Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Travis Tope
5.2
Independence Day: Resurgence (2016)
Independence Day: Resurgence (2016) *************************************** IMDb.....5.2 ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကိုအနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။ လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ် တစ်စီးရောက်လာခဲ့တယ်။ ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက်သမ္မတနဲ့ နိုင်ငံတကာ ခေါင်းဆောင်တို့ဟာ တိုင်ပင်ဆွေးနွေးသလို မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဉာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမဲ့...ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့်သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီး အာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက် သမ္မတကို ခွင့်တောင်းတဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာ လုပ်ခွင့်ပေးပါတယ်။အဲဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၎င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည် ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။ဒီဇာတ်ကားဟာ IMDb rating 5.2/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM ...
movie
Independence Day: Resurgence (2016)
The Town that Dreaded Sundown (2014)
ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ...
movie
The Town that Dreaded Sundown (2014)