Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tony Bentley
6.2
Hateship Loveship (2013)
Hateship Loveship (2013) *************************IMDb - 6.2ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ Hateship Loveship လို့ အမည်ရပြီး နိုဗယ်ဆုရ စာရေးဆရာမ Alice Munro ရဲ့ “ Hateship friendship courtship loveship marriage “ လို့ အမည်ရတဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Caregiver တစ်ယောက်ဖြစ်တဲ့ Johanna Perry ဟာ လက်ရှိ သူပြုစုနေတဲ့ အဘွား ဆုံးပါးသွားတဲ့အခါ အဘွားရဲ့ အဆက်အသွယ်နဲ့ပဲ နောက်တစ်အိမ်ကို ရောက်ခဲ့ရပါတယ်။ အဲဒီအိမ်ကတော့ အဘိုးဖြစ်သူ McCauley နဲ့ မြေးမလေး Sabitha တို့ရဲ့ အိမ်ပဲဖြစ်ပါတယ်။Sabitha ရဲ့ အဖေ Ken ဟာ ထောင်ထွက်ဆေးသမားတစ်ယောက်ဖြစ်တဲ့အပြင် ယောက္ခမဖြစ်တဲ့ McCauley နဲ့လည်း တကျက်ကျက်ပါပဲ ။ အဲဒီကြားထဲမှာမှ ခပ်ဆိုးဆိုး ဆယ်ကျော်သက်ကလေးမလေး နှစ်ယောက်ဖြစ်တဲ့ ...
movie
Hateship Loveship (2013)
5.7
The Last Exorcism (2010)
2010 ခုနစ်မှာ ထွက်ရှိခဲ့တဲ့ “The Last Exorcism”ဆိုတဲ့မှတ်တမ်းရုပ်ရှင်လေးတစ်ခုကတော့စုစုပေါင်း ဆု7ဆုရရှိခဲ့ပြီး 10ဆုစာရင်းဝင်ခဲ့ပါတယ်။အောင်မြင်မှုအများကြီးရရှိခဲ့တဲ့ ကားတစ်ကားဖြစ်လို့ Budget အနည်းငယ်သာထုတ်သုံးထားပေမယ့် အဆပေါင်းများစွာ မြတ်ခဲ့ပါတယ်။အဓိကဇာတ်ဆောင် “ရဗရန် ကော်တန် မားကပ်စ်”ဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ဖာသာတစ်ဦးရဲ့ ဘာသာရေးအပေါ်မင်္သကာသံသယဝင်မိတဲ့စိတ်ကူးပေါ်မှာ အခြေခံမှီငြမ်းထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ “မားကပ်စ်”ဟာ နှစ်ပေါင်းများစွာလူတွေကို နတ်ဆိုးဖယ်ရှားတဲ့ အတတ်ပညာနဲ့လှည့်စားခဲ့ပေမယ့်သူ့အတွက်နောက်ဆုံးလို့သတ်မှတ်ထားတဲ့နတ်ဆိုးနှင်မှုမှာတော့ “မားကပ်စ်” တစ်ယောက်တစ်ခါမှမကြုံဖူးတဲ့ဖြစ်ရပ်မျိုး ကြုံတွေ့လာပါတော့တယ်။လူတွေရဲ့ကြောက်ရွံ့မှုတွေကို ခုတုံးလုပ်ပြီး အလွဲသုံးစားလုပ်တဲ့ဘာသာရေးလှည့်စားမှုတွေကို ဝေဖန်ထားတဲ့ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားသလို သရဲကားထပ်ပိုကြောက်ဖို့ကောင်းတဲ့ found footage မျိုးဖြစ်တဲ့အတွက်ယခုချိန်ထိ ကြောက်စရာအကောင်းဆုံး horror ရုပ်ရှင်တစ်ခုအဖြစ်သုံးသပ်သူတွေရှိနေတုန်းပါပဲ။ အဓိကဇာတ်ဆောင်မင်းသမီးအပူးခံရတဲ့အခန်းမှာဆိုရင်လည်း CGI လုံးဝမသုံးထားဘဲသူမကိုယ်တိုင် ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်သွားတာကို တွေ့ရမှာပါ။ပုံမှန်သရဲနှင်ကားတွေနဲ့မတူတဲ့ ရူထောင့်ကနေရိုက်ကူးထားတာဖြစ်တဲ့အပြင်အလှည့်အပြောင်းတွေအများကြီးပါဝင်တဲ့ အဆုံးသတ်က ကြည့်ရူသူတွေကိုတွေးပြီးရင်းတွေးနေစေမှာမို့ ဘဝမှာ တစ်ခါလောက်တော့ကြည့်ဖူးသင့်တဲ့ကားထဲမှာ ပါတယ်လို့ပြောချင်ပါတယ်။Review တွေထဲမှာ အကြံပေးထားတာကတော့ အဆုံးထိကြည့်ပြီးအစကနေနောက်တစ်ခေါက်ပြန်ကြည့်မယ်ဆိုရင်ဒါရိုက်တာအသေးစိတ်ထည့်သွင်းထားတဲ့ သဲလွန်စတွေရှေ့ပြေးနိမိတ်တွေအားလုံးကို ကွက်ကွက်ကင်းကင်းနားလည်သွားမှာပါတဲ့။ File size… 1.9 GB / 900 MB Quality… ...
movie
The Last Exorcism (2010)
6.2
Broken City (2013)
Broken City (2013)IMDb Rating - 6.1/10မင်းသားကြီး Russell Crowe နဲ့ Mark Wahlberg တို့ပါဝင်တဲ့ သည်းထိပ်ရင်ဖို မှုခင်းဇာတ်ကားကောင်းပါလူသတ်မှုတခုအတွက် စွပ်စွဲခံခဲ့ရပေမယ့် မြို့တော်ဝန်ရဲ့ တာဝန်ခံမှုနဲ့ တရားရုံးပေါ်ကို သက်သေတွေ မရောက်လာမှုတို့ကြောင့်လွတ်မြောက်ခဲ့တဲ့ ရဲဖြစ်သူ ဘီလီဟာ အလုပ်ကထွက်ပြီး အလွတ်စုံထောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေပါတယ်....မြို့တော်ဝန်ဟာ ဘာမဆိုလက်ရဲဇက်ရဲ လက်သိပ်ထိုးဖြေရှင်းပြီး ကွက်ကျော်ရိုက်သူဆိုတာ သူအဲ့ကတည်းက ရိပ်မိနေခဲ့ပါတယ်။နှစ်တွေကြာခဲ့ပြီးနောက်မှာတော့ မြို့တော်ဝန်က သူ့ကိုအလုပ်တစ်ခုအပ်ဖို့ ခေါ်ခဲ့ပါတယ်....ဒါကတော့ မြို့တော်ဝန်က သူ့မိန်းမက ဖောက်ပြန်နေတယ်လို့ ယူဆပြီး ဘီလီ့ကို သတင်းလိုက်နှိုက်ခိုင်းပြီး စုံစမ်းခိုင်းတာပါ။ဒီလိုနဲ့ ကိစ္စတွေဆက်စပ်မိရင်း မြို့တော်ဝန်ဟာ ရွေးကောက်ခံဖို့ကိစ္စတွေ လာဘ်စားဖို့ကိစ္စတွေကအစ မိသားစုကိစ္စအဆုံး အကုန်လုံးမှာ ကလိမ်ကကျစ်ကျထားတာကိုဘီလီတယောက် အနံ့ရသွားတဲ့အခါမှာတော့....သူကိုယ်တိုင်ဒီပြသနာတွေထဲမှာ ဓားခုတ်ရာ လက်ဝင်လျှိုမိသွားပြီဆိုတာ သိတဲ့အခါမှာတော့...။ File size…(1.9 GB )/(920 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:49:00 Subtitle….Myanmar Subtitle ...
movie
Broken City (2013)
6.3
Pride (2007)
ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ ...
movie
Pride (2007)
5.0
Joe Dirt 2: Beautiful Loser (2015)
ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Joe Dirt 2: Beautiful Loser (2015)
Don’t Kill It (2016)
Don't Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲတစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါကဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလိုလူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေကမကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့်ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်းဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလိုမဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကိုမသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီးတစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie
Don’t Kill It (2016)
5.7
Texas Killing Fields(2011)
၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size… 1.69GB / 771MB Quality… Blu-Ray 1080p ...
movie
Texas Killing Fields(2011)
2011
7.8
The Big Short (2015)
The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie
The Big Short (2015)
8.1
12 Years a Slave (2013)
12 Years a Slave (2013) IMDb - 8.1/10_____Rotten - 95% Won 3 Oscars. Another 238 wins & 335 nominations ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။ ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ အကျော်ကြားဆုံးကတော့ "Gone With the Wind " လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့ တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့ ၁၉ရာစုရဲ့အရောင်းရဆုံစာအုပ် " Uncle Tom's Cabeint" အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ ယခုကားရဲ့ မူလဘူတ " 12yearsAslave"ဆိုတဲ့ စာအုပ် စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve ကတော့ Biography တစ်ပုဒ်ပါတဲ့။ ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက် မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့ 12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့... ဟိုအရင်များဆီတုန်းက.... အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ Solomon Northupဆိုတဲ့ လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့ လှည့်ဖျားပြီး ...
movie
12 Years a Slave (2013)
2013
6.5
Hours (2013)
Hours ဆိုတဲ့ ဇာတ်ကားကတော့ Director : Eric Heisserer ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ Drama , Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ IMDb Rating - 6.5/10 RottenTomatoes - 60% ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး PAUL WALKER က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဖခင်ဆိုသည်မှာ သူတစ်ယောက်တည်းဆိုရင် ကြောက်ချင်ကြောက်မယ် ရှောင်ပုန်းရင်ရှောင်ပုန်းမယ် ဒါပေမယ့် သူတို့ချစ်ရတဲ့သားသမီးတွေနဲ့ပတ်သက်လာတဲ့အခါမှာတော့ ဖခင်ဆိုသောသူတွေက လောကကြီးကိုတောင် ရင်ဆိုင်ပြီး ပြောင်းပြန်လှန်ပစ်ကြတတ်သူမျိုးတွေပါ.... ***ဇာတ်လမ်းအညွှန်း***ဇာတ်လမ်းကတော့ Nolan Hayes ဆိုသောအမျိုးသားတစ်ယောက်က သူ့မိန်းမ ကလေးမွေးဖွားခါနီးဖြစ်တာကြောင့် ဆေးရုံသို့အချိန်မှာ ပို့ဆောင်ခဲ့သော်လည်း ကလေးအသက်မှီပေမယ့် သူ့မိန်းမအသက်ကိုတော့ မမှီခဲ့ပေ။ ဒီ့ထက်ဆိုးတာကတော့ သူ့ရဲ့ကလေးဟာ မွေးရာပါ အသည်းပြဿနာကြောင့် ဆေးရုံမှာ အသက်ရှု အဟာရဖြည့်သွင်းစက်နဲ့ အသက်ဆက်နေရပါတယ်။တစ်နေ့မှာတော့ သူ့ကလေးဆေးရုံတင်ထားရာ New Orleansမြို့သို့ လေပြင်းမုန်တိုင်း Hurricane အပြင်းအထန်တိုက် ခတ်ပြီး လေကြီးမိုးကြီးဖြစ်တာကြောင့် လူတိုင်းက လူနာကိုယ်စီခေါ်ပြီး ထိုဆေးရုံရှိရာ New Orleans မြို့မှ ထွက်ခွာကြကုန်ပါတယ်။ဒါပေမယ့် Nolan Hayes တစ်ယောက် သူ့သမီးဖြစ်သူကလည်း ဆေးပိုက်သွင်းတာကို မိနစ်ပိုင်းတောင် ဖြုတ်ထားလို့မရတဲ့ အခါမှာဆိုရင်တော့ Nolan Hayes တစ်ယောက်ရွေးချယ်စရာနှစ်ခုသာရှိပါတော့တယ်... သူ့သမီးကို ထားခဲ့ပြီးထိုမြို့မှထွက်မလား.... သူ့သမီးနဲ့ထိုဆေးရုံမှာပဲနေပြီး သူ့သမီးအသက်ကိုကယ်ဖို့လုပ်မလား.... သူဘယ်လိုပဲရွေးချယ်ပါစေ Hurricane မုန်တိုင်းကတော့ သနားတတ်မည်မဟုတ်ပေ... ဘယ်လိုတွေ ရွေးချယ်ပြီးဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ File ...
movie
Hours (2013)
2013
5.6
Billionaire Boys Club (2018)
" The Wolf of Wall Street " နဲ့ "The Wizard of Lies " တို့ကို သတိရသွားစေမယ့် ဇာတ်ကားတစ်ကားထွက်ရှိလာခဲ့တယ် ။ အဲဒီဇာတ်ကားရဲ့ နာမည်က Billionaire Boys Club ပါ ။ ဒီဇာတ်ကားဟာ 1980 ခုနှစ် အစောပိုင်းကာလက တကယ့်ဖြစ်ရပ်မှန်ပေါ်ကို အခြေခံထားပြီး 1987 မှာလည်း ဒီနာမည်နဲ့ပဲ ဇာတ်ကားထွက်ရှိခဲ့ဖူးပါတယ် ။ပထမဇာတ်ကားကို မကြည့်ဘူးတော့ ဒီရုပ်ရှင်ဟာ ပိုကောင်းလာသလား ၊ ညံ့သွားသလား ၊ ဘာတွေကွဲပြားသွားသလဲ ဆိုတာကိုတော့ မသိပါဘူး ။ ဒီဇာတ်ကားကိုကြည့်ဖြစ်တဲ့ အကြောင်းရင်းက နာမည်ကိုက ဆွဲဆောင်မှုရှိနေတာကြောင့်ပါ ။ နောက်ပြီး ဒီဇာတ်ကားမှာ ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကြောင့်လည်း ကြည့်ဖြစ်သွားခဲ့ပါတယ် ။ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Ansel Elgort ...
movie
Billionaire Boys Club (2018)
2018
8.0
Dallas Buyers Club (2013) IMDb - 8.0 /10___________Rotten - 93% Won 3 Oscars. Another 82 wins & 82 nominations.1984ခုနှစ်ကျော်ကာလက ရောဂါဆန်းတွေ ကမ္ဘာကြီးထဲကို ထဲထဲဝင်ဝင် ရောက်ရှိလာသည့် နှစ်ကာလတွေဟု ပြောရမည်။အမေရိကလို အထူးလွတ်လပ်စွာနေထိုင်ခွင့်ရနိုင်သည့် လူတန်းစားတွေကြားမှာ လူတွေပဲ သတ်မှတ်ထားသည့် ကောင်းမှု ။မကောင်းမှု တွေအား အလွယ်တကူ ရရှိခံစားနိုင်သော အချိန်ကာလမှာ အေ့အိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသည့် အိတ်ချ်အိုင်ဗွီ ဗိုင်းစ်ရပ်ပိုးကလေးတွေကလည်း လူသားတွေကြားကို တိုးဝင်ရောက်ရှိလာသည်။ယခုနှစ်ကာလများသည် အေအိုင်ဒီအက်စ် ခေတ်ဦးလို့ ဆိုရမည်။လူတန်းစားအကြား ဖြစ်ပွားလာချိန်မှာ ဆေးသိပ္ပံအဖွဲ့အစည်းတွေအတွက် အထူးခေါင်းခဲရသော အချိန်ကာလများဖြစ်နိုင်သည်။လိင် အပျော်အပါး။မူးယစ်ဆေးဝါးစတဲ့ စိတ်လွတ်လပ်မှု ကို အထောက်အကူပြု သော ယင်းအချက်အလက်များနှင့် လွတ်ကင်းနိုင်ဖွယ်မရှိသည့် လူတန်းစားတွေကြားကို ချက်ချင်းပျံ့နှံ့လာသည်။ထဲထဲဝင်ဝင် ထိန်းချု ပ်တားဆီးလို့ရမည့် ဆေးတွေလည်း မရှိသေး။လူတွေလည်း တစ်ဖြု တ်ဖြုတ်သေကုန်သည်။ဆေးရုံအများစုတွင်လည်း ...
movie
Dallas Buyers Club (2013)
2013