Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Umar Khan
5.0
Catalyst (2025)
Catalyst (2025)စိတ်ဝင်စားစရာ ဇာတ်လမ်းဆန်းဆန်းနဲ့ ထူးဆန်းထွေလာတွေကို နှစ်သက်ကြတဲ့ ပုရိသတ်ကြီးအတွက် Catalyst (2025) ဆိုတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။"The Collective" ဆိုသည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကနေ မကောင်းမှုတွေကို ကျူးလွန်ဖူးတဲ့ ယောက်ျား (၇) ယောက်ကို ပြန်ပေးဆွဲပြီး ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။လျှပ်စီးနေတဲ့လှောင်အိမ်ထဲမှာ သူတို့ (၇) ယောက်ကို ဖမ်းဆီးထားခဲ့ပြီး ဘေးပတ်လည်မှာ မျက်နှာဖုံးတပ်ထားတဲ့ လူတွေက သူတို့ကိုစောင့်ကြည့်နေခဲ့တယ်..သူတို့လွတ်မြောက်ဖို့အတွက် “တစ်ယောက်ကိုသတ်ပြီး ကျန်တဲ့လူတွေ လွတ်မြောက်ဖို့ လမ်းကြောင်းကို” ရွေးချယ်မလားဆိုတဲ့ ကစားပွဲတစ်ခုကို စတင်လိုက်ပါတယ်။ဒီ (၇) ယောက်ထဲမှာ အသတ်ခံရမယ့်သူကဘယ်သူလဲ????အပြစ်ကျူးလွန်ခဲ့ကြတဲ့လူ (၇) ယောက်ကြားမှာ သေလောက်တဲ့အထိ ပြစ်မှုကို ကျူးလွန်ခဲ့တာ ဘယ်သူလဲ????ဒီလှောင်အိမ်ကနေ သူတို့ လွတ်မြောက်ကြပါ့မလား???သူတို့ ကျူးလွန်ထားတဲ့အပြစ်တွေက ဘာတွေလဲ???မေးခွန်းပေါင်းများစွာနဲ့ ဇာတ်လမ်းအဆုံးထိ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကြောင့်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများ ကြည့်ရှုကြဖို့ အကြံပြုတိုက်တွန်းအပ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
Catalyst (2025)
2025
7.8
Captain America: Civil War (2016)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Captain America: Civil War (2016)
2016
4K HEVC IMAX
6.2
Deliver Us from Evil (2014)
Deliver Us from Evil (2014)IMDb Rating (6.2) / Rotten Tomatoes (30%) ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အဓိကဇာတ်ဆောင် ရာ့ဖ်ဆာချီကိုယ်တိုင်ရေးသားခဲ့တဲ့ မှတ်တမ်းဝတ္ထုတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးထားတဲ့ Horrorဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ရာ့ဖ်ဆာချီဆိုတာလည်း နှယ်နှယ်ရရမဟုတ်ဘဲ NYPDရဲ့စုံထောက်တစ်ယောက်ဖြစ်ကာ ရဲဘဝမှ အနားယူလိုက်ပြီးပရလောကအကြောင်း စူးစမ်းလေ့လာရင်း အမှုတွေကိုလိုက်လံဖြေရှင်းနေသူတစ်ဦးဖြစ်ပြီး အက်ဒ်နဲ့ လောရိန်းလင်မယားနဲ့ပါ သဘာဝလွန်ဖြစ်ရပ်တွေကို ပူးပေါင်းပြီးကူညီဖော်ထုတ်ပေးခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အမှုလိုက်တစ်ယောက်အနေနဲ့ ပုံမှန်ထက်ပိုပြီး ထူးခြားတဲ့ အာရုံတစ်ခုရှိနေတဲ့ ရာ့ဖ်ဆာချီကအမှုပေါင်းစုံကို ဖြေရှင်းနေရင်း သူကိုင်တွယ်ရတဲ့ အမှု တွေက သာမန်ထက်ပိုထူးခြားနေသလို တစ်ခုနဲ့တစ်ခုကဆက်စပ်မှုတွေ ရှိနေတာကို ရိပ်စားမိလာတဲ့နောက် အဲဒီနောက်ကွယ်က အကြောင်းရင်းကို ရအောင်အဖြေရှာရင်းသူနဲ့သူ့မိသားစုဘဝကိုပါ ရိုက်ခတ်လာတဲ့အထိ ဆိုးဝါးတဲ့နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာတဲ့အကြောင်းစိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတာဖြစ်သလို BGM နဲ့ jumpscare တွေကလည်း မထင်ထားတဲ့အချိန်မှာအတော်လေးခြောက်ခြားအောင် လုပ်နိုင်တဲ့အထိ အစွမ်းပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။)File ...
movie
Deliver Us from Evil (2014)
2014
5.7
Close Range(2015)
Close Range (2015)=================အတိုက်အခိုက် အသတ်အပုတ်မှာ လှပကျွမ်းကျင်လှတဲ့ မင်းသားScott Adkins ရဲ့ ၂၀၁၅ ခုနှစ်တုန်းက အက်ရှင်ကားကောင်း တစ်ကားပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့အမေရိကန်-မက်ဆီကိုနယ်စပ် မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းမှာမင်းသားတစ်ယောက် သူ့တူမကို တစ်ကိုယ်တော်စွန့်စားတိုက်ခိုက်ပြီးဝင်ကယ်ရာကနေ စတင်ထားပါတယ်။ သူ့တူမ အဖမ်းခံရတယ်ဆိုတာလည်းသူ့အစ်မရဲ့နောက်ယောက်ျားဖြစ်သူက မူးယစ်ဆေးတွေနဲ့ ပတ်သက်နေသူဖြစ်ပြီး သူတစ်ခုကိုရှုပ်ထားလို့ ဟိုဖက်က ပြန်ပေးဆွဲသွားရတာဖြစ်ပါတယ်။ဒါပေမဲ့ ဇာတ်လမ်းက မရိုးရှင်းပြန်ပါဘူး၊ သူတို့အမေရိကန်ဖက်ခြမ်းကရဲတွေကိုလည်း ဟိုဖက်က ဂိုဏ်းခေါင်းဆောင်ဆိုတာက ခါးပိုက်ထဲထည့်ထားနိုင်တဲ့အနေအထားပါ။ အဲဒါနဲ့ ဒီဂိုဏ်းခေါင်းဆောင်ကြီးကအမေရိကန်ဖက်က အကျင့်ပျက်ရဲတွေကို မင်းသားတို့ဆီ တစ်မိသားစုလုံးအရင်သွားဖမ်းခိုင်းထားပါတယ် ပြီးမှ သူတို့လိုက်လာပြီး တရားမျှတအောင်ကိုယ့်ဘာသာစီရင်ချက်ချမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ ထိုအခါမှာတော့မင်းသားတစ်ယောက် သူ့အစ်မနဲ့ တူမဖြစ်သူကို ရန်သူတွေ (မူးယစ်ဂိုဏ်းရောအကျင့်ပျက်ရဲတွေရော) လက်ကနေ ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်.....။ဂိုဏ်းခေါင်းဆောင်ကြီးက အတင်းလိုက်ဖမ်းချင်တာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ.....မင်းသားရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိခဲ့တာလဲ...အများနဲ့တစ်ယောက် တိုက်ခိုက်လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ရဲ့အက်ရှင်လှလှတွေနဲ့အတူ ကင်မရာရိုက်ချက် မိုက်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.25GB / 883MB Quality…BluRay ...
movie
Close Range(2015)
8.0
Slumdog Millionaire (2008)
ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။၁၅ ...
movie
Slumdog Millionaire (2008)