Channel Myanmar

Tony Amendola

Lone Star (1996) 7.4
Lone Star (1996)  နိုင်ငံရေး၊ လူမျိုးရေး၊ စစ်ရေးတွေနဲ့ အမြဲတမ်း အငြင်းပွားနေရတဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ် တက္ကဆက်ပြည်နယ် ရီယိုကောင်တီမှာ သေတာဘယ်လောက်ကြာနေမှန်းမသိ၊ ဘယ်သူဘယ်၀ါဖြစ်မှန်းမသိတဲ့ အလောင်းတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။ ထိုနယ်က ရဲအရာရှိဆမ်ဒိ့စ်ဟာ အမှုကို ကိုယ်တိုင်ကိုင်ခဲ့တယ်။ ဆမ်ဒိ့စ်ဟာ အရင်အရာရှိဟောင်း ဘက်ဒီဒိ့စ်ရဲ့သားဖြစ်ပြီး အဖေ့ခြေရာကို လိုက်မမီသူလို့အမြဲအပြောခံနေရသူ။ ဘက်ဒီဒိ့စ်ဟာ လူဖြူ၊ လူမည်း၊ မက္ကဆီကန်တွေကြားထဲမှာ ဂန္တ၀င်သူရဲကောင်းကြီးဖြစ်ပြီး သူ့ဇနီးကိုလည်း သူတော်စင်မလိုထင်စားကြတယ်။ အားလုံးက ချစ်ခင်လေးစားတဲ့ ဘက်ဒိဒိစ့်ကို မုန်းတီးကာမယုံကြည်သူကတော့ ဆမ်ဒိ့စ်ပါ။အရိုးစုတစ်ခုရှာတွေ့ရာကနေစပြီးတော့ နှစ်ရှည်လများ ဖုံးကွယ်နေခဲ့တဲ့အမှန်တရားတွေ၊ အရာအားလုံး၊ လူတိုင်းနဲ့ ဆက်စပ်မှုရှိနေတာတွေ အေးအေးငြိမ်ငြိမ်နဲ့ ‌ပရိသတ်ရဲ့ကိုဆွဲဆောင်သွားပြီးတော့ plot twist အကြမ်းစားနဲ့ ရှော့ခ်ရစေ‌မယ့် ဇာတ်‌ကားကောင်းတစ်ကားပါ။ File size…(7.4 GB)/(2.7 GB)/(940 Mb) Quality….Blu-Ray 4KHEVC/1080p / 720p Format… mp4 Duration…. 02:15:00 Genre... Drama, Mystery, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

Lone Star (1996)

The Mask of Zorro (1998) 6.8
The Mask of Zorro (1998) The Mask of Zorro (1998) IMDb Rating (6.8) / Rotten Tomatoes (84 %)၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တကယ်ကြည့်သင့်တဲ့ကားမျိုးဖြစ်ပါတယ်။ စပိန်မင်းသား Antonio Banderas ရဲ့ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Catherine Zeta‑Jones ရဲ့အလှအပကိုလည်း ခံစားနိုင်မှာပါ။ Sir ဘွဲ့ရ မင်းသားကြီး Anthony Hopkins နဲ့ Stuart Wilson တို့က ဇာတ်ကိုဆွဲခေါ်နိုင်တာကြောင့် ဇာတ်လမ်းဆုံးတဲ့အထိ မထတမ်းကြည့်စေချင်မယ့် ကားမျိုးပါ။ Steven Spielberg က ထုတ်လုပ်သူအဖြစ် တာဝန်ယူခဲ့တာကြောင့် မကောင်းမှာမပူရပါဘူး။ဇာတ်လမ်းကတော့....၁၈၂၁ ခုနှစ်မှာ အခုအမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ဟာ စပိန်လက်အောက်ခံပြည်နယ်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကို မက္ကဆီကိုနဲ့စပိန်တို့က တလှည့်စီအုပ်စိုးနေကြတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ ကာလီဖိုးနီးယားကို စပိန်တွေလက်ထဲက မက္ကဆီကိုဗိုလ်ချုပ်ကြီး ဆန်တာအန်နာက ပြန်သိမ်းတော့မှာကြောင့် စပိန်မြို့တော်ဝန် ဒွန် ရာဖေယဲလ် မွန်တယ်ရို ...
movie

The Mask of Zorro (1998)

4K HEVC
The Legend of Zorro (2005) 6.0
The Legend of Zorro (2005)  ဇောရိုးကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ်။ တခြားလူတွေအတွက်တော့ ဒီ ဇာတ်ကောင်ကဘယ်လိုလဲမသိပေမယ့် ကျွန်တော့်အတွက်တော့ DC တို့ Marvel တို့က ဟီးရိုးဇာတ်ကောင်တွေ မတိုင်ခင်မှာ ကိုယ့်အတွက် အရင်ဟီးရိုးဖြစ်ခဲ့တဲ့သူပါပဲ။ ဇောရိုးက Batman နဲ့တော့ခပ်ဆင်ဆင်ပါပဲ။ သူကတော့ Duelist ဓါးသမားပုံစံမျိုးဖြစ်သွားတာပေါ့လေ။ မျက်နှာအပေါ်ပိုင်းကို မျက်နှာဖုံးတပ် ဦးထုပ်အဝိုင်းတစ်လုံးနဲ့ rapier ဓါးတစ်ချောင်းဆောင်ထားတဲ့ ခပ်မိုက်မိုက်ပုံစံနဲ့ ဇောရိုးကို အလွမ်းပြေပြန်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကြောင်းလေးမပြောခင်မှာ နည်းနည်းပြောပြပေးချင်တာကတော့ အမေရီကန် ပြည်တွင်းစစ်အကြောင်းပါ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်း ကွန်ဖက်ဒရိတ်နဲ့ မြောက်ပိုင်း ယူနီယံ တို့ရဲ့စစ်ပွဲဖြစ်ပါတယ်။ မြောက်ပိုင်းက ကျွန်စနစ်ပပျောက်ရေးဖြစ်ပြီး တောင်ပိုင်းကတော့ ကျွန်စနစ်ကို ဆက်လက်ကျင့်သုံးချင်ကြတဲ့အပိုင်းဖြစ်ပါတယ်။ ဒီကားကိုတော့ ပြည်တွင်းစစ်မဖြစ်ခင် ကာလတစ်ခုမှာ အချိန်ယူထားတာပါ။ပြည်တွင်းစစ်အကြောင်းကတော့ ဒီလောက်လေးသိထားရင်ကို အဆင်ပြေပါပြီ။ ဒီကားထဲမှာတော့ ဇောရိုးတစ်ယောက် သူ့ရဲ့ပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားက ပြည်ထောင်စုထဲ ပါဝင်မှာကို ကူညီပေးနေတာကို တွေ့ရမှာပါ။ ပြီးတော့ ဇောရိုးရဲ့ မိသားစုဘဝကိုလည်း ဒီကားထဲမှာ ...
movie

The Legend of Zorro (2005)

2005
4K HEVC
Spin the Bottle (2024) 5.5
Spin the Bottle (2024)  Horror ပရိသတ်ကြီးအတွက် အခုလတ်တလောကမှ ပူပူနွေးနွေးထွက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ သူငယ်ချင်းတစ်ဖွဲ့က မြေတိုက်ခန်း တစ်ခုထဲမှာပုလင်းလှည့်တဲ့ ကစားနည်း ကစားတာနဲ့ အစပျိုးထားပါတယ်။အုပ်စုထဲက ဝိုင်းပြီး အနိုင်ကျင့်နေကျ ကောင်မလေးရဲ့ အိမ်မှာလူကြီးတွေ မရှိချိန်ကို အဖွဲ့လိုက် လာကစားကြတာပါ။ကောင်မလေးရဲ့ အဖေက နတ်ဆိုးတွေကို ကိုးကွယ်ပူဇော်တယ်ဆိုပြီးသတင်းကြောင့် မယုံကြည်ကြတဲ့ သူငယ်ချင်းတွေက လူကြီးတွေမရှိချိန်ကို ပူဇော်တဲ့အခန်းထဲကို လာပြီး ဝင်ကြည့်ကြတာ ဖြစ်ပါတယ်။ပုလင်းလှည့်ကစားရင်း သူတို့ ဝိုင်းအနိုင်ကျင့်တဲ့ ကောင်မလေးအလှည့်ရောက်တဲ့ အချိန်မှာတော့....။ပုံမှန် Horror ကားတွေလိုပဲ plot က အရမ်းကြီး ကွဲထွက်နေတာမျိုးမရှိပေမယ့် အပျင်းပြေ ကြည့်ပျော်တဲ့ ဇာတ်ကားလေး တစ်ခုပါ။Jump Scare လေးတွေ ကောင်းသလို သရုပ်ဆောင်တွေကလည်းပီပြင်အောင် သရုပ်ဆောင်နိုင်ကြပါတယ်။Horror Fan တွေဇာတ်ကားကောင်းတစ်ခုလို့ ညွှန်းချင်ပါတယ်။ File size…1.01GB / 688MB Quality…WEB-DL 1080p HEVC / 720p Format…mkv / ...
movie

Spin the Bottle (2024)

Green Lantern: Emerald Knights (2011) 6.7
Green Lantern: Emerald Knights (2011) Green Lantern: Emerald Knights (2011) IMDb - 6.7/10 2011 မှာ ထွက်ခဲ့တဲ့ Green Lantern animation ရုပ်ရှင်ပါ။ ပထမပိုင်းနဲ့ ဇာတ်အိမ်အနည်းငယ် သွေဖီသွားပြီး ဆင်နက်စ်ထရိုကို ဒီကားမှာ လူကောင်းအဖြစ် ပြန်တွေ့ရမှာဖြစ်သလို "First Flight" မှာ သေသွားတဲ့ တိုးမားရီးလဲ ပြန်ပါလာပါတယ်။ဇာတ်လမ်းကတော့ အိုအာကို ဖျက်ဆီးဖို့ သံန္နိဌာန်ချထားတဲ့ ခရိုနာရဲ့ ရန်ကို တားဆီးဖို့ မီးအိမ်စိမ်းတို့ ကြိုးစားကြမှာပါ။ ဇာတ်လမ်းထဲမှာ အယ်ဘင်ဆော်ရ်ရဲ့ ဇာတ်ကြောင်း၊ ကီလိုဝေါ့ဂ်ရဲ့ ဇာတ်ကြောင်း၊ လိုင်ယာရဲ့ ဇာတ်ကြောင်းနဲ့ မိုဂိုရဲ့ ဇာတ်ကြောင်းတို့ကိုလည်း သီးသန့်ပုံစံနဲ့ ပြောပြသွားပါလိမ့်မယ် File size…    1.7 GB /  842 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Green Lantern: Emerald Knights (2011)

New Life (2024)
New Life (2024)  သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အမေရိကန် နယ်စပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မိန်းမငယ်လေး Jessica -- သူ့ဘဝတစ်လျှောက်လုံး လယ်ယာလုပ်ရင်း မြို့သေးသေးလေးမှာ နေခဲ့ရပြီး ချစ်သူနဲ့အတူ လောကကြီးကို မြင်တွေ့ခွင့်ရဖို့ ပျံသန်းတော့မယ့် အချိန် ကံကြမ္မာဆိုးတစ်ခုက ပြေးလွှားရဖို့ ဖြစ်လာတယ်သက်လတ်ပိုင်း အမျိုးသမီး Elsa ကတော့ အော်ပရေးရှင်း fixer တစ်ယောက် - တစ်ကိုယ်တည်းသမားဖြစ်ပြီး အလုပ်ပြီးရင်းအလုပ်လုပ်ရင်း ငြီးငွေ့စရာဘဝကို ပိုင်ဆိုင်ထားသူဆေးစစ်ချက်အရ ASL ခေါ် ကြွက်သားအားနည်းတဲ့ ရောဂါတစ်မျိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေတဖြည်းဖြည်းချင်း ချိနဲ့လာသူက Jessica ကို လိုက်ဖမ်းရတယ်...ဒါတွေနောက်ကွယ်က အကြောင်းရင်းလျှို့ဝှက်ချက်တစ်ခုက ဘာများဖြစ်မလဲ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်းလေးပါ File size…(1.1 GB)/(562 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Thriller, Science Fiction, Horror, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

New Life (2024)

Annabelle (2014) 5.4
Annabelle (2014) 2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ2014 မှာဒီဇာတ်ကားထွက်လာပါတယ်..သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူးCM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်..မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ.အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီးသရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေအတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ...ကြောက်တတ်သူများ..နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ..တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ  File size…  2.41 GB / 1.06 GB /  534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing
movie

Annabelle (2014)

2014
4K HEVC
Shade (2003) 6.3
Shade (2003)  Genre – Crime, Thriller IMDB – 6.3/10သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာမျိုး ကတုံးပေါ် ထိပ်ကွက်တာမျိုးတစ်ပတ်ရိုက်တာမျိုးတွေ သဘောကျသပါ့ဆိုရင်တော့ ဒီ ပိုကာဖဲကားလေးလာပြီဗျို့။ Ocean Trilogy တို့ 21 တို့ Rounders တို့လို လောင်းကစားကို အခြေခံပြီးစိတ်ဝင်စားဖွယ်ရာ ဇာတ်ကွက်တွေ မထင်ထားရလောက်အောင် ဖြစ်သွားတဲ့လှည့်ကွက်တွေနဲ့ ဇာတ်ကားမျိုးတွေ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတာပေါ့။လူတွေကို အယုံသွင်း အားနည်းချက်ကို အခွင့်ကောင်းကိုယူ လူလိမ်ချင်းတောင်နည်းနည်းလျှော့တွက်မိရင် ခံရတာမျိုးတွေကို အပြင်ကနေကြည့်ရင်း အားကျမိတာမျိုးရှိသလို လက်တွေ့ဘဝအတွက်လည်း သင်ခန်းစာရတာတွေလည်း ရှိခဲ့ကြပါတယ်။ကဲ ကြာပါတယ် ဇာတ်ကားအကြောင်း ပြောကြတာပေါ့။ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူးSpoiler တွေ ပါကုန်မှာစိုးလို့ တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းကလှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ...
movie

Shade (2003)

Caged (2021) 4.9
Caged (2021) Caged (2021)============IMDb Rating - 4.9/10အသစ်ထွက်တဲ့ Drama, Horror, Thriller ဇာတ်ကားပါ။ ကျွန်တော်တို့အခေါ်တော့ Psycho ကားလို့ပြောလို့ရတာပေါ့။ ဖောက်ပြန်တဲ့ ဇနီးကိုသတ်တဲ့အမှုနဲ့ ထောင်ကျခံနေရချိန်မှာ တိုက်ပိတ်ခံထားရတဲ့ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ရိတ် ရဲ့ တိုက်ပိတ်ခံရခြင်းအတွေ့အကြုံကို တွေ့ရပါလိမ့်မယ်။ အလုံပိတ်ခန်းထဲမှာ နေရတာ ဘာခက်တာလဲလို့သိချင်ရင် ဒါကိုကြည့်လိုက်ပါ။ သူကတော့ ရက် ၁၀၀ ကျော်နေသွားတဲ့အကြောင်းကို ပြသွားပါတယ်။ တစ်ယောက်တည်း တသီးတခြားနေရင်း ထင်ယောင်ထင်မှားဖြစ်ရပ်တွေနဲ့ တာဝန်ကျအရာရှိရဲ့ နှိပ်စက်မှုတွေကို ကြုံတွေ့ပြီးတဲ့နောက်မှာ ဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်မလား ဒါမှမဟုတ် တိုက်ပိတ်ခံထားရသူ ဦးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်သွားခဲ့တဲ့အတိုင်း ရူးရင်ရူး မရူးရင်သေဆိုတဲ့ အခြေအနေကို ရောက်သွားမှာလား။ ထင်ယောင်ထင်မှားဖြစ်ရပ်တွေ မဟုတ်ဘဲနဲ့ သူတို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ တစ်နည်းအားဖြင့် သတ်ခဲ့တဲ့သူတွေက ပြန်လည်ခြောက်လှန့်တတ်တယ်ဆိုတဲ့ သီးခြားချုပ်ဆောင်ရဲ့ ပါးစပ်ပြောရာဇဝင်အတိုင်း သူသတ်ခဲ့တဲ့ ဒါမှမဟုတ် သူသတ်ခဲ့ပါတယ်လို့ ...
movie

Caged (2021)

2021
The Land Before Time XIV: Journey of the Brave 6.0
The Land Before Time XIV: Journey of the Brave The Land Before Time XIV(2006) =========================== Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါ တယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေ အကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ...
movie

The Land Before Time XIV: Journey of the Brave

2006
The Curse of La Llorona (2019) 5.7
The Curse of La Llorona (2019) လာယိုရို့နာရဲ့ကျိန်စာ ဆိုတဲ့ သရဲကားကို တင်ပေးထားပါတယ်ဒီကားလည်း Conjuring, Anabelle universe မှာ ပါဝင်ပါတယ်။လာယိုရို့နာဆိုတာ မက္ကဆီကိုက သိပ်ကိုချောမောတဲ့ မိန်းမလှလေးပါ။သူ့ခင်ပွန်းရဲ့ဖောက်ပြန်မှုကြောင့် ကလေးနှစ်ယောက်ကို ရေနှစ်သတ်ခဲ့ပြီး ကိုယ်တိုင်လည်း ရေထဲခုန်ဆင်းသွားခဲ့ရတယ်။အဲဒီ အစွဲနဲ့အကုသိုလ်ကြောင့် မိစ္ဆာဝိညာဉ်ဖြစ်လာပြီး သူ့ကလေးတွေအဖြစ်အစားထိုးဖို့ ကလေးတွေရဲ့ အသက်ကို လိုက်နှုတ်ယူနေတာပါ။အင်္ဂလိပ်စာတန်းမထွက်သေးတာကြောင့် ဘာသာပြန်ဖို့ လေးငါးကြောင်း ကျန်နိုင်ပါတယ်။ဒါပေါမယ့် ကြည့်လို့နားလည်မှာပါ။ (Littleneo ဘာသာပြန်သည်) File Size : (800 MB) and (400 MB) Quality : HCHDRip 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.KORSUB.HDRip.x264.AAC2.0-STUTTERSHIT Translated by Littleneo Encoded by THZ
movie


2019