Channel Myanmar

Travers Merrill

On Becoming a Guinea Fowl (2024) 7.0
On Becoming a Guinea Fowl (2024)  ဒီကားကိုတော့ ဒါရိုက်တာ Rungano Nyoni ရိုက်ကူးထားပြီးSusan Chardy, Elizabeth Chisela, Roy Chisha တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားကတော့ ဇမ်ဘီယာနိုင်ငံက ရှုလာဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ မိသားစုအကြောင်းကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ ရှုလာက သူငယ်ချင်းရဲ့ ဝတ်စုံပါတီကနေ ရစ်ငှက်အဝတ်အစားဝတ်ထားရင်း ကားမောင်းပြီးအိမ်ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ကားလမ်းမပေါ်မှာ သူ့အန်ကယ်ဖြစ်တဲ့ ဖရတ်ဒ်ရဲ့ အလောင်းကို တွေ့ရတဲ့အပြင်အမူးသမားဖြစ်နေတဲ့ ဝမ်းကွဲဖြစ်တဲ့ ဆန်ဆာနဲ့လည်း တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ အန်ကယ်ဖြစ်သူရဲ့ အသုဘအတွက် အဒေါ်ဖြစ်သူတစ်စုကခေါ်လို့ မိသားစုအိမ်မှာ သွားကူရင်း ဝမ်းကွဲတွေပြန်ဆုံတွေ့တဲ့အခါ သူတို့ရဲ့ ရင်ဖွင့်စကားတွေကနေ အချိန်အကြာကြီး လျှို့ဝှက်ထားခဲ့တဲ့ မိသားစုရဲ့ ဆိုးရွားတဲ့အတိတ်ဟောင်းတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတဲ့အခါ.....ရှုလာမှာရော လျှို့ဝှက်ထားတဲ့ အတိတ်ဆိုးရှိနေမလား.....သူတို့မိသားစုရဲ့ ထုံးတမ်းစဉ်လာတွေနဲ့ အန်ကယ်ရဲ့ မုဆိုးမဇနီးဖြစ်သူရဲ့ မိသားစုနဲ့ သူတို့မိသားစုကြားက ပဋိပက္ခတွေ ၊အဒေါ်တွေရဲ့ဖိနှိပ်မှုတွေကို ဇမ်ဘီယာမိသားစုတစ်ခုရဲ့အိမ်တွင်းဇာတ်လမ်းအဖြစ် ကြည့်ရှုခံစားရမှာပါ။နောက်ဆုံးမှာ ရှုလာကရော မုဆိုးလာရင် ...
movie

On Becoming a Guinea Fowl (2024)

I Am Not a Witch (2017) 6.9
I Am Not a Witch (2017) I Am Not a Witch (2017)~ IMDb - 6.9/10, RT - 96%, Meta - 79% ~ရွာတစ်ရွာကို ဆွေမရှိမျိုးမရှိ အမည်မသိ ကလေးမလေးတစ်ယောက် ရုတ်တရက် ရောက်လာပြီးနောက်ပိုင်း ရွာသားတွေရဲ့ အဆိုအရ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်...တဲ့။ အဲဒီ့ရွာဟာလည်း "စုန်းကဝေ" ဓလေ့ထွန်းကားတဲ့ရွာပီပီ ရွာသားတွေက ကလေးမလေးကို စုန်းမအဖြစ်သတ်မှတ်ပြီး ဒေသအာဏာပိုင်တွေဆီ ပို့လိုက်ကြပါတော့တယ်...။ ဒါဟာ ရုပ်ရှင်သမားတွေအခေါ်အရဆိုရင်တော့ ဇာတ်လမ်းရဲ့ 'အခင်း' ဖြစ်ပြီး 'အခက်'နဲ့ 'အဖြေ' ကတော့ ကိုယ်တိုင် ကြည့်ရှုနိုင်ကြဖို့ ဇာတ်လမ်းအကျဉ်းထဲ ထည့်မရေးတော့မယ့် ဇာတ်လမ်းထဲက ကလေးမလေးရဲ့ 'စုန်းမ' တစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့်ဘဝပဲ ဖြစ်ပါတယ်။ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ဒါရိုက်တာဖြစ်တဲ့ Rungano Nyoni ဟာ ဇမ်ဘီယာနိုင်ငံရဲ့ စုန်းကဝေအတတ်ပညာပေါ် ယိုးစွပ်မှုတွေအပေါ် စိတ်ကူးစိတ်သန်းယူပြီး ...
movie

I Am Not a Witch (2017)

2017