Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tracey Walter
6.1
Desperate Measures (1998)
Desperate Measures (1998)ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ action ဇာတ်ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Michael Keaton နဲ့ Andy Garcia တို့အဓိကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ ဖရန့်ကော်နာဟာရဲတပ်သားတစ်ဦးဖြစ်ပြီးတော့သူ့ရဲ့သားလေးကသွေးကင်ဆာရောဂါခံစားနေရပါတယ်။ရိုးတွင်ခြင်ဆီအစားထိုးနိုင်မှအသက်ရှင်သန်ခွင့်ရမှာပါ...ဒီတော့ဖရန့်ကော်နာကရိုးတွင်ခြင်ဆီအစားထိုးဖို့သင့်တော်တဲ့သူကိုလိုက်ရှာရင်းနဲ့ တစ်ယောက်ထဲသောသင့်တော်တဲ့သူကိုတွေ့သွားပါတယ်။သူကတော့ပီတာမက်ကိပ်ဆိုတဲ့ထောင်သားပဲဖြစ်ပါတယ်။ပီတာမက်ကိပ်ကလူသတ်မှုနဲ့ထောင်ကျထားတာဖြစ်ပြီးထောင်ထဲမှာပါလူထပ်သတ်လို့သီးသန့်ခွဲထားရသူပါ။ဒီတော့ဖရန့်ကော်နာရဲ့သားလေးကိုပီတာမက်ကိပ်ကခြင်ဆီလှူဒါန်းပေးမလား...ဘယ်လိုတွေဉာဏ်နီဉာဏ်နက်ထုတ်မလဲဆိုတာဆက်လက်ရှုစားပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (3.6 GB) / (1.1 GB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Action, Crime, Drama, Thriller Duration…. 01:41:09 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by AKM
movie
Desperate Measures (1998)
1998
Mighty Joe Young (1998)
Charlize Theron ခေါင်းဆောင်ပါဝင်ထားတဲ့ 90s family ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးမလေး Jill Young ဟာ နို့တိုက်သတ္တဝါတွေကို လေ့လာနေတဲ့ သတ္တဇီဝပညာရှင် မိခင်ဖြစ်သူ Ruth Young နဲ့အတူ အာဖရိက တောတောင်ထဲမှာ ဂေါ်ရီလာမျောက်ဝံမျိုးစိတ်တွေကို လေ့လာနေတာပါ။တစ်ညမှာတိရစ္ဆာန်တွေကို တရားမဝင် အမဲခိုးလိုက်ပြီး ရောင်းစားတဲ့ အဖွဲ့တစ်ဖွဲ့က မျောက်ဝံလေး Joe နဲ့ သူ့မိခင် အနောက်ကို လိုက်ရင်း Joe ရဲ့ မိခင်နဲ့ Jill ရဲ့ မိခင် နှစ်ဦးစလုံး ဆုံးသွားခဲ့ပါတယ်။ တစ်ညထဲမှာပဲ မိဘမဲ့ ဖြစ်ခဲ့ရတဲ့ Joe နဲ့ Jill ဟာ အချင်းချင်း စောင့်ရှောက်ပြီး ကြီးလာကြပါတယ်။ တစ်ရက် California တိရစ္ဆာန်ထိန်းသိမ်းရေး စခန်းက Gregg O'Hara ဆိုတဲ့ ပညာရှင် တစ်ယောက်က ကျားသစ်တစ်ကောင်ရဲ့ ...
movie
Mighty Joe Young (1998)
7.7
Serpico (1973)
ဒီဇာတ်ကားလေးကတော့ 1973 ခုနှစ်ကထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။The Godfather ဇာတ်လမ်းမှမင်းသားကောင်း Al Pacino အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ငယ်စဥ်ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဆာပီကိုဆိုတဲ့ လူငယ်လေးဟာ ရည်မှန်းချက်ပြည့်ခဲ့ပြီးနောက်မှာ...အကျင့်ပျက်ခြစားလွန်းတဲ့ အရာရှိတွေ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အလုပ်ခွင်ထဲကအဖြစ်မှန်တွေကို သိလာရပြီးနောက် သူကိုယ်တိုင်ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားရုန်းကန်တာကို မြင်တွေ့ရမှာပါ။ ဟောင်းနေသော်လည်း ကောင်းဆဲမို့ ကြည့်ရှုကြဖို့တိုက်တွန်းပါရစေခင်ဗျာ။ File size…(9.7 GB)/(2.9 GB)/(1.4 GB) Quality….Blu-Ray 4K HEVC/1080p / 720p Format… mp4 Duration…. 02:10:00 Genre... Biography, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Satt
movie
Serpico (1973)
4K HEVC
Drowning Mona (2000)
ဇာတ်လမ်းရဲ့အစမှာ မိုနာဒီယာလီဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကားမောင်းနေရာကနေ ဘရိတ်မမိပဲ မြစ်ထဲကို ပြုတ်ကျသွားပါတယ် ရဲအရာရှိတွေက သူမသေသွားပြီဆိုတာကို အတည်ပြုပြီးနောက်မှာ စုံစမ်းစစ်ဆေးရေးတွေစပါတော့တယ် ကားကိုစစ်ကြည့်လိုက်တော့ တစ်ယောက်ယောက်က ကားရဲ့ ဘရိတ်တွေကို တမင်ဖြုတ်ထားတာ ဘရိတ်ဆီဘူးတွေ ဖောက်ထားတာကို တွေ့ရတဲ့အခါမှာတော့ ရဲအရာရှိရဲ့ စိတ်ထဲမှာ သံသယတွေကြီးထွားလာပါတယ် ဘယ်သူကများ မိုနာဒီယာလီကို သတ်တာလဲ…ရဲအရာရှိဟာ မြို့လေးထဲက တစ်ယောက်ပြီးတစ်ယောက်ကို လိုက်မေးရင်း စုံစမ်းပါတော့တယ် ဒီဇာတ်ကားရဲ့ထူးခြားတဲ့အချက်က နောက်ကြောင်းပြန်ပြကွက်တွေကို ဖောဖောသီသီသုံးပြီး အရင်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းနဲ့ လက်ရှိအချိန်နဲ့ ချိတ်ဆက်ပြထားတာပါပဲ မိုနာသေသွားတဲ့အချိန်မှာ လူတွေက ဝမ်းနည်းရမယ့်အစား ပျော်နေကြလေရဲ့သူ့ယောကျာ်းဖီးလ်ကလည်း စားပွဲထိုးတစ်ယောက်ဖြစ်တဲ့ ရိုနာနဲ့ ဖောက်ပြန်နေတဲ့သူပေါ့ ဒါဆိုဖီးလ်က မိုနာကို အပြတ်ရှင်းလိုက်တာများလား ဒါမှမဟုတ် မိုနာရဲ့သား ဂျက်ဖ်ကပဲ သူ့အမေနဲ့ ခဏခဏရန်ဖြစ်နေတာဆိုတော့ စိတ်ကုန်ပြီး တစ်ခုခုလုပ်လိုက်တာလား ဒါမှမဟုတ်လည်း စားပွဲထိုးရိုနာကပဲ မယားကြီးဖြစ်တဲ့ မိုနာကို လက်စဖျောက်တာလား ဒါမှမဟုတ် ဘော်ဘီဆိုတဲ့ ...
movie
Drowning Mona (2000)
6.5
Young Guns II (1990)
လူကလေးဘီလီလို့ အမည်တွင်တဲ့ ဘွန်နီ ဦးဆောင်တဲ့အဖွဲ့က မြင်းတွေနွားတွေခိုးရာမှာ နာမည်ကြီးဖြစ်ပါတယ်။ တစ်နေ့ ဘီလီတို့ အဖွဲ့ဝင်တွေထဲက ဒေါ့ဆာလော့နဲ့ ချီဘက်တို့အဖမ်းခံရပြီး ဘီလီသွားကယ်လို့ လွတ်မြောက်သွားတဲ့အတွက် အထက်ကလူတွေဒေါသပုန်ထသွားခဲ့ပါတယ်။ဘီလီဦးဆောင်ပြီး မက္ကဆီကိုမြို့ဟောင်းကိုသွားချိန် လူကလေးဘီလီကိုဖမ်းမိဖို့အတွက် အဖွဲ့ဝင်ဟောင်း ပက်ဂဲရက်ကို မြို့တော်ဝန်တွေ ကြေးစားငှားလိုက်တဲ့အခါ သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ ဘီလီနဲ့ ဂဲရက်တို့ ဘာဆက်ဖြစ်ကြမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(2.4 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre... Action, Drama, Westren Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kavil
movie
Young Guns II (1990)
Ted Bundy (2002)
ဒါကတော့ Crime ပရိတ်သတ်တွေ သိပ်မစိမ်းကြမယ့် ၁၉၇၀ နှစ်တွေက မိန်းကေလးေတွအများကြီးကိုသတ်ခဲ့တဲ့ အမေရိကန်ကွင်းဆက်လူသတ်သမားတက်ဒ်ဘန်ဒီအကြောင်းပါပဲ။နှစ်အေတာ်ကြာငြင်းဆိုပြီးေနာက်မှာ လူသတ်မှုပေါင်း ၃၀ ကို၀န်ခံခဲ့ပေမယ့် အဲ့ထက်ပိုများနိုင်ပါတယ်တဲ့။တက်ဒ်က စကားပြောကောင်းတယ် လူကြီးလူကောင်းဆန်တယ် တော်တဲ့ ဥပဒေကျောင်းသားတစ်ယောက်။အဲ့တာပြီးသူက မိန်းကလေးတွေကိုညွတ်ကျသွားအောင်ဆွဲဆောင်မှုရှိတယ်လို့ပြောကြပေမယ့် သူက Psychopath တွေရဲ့ ပုံစံအတိုင်း သနားညှာတာမှုကင်းမဲ့တယ်။ လူသတ်ရင်တောင် မိန်းကလေးတွေကိုပဲရွေးသတ်ပြီး ပိုးစိုးပက်စက်ကိုသတ်တာ။တချို့အလောင်းတွေဆို အပိုင်းပိုင်းဖြတ်ပြီး ခေါင်းတွေကိုအမှတ်တရအဖြစ်သူ့တိုက်ခန်းကိုယူသွားသေးတယ်တဲ့။များသောအားဖြင့် ဒဏ်ရာရနေသလို တစ်ခုခုအကူအညီလိုသလိုဟန်ဆောင်တတ်ပြီး မိန်းကလေးတွေကို မျှားခေါ်လေ့ရှိတယ်။သူကသူ့ကိုယ်သူလည်း အထင်ကြီးလွန်ပြီး သူ့ကိုယ်သူခေါ်တာ " Handsome Devil " တဲ့။ သူ့လူသတ်မှုတွေမှာ လူမဆန်တဲ့ မုဒိမ်းမှုတွေပါအများကြီးပါပြီး သူပြောသလိုဆို လူသတ်ပြီးတဲ့အခါ အလောင်းတွေနဲ့လိင်ဆက်ဆံရတာကြိုက်ပုံရရင် Necrophilia ရှိတယ်လို့လည်းယူဆလို့ရတယ်။ သူက သူ့အမှုေတွကိုတောင် ကိုယ်တိုင်ကိုင်သေးတယ်။ သူ့ကိုယ်သူလည်း လူသတ်သမားဆိုတာထက်ပိုပြီးအရည်အချင်းတွေရှိတယ်လို့ယုံတယ်။သူ့အကြောင်းရိုက်ကြတဲ့ ဇာတ်လမ်းတွေအများကြီးရှိပေမယ့် ဒီလိုလူသတ်သမားကားတွေကြိုက်တယ်ဆို ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ Cast အနေနဲ့ Michael Reilly Burke က ...
movie
Ted Bundy (2002)
7.1
Rumble Fish (1983)
ဒီကားကို ရိုက်ထားတဲ့ director ကတော့ တခြားမဟုတ်ဘဲ The Godfather trilogy ကို ရိုက်ကူးပေးခဲ့တဲ့ Francis Ford Coppola ပဲ ဖြစ်ပါတယ်။S. E. Hinton ရဲ့ Rumble fish ဆိုတဲ့ ၀တ္ထုကိုပဲ ပြန်ရိုက်ထားပြီးတော့ cinematography မှာလည်း အတော်လေး ထူးခြားတဲ့ကားကောင်းတစ်ကားပါ။ဘယ်လိုမျိုးထူးခြားလဲဆိုတော့ သူ့အခေတ်အခါမှာရော အခုခေတ်အခါမှာပါ တွေ့ရနည်းတဲ့ camera ရှုထောင့်တွေကနေ creative ဖြစ်ဖြစ်ပဲ ရိုက်ကူးပေးထားပါတယ်။ close up ရိုက်ချက်တွေဆိုရင် ကျွန်တော့်အတွက်တော့ တော်တော်လေး unique ဖြစ်ပါတယ်။ တချို့နေရာတွေဆိုရင် အပေါ်က ပင့်ရိုက်တာတွေ အောက်ကပင့်ရိုက်တာတွေက ကြည့်ရတာ တစ်မျိုးကြီးလို့ ခံစားရပေမယ့် သဘောကျမိတာတော့ အမှန်ပဲဗျ။Main character အနေနဲ့ကတော့ ဂျစ်ကန်ကန်ပေါ့ပျက်ပျက်နေတတ်တဲ့ လူငယ်တစ်ေယာက်လည်းဖြစ်၊ အကိုဖြစ်သူရဲ့ ကျော်ကြားမှုတွေ လွှမ်းမိုးခဲထားရတဲ့ ညီတစ်ယောက်လည်းဖြစ်တဲ့ Rusty ...
movie
Rumble Fish (1983)
8.6
The Silence of the Lambs (1991)
The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ဟန်နီဗယ်လက်တာ ဆိုတဲ့ ဇာတ်ကောင်ပေါ်မှာ အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေါက်တာ Lacter ရဲ့ Character ဟာ အလွန်ပဲကျော်ကြားခဲ့ပြီး သူ့အကြောင်းကိုလည်း ရုပ်ရှင်တွေနဲ့ TV Serie တွေအများအပြားရိုက်ကူးခဲ့ကြပါတယ်။အဲဒီရုပ်ရှင်တွေကတော့ Manhunter ...
movie
The Silence of the Lambs (1991)
1991
6.1
Nobel Son (2007)
ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie
Nobel Son (2007)
5.8
Midnight Son (2011)
Midnight Sun ဆိုတဲ့နေရောင်နဲ့ ထိတွေ့လို့မရတဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းကိုရိုက်ထားတဲ့ ရုပ်ရှင်ကိုတော့တော်တော်များများကြည့်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Midnight Son ဆိုတဲ့ဇာတ်ကားကတော့ နာမည်ချင်းဆင်သလို ဒီကားထဲကမင်းသားကလည်းနေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါပေမယ့် ဒီကားကအချစ်ဇာတ်လမ်းဆိုတာထက်နည်းနည်း Dark ပိုဖြစ်တဲ့သွေးထွက်သံယိုတွေ သည်းထိပ်ရင်ဖိုတွေဖက်သွားပါတယ်။IMDb မှာ Rating 5.8 ရထားပြီး အဲ့လိုထူးထူးဆန်းဆန်းလူတွေအကြောင်းကြည့်ချင်တဲ့လူတွေအတွက်တော့ ကြည့်လို့ကောင်းမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ***************ဂျေကော့ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်က အမြဲတမ်းဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ့မှာသွေးအားနည်းတတ်တဲ့ရောဂါရှိပါတယ်။အဲ့ဒီအပြင်ကိုမှသူ့အရေပြားက မူမမှန်တဲ့အတွက် နေရောင်နဲ့ထိရင်အလွယ်တကူ လောင်ကျွမ်းတတ်ပါတယ်။ဒီတော့တစ်နေကုန် အိမ်ထဲမှာပဲနေပြီး ညဘက်မှာလုံခြုံရေးအဖြစ် အလုပ်လုပ်ရင်းအသက်မွေးနေပါတော့တယ်။တစ်နေ့မှာ ညဘက်လျှောက်သွားရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းဂျေကော့ဘ်ရဲ့ ကျန်းမာရေးက ဆိုးသထက်ပိုဆိုးလာပြီး ကြံရာမရဖြစ်နေတဲ့အချိန်မှာ လူသွေးသောက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ထူးဆန်းစွာနဲ့ပဲ လူသွေးသောက်ပြီးသက်သာသွားတဲ့အတွက်နောက်ပိုင်း ရဖို့ခက်ခဲတဲ့လူသွေးတွေကို အဆက်မပြတ်လိုလာတဲ့အခါမှာဂျေကော့ဘ်တစ်ယောက်ဘယ်လိုကြံဖန်ပြီးတော့ ဘယ်လိုနောက်ဆက်တွဲတွေဖြစ်လာမယ်ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.68 GB / 749 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie
Midnight Son (2011)
6.3
Death to Smoochy (2002)
Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ...
movie
Death to Smoochy (2002)
7.0
The Manchurian Candidate(2004)
The Manchurian Candidate(2004)*******************************နိုင်ငံရေးဆိုင်ရာလှည့်ကွက်တွေနဲ့ စိတ်ပညာလှည့်စားမှုတွေကို တွဲဖက်ဖော်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မင်းသားကြီး Denzel Washington ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး Liev Schreiber, Meryl Streep, Jon Voight နဲ့ Kimberly Elise တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဗိုလ်မှူးဘန်မာကိုနဲ့ ပထမတန်းဆာဂျင်ရေမွန်ရှောတို့ဟာ ၁၉၉၁ ခုနှစ် ကန္တာရမုန်တိုင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆာဂျင်ရေမွန်ရှောဟာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရပြီး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ ဒါပေမယ့်ဘန်အပါအဝင် တိုက်ပွဲအတွင်းရှိနေခဲ့တဲ့တပ်သားတွေဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါမက်နေခဲ့ပြီး အိပ်မက်ထဲမှာအမှန်တကယ်ဘန်မာကိုကသာ ဆုတံဆိပ်ရရှိသင့်တဲ့သူဖြစ်ပြီး ရေမွန်ရသင့်တယ်လို့ထင်အောင် နည်းလမ်းတစ်ခုခုနဲ့ စိတ်ထိန်းချုပ်ထားကြောင်းတစ်ပိုင်းတစ်စမြင်နေကြပါတယ်။ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိပြီး ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံမယ့် ရေမွန်ရှောအနေနဲ့ ဆုတံဆိပ်ရအောင် ဘယ်လိုတွေလုပ်ခဲ့တာလဲ... တကယ့်တိုက်ပွဲထဲမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဘန်မာကိုအနေနဲ့စုံစမ်းကြည့်တဲ့အခါမှာတော့..File Size :(4.8GB) and (1.2GB) Quality : BLU-RAY1080p5.1Ch, 720p Format…mp4 Duration…02:09:00 Genre : Drama, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
The Manchurian Candidate(2004)
7.7
Philadelphia(1993)
Philadelphia (1993) PG-13 | 125 min | Drama IMDB ----- 7.7 ⭐⭐⭐⭐⭐⭐⭐⭐ Rotten Tomatoes ----- 79% ကာလအားဖြင့်တော့ ၁၉၉၀ ဝန်းကျင် AIDSအကြောင်း လူတွေ သိပ်မသိသေးတဲ့အချိန်မှာပါ။လူတွေဟာ သူတို့ နားမလည်တာကို ကြောက်ရွံ့ တက်ကြတယ်။ AIDSကို ရောဂါဆိုးကြီးလို့ပဲ သိပြီး ဂဃနဏ မသိကြသေးတဲ့အချိန်မှာ ဒီရောဂါသည်ကို ဘယ်လို ဆက်ဆံခဲ့ကြလဲ ပြသ သွားခဲ့တဲ့ ထိုခေတ် ထိုအခါက AIDS ပညာပေး ပထမဆုံးရုပ်ရှင်ပါ။ဒီ ရုပ်ရှင်ဟာ ဟောလိဝုဒ် Mainstreamရဲ့ AlDS နဲ့ ပက်သက်တဲ့ ပထမဆုံး Big Budget ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Goffrey Bowersဆိုတဲ့ ရှေ့နေ့တစ်ယောက်ရဲ့ အဖြစ်အပျက်ကို Inspiration လုပ်ထားတာမို့ ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး တင်ပြထားတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်တဲ့။ဒီ အဖြစ်အပျက်ကလေးကတော့ Philadelphia ဆိုတဲ့ မြို့ကလေးက အရည်အချင်းရှိတဲ့ Andrew Beckett ဆိုတဲ့ စီနီယာရှေ့နေ တစ်ယောက်ဟာ ပေါ်ဦးစ AIDS ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အလုပ်အတွက်စိုးရိမ်လို့ ထုတ်မပြောခဲ့ပေမဲ့ သိပ်မကြာခင် နဖူးက ...
movie
Philadelphia(1993)
1993
6.6
Kiss the Girls (1997)
ကျောချမ်းစရာ မှုခင်းဒရာမာကောင်းကောင်းလေးတစ်ခု တင်ပေးထားပါတယ်။မှုခင်းဆိုင်ရာ စိတ်ပညာရှင် Alex Cross ဟာ သူ့တူမ ပျောက်ဆုံးသွားတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူ့တူမ နေထိုင်ရာဒေသကို လိုက်သွားပါတယ်။ အဲဒီက ဒေသခံရဲတပ်ဖွဲ့ဆီက Casanova ဆိုတဲ့ ကွင်းဆက်လူသတ်သမားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ကြောင်း သိလိုက်ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာပဲ တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ Kate McTiernan ဆိုသူ အမျိုးသမီးဟာ Casanova ဖမ်းတာခံလိုက်ရပြီး သူ့ကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ Kate ဟာ အဲလူသတ်သမားထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Alex Cross နဲ့ ပူးပေါင်းကာ Casanova ဖမ်းနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက James Patterson ရဲ့ Kiss the girls ဆိုတဲ့ bestseller မှုခင်းဝတ္တုကို ဒါရိုက်တာ Gary Fleder ...
movie
Kiss the Girls (1997)
6.2
I Spit on Your Grave (2010)
I Spit On Your Grave =================အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့အုပ်စုဖွဲ့မုဒိမ်းကျင့်ခံလိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကလက်စားချေဖို့ကြိုးစားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဂျနီဖာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့စာအုပ်ကိုတစ်ကိုယ်တည်း လက်စသတ်ချင်တာကြောင့် လူဝီစီယားနားမှာရှိတဲ့ တောထဲကိုလာခဲ့ပါတယ်။ ဒါပေမယ့် လမ်းမသိတာကြောင့်ဆီဆိုင်မှာတွေ့တဲ့လူတစ်ယောက်ကို လမ်းမေးခဲ့ပါတယ်။အဲဒါဟာ သူသွားမယ့်နေရာအကြောင်း လူစိမ်းကိုအသိပေးလိုက်သလိုဖြစ်သွားခဲ့ပြီး သူ့ရဲ့တောအုပ်ထဲကအိမ်လေးဆီကို အန္တရာယ်တွေ လိုက်လာခဲ့ပါတော့တယ်။အဲဒီညမှာပဲ လူတစ်စုဟာ သူ့ဆီရောက်လာကြခဲ့ကြပါတယ်။သူတို့ဟာ ဂျနီဖာကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြပြီးတော့သူ့ကိုသေအောင် နေရာမှာတင် ပစ်ထားခဲ့ကြပါတယ်။ ဒါပေမယ့်ဂျနီဖာဟာ မသေခဲ့ပဲ သူ့ကိုကျူးလွန်ခဲ့တဲ့သူတွေကို လိုက်လက်စားချေဖို့ကြိုးစားပါတော့တယ်။ File Size : 1.67GB, 803MB Quality : Blu-Ray 1080p , 720p format : mp4 Duration : 1hr & ...
movie
I Spit on Your Grave (2010)
6.9
Matilda (1996)
Matilda (1996)Child Novelတွေ ရေးသားထုတ်ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်တောင် Charlie and the Chocolate Factory, The BFG တို့ကိုတော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးစာပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအနေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ်မတေးဒါက မွေးကင်းစကတည်းက မိဘကံမကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကားတွေ ဂျင်းထည့်ပြီးရောင်းတဲ့ လူလိမ်၊ အမေက အရပ်တကာပတ် ဘင်ဂိုပတ်ဆော့နေသူဖြစ်ပြီး ကိုယ့်ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများကတော့ ကလေးမွေးပြီး ဆေးရုံဆင်းလာတာ အိမ်ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကားနောက်ခန်းထဲမှာကျန်ခဲ့မှန်းတောင် သတိမရတဲ့ ဂန္တဝင်ဖေဖေ၊ ကောင်းကင်မေမေတွေပေါ့။ မိဘတို့ပြုအပ်တဲ့ ဝတ္တရားကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ကျောင်းတက်ချင်တာတောင် ကျောင်းမအပ်ပေးကြသူတွေပေါ့။မိဘတွေရဲ့ကောင်းသတင်းက ပြောမဆုံးအောင်ရှိပေမယ့် မတေးဒါလေးက ခေသူမဟုတ်ပါ၊ ...
movie
Matilda (1996)
1996
7.4
Erin Brockovich(2000)
Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်းဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie
Erin Brockovich(2000)
5.9
Conan the Destroyer (1984)
Conan the Destroyer (1984) IMDb - 5.9/10_____Rotten Tomatoes - 26% Conan The Barbarian (1982) နဲ့ Conan The Destroyer (1984) ဇာတ်ကားတွေကတော့ မင်းသားကြီး အာနိုးကို စင်တင်ပေးခဲ့တဲ့ ရောမခေတ် Dark Magic အခြေခံဇာတ်ကားတွေဖြစ်ပါတယ်။ Conan The Barbarian (1982) ဇာတ်ကားရဲ့အောင်မြင်မှုဟာ စံချိန်တွေချိုးခဲ့ပြီး ရိုက်ကူးစဉ်က အမေရိကန်ဒေါ်လာ (၁၆) သန်းသာ ကုန်ကျခဲ့ပေမယ့် ရုံဝင်ငွေ သန်း(၁၃၀)ထိပြန်လည်ရရှိခဲ့ပါတယ်။ အာနိုးရဲ့ငယ်စဉ်က ဘော်ဒီအလှအပနဲ့ ရောမခေတ် အကြမ်းအရမ်း အသတ်အဖြတ်တွေအပြင် Dark Magic အစီအရင်တွေနဲ့ပါ ထည့်သွင်းရိုက်ကူးထားတာမို့ တခြားဇာတ်ကားတွေနဲ့မတူတဲ့ ရသတွေကို ခံစားရမှာပါ။ အားပေးကြည့်ရှုကြပါဦး။ File size…(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Tariq L Walker
movie
Conan the Destroyer (1984)
1984
7.6
Batman (1989)
movie
Batman (1989)
1989