Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Trevor Van Uden
5.4
Subservience (2024)
Subservience (2024)မင်းသမီး Megan Fox နဲ့ 365 days မင်းသား Michele Morrone တို့ ပါဝင်ထားတဲ့ R rated movie အသစ်လေးထွက်ပါတယ်။မင်းသားနဲ့မင်းသမီးဖန်တွေအတွက်တော့ ဒါက ရှယ်ကြမ်း ရှယ်လန်းတဲ့ကားပေါ့နော်..ဇာတ်လမ်းကတော့ Sci-Fi , Thriller အမျိုးအစားဖြစ်ပြီး စူးရှတဲ့သရုပ်ဆောင် ၂ ယောက်ကို AI ရုပ်ရှင်ကားနဲ့တွဲဖက်ပေးထားတာမျိုးပါ။အဲလစ်ဆိုတဲ့စက်ရုပ်မလေးကို အိမ်အလုပ်ကူဖိုအတွက် ဝယ်ယူမိတဲ့နောက်မှာ..AI စက်ရုပ်တွေရဲ့ မမြင်ရတဲ့ မှားယွင်းမှုနဲ့ မထင်မှတ်တဲ့ရှုပ်ထွေးမှုတွေကိုပါ အိမ်ပေါ်ခေါ်တင်မိသလိုဖြစ်လာတဲ့အခါမှာတော့..။ File size… (4.1 GB) / (1.4 GB) / (654 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Sci-Fi, Thriller Duration….01:46:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Inzali
movie
Subservience (2024)
2024
4K HEVC
6.0
1992 (2023)
ဒီဇာတ်ကားလေးကတော့ 2024 မှာထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။မာဆာ က လူမည်းဂိုဏ်းလောကအသိုင်းအဝိုင်းမှာ လူလေးစားခံရသူတစ်ယောက်ပါ။သူ့မှာ အန်တွိုင်းလို့ခေါ်တဲ့ သားတစ်ယောက်ရှိပြီး သားအဖနှစ်ယောက်ဆက်ဆံရေးကအဆင်မပြေလှပါဘူး။ မာဆာ က ထောင်ထွက်တစ်ဦးဖြစ်ပြီး သတ္တုစက်ရုံတစ်ခုမှာအလုပ်လုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းနေသူပါ။တစ်ချိန်တည်းမှာပဲ ဓားပြအဖွဲ့တစ်ဖွဲ့က မာဆာ အလုပ်လုပ်နေတဲ့စက်ရုံကဒေါ်လာသန်းနဲ့ချီတဲ့ ပလက်တီနမ်ချောင်းတွေကို ဝင်ပြီး ဓားပြတိုက်ဖို့အတွက်ကြံစည်နေတယ်။ အဲဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် အမေရိကန်နိုင်ငံမှာလူမည်းဆိုင်ကယ်သမားကို ရဲတွေက ရိုက်နှက်မှုကြောင့် ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပြီး ဆူပူအုံကြွမှုတွေဖြစ်လာပါတော့တယ်။ဒီဇာတ်ကားမှာတော့ သားဇောနဲ့ မာဆာ၊ ဆူပူမှုကိုအခွင့်ကောင်းယူကြမဲ့ ဓားပြအုပ်စုတို့ကို အက်ရှင်အခန်းတွေအပြည့်နဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.22GB / 698MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
1992 (2023)
7.5
Young Woman and the Sea (2024)
ဒီဇာတ်ကားလေးဟာ တကယ့်အပြင်ကဖြစ်ရပ်မှန် နယူးယောက်မြို့ကဂျာမန်သူ ရေကူးကစားသမား ထရူဒီ အယ်ဒါလီအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနေသူတွေ၊စိတ်ပျက်အားလျော့နေသူတွေ မိုတီယူဖို့အတွက် ကြည့်နိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ကြည့်နေရင်းနဲ့ကို ဇာတ်က ဆွဲဆောင်သွားပြီး ထိုင်ရာကမထကြည့်ရှုရမှာပါ...ဇာတ်လမ်းအစကိုတော့ ဝက်သက်ပေါက်ပြီး အိပ်ရာပေါ်မှာလဲနေတဲ့ ကောင်မလေး ထရူဒီနဲ့ စထားပါတယ်ဝက်သက်ဝေဒနာကို အပြင်းအထန်ခံစားနေရလို့ "ဒီနေ့ညကိုမကျော်နိုင်ဘူး" လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ရောဂါကို အံတုပြီးအသက်ဘေးကလွတ်ခဲ့တဲ့ ထရူဒီ သူနေမကောင်းဖြစ်နေတုန်းမှာရေမကူးတတ်လို့ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးကြတဲ့အမျိုးသမီးတွေအကြောင်းကို ကြားထားရတဲ့ အမေဖြစ်သူကသားသမီးတွေ အကုန်လုံးကို ရေကူးသင်ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ဖြစ်ချင်တော့ ထရူဒီဟာ ဝက်သက်ရောဂါကနားအထိဝင်ခဲ့တာမလို့ ရေထဲဆင်းရင် နားကန်းမှာဆိုတဲ့အတွက်ရေကူးသင်ခွင့် မရခဲ့ပါဘူး ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်ခေါင်းမာမာနဲ့ ရအောင်လုပ်ခဲ့တဲ့ ထရူဒီဟာ ရေကူးတာကို ဝါသနာပါတဲ့အလျောက် ရေကူးတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန်ခဲ့ပါတယ်..မိန်းကလေးဆို အချိန်တန် ယောကျ်ားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စပဲလုပ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်တွေရဲ့ကြားထဲမှာ ထရူဒီတစ်ယောက် အမေနဲ့ အစ်မဖြစ်သူရဲ့ အားပေးမှုကိုအကူအညီယူလို့ ရအောင်တွန်းလှန်ခဲ့ပါတယ်သို့ပေမဲ့လည်း ဘယ်လိုနေရာမှာမဆို ကျရှုံးအောင် ...
movie
Young Woman and the Sea (2024)
4K HEVC
Beautiful Wedding (2024)
Beautiful Wedding(2024) ============ Romance, Comedyဒီခေတ်စကားနဲ့ပြောရရင် အတော်ဆိုးတဲ့ Red Flag နှစ်ယောက်ရဲ့ အရမ်းလှပတဲ့ မင်္ဂလာပွဲလေးကိုကြည့်ရှုရမှာဖြစ်ပါတယ် ဒါပေမယ့် သာမန်ချစ်ကြိုက်ကွဲငြား ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး အလွဲအလွဲအချော်အချော်နဲ့ ဆုံလာမိတဲ့ လူနှစ်ယောက်ကနေ ဘဝရဲ့ဖူးစာဖက်တွေဖြစ်သွားတဲ့အကြောင်းပါပဲ လက်စ်ဗေးဂတ်စ်မှာ one night stand အဖြစ်မူးရူးသောင်းကျန်းပြီး မနက်အိပ်ယာနိုးတဲ့အချိန်မှာ လက်ထပ်လက်မှတ်ထိုးပြီးသားဖြစ်နေတဲ့ ထရက်ဗစ်နဲ့ အက်ဘီဟာ သူငယ်ချင်းစုံတွဲဖြစ်တဲ့ မဲရ်နဲ့ ရှက်ပလီတို့နဲ့အတူ ပျားရည်ဆမ်းခရီးအဖြစ် မက္ကဆီကိုကို ထွက်လာပါတယ် သူတို့အိမ်ထောင်ရေးကို ထပ်ပြီးရှေ့ဆက်မလား အဆုံးသတ်မလား တစ်ယောက်ကိုတစ်ယောက် အဖြေရှာအကဲခပ်ဖို့အတွက် ထွက်လာခဲ့ကြတဲ့ ခရီးဆိုလည်းမမှားပါဘူး....ဒီခရီးမှာ ထင်ထားသလို အဆင်ချောနေတာတော့မဟုတ်ပါဘူး ဖဲရိုက်တော်တဲ့ အက်ဘီက ဒေါ်လာသန်းနဲ့ချီပြီး ကာစီနိုဝိုင်းမှာ ဖဲနိုင်လာတာကို မကျေနပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုကလည်း နောက်ကနေလိုက်လာပါတော့တယ်... အက်ဘီနဲ့ ထရက်ဗစ်ရဲ့ မင်္ဂလာအစစ်အမှန်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Romance ဇာတ်လမ်းတွေမှာ မြင်ဖူးနေကျ သရုပ်ဆောင်တွေဖြစ်တဲ့ Dylan Sprouse , Virginia Gardner , Austin North တို့က ပါဝင်အားဖြည့်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ...
movie
Beautiful Wedding (2024)
Air Force One Down (2024)
Air Force One ဆိုတဲ့အမေရိကန်သမ္မတစီးတဲ့လေယာဉ်ကြီးကို ပြန်ပေးဆွဲကြတဲ့ ဝင်စီးကြတဲ့ဇာတ်ကားတွေလည်း ရှေ့မှာအများကြီးထွက်ခဲ့ပြီးပေမဲ့တကယ်တမ်း အဲ့လိုလုပ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဒီတော့အဲ့ဒီလေယာဉ်နဲ့ပတ်သတ်ပြီး အခု ၂၀၂၄ မှာလည်းစိတ်ကူးယဉ် ဇာတ်ကားတစ်ကားထပ်ထွက်လာပြန်လာပြီ။ဇာတ်လမ်းအစမှာတော့ မရိန်းတပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ အယ်လစ်ဆန်ကိုတွေ့ရမှာဖြစ်ပြီးဦးလေးရဲ့ ကျေးဇူးနဲ့သမ္မတရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ထဲဝင်ရောက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာ အမေရိကန်သမ္မတကအက်စ်တိုဗီယန်နိုင်ငံနဲ့ ရေနံကိစ္စသဘောတူညီချက် ယူဖို့လုပ်နေခဲ့တာဖြစ်ပြီး သမိုင်းဝင်ဖြစ်လာမဲ့ စာချုပ်တစ်ခုကို အက်စ်တိုဗီယန်နိုင်ငံမှာ လက်မှတ်ရေးထိုးမယ်လို့ ကြေငြာခဲ့ပါတယ်။ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ့်နိုင်ငံကရေနံကို အမေရိကန်ကိုမပေးချင်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သမ္မတစီးနင်းလိုက်ပါလာမဲ့Air Force One လေယာဉ်ကိုဝင်စီးပြီး စာချုပ်ကိုဖျက်သိမ်းခိုင်းဖို့ကြိုးစားပုံတွေနဲ့ မနေ့တစ်နေ့ကမှရောက်လာတဲ့ အယ်လစ်ဆန်ကသမ္မတကြီးကို ကာကွယ်ဖို့အစွမ်းကုန်ကြိုးစားပုံတွေကို တွေ့ရမှာပဲဖြစ်ပါတယ်.. File size…1.27GB / 540MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Air Force One Down (2024)
Beautiful Disaster (2023)
Beautiful Disaster (2023)Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။ ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။ ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။ အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။ ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။ ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက် သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်ယောက် ကြွေဆင်းသွားတဲ့အခါ...ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊ ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ...
movie
Beautiful Disaster (2023)
7.4
Barbarian (2022)
IT သရဲကားတွေရဲ့ မင်းသား Bill Skarsgård ပါဝင်ထားတဲ့ ပဟေဠိဆန်ဆန် ဟော်ရာရုပ်ရှင်ကားအသစ်ထွက်လာပါပြီ။ အဓိကဇာတ်ဆောင်အနေကတော့ မင်းသမီး Georgina Campbell က ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်းတက်စ်ဟာ အလုပ်အင်တာဗြူးတစ်ခုအတွက် မြို့လေးတစ်မြို့ကိုလာတဲ့အချိန်မှာ တဲအိမ်လေးတစ်ခု ယာယီငှားရမ်းထားလိုက်ပါတယ်။ အဲဒီတဲအိမ်လေးထဲကို မိုးထဲလေထဲမှာ အရောက်သွားလိုက်ချိန်မှာတော့ တဲအိမ်ထဲမှာ အခြားယောကျာ်းလေးတစ်ယောက်က အသင့်ရောက်ရှိနေတာကိုတွေ့လိုက်ပါတော့တယ်။ အဲဒီမှာသူတို့သိလိုက်ရတာက အင်တာနက်ပေါ်က ဝဘ်ဆိုက်တစ်ခုစီကနေ ဒီအိမ်ကိုပြိုင်တူမှားယွင်းငှားလိုက်မိတယ်ဆိုတာပါပဲ။ ညအချိန်မတော် မိုးထဲလေထဲဆိုတော့ ဘာမှမတတ်နိုင်တော့ဘဲ သူတို့နှစ်ယောက် အဲဒီအိမ်မှာပဲ ပေါင်းပြီး တည်းခိုလိုက်ပါတော့တယ်။ ထုံးစံအတိုင်းပဲ ဆင်ခြေဖုံးရပ်ကွက်က လူမရှိတဲ့ သစ်လုံးအိမ်အဟောင်းတွေဟာ ကောင်းကျိုးပေးရိုးမရှိတဲ့အတွက် ကြောက်စရာတွေဖြစ်လာပါတော့တယ်.... File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson
movie
Barbarian (2022)
6
Memory(2022)
မင်းသားကြီး လီယံနယ်ဆန် နဲ့ မင်းသမီး မိုနီကာဘယ်လူချီတို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားအသစ်ထွက်ပါပြီ။ Crime, Thriler အမျိုးအစားပါပဲ။ အဲလက်စ်ဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ကို ကလေးသူငယ် လူကုန်ကူးတဲ့အဖွဲ့က လူတစ်ယောက်ကို သတ်ဖို့ ငှားရမ်းတာကနေ စတင်လိုက်ပါတယ်။ငှားလိုက်တဲ့အဖွဲ့ မသိသေးတာက အဲလက်စ်ဟာ အယ်ဇိုင်းမာရောဂါဖြစ်နေပြီး မှတ်ဉာဏ်တွေက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါပဲ။ အဲဒီလူကုန်ကူးအဖွဲ့ကိုပဲ မက္ကဆီကိုရဲတစ်ယောက်နဲ့ အက်ဖ်ဘီအိုင်တစ်ယောက်က လိုက်နေပါတယ်။ ဒီလူအားလုံးမှာ ဝမ်းနည်းစရာ နောက်ကြောင်းကိုယ်စီနဲ့ပေါ့။ဥပဒေ နဲ့ လက်စားချေမှုကြားမှာ လွန်ဆွဲပုံတွေ၊ ချမ်းသာပြီး ဩဇာကြီးလွန်းတဲ့သူတွေဟာ ဥပဒေအထက်ကိုရောက်နေပုံတွေကို ပြသထားတဲ့ ရုပ်ရှင်ကောင်းကောင်းတစ်ကားပါပဲ။ File size…(1.5GB)/(834MB)/(392MB) Quality…. 1080p/720p HDCAM/ 480p Format…mp4 Duration….01:54:00 Genre...Action/ Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson
movie
Memory(2022)
4K HEVC Web-DL