရစ်ကျစနစ်နဲ့ဝယ်ထားပြီးတော့ တက္ကစီလေးမောင်းရင်း အရစ်ကျလေးပေးရင်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူပေါ့။တစ်ရက်ကျတော့ ယူကေကနေ အိန္ဒိယကို ပြန်လာတဲ့ မေဂျာဆရာဆိုတဲ့သူက ကားငှားလို့ သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးရပါတယ်။ မေဂျာဆရာကြီးကတော့ ယူကေမှာ မိန်းမရှိပေမယ့် အိန္ဒိယမှာလည်း အသည်းလေးထားပြီး တစ်နှစ်တစ်ခါ မိဘတွေရဲ့နှစ်ပတ်လည်နေ့ကို အကြောင်းပြပြီး အိန္ဒိယက အသည်းလေးနဲ့ ပြန်လာကြည်နူးနေကြသူပေါ့။ဒီလိုနဲ့ တစ်ရက်မှာ လက်ကီးဆီကို ကောင်မလေးတစ်ယောက်က ဖုန်းဆက်ပြီး ကားငှားတဲ့အတွက် သွားရာကနေ အဲဒီကောင်မလေးဟာ IELTS ဖြေတာကို ၄ခါမြောက်ကျထားပြီး အခုမှာတော့ ၅ခါမြောက်ဖြေဆိုတာဖြစ်ကြောင်း သိခဲ့ရပါတယ်။အဲဒီကောင်မလေးရဲ့ ဖခင်ဖြစ်သူကတော့ သမီးကို နိုင်ငံခြားရောက်ပြီး ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်စေချင်သူတစ်ယောက်ပါ။ယူကေကို အရမ်းသွားချင်တဲ့ လက်ကီးတစ်ယောက်နဲ့ နိုင်ငံခြားမှာဘဝကို ကောင်းစားစေချင်တဲ့ ဖခင်ဖြစ်သူရဲ့ သမီးတို့ ဆုံတွေ့ကြရာကနေ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲ .........လက်ကီးတစ်ယောက် မေဂျာဆရာကြီးရဲ့ အရှုပ်တွေကြားထဲမှာရော ဘယ်လိုတွေကြားညပ်ဦးမလဲ..... ဆိုတာတွေကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Teriya Meriya Hera Pheriyan (2024)

Jatt & Juliet (2012) 7.5
Jatt & Juliet (2012) Jatt And Juliet (2012)"ကနေဒါ ဖူးစာ" ==============================နာမည်ကြီး ပန်ချာပီမင်းသား ဒီလ်ဂျစ်ဒိုဆန်ဂျ်ရဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် သူ့ခေတ် သူ့အခါက အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင် နှစ်ကားထိထွက်ရှိထားပြီး IMDb မှာလည်း 7.5 ထိ ရိတ်တင်းရထားပါသေးတယ်။ဇာတ်လမ်းကတော့.. ဘိုစာကို နကန်းတစ်လုံးမှမသိဘဲ ကနေဒါကိုသွားပြီး ကနေဒါမှ အဖြူမလေးနဲ့ အိမ်ထောင်ပြုအခြေချချင်နေတဲ့ ဖာတယ်ဆင်းဂ်နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ ကနေဒါကို ကျောင်းလာတက်တဲ့ ပူဂျာဆိုတဲ့ အိမ်ထောင်ပြုခါနီးကောင်မလေး။သူတို့နှစ်ယောက် ကနေဒါမှာ တွေ့ဆုံကြပြီး အစပိုင်းမှာ တစောင်းစေးနဲ့ မျက်ချေးလို အချင်းချင်း ရန်ဆောင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းချင်း ငြိတွယ်လာကြပုံကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး တင်ဆက်ထားတဲ့ရုပ်ရှင်လေးဖြစ်လို့ ချ န်နယ်မြန်မာ Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်...။ File size…3.2GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Jatt & Juliet (2012)

Aitraaz (2004) 6.6
Aitraaz (2004) Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ...
movie

Aitraaz (2004)

Sarfarosh (1999) 8.1
Sarfarosh (1999) Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie

Sarfarosh (1999)

1999
Haan Maine Bhi Pyaar Kiya (2002)
Haan Maine Bhi Pyaar Kiya (2002) အိန္ဒိယရဲ့ နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ အာရှေးကူးမား ,အာဘီရှန်ဘချန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Haan Maine Bhi Pyaar Kiya ဆိုတဲ့ အိန္ဒိယကားကောင်းလေးကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ရှိဗ် နဲ့ ပူဂျာ တို့က မမျှော်လင့်ပဲနဲ့ဖူးစာဆုံခဲ့ကြပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာ ရှိဗ်ဘက်က ပူဂျာခွင့်မလွှတ်နိုင်တဲ့ပြဿနာတွေကိုပဲ လုပ်ခဲ့မိတာကြောင့် လင်မယားကွာရှင်းခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ ပူဂျာက ရက်ဂျ်ဆိုတဲ့နိုင်ငံကျော်မင်းသားဆီမှာ အလုပ်လုပ်ဖြစ်တဲ့အခါမှာ ရက်ဂျ်ဘက်ကနေစပြီးပူဂျာကိုသဘောကျလာတာကစလို့ နှစ်ဦးသဘောတူလက်ထပ်ဖို့ထိဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှိဗ်ကပူဂျာ့ဘဝထဲပြန်လည်ဝင်ရောက်လာတဲ့အခါမှာ သူတို့၃ဦးရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အချစ်၊အလွမ်း၊ဟာသနှောထားပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ File size…2.54GB/ 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Citrus
movie

Haan Maine Bhi Pyaar Kiya (2002)

2002
Talaash: The Hunt Begins (2003) 4.3
Talaash: The Hunt Begins (2003) အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့အက်ရှေးကူမားရဲ့အက်ရှင်ကားလေးပဲဖြစ်ပါတယ်...မင်းသမီးအနေနဲ့ ကရီနားကပူးက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့...အရ်ဂျွန်ရဲ့ဖခင်ဟာ မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သတ်မိရာကနေ အသတ်အဖြတ်ခံရပြီးသမီးဖြစ်သူကပါ ရောင်းစားခံရဖို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်...ခင်ပွန်းအသတ်ခံရတဲ့အပြင် သမီးပါဖမ်းခေါ်သွားခံခဲ့ရတဲ့အဖြစ်ကို မျက်စိရှေ့မှာတင်မြင်လိုက်ရတော့ ယူကြုံးမရဖြစ်ပြီး အရ်ဂျွန်ရဲ့အမေဟာ အရူးတစ်ပိုင်းဖြစ်လို့သွားပါတော့တယ်.... အဖေသေ အမေကအရူးဖြစ် ညီမကိုပါ ဖမ်းခေါ်သွားကြတော့ ငယ်ငယ်ပဲ ရှိသေးတဲ့အရ်ဂျွန်ခမျာ အခြေအနေတွေကို မထိန်းနိုင်ခဲ့ဘူး....သို့ပေမယ့်လည်း မလျှော့သော ဇွဲနဲ့ ရဲထဲဝင်ပြီး ဒုစရိုက်ဂိုဏ်းမှန်သမျှကိုဖြိုခွင်းရင်း ညီမဖြစ်သူကို လိုက်ရှာပါတော့တယ်....ဒီလိုနဲ့....အရ်ဂျွန်ရဲ့ ရှာပုံတော်ဇာတ်လမ်းမှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြပါဦးရှင့်....  File size…2.8GB / 1.4GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Taylor  
movie

Talaash: The Hunt Begins (2003)

Chalk N Duster (2016) 6.5
Chalk N Duster (2016) Chalk N Duster (2016)_____IMDb - 6.5/10    " Chalk N Duster ဇာတ်ကားမှ ဖောက်ထွက်လာသော အတွေးများ " ••••••••••••••••••••••••••• "ငါတို့တတွေဟာ ပညာရေးရဲ့ လင်းရောင်တန်ဆာ ဖြစ်ခဲ့တာမို့ ကမ္ဘာတစ်လွှမ်းလုံးထိ တိုင်အောင် တတ်စွမ်းသမျှလေး လင်းလက်ခဲ့ပါ့မယ် "  [ Song lyrics] ကျွန်မတို့က မြေဖြူတွေ။ ကျွန်မတို့က သင်ပုန်းဖျက် ပစ္စည်းတွေ။ မီးအိမ်ငယ်ငယ် ကို ကိုင်ဆောင်သူတွေ။ တစ်နည်းအားဖြင့် ခြင်းတောင်းလေး ကိုင်ရင်း ဝါသနာလမ်းပေါ် လျှောက်လှမ်းလာကြတဲ့သူတွေ။"ကျွန်မတို့က ဆရာမတွေ " ______________________________အမှန်ပြောရရင် ဒီလို ဇာတ်ကားမျိုးက ကြည့်ချင်လာအောင် ရေးပြရမယ့် Review မျိုးမဟုတ်ပါ။ ဇာတ်ဝင်ခန်း တစ်ခန်းချင်း ကို ကိုယ့်ငယ်ဘဝနဲ့ ပြန်တွေးရမယ့် ပုံပြင်ဆန်နေခြင်းမျိုးပါ။ဒီပုံပြင်တွေထဲက သူရဲကောင်းတချို့ဟာ အပြင်လောကမှာ ရှိခဲ့ပါကြောင်း နားလည်ခဲ့ရမယ့် အတွေးမျိုးပါ။ဒါပေမဲ့ ဇာတ်လမ်းအကျဉ်း ကို ပြောပါစို့ ။KB ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်တည်လာတဲ့ အချိန်ကစလို့ အုပ်ချုပ်သူနဲ့ ဆရာမတွေ ကြား မသင့်မြတ်မှုလေးတွေက တစ်စ တစ်စ ကြီးထွားလာခဲ့တယ်။စာသင်ခန်းမှာ ဆရာမ ထိုင်ခုံတွေ မထားရှိမှုတွေ။ ...
movie

Chalk N Duster (2016)

2016
Judwaa 2 (2017) 4.1
Judwaa 2 (2017) လန်ဒန်မှာ ကြီးပြင်းတဲ့ ပရမ်ကတော့ ခပ်အေးအေးနဲ့ရိုးအတဲ့အတွက် သူများနှိပ်စက်ခံဖြစ်ပေ မယ့်လို့ မွမ်ဘိုင်းက ရာဂျာကတော့ ရန်ဖြစ်သတ်ပုတ်တဲ့နေရာမှာ ဆရာကျတဲ့ဖိုက်တာ တစ်ယောက် ပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ရာဂျာတစ်ယောက် လန်ဒန်ကို သွားဖို့ ဖြစ်လာခဲ့ပြီး မွမ်ဘိုင်းမှာနေ နေကျ ဆံပင်အရှည်ပုံစံမဟုတ်ဘဲ ဆံပင်တွေ ဘာတွေသပြီးသွား တာမို့ ပရမ်နဲ့ပိုလို့တောင်တူပါ တယ်။တစ်ရက်မှာတော့ ညီအစ်ကိုနှစ်ယောက် ထိပ်တိုက်ဆုံမိခဲ့ကြ ပြီး အမြွှာညီအစ်ကိုမှန်းသိသွားခဲ့ ကြပါတယ်။ နှစ်ယောက်တွေ့ပြီး နောက်မှာ ထူးခြားတာတစ်ခုက တစ်ယောက်ယောက်ထိခိုက်ဒဏ် ရာရရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ် ရင်နောက်တစ်ယောက်မှာအတူတူ လာပြီးဖြစ်တာလည်း ရယ်မောရ စေမှာပါ။ပရမ်နဲ့ ရာဂျာကို လူတွေမှားကြတဲ့ ဇာတ်ကွက်တွေထဲမှာ အရယ်ရဆုံးကတော့ အမြွှာနှစ် ယောက်ရဲ့ ချစ်သူတွေ လူမှားကြတာပါ။ ဘောလိဝုဒ်ဇာတ်ကား တွေရဲ့ ထုံးစံအတိုင်း မြူးမြူးကြွကြွအကတွေနဲ့ ကြည်နူးစရာဇာတ် ကွက်လေးတွေကိုလည်း အကြိုက်တွေ့ကြမှာပါ။အမြွှာညီအစ်ကိုနှစ်ယောက် ပြန်ဆုံပြီးနောက်မှာတော့ မိသားစု ကို အန္တရာယ်ပေးမယ့်သူတွေကို အတူရင်ဆိုင်ကြတာကိုလည်း ...
movie

Judwaa 2 (2017)

2017