Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tsao Yu-ning
6.2
Pierce (2024)
Psychopath တွေဟာ စိတ်အေးအေးနဲ့ လူသတ်တာ လူကို နာကျင်အောင် လုပ်တတ်တဲ့အကြောင်းကို အားလုံးလည်း သိကြပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ့်မိသားစုထဲမှာ psychopath တစ်ယောက် ပါလာရင်ရော......အစ်ကိုဖြစ်သူ ဝိန်းကျီဟန် ထောင်က လွတ်လာပြီးနောက် ညီလေးဝိန်းကျီကျယ်နဲ့ အမေတို့ရဲ့ တည်ငြိမ်အေးချမ်းတဲ့ဘဝအတွက် အနှောင့်အယှက်ဖြစ်လာပါတယ်။ ကျီဟန်ဟာ အရင်က ဓားသိုင်းအားကစားမှာ ၃ နှစ်တိတိ ချန်ပံယံဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၇ နှစ်က ပြိုင်ပွဲမှာ လူသတ်မှုနဲ့ ထောင်ကျခဲ့တာ ဖြစ်ပါတယ်။စိတ်နာသွားတဲ့ အမေဟာ သားကြီးနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီး စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကျီကျယ်ကတော့ သူ့အစ်ကိုက မတော်တဆဖြစ်တာလို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ စူပါမားကတ်၊ ကျောင်း စတဲ့နေရာတွေမှာ ကျီကျယ်ဟာ အမေ့ရဲ့ သတိပေးချက်ကို ဂရုမစိုက်ဘဲ အစ်ကိုနဲ့ အဆက်အသွယ်လုပ်နေပါတယ်။ အစ်ကိုက ဓားသိုင်းလေ့ကျင့်ပေးတာကို လက်ခံခဲ့ပါတယ်။ဒါပေမဲ့ ကျီဟန်ရဲ့ စိတ်ထဲက အရိုင်းစိတ်က ဘယ်အချိန်မှာ ထွက်လာလိမ့်မလဲ...... ကျီကျယ်အပေါ် ကောင်းပေးတာကရော စိတ်ရင်းနဲ့လား ဟန်ဆောင်နေတာလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။4K & 1080p Quality >> Only ...
movie
Pierce (2024)
6
Them, Behind the Door (2024)
သဲထိတ်ရင်ဖို သရဲကားကြမ်းကြမ်းလေး ကြိုက်တယ်ဆိုရင် ဒီရုပ်ရှင်ကို ရွေးသင့်ပါတယ်။ ဘယ်အချိန် သရဲက ဘယ်လိုထွက်လာမလဲ ဘယ်သူက သရဲ ဘယ်သူက လူလဲဆိုတာတွေကို ထိတ်တလန့်လန့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ချန်ဝေးဟာ သမီးဖြစ်သူ ရှီးယာနဲ့အတူ အိမ်တွင်းအကြမ်းဖက်တဲ့ ယောကျာ်းဆီက ပြေးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအမြင့်ဆုံးနေရာဖြစ်တဲ့ လိပ်ပြာတိုက်ခန်းကို ပြောင်းလာခဲ့ပြီးနောက် ထူးဆန်းတဲ့ ကိစ္စတွေကို အဆက်မပြတ်ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။တိုက်ခန်းထိန်းသိမ်းသူ ဘကြီးလျန်နဲ့ ခေါင်မိုးထပ်က ဦးလေးစန်းတို့က သူ့ကို ဒီတစ်ထပ်က မသန့်ရှင်းဘူးဆိုတာ အဆက်မပြတ်သတိပေးနေပြီး ပြောင်းနိုင်ရင် ချက်ချင်းပြောင်းသွားဖို့ ပြောပါတယ်။ဒါပေမဲ့ ငွေကြေးအခက်အခဲရှိနေတဲ့အတွက် ဒီမှာပဲ ဆက်နေခဲ့ပါတယ်။တစ္ဆေတံခါးပွင့်ချိန်ရောက်တဲ့အချိန်မှာ လိပ်ပြာတိုက်ခန်းမှာ ထူးဆန်းထိတ်လန့်စရာ ကိစ္စတွေ ပိုပြီးတော့ ဖြစ်ပျက်လာခဲ့ပါတယ်။ ဒါပေမဲ့ အရင်ကတည်းက နေထိုင်သူတွေကတော့ မထူးဆန်းတော့သလိုပါပဲ။ ကုန်စုံဆိုင်က အဒေါ်စွင်း၊ တစ္ဆေမြင်ရတဲ့ အဒေါ်စွင်းရဲ့ မြေးလေး၊ သွက်လက်ပြီး သဘောကောင်းတဲ့ အစားထိုး ထိန်းသိမ်းသူ ရှောင်လျန် စတဲ့ နေထိုင်သူတွေနဲ့အတူ လိပ်ပြာတိုက်ခန်းမှာ ဘယ်လို ဇာတ်လမ်းမျိုးတွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 952 MB / 488 ...
movie
Them, Behind the Door (2024)
6
I am the Secret in Your Heart ( 2024 )
ရည်းစားတွေဘယ်လောက်ပဲထားထား ငယ်ငယ်ချစ်သူကိုမေ့မရနိုင်ပဲ အတိတ်ကအမှတ်တရတွေကိုပဲပြန်မိနေတာမျိုးရှိကြလား?သွက်လက်တက်ကြွတဲ့အထက်တန်းကျောင်းသူလေး ရှောင်ရှဟာ ကျောင်းပြောင်းလာတဲ့ စာတော်တဲ့ကျောင်းသားအသစ်လေးကို မြင်မြင်ချင်းချစ်မိသွားတယ်။ ရင်ခုန်သံတွေကိုထိန်းမရတဲ့ ရှောင်ရှလေး ကျောင်းသားသစ်လေးချန်ယိရဲ့အချစ်ကိုရဖို့ အသည်းအသန်ကြိုးစားပြီး လိုက်တော့တာပေါ့။ငယ်ငယ်ကတည်းက ရှောင်ရှနဲ့ရင်းနီးလာတဲ့ သူငယ်ချင်းလေးယို့ကျီကတော့ ဘေးမှာမသိမသာအမြဲအဖော်လုပ်ပေးနေတတ်ပြီးတော့ တစ်ခေါက်တော့ကြိုးစားဖွင့်ပြောကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ မြင်မြင်ချင်းချစ်မိတဲ့ကောင်လေးနဲ့ ငယ်သူငယ်ချင်းကြားမှာ ရှောင်ရှတစ်ယောက်ဘယ်လိုရွေးချယ်မလဲ…… Filesize : 1.36 GB / 761 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Comedy , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
I am the Secret in Your Heart ( 2024 )
5.8
Do You Love Me as I Love You ( 2020 )
ကြည်နူးစရာကောင်းတဲ့ ထိုင်ဝမ်အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် လူတိုင်းက သူများရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားပြီး အတင်းအဖျင်းတွေ ပြောလေ့ရှိပါတယ် အဲ့လိုပဲ ဒီကားလေးထဲမှာလည်း ကျောင်းကလူတွေရဲ့ အတင်းအဖျင်းတွေထဲမှာ နာမည်ကြီးနေတဲ့ လုံးဝအတွဲမဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ စုံတွဲစာရင်း (MI စာရင်း) ဆိုတာရှိပါတယ်ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ရှောင်ရှန်းကတော့ ရူပဗေဒမေဂျာ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အရမ်းစိတ်ဝင်စားတဲ့အပြင် သူ့ရဲ့ငယ်သူငယ်ချင်းလေးကျူးဟောက် ကို ကြိတ်ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ပါတစ်နေ့မှာ သူဟာ သူငယ်ချင်းဇုန်ထဲကနေရုန်းထွက်ပြီး အဲ့ဒီကောင်လေးကို ဗေဒင်ယတြာတွေကအစ အသေးစိတ်ပြင်ဆင်ပြီးဖွင့်ပြောဖို့လုပ်ထားပေမဲ့ သူလုပ်ထားသမျှသဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ် အကြောင်းကတော့ အဲ့ဒီနေ့မှာပဲ ကျူးဟောက်က တခြားကောင်မလေးကို ဖွင့်ပြောလိုက်တာပါ ရှောင်ရှန်းရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်ပြီးပြတ်မသွားပါဘူး သူ့ရဲ့ အကြီးမားဆုံးကံဆိုးမှုက အခုမှရောက်လာတာပါအဲ့ဒါကတော့... တစ်ကျောင်းလုံးရဲ့ နတ်ဘုရားမလို့ တင်စားရလောက်တဲ့ အင်တာနက်ဆယ်လီ ရီကျင်းက ကျူးဟောက်ဖွင့်ပြောချိန်မှာ ကျူးဟောက်သာ MI စာရင်းရဲ့ ထိပ်ဆုံးသုံးတွဲကို အောင်သွယ်ပေးနိုင် မယ်ဆိုရင် တွဲမယ်လို့ပြောလိုက်တာပါပဲဒီလိုနဲ့ ပိုချစ်ရတဲ့လူက ရှုံးရတယ်ဆိုတဲ့အတိုင်း ကြိတ်ကြွေနေတဲ့ ရှောင်ရှန်းလေးတစ်ယောက် ကျူးဟောက်ကို ကူညီပေးရပါတော့တယ် ကဲ ဒီတော့ ကျူးဟောက်နဲ့ ရှောင်ရှန်းတို့နှစ်ယောက် လုံးဝတွဲဖို့မဖြစ်နိုင်ပါဘူးလို့ တွေးရလောက်တဲ့ထိ အကျင့်စရိုက်တွေဆန့်ကျင်ဖက် ကွဲပြားနေတဲ့ အတွဲသုံးတွဲကို ဘယ်လိုတွေအောင်သွယ်ပေးမလဲ ရှောင်ရှန်းလေးရဲ့အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားရင်တော့ CM က တင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးကို အခုပဲကြည့်လို့ရပါပြီနော် Filesize : 1.78 GB / 1.01 GB Quality ...
movie
Do You Love Me as I Love You ( 2020 )