Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tristan D. Lalla
6.6
RED 2 (2013)
Red 2 (2013)Redဖန်တွေအတွက် Red 2ကို တင်ဆက်ပေးလိုက်ပါပြီ။ Red 2ကိုလည်း Redထဲက chractersတွေ ပြန်လည်ပါဝင်လာပါတယ်။ Die Hard, Glass, Pulp Fiction, 12 Monkeys, The Fifth Element အစရှိတဲ့ ရုပ်ရှင်ကောင်းတွေရဲ့ မင်းသားကြီး Bruce Willisက ဦးဆောင်ထားပြီး Dangerous Liaisons, Places in the Heart, The Killing Fields, Being John Malkovich, In the Line of Fire တို့ရဲ့ မင်းသားကြီး John Malkovichအပြင် The Queen, Prime Suspect (TV Series), Gosford Park, The Madness of King George, ...
movie
RED 2 (2013)
2013
4K HEVC
6.1
Our Christmas Mural (2023)
ဒီတစ်ခေါက်မှာတော့ IMDB 6.1 ရရှိထားတဲ့ ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုလစ်ဗီယာက ပန်းချီပညာရှင် ပြတိုက်မှူးတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကကြုံခဲ့ရတဲ့ စိတ်မကောင်းဖွယ်အဖြစ်အပျက်တစ်ခုကြောင့် ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့သူပါ။ ခရစ္စမတ်ကာလမှာ တစ်ဦးတည်းသောသားလေး ပါကာ့ကို ခေါ်ပြီး မိဘအိမ်ပြန်နေဖို့ စီစဉ်ထားရာကနေ သူ့ဘဝရဲ့အလှည့်အပြောင်းလေး တစ်ခုဖြစ်ခဲ့ပါတော့တယ်။အဲဒါကတော့ သူမရဲ့မိဘအိမ်ဖြစ်တဲ့ ဝယ်လ်လင်တန်ကို ရောက်ရှိသွားခဲ့ရာကနေ အဲဒီမြို့လေးမှာ ဘုနဲ့ဘောက်ဖြစ်စွာ လူတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါပဲ။ စကတည်းက ယဉ်သလိုဆိုသလို ရန်ဖြစ်ပြီး စတွေ့ခဲ့တဲ့ ဝယ်လ်ဆိုတဲ့သူက သူမနဲ့ အမှတ်မထင်ဘဲ အလုပ်အတူလုပ်ရဖို့ ဖြစ်လာခဲ့ချိန်မှာတော့.. ဖြစ်ချင်တော့ အဲဒီမြို့လေးမှာ နံရံဆေးရေးပန်းချီပြိုင်ပွဲတစ်ခု ရှိနေခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူတွေကို ဖိတ်ခေါ်နေခဲ့တာပါ။အိုလစ်ဗီယာက ဝင်ပြိုင်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ သူ့အမေဖြစ်သူ ကောင်းမှုကြောင့် ဝင်ပြိုင်ဖြစ်သွားခဲ့တယ်ပေါ့လေ။ စိတ်ကူးစိတ်သန်းတွေပျောက်ဆုံးနေသူ အိုလစ်ဗီယာတစ်ယောက် နံရံဆေးရေးပန်းချီကိုသတ်မှတ်အချိန်အတွင်း ပြီးဆုံးအောင်ဆွဲနိုင်ပါ့မလား.. သူ့ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းကရော ဘာများဖြစ်မလဲ.. ဝယ်လ်နဲ့ရော ဘုနဲ့ဘောက်ဖြစ်ရာကနေ ဘယ်လိုတွေ love spark လေးတွေ ပေါက်ဖွားလာမလဲ ဆိုတာကိုတော့.. ...
movie
Our Christmas Mural (2023)
7.1
Beau Is Afraid (2023)
Beau Is Afraid (2023)~ IMDb - 7.1/10, Rotten Tomatoes - 67% ~မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ...
movie
Beau Is Afraid (2023)
2023
4K HEVC
4.5
Woodland Grey (2021)
Woodland Grey (2021) =================ဝီလီယမ်က တောနက်ကြီးက နောက်တွဲယာဉ်တစ်ခုမှာ နေထိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ အမ်မလီ ဆိုတဲ့ အမျိုးသမီး တစ်ယောက်က သူနေတဲ့နေရာနားမှာ ဘာကြောင့်မှန်းမသိ မေ့လဲ နေတော့ ဝီလီယမ်က သူနေတဲ့နေရာကို ခေါ်လာလိုက်တယ်။ အမ်မလီ နိုးလာတော့ ပြန်မယ်လုပ်ပေမဲ့ ဒဏ်ရာရထားတာကြောင့် သူ့ဆီမှာတစ်ညတည်းလိုက်ရော အဲဒါနဲ့ နောက်နေ့မနက်ရောက်တော့ အမ်မလီတစ်ယောက် သူတို့နေတဲ့နေရာနားက တဲစုတ်လေးတစ်ခုထဲမှာ ကလေးမလေး တစ်ယောက်ကို တွေ့ပြီး တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ Horror Movieတို့ ထုံးစံအတိုင်း ဇာတ်လမ်းစတော့တာပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.4 GB) / (650 MB) / (390 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Khant Sett Naing Encoder..........SWM
movie
Woodland Grey (2021)
2021
Home Sweet Home Alone(2021)
Home Alone(2021) ==============Comedy,Familyခရစ်စမတ် ရာသီစာလို့ပြောလို့ရပြီးကလေးဘဝက လူတိုင်းနှစ်သက်ခဲ့တဲ့ Home Alone ရဲ့ RemakeHome Sweet Home Alone ထွက်ရှိလာပါပြီ. ဇာတ်လမ်းကတော့ ခရစ်စမတ် မိသားစုအားလပ်ရက်ခရီးမှာ မက်စ်ဝဲမာဆာဆိုတဲ့၁၀ နှစ်သားကောင်လေးက အိမ်မှာ ၁ ယောက်ထဲကျန်ခဲ့တဲ့ ပုံစံနဲ့တည်ထားပါတယ်သူ့ဆီကနေ မက်ကင်ဇီစုံတွဲက တန်ဖိုးကြီးကြွေရုပ်ကို လုယူဖို့ကြိုးစားတဲ့ပုံစံကို တင်ဆက်ထားတာပါဒါကို မက်စ်ဝဲလ်တစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေ လုပ်ရင်းနဲ့ ဖြတ်သန်းသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ . ၁၉၉၀ ကျော်က Home Alone ကားတွေလောက်မှီမယ်မထင်ပေမယ့်...ငယ်ဘဝဇာတ်ကားတွေကို ပြန်လည်သတိရစေပြီးခရစ်စမတ်မှာ မိသားစုနဲ့ ကြည့်ရှုဖို့အတွက် ကားကောင်းလေးဖြစ်စေမှာပါ( ဇာတ်လမ်းအညွှန်းကိုတော့ Thiha Yan Naing ရေးသားပြီးဘာသာပြန်သူများကတော့ Thiha Yan Naing & Thura Hein တို့ဖြစ်ပါတယ်) File size…970MB / 1.4GB Quality… 720 p / 1080p WEB RIP X264 ...
movie
Home Sweet Home Alone(2021)
2021
7.2
Long Shot (2019)
ဟာသဒရာမာ ကားကောင်းတွေကို မျှော်လင့်တောင့်တနေတဲ့ ပရိတ်သတ်တွေအတွက်၂၀၁၉ ထဲ ပူပူနွေးနွေး ထွက်ရှိထားတဲ့ Long Shot ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးပါရစေဖရက် ဖလာစကီ ဆိုတဲ့ သတင်းထောက်တစ်ဦးဟာ သူတို့သတင်းစာတိုက်ကို ခရိုနီ ကုမ္ပဏီကြီးက ဝယ်သွားလို့ဒေါသတွေထွက် မကျေမနပ်ဖြစ်ပြီး သတင်းစာတိုက်ကနေ အလုပ်ထွက်လာခဲ့ပြီး အလုပ်လက်မဲ့တစ်ဦးဖြစ်နေခဲ့ပါတယ်ချားလော့ ဖီးဒ်ဆိုတဲ့ အမျိုးသမီးကတော့ လှပပြီး ထက်ထက်မြက်မြက်ရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ရုံမကနောက်တက်မယ့် သမ္မတနေရာအတွက် လက်ရှိသမ္မတက ထောက်ခံမှုပေးထားတဲ့ ဒိတ်ဒိတ်ကျဲ အမျိုးသမီးတစ်ဦးပေါ့သာမာန်သတင်းထောက်လေးတစ်ဦးနဲ့ နိုင်ငံရဲ့အစိုးရအဖွဲ့ဝင် ဒိတ်ဒိတ်ကြဲ အမျိုးသမီးတစ်ဦးတို့ဟာတစ်ညမှာ အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး ဘာတွေများဆက်ဖြစ်ကြမှာပါလိမ့်….။မပြုံးဘဲ ဝါးလုံးကွဲ ရယ်ရမယ့်ဟာသများနဲ့ အမေရိကန်နိုင်ငံရေးကို သရော်ထားပြီး ရင်ထိတ်စရာမျက်ရည်လည်စရာ ခံစားချက်ပေါင်းစုံရောပြွန်းနေမယ့် ဇာတ်ကားလေးကို Seth Rogen နဲ့ Charlize Theron ...
movie
Long Shot (2019)
2019
6.1
Zoe (2018)
Zoe ရုပ်ရှင်ဇာတ်ကားကတော့ 2018ခုနှစ်မှာ ထွက်ရှိတာဖြစ်ပြီး အများနဲ့မတူပုံစံကွဲထွက်နေတဲ့ ဇာတ်လမ်းမျိုးကိုမှရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Drake Doremus ကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ AI နည်းပညာတွေတိုးတက်လာနဲ့အမျှ ပုံစံတူစက်ရုပ်တွေဟာ လူသားအစစ်တွေနဲ့ ခွဲခြားလို့မရအောင်ကို အရာရာမှာ ထပ်တူကြလာပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မြင်နေတွေ့နေကျဇာတ်လမ်းမျိုးက ကွဲထွက်သွားပြီး သဘာဝကို ကျော်လွန်တဲ့ လူသားမျိုးစိတ်နဲ့ စက်ရုပ်တို့ရဲ့ပေါင်းစပ်ပုံကိုဖော်ပြထားပါတယ်။ " ဇိုး " ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရိုမန်တစ်ဆန်ဆန်လေးရိုက်ကူးထားတာပါ။ စက်ရုပ်နဲ့လူသားဖြစ်တာတောင် အချစ်နဲ့တွေ့ရင် အရာရာကိုနားလည်လက်ခံနိုင်လာတာကို ဒီဇာတ်ကားမှာတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ "Zoe" ကိုတော့ May Thu ကဘာသာပြန်ပေးပြီး အညွှန်းကိုလဲကိုယ်တိုင်ရေးပေးထားပါတယ်
movie
Zoe (2018)
2018