Channel Myanmar

Toree Hill

The Front Room (2024) 5.5
The Front Room (2024)  ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လင်ဒါက ကျောင်းတစ်ခုကမနုဿဗေဒဌာနရဲ့ဆရာမတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်လည်းလွယ်ထားရပါတယ်။ ဆရာမဆိုပေမယ့် ဌာနကသူ့ကိုအမြဲတမ်းဝန်းထမ်းအဖြစ်လက်မခံချင်ဘူးဖြစ်နေတယ်။ယောက်ျားဖြစ်သူနော်မန်ကပြည်သူ့အမှုဆောင်ရှေ့နေဖြစ်ပြီးတော့အိမ်လခ ကလေးစရိတ်စတာတွေပေးချေနေတဲ့အတွက်လင်မယားနှစ်ယောက်လုံးရဲ့ဝင်ငွေနဲ့ထွက်ငွေဟာ မမျှတဘူးဖြစ်နေတယ်။ဒီကြားထဲကျောင်းအုပ်ဖြစ်သူကိုမကျေနပ်တဲ့အတွက် ဘယ်လင်ဒါကအလုပ်ထွက်လိုက်ပါသေးတယ်။ ဒီလိုအခြေအနေဆိုးတွေကြားမှာအဝေးမှာနေထိုင်နေတဲ့နော်မန်ရဲ့အဖေကအစာအိမ်ကင်ဆာနဲ့ဆုံးသွားပါတယ်။နော်မန်က သူ့အဖေနာရေးကိုမဖြစ်မနေသာသွားရတယ်။သူ့စိတ်ထဲမှာငယ်စဉ်ကသူ့ကိုနှိပ်စက်ခဲ့တဲ့ အစွန်းရောက်ခရစ်ယာန်မိထွေးဖြစ်သူကိုမတွေ့ချင်ဘူး။ ဒါပေမယ့် ရှောင်လွှလိုမရဘဲအခြေအနေဖြစ်သွားတဲ့အတွက်တွေ့လိုက်ရပါတော့တယ်။ သူ့မိထွေးက ပိုင်ဆိုင်သမျှအရာအားလုံးကိုနော်မန်တိုကိုပေးပြီး သူတိုနဲ့လိုက်နေမယ်လိုပြောတယ်။နော်မန်ရဲ့အဖေကလည်း မသေခင်မှာသူ့မိန်းမကိုစောင့်ရှောက်ပေးဖိုသေတမ်းစာရေးခဲ့တဲ့အတွက် နော်မန်တိုလည်းလက်ခံလိုက်ရတယ်။နှစ်တွေကြာလိုမိထွေးဖြစ်သူကိုပြောင်းလဲသွားမယ်လိုထင်ခဲ့ပေမယ့်တကယ်တမ်းမှာ ထင်ထားသလိုဖြစ်မလာတဲ့အခါမှာတော့....... File size…1.01GB / 517MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Front Room (2024)

The Devil Wears Prada (2006) 6.9
The Devil Wears Prada (2006) The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ...
movie

The Devil Wears Prada (2006)