Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tony Luke Jr.
6.6
The Mighty Macs (2009)
The Mighty Macs (2009)IMDb - 6.6ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~The Mighty Macs(2009) ကတော့ Spy Kidမင်းသမီး Carla Gugino နဲ့ Oscarဆုရှင် Ellen Burstyn မှသရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် sport drama လေးဖြစ်ပါတယ်။ ကေသီရက်က အားကစားသမားဘဝကနေအနားယူပြီး NBAဒိုင် ယောကျာ်းဖြစ်သူကိုပဲ အားပေးနေရပါတယ်။ သူမက တနေ့မှာတော့ ကတ်သလစ်ကျောင်းလေးက အမျိုးသမီးဘတ်စကတ်ဘောအသင်းအတွက် နည်းပြနေရာလျှောက်လိုက်ပြီး အင်တာဗျူးအခေါ်ခံရရာကနေ ဇာတ်လမ်းလေးကစပါတယ်။ အသင်းသားတွေဟာ ပစ္စည်းကိရိယာတောင်စုံစုံလင်လင်မရှိတဲ့အခြေအနေထဲမှာ အသင်းကြီးတွေနဲ့ရင်ဆိုင်ရပြီး တခုထဲသောပိုင်ဆိုင်မှုဖြစ်တဲ့ မျှော်လင့်ချက်ပျောက်ဆုံးခါနီး အခြေအနေဖြစ်လာပါတယ်။ ဒီအချိန်မှာ Sister Sunday ဆိုတဲ့ စစ်စတာက လက်ထောက်အဖြစ်လုပ်ပြီး ကူညီပေးဖိုသဘောတူလိုက်ပါတယ်။ ဒီ့အပြင်မှ စီးပွားရေးယိုင်နဲ့ပြီး ကျောင်းကို သမိုင်းဝင်အမွေအနှစ်အဖြစ် ရောင်းရတော့မယ့်အခြေအနေမှာ ဘယ်လိုရင်ဆိုင်သွားမလဲ။ ကတ်သီရက်ရဲ့ တင်းကြပ်တဲ့ နည်းပြမှုအောက်မှာရော အသင်းသားတွေ တောင့်ခံနိုင်ပါ့မလား။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အမြင်ကျဥ်းသေးတဲ့ ...
movie
The Mighty Macs (2009)
Return to Sleepaway Camp (2008)
ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို Return to SleepawayCamp(2008)ဆိုတဲ့ ဇာတ်ကားကောင်းလးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာ နွေရာသီလေ့ကျင့်ရေးစခန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ Robert Hiltzikကရိုက်ကူးပုံဖော်ထားပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ကောင်လေး အာလန်အဖြစ်Michael Gibney,နွေရာသီလေ့ကျင့်ရေးစခန်းရဲ့ ပိုင်ရှင်ဖြစ်သူဖရန့်ခ်အဖြစ် Vincent Pastore,အကြံပေးခေါင်းဆောင်ရွန်နီအဖြစ်မင်းသားကြီးPaul DeAngeloနဲ့ ကာရန်အဖြစ်မင်းသမီး ErinBroderick ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းဟာ နွေရာသီလေ့ကျင့်ရေးစခန်းတစ်ခုလုံးရဲ့ ချဉ်ဖတ်ဖြစ်သူအမြဲတမ်းအနိုင်ကျင့်ခံရတဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တစ်ရွာလုံးနဲ့ ငါ့ကြီးတော်ဖြစ်နေပုံနဲ့စတင်ထားပါတယ် အဲ့နောက်ထူးဆန်းစွာပဲအာလန်ကိုအနိုင်ထက်စီးနင်းပြုကျင့်တဲ့ သူတွေဟာ တစ်ယောက်ပြီးတစ်ယောက်စပြီး အသတ်ခံရပါတယ် ပထမမီးဖိုချောင်အကူကောင်လေးမစ်ကီ နောက်ပြီးတစ်ယောက်ပြီးတစ်ယောက်တိုးပွားလာပေမယ့်သတ်တဲ့သူကိုအဖြေမထုတ်နိုင်ဖြစ်နေပါတယ် စခန်းရဲ့အကြံပေးခေါင်းဆောင်ဖြစ်တဲ့ရွန်နီကတော့ အရင်ကစခန်းမှာ လူတွေကိုလိုက်သတ်ခဲ့တဲ့ အန်ဂျယ်လ်လာဆိုတဲ့သူပြန်ရောက်နေပြီလို့ထထစ်ချပြောပေမယ့် ပိုင်ရှင်ဖရန်ခ့်ကတော့ မသိသလိုဟန်ဆောင်နေပါတယ် ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရတဲ့အ ချိန်မှာတော့ လူသတ်သမားကိုစုံစမ်းကြပါတော့တယ် စခန်းကလူတွေအားလုံးကတော့ လူသတ်သမားဟာ သူတို့ကိုအမြဲတမ်းကြုံးဝါးနေတဲ့အာလန်ဆိုတဲ့ကောင်လေးပဲလို့ ယုံကြည့်နေကြပါတယ် ကြည့်ရှုသူပရိတ်သတ်ကြီးလည်း လူသတ်သမားကဘယ်သူဖြစ်မလဲ အနိုင်ကျင့်ခံရပြီးတိုင်းမင်းတို့အားလုံးကို ငါသတ်ပစ်မယ်လို့ အမြဲကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့ကောင်လေးလား အာလန်အနိုင်ကျင့်ခံရတဲ့ အချိန်တန်တိုင်းမှာပေါ်လာပြီးအာလန်ဖက်မှာ အမြဲတမ်းရပ်တည်ပေးနေတဲ့ ပီတီဆိုတဲ့ကောင်မလေးလားဒါမှမဟုတ် ...
movie
Return to Sleepaway Camp (2008)
6.3
10th & Wolf(2006)
ကလေးဘဝမှာ မာဖီးယားဂိုဏ်းဝင်အဖေဖြစ်သူ သေနတ်နဲ့အပစ် ခံရပြီးသေဆုံးသွားတာကို မြင်ခဲ့ရတဲ့ တွမ်မီတစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာမရိန်းတပ်ထဲကိုဝင်သွားခဲ့ပြီး အရှေ့အလည်ပိုင်းစစ်ပွဲမှာတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာဏာရှင် ဆက်ဒမ် ကိုဒီတိုင်းလွှတ်ပေးခဲ့တဲ့အတွက် မကျေနပ်ဖြစ်ပြီးသူကိုယ်တိုင်းသွားရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ကာနယ်ရဲ့ဂျစ်ကားကိုခိုးပြီး သွားခဲ့ပေမဲ့လည်းလမ်းမှားပြီးကူဝိတ်မြို့နားမှာ ပြန်အဖမ်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်နှစ်ယောက်က မူးယစ်ရာဇာလူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ရက်ဂျီယိုကို ကူညီပြီဖမ်းပေးမယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အပြင် သူ့ရဲ့ဝမ်းကွဲအကိုဖြစ်ပြီး အခုချိန်မှာလူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့ ဂျိုဝီကိုလည်း ဖမ်းဖို့ခြိမ်းခြောက်လာခဲ့တာကြောင့်ကူညီပေးဖို့လက်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ပဲ ရက်ဂျီယိုကိုဖမ်းနိုင်ဖို့အတွပ် တွမ်မီတစ်ယောက် သူ့ရဲ့မွေးရပ်မြေကိုပြန်သွားရပြီးဝမ်းကွဲအကိုဖြစ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဂျိဝီနဲ့ ပြန်ဆုံတွေ့ကြရင်းအက်ဖ်ဘီအိုင်တွေက သူ့ရဲ့ဝမ်းကွဲအကို ကိုတင်မဟုတ်ပဲ သူ့ရဲ့ညီလေးဗင်းဆင့်ကိုပါ ဝှက်ဖဲအနေနဲ့ကိုင်ထားမှန်းသိရှိလိုက်ရတဲ့အခါမှာ တွမ်မီတစ်ယောက်ရက်ဂျီယိုကိုပဲအမိဖမ်းနိုင်မလား၊ ဒီလိုအလုပ်တွေမလုပ်ပါဘူးဆိုတဲ့ သစ္စာကိုရောဖောက်ဖျက်မိမှာလား၊ သူ့ရဲ့ဝမ်းကွဲအကိုနဲ့ ညီကိုရော ကယ်တင်နိုင်မလားဆိုတာကိုအကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှုလိုက်ပါဦးဗျ။အမေရိကန်က အီတလီဂိုဏ်းတွေနဲ့ မာဖီးယားဂိုဏ်းအကြောင်းတွေရောပါဝင်တာမလို့ ဒီလို လူဆိုးဂိုဏ်းရုပ်ရှုင်ကားမျိူးတွေလွမ်းနေတဲ့လူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…1.81GB / 609.2MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
10th & Wolf(2006)