Channel Myanmar

Tony Robinow

Arrival (2016) 7.9
Arrival (2016) Arrival (2016)IMDb Rating (7.9) / Rotten Tomatoes (94%) Mystery/Science fictionArrival ဆိုတာ လေဆိပ်မှာဆိုရင်တော့ ဆိုက်ရောက်ပေါ့ဗျာ..ဒီဇာတ်ကားထဲမှာလဲ တစ်စုံတစ်ဦးက တစ်နေရာရာကို ဆိုက်ရောက်လာတာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုမြင်တွေ့ရမှာပါ။အမှန်ပြောရရင် ကျွန်တော်ဒီကားကို Trailer လည်းမကြည့်ဖြစ်တော့ ဇာတ်ကားမကြည့်ခင်အထိ အာကာသနဲ့ ပတ်သက်တဲ့ ဇာတ်ကားလို့ပဲထင်ခဲ့ဖူးတယ်။ တကယ်တမ်းမှာ ကမ္ဘာမြေကို ရောက်ရှိလာတဲ့ ဧည့်သည်တွေနဲ့ ပတ်သက်တဲ့ ဇာတ်ကားဖြစ်နေတာပါ။.. ဇာတ်ကားအမျိုးအစားကို Mystery/Science fiction လို့ ဖော်ပြကြပေမယ့် ကျွန်တော်ကတော့ Drama ဇာတ်ကားကောင်းတစ်ကားကို ကြည့်ခွင့်ရလိုက်တယ်လို့ပဲ ခံစားရပါတယ်။Director Denis Villeneuve က ရိုက်ကူးပြီး မင်းသမီး Amy Adams နဲ့ မင်းသား Jeremy Renner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့….Dr. Louise Banks ရဲ့ ဘဝဇာတ်ကြောင်းနဲ့ အစပြုထားပါတယ်။ သူမက ကလေးငယ်တစ်ဦးရဲ့ မိခင်တစ်ယောက်ဖြစ်ပြီး ...
movie

Arrival (2016)

2016
4K HEVC
Martyrs (2008) 7.0
Martyrs (2008)   သေဆုံးခြင်းနောက်ကွယ်က တမလွန်ဘဝဟာ ဘယ်လိုရှိမယ်ဆိုတာ မိတ်ဆွေတို့ တွေးကြည့်ဖူးကြလားခင်ဗျ။ ဘာသာတိုင်းမှာ သေလွန်ပြီးရင် ရောက်ရှိမယ့် နိဗ္ဗာန်၊ ကောင်းကင်ဘုံ၊ ငရဲ၊ နတ်ပြည်၊ ဗြမ္မာပြည် အစရှိသဖြင့် ဘုံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းတွေးကြည့်ရင် သေခါနီးအသက်ငင်နေချိန်မျိုးမှာ လူတွေဘာမြင်ရမလဲ သေဆုံးခြင်းက အဆုံးသတ်လား၊ ဒါမှမဟုတ် စတင်ခြင်းလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။ဒီဇာတ်ကားအစမှာတော့ လူစီဆိုတဲ့ကလေးမလေးဟာ ဒဏ်ရာဒဏ်ချက်ဗရပွနဲ့ ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ ထွက်ပြေးလာပြီး လူတွေက တွေ့ရှိရာကနေ စတင်ထားပါတယ်။ သူမကို မုဒိန်းကျင့်ထားတာမျိုးတော့မရှိပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြတ်သပ်နေအောင် နှိပ်စက်ထားပါတယ်။ ဒီလိုနှိပ်စက်မှုမျိုးကြောင့် စိတ်ဒဏ်ရာရရှိသွားတဲ့ လူစီဟာ တစ်ကယ်မရှိတဲ့သရဲလိုလိုအကောင်ကို မြင်နေရပြီးတော့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာမျိုးတွေ ရှိလာပါတယ်။ဒီလိုနဲ့ သူမကို တွေ့ရှိပြီးတဲ့နောက်မှာ မိဘမဲ့ဂေဟာတစ်ခုကို ပို့လိုက်တဲ့အခါမှာ အန်နာဆိုတဲ့ကောင်မလေးနဲ့ ခင်မင်သွားပါတော့မယ်။ ဆယ့်ငါးနှစ်အကြာမှာတော့ လူစီဟာ သူမကိုနှိပ်စက်ခဲ့တဲ့လူကို ခြေရာခံနိုင်ခဲ့ပြီး တစ်မိသားစုကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ပြီးတာနဲ့ သူဟာ အန်နာကို ...
movie

Martyrs (2008)