Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tseng Wei-chang
7.4
Dead Talents Society (2024)
အူတက်အောင်ရယ်ရမဲ့ တရုတ်သရဲကားအခွီလေးကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုသာကြည့်လိုက်တော့ဗျာ။ ဇာတ်လမ်းအကျဉ်း++++++++++လောလောလတ်လတ် သေထားတာ မကြာသေးတဲ့သရဲမလေးတစ်ယောက်ဟာ ကမီလာဆိုတဲ့ သရဲမလေးနဲ့နှစ်ယောက်သား ပရလောကမှာ တရုတ်ရိုးရာအရ မိဘမီးရှို့ပေးတဲ့ အစားအသောက်တွေ အသုံးအဆောင်တွေကိုမှီခိုစားသောက်ပြီး သောင်တင်လို့နေပါတယ်။တစ်နေ့မှာတော့ သရဲမလေးရဲ့ မိဘတွေဟာ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ သူမရဲ့ မွေးစာရင်းကို လုပ်ဖျောက်လိုက်မိပြီးဘယ်လိုရှာရှာ ပြန်မတွေ့တော့ပါဘူး။သရဲမလေးဟာ သူမရဲ့ မွေးစာရင်းပျောက်သွားပြီးတဲ့နောက်မှာသူ့မရဲ့ ဝိဉာဉ်နာမ်ရုပ်ဟာ အခွေထစ်သလို ထစ်လာတဲ့အတွက်လိုက်မေးကြည့်တဲ့အခါ ကျန်ရစ်သူမိသားစုမှာ သေဆုံးသူရဲ့မွေးဖွားခဲ့တဲ့အထောက်အထား မရှိတော့တဲ့အခါ အဲဒီသရဲကရက်သုံးဆယ်အတွင်း နာမ်ရုပ် ပြိုကွဲသွားမှာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။ ဒီတော့ သူမဟာ မပျောက်ကွယ်သွားချင်တဲ့အတွက် နည်းလမ်းရှာတဲ့အခါ ပရလောကမှာသရဲခြောက်ခွင့်လိုင်စင်ဆိုတာရှိပြီး အဲလိုင်စင်ရထားတဲ့သရဲတွေက ကိုယ်ထင်ပြနိုင်ပြီး လူတွေမြင်အောင်လုပ်နိုင်ရင်အမေ့ပျောက်မခံရတော့ပဲ ဆက်လက်တည်ရှိနိုင်ကြောင်းသိလိုက်ရတဲ့အခါ အဲဒီ သရဲခြောက်ခွင့်လိုင်စင်ကိုရဖို့ကြိုးစားပြီး လူတွေကို ခြောက်လှန့်နိုင်အောင် ကြိုးစားပါတော့တယ်။ဒီတော့ ဒီဇာတ်ကားလေးမှာ ဒီသရဲမလေးက ဘာကိုစိတ်မပြတ်လို့ မကျွတ်သေးတာလဲ......ဘာလို့ ပရလောကမှာ ဆက်တည်ရှိချင်တာလဲဆိုတာအပြင်သူ့ခမျာ အူတူတူ အတတနဲ့ ဘယ်လိုလုပ်သရဲခြောက်ပြီးလိုင်စင်ရအောင် လုပ်ကြမလဲဆိုတာက အခွီကြည့်ရမဲ့ဟာသကားလေးဖြစ်ပါတယ်။ File size… (1.59 GB) / ...
movie
Dead Talents Society (2024)