Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Trula M. Marcus
6.1
The Fast and the Furious: Tokyo Drift (2006) Fast and Furious 3
Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်... ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ Family အဓိက...ဘော်ဒါအဓိကဆိုတဲ့ Fast & Furious Franchise ဟာ ရုပ်ရှင်ထွက်လာလိုက်တိုင်း Box Office ဝင်ငွေကြမ်းခဲ့တာချည်းပါပဲ။ 1. The Fast & The Furious (2001) - $ 207 M 2. 2 Fast 2 Furious (2003) - $ 236 M 3. The Fast & The Furious : Tokyo Drift (2006) - $ 158 M 4. Fast & Furious (2009) ...
movie
The Fast and the Furious: Tokyo Drift (2006) Fast and Furious 3
2006
4K HEVC
6.5
The Skeleton Key (2015)
The Skeleton Key (2015) ================== IMDb Rating - 6.5/10ကယ်ရိုလိုင်းအဲလစ်စ်ဟာငယ်ရွယ်တဲ့သူနာပြုကျောင်းဆင်းတစ်ယောက် ဖြစ်ပြီး ဖခင်သေဆုံးချိန်မှာ အနားမှာမရှိခဲ့၊ပြုစုခွင့်မရခဲ့တဲ့အတွက်နောင် တရနေတဲ့သူ၊ အဲ့ဒီစိတ်တွေဖြေဖျောက်ဖို့အဖော်မဲ့နေတဲ့သက်ကြီးရွယ်အို တွေကိုပြစုတဲ့အလုပ်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်၊ သူအလုပ်ဝင်နေတဲ့အဖွဲ့ အစည်းဟာ ငွေနောက်ပဲလိုက်ပြီး လူနာတွေကိုဂရုမစိုက်ဘူးလို့ယူဆခဲ့ချိန်မှာ ဝေးလံတဲ့ဒေသတစ်ခုမှာ ထီးထီးကြီးရှိနေတဲ့ အိမ်အိုကြီးတစ်လုံးထဲက ဆရာဝန် လက်လျှော့လိုက်ပြီဖြစ်တဲ့အဘိုးကြီးတစ်ယောက်ကိုပြုစုဖို့အလုပ်ကိုလက်ခံ ဖြစ်ခဲ့ပါတယ်။ အဘိုးကြီးရဲ့ဇနီးဖြစ်သူက ရှေးရိုးစွဲပြီး သူ့ကိုကြည်ပုံမရပေမယ့် ခေါင်းမာမာနဲ့ရှေ့ဆက်တိုးရင်းကနေ အိမ်ကြီးရဲ့ဘယ်တုန်းကမှမဖွင့်ခဲ့ဖူးဘူးဆိုတဲ့ လျှို့ဝှက်အခန်းတစ်ခုကိုသွားဖွင့်ကြည့်ရာကနေ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေစတင် လာခဲ့ပါတော့တယ်။ဒီအိမ်ကြီးရဲ့မူလပိုင်ရှင်တွေဟာ ဘဏ်လုပ်ငန်းရှင်သူဌေးတွေဖြစ်ပြီး သူတို့အိမ်က အစေခံလင်မယားဟာ စုန်းအတတ်ကို သူတို့သားသမီးတွေကိုသင်ကြားပေးနေ တာကိုမိခဲ့တဲ့အတွက် လင်မယားနှစ်ယောက်လုံးကို မီးရှို့သတ်ပစ်ခဲ့တယ်လို့ သူသိ ရပါတယ်။ အဲ့ဒီလင်မယားနှစ်ယောက်ရဲ့တစ္ဆေဟာ ဒီအိမ်ထဲမှာ မင်းမူခြောက်လှန့် နေဆဲဖြစ်တဲ့အတွက် အိမ်ထဲမှာ မှန်တွေတစ်ချပ်မှမထားရဲဘူးလို့ အဘွားကြီးက ပြောပြခဲ့ပေမယ့် သူတစ်ဇွတ်ထိုးဆက်လက်စုံစမ်းခဲ့ချိန်မှာတော့ ပိုမိုကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တွေက သူ့ကိုစောင့်ကြိုနေပါတော့တယ်။Rom/com နဲ့ Drama တွေအရိုက်များတဲ့ မင်းသမီး Kate Hudson ရဲ့ရှားရှားပါးပါး Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jumpe scare တွေအသံနဲ့ခြောက်လှန့် တာတွေထက် ဇာတ်လမ်းဇာတ်အိမ်နဲ့လှည့်ကွက်တွေကိုအသားပေးထားတဲ့၊ အစကနေ အဆုံးထိ ထိုင်ရာမထချင်လောက်အောင် ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.42 GB) / (573 MB) Quality............BLU-RAY ...
movie
The Skeleton Key (2015)
2005
7.1
Forgetting Sarah Marshall (2008)
Forgetting Sarah Marshall (2008)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့... လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ဒီအတိုင်းပါပဲ "ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း" ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါတော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ...
movie
Forgetting Sarah Marshall (2008)
2008
7.1
State of Play (2009)
State of Play(2009) IMDb....7.1,,,,Rotten....84% မိုးတဖွဲဖွဲကျပြီးတိတ်ဆိတ်နေတဲ့ Washington DCမြို့ရဲ့ ညတစ်ညမှာ လူတစ်ယောက် ကြောက်လန့်တကြားပြေးလွှားနေတယ်.....ညဟာအေးစက်နေပေမယ့် သူ့မျက်နှာပေါ်မှာ ချွေးစေးတွေပျံနှံနေသလို သူ့ဟန်မှာကြောက်လန့်နေပုံအထင်းသားပေါ်လွင်နေတယ်...သူပြေးလွှားပုန်းအောင်းနေပေမယ့် နောက်ယောင်ခံလိုက်လာတဲ့သူတွေ့ရှိသွားကာ ပစ္စတိုဖြင့်(၂)ချက်ဆင့်ပစ်ချခြင်းခံလိုက်ရသည်....ပီဇာပို့သည့်လူငယ်တစ်ယောက်ဟာလည်း တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွားရာနေရာကိုဖြတ်သွားမိသည်.. နောက်ယောင်ခံလိုက်လာသည့် လူမှာ ပီဇာပို့သမားဆီသို့ သက်သေဖျောက်သည့်အနေဖြင့် ဆက်လက်ပစ်ခတ်လိုက်သည်... နောက်တစ်နေ့မနက်တွင် ကောင်မလေးတစ်ယောက် ဘူတာရုံတွင် Suicide လုပ်ခဲ့သည်...ပြောရရင် (၂)ရက်အတွင်း အလောင်း(၃)လောင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်...ဒီ Suicide လုပ်သည့်အမျိုးသမီးမှာ လွှတ်တော်အမတ်တစ်ယောက်၏ ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်.....လွှတ်တော်အမတ်၏စေခိုင်းမှုကြောင့် ဒီအမျိုးသမီးမှာ အစိုးရ လက်နက်ကုမ္ပဏီတစ်ခုကိစ္စကိုစုံစမ်းနေခြင်းဖြစ်သည်.. မှုခင်းဖြစ်စဉ်အရ Suicide ဟုပြောဆိုနေပေမယ့် လက်နက်ကိစ္စစုံစမ်းခြင်းကြောင့်အသတ်ခံရတာလားဟုဆိုသောမေးခွန်းတွေကလည်းတစ်ပြုံတစ်ပင်ပင်ဖြစ်သည်.. ဒီဇာတ်ကားဟာ နိုင်ငံရေးပါဝင်တဲ့ Thriller ကားကောင်းတစ်ကားပါ...လွှတ်တော်အမတ်အဖြစ် Ben Affleck ကသရုပ်ဆောင်ထားပြီး သူ့ရဲ့ယုံကြည်ရတဲ့ သတင်းထောက်သူငယ်ချင်းအဖြစ် Russell Crowe ကြီးကသရုပ်ဆောင်ထားပါတယ်.....အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Rachel McAdams ,Helen Mirren , Robin Wright တို့လည်း ပါဝင်ထားလေတယ်... ကိုင်း ဘာကြောင့်လူတွေအသတ်ခံရလဲ ....လွှတ်တော်အမတ်ရဲ့ ဝန်ထမ်းအမျိုးသမီးကရော တကယ်ပဲ Suicide လုပ်ခဲ့တာလား...နောက်ကွယ်က ပြသနာတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့ သတင်းထောက်ကြီး Russell Crowe နဲ့အတူ နိုင်ငံရေးလောကထဲကအရှုတ်တွေကို ဝင်ရောက်စုံစမ်းထောက်လှမ်းကြည့်ရအောင်.... ------------------------------------------------------------------- မုိးတဖြဲဖြဲက်ၿပီးတိတ္ဆိတ္ေနတဲ့ Washington ...
movie
State of Play (2009)
2009