Channel Myanmar

Tommy Lister Jr.

Confidence (2003) 6.6
Confidence (2003)  ဂျိတ်ခ်ဗစ် - လူတိုင်းမျက်ခုံးပေါ်စင်္ကြံလျှောက်ခဲ့တဲ့ ယုံကြည်မှုအပြည်နဲ့ဂွင်သမားလူလိမ်။ အခုချိန်မှာတော့ လူတစ်ယောက်ရဲ့သေနတ်အောက်ကိုရောက်နေပြီး သေရတော့မယ်။ သူသေရမှာက အနားမှာရပ်နေတဲ့ ဆံနီမလေးကြောင်တဲ့။ သေခါနီး တဘ၀လုံးလုပ်ခဲ့တာတွေကို မြင်မိလားမေးတော့ လွန်ခဲ့တဲ့ ၃ ပတ်စာကိုပဲ မြင်မိတယ်တဲ့။လွန်ခဲ့တဲ့ ၃ ပတ်က ဂျိတ်ခ်တို့အဖွဲဟာ ထုံးစံအတိုင်းဂွင်ဖန်ပြီး ငွေညှစ်ယူလိုက်တာ ဒီတစ်ခါတော့ သွားမထိသင့်တဲ့ ဘုရင်ကြီးဆိုသူကိုမှ သွားထိမိတော့ ဘုရင်ကြီးနဲ့ညှိနှိင်းရပြီး ဘုရင်ကြီးအတွက် ဂွင်ကြီးတစ်ဂွင်ဖန်ပေးဖို့ဖြစ်လာခဲ့တယ်။ ဘုရင်ကြီးဖန်ခိုင်းတဲ့ဂွင်ကလည်း အကောင်ကြီးကြီးအမြှီးရှည်ရှည်ဖြစ်နေလေတော့ ယုံကြည်မှုရှိတဲ့ဗစ်တစ်ယောက် ဘယ်လုပ်ဖြစ်ပြီး သူများရဲ့သေနတ်အောက်ကို ရောက်သွားဖို့ ဖြစ်သွားတာလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး File size…(1.5 GB)/(680 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

Confidence (2003)

Next Friday (2000)
Next Friday (2000) IMDb 6.1 နာမည်ကြီးရပ်ပါ Ice Cube ပါဝင်ထားတဲ့ ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် နာမည်ကျော် meme ပါဝင်တဲ့ Friday (1995) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းပါဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ခရိတ်ဆိုတဲ့ကောင်လေး အနိုင်ယူလိုက်တဲ့ သူတို့ရပ်ကွက်ထဲက လူမိုက်တစ်ယောက်က ထောင်ဖောက်ပြေးလာတဲ့ သတင်းကြားရချင်း အဖေလုပ်သူက ခရိတ်ကို ထီပေါက်ထားတဲ့ ဦးလေးနဲ့ ဝမ်းကွဲညီတို့အိမ်ကို သွားရှောင်နေခိုင်းပါတယ် ဖြစ်ချင်တော့ သူ့ဦးလေးအိမ်နားမှာလည်း နောက်ထပ် ဂန်းစတားညီအစ်ကို ၃ ယောက် ရှိနေတဲ့အခါ ဘယ်လိုအလွဲတွေ ဖြစ်ကြမှာလဲ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါတယ်File size…(2.4 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung
movie

Next Friday (2000)

Jackie Brown (1997) 7.5
Jackie Brown (1997) Jackie Brown(1997)IMDb Rating (7.5)/ Rotten Tomatoes (87%)ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ (၃) ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။Robert De Niro , Samuel L. Jackson , Michael Keaton , Robert Forster , Pam Grier , Bridget Fonda တို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့မလို့ အမိုက်စားရုပ်ရှင်လဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျက်ကီဘရောင်းဆိုတဲ့ အမေရိကန်လေယာဉ်မယ်တစ်ဦးဟာ လစာသိပ်မကောင်းတဲ့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ရင်း လက်နက်မှောင်ခိုသမားတစ်ယောက်ရဲ့ သန်းတစ်ဝက်လောက်ရှိတဲ့ငွေတွေကို နည်းနည်းစီခွဲပြီး မက္ကဆီကိုကနေ မှောင်ခိုသယ်ပေးနေခဲ့ပါတယ် …... သူ့အတွက် အခက်အခဲ အနည်းငယ်လောက်သာရှိပြီး ငွေလေးလည်း မြိုးမြိုးမျက်မျက် ရလေတော့ ဂျက်ကီဘရောင်းအတွက် တကယ့်ကိုအဆင်ပြေနေပါတယ်...သူကူညီပေးနေတဲ့ လက်နက်မှောင်ခိုသမားဟာ အနည်းဆုံး လူဆယ်ယောက်ခန့် သတ်ထားပြီးတော့ ပိုက်ဆံနဲ့ပတ်သက်ရင် လက်ရဲဇက်ရဲ သတ်ဖြတ်တတ်သူပါ … ရဲတပ်ဖွဲ့ကလည်း ဘယ်သူမှန်းမသိသေးပေမယ့် ...
movie

Jackie Brown (1997)

1997
4K HEVC
Wishmaster 2: Evil Never Dies (1999) 5.1
Wishmaster 2: Evil Never Dies (1999) Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ဒုတိယကား ရောက်လာပါပြီ။ဒီကားထဲမှာလည်း အနုပညာပြခန်းကို ပန်းချီကားခိုးသူ ၂ ယောက်ကြောင့်ရုပ်ထုထဲကနေ မဟူရာကျောက် ပြန်ထွက်လာပြီး ဂျင်တစ်ယောက်လူ့ပြည်ကို နောက်ထပ်တစ်ခါ လွတ်မြောက်လာပြန်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို နိုးထပေးတဲ့လူကို ဆုတောင်း ၃ ဆုမဖြည့်စည်းပေးခင် လူတွေရဲ့ဝိဉာဉ် ၁၀၀၁ ခုကိုအရင်လိုက်ပြီး စုဆောင်းရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျင် တစ်ဖြစ်လဲ ဒဲမရက်စ်ကြီးတစ်ယောက်အကျဉ်းထောင်ထဲကိုဝင်ပြီး ဝိဉာဉ်တွေ ရဖို့အတွက်ထောင်သားတွေကို ဘယ်လိုမွှေဦးမလဲ၊ ဘယ်လိုဆုတောင်းတွေနဲ့ဘယ်လိုသေကြဦးမလဲ၊ မင်းသမီးအနေနဲ့ရော ဒီတစ်ခေါက်ဂျင်ကို တားဆီးနိုင်ပါ့မလား စသဖြင့် သွေးထွက်သံယိုအသတ်အဖြတ်တွေကို ခံစားကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ပထမကားမှာ လူချဉ်စရာကောင်းလောက်အောင်လူယုတ်မာရုပ်ကြီးနဲ့ ဂျင် (ဒဲမရက်စ်) နေရာကိုသရုပ်ဆောင်ပေးခဲ့တဲ့ Andrew Divoff ကပဲ ဒီကားမှာပြန်လည် သရုပ်ဆောင်ပေးထားပါတယ်။အဓိကဇာတ်ကောင်နေရာကတော့ တခြားမင်းသမီး ဇာတ်ရုပ်ပြောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ် ခံစားလိုက်ကြပါဦး။ File size…   2 GB / 883 MB Quality… WEB ...
movie

Wishmaster 2: Evil Never Dies (1999)

Renegades (2022) 5.5
Renegades (2022)  ဘာတန်ဆိုတာက အင်္ဂလန်စစ်တပ် SAS တပ်သားဟောင်းဖြစ်ပြီး ဘော့စနီးယားက နောက်ဆုံးစစ်ဆင်ရေးမှာ အဆင်မပြေဖြစ်ခဲ့လို့ လန်ဒန်မှာ ခြေသလုံးအိမ်တိုင်အဖြစ် လှည့်လည်သွားလာပြီးနေထိုင်နေတဲ့လူ။ အဲဒီမှာ ဖခင်ဖြစ်သူနဲ့ တာဝန်အတူတူထမ်းဆောင်ဖူးတဲ့ အထက်အရာရှိဟောင်းကြီးက တွေ့ပြီး နေစရာ စားစရာပေးပြန်လည်ပျိးထောင်ခဲ့တာပေါ့။ ဒီလိုနဲ့တစ်ရက်ကျ ဒီ အထက်အရာရှိဟောင်းကြီး အသတ်ခံလိုက်ရပါတယ်။ သာမန်လုယက်မှုတို့ ဘာတို့နဲ့မတော်မဆ အသတ်ခံရတာမဟုတ်ပဲ လန်ဒန်မြို့ရဲ့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းကြီးနဲ့ ပတ်သက်တာဖြစ်နေတော့ ဘာတန်တစ်ယောက်အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ SAS အရာရှိဟောင်း ၃ ယောက်နဲ့လက်တွဲပြီး လက်စားချေဖို့အတွက် တစ်ဂိုဏ်းလုံးနဲ့ လူ ၄ ယောက်ရင်ဆိုင်ကြဖို့ ဖြစ်လာပါတော့တယ်…။ File size…1.99GB / 894MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

Renegades (2022)

Universal Soldier (1992) 6.1
Universal Soldier (1992) 90 ခုနှစ်​တွေက ထွက်​ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier​ ဇာတ်ကား​တွေကို ကြည့်ဖူးကြမှာပါ။၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ​ဒီဇာတ်ကားက​ Universal Soldier​ ရုပ်ရှင်​တွေရဲ့ ပထမဆုံး​ရုပ်ရှင်​ဖြစ်ပြီး​ Action/Sci-fi အမျိုးအစား​ဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့​နာမည်​ကျော်​ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေး​အရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှား​အာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်​အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်​အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီး သတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ ...
movie

Universal Soldier (1992)

The Haunting of Hell Hole Mine (2023)
The Haunting of Hell Hole Mine (2023)  ဇာတ်လမ်းလေးကတော့ လုခ်တောင်ဆန်ဟာ သူ့တူမလေး ပိုနီရဲ့မိဘတွေကျိန်စာဆိုးတစ်ခုကြောင့် သေဆုံးသွားတဲ့အတွက် မိသာစုဝင်အနေနဲ့တူမလေးတစ်ယောက်သာကျန်တဲ့အတွက် အစစအရာရာတာဝန်ယူပြီးစောင့်ရှောက်ပေးထားတယ်။ တောင်ဆန်တို့မျိုးရိုစဉ်ဆက်တစ်ခုလုံးကစိတ်ကျန်းမာရေးကြောင့် သေဆုံးသွားကြတယ်။ လုခ်ဟာ ဒီကိစ္စကိုမယုံပေမယ့် ‌ဦးလေးဖြစ်သူသေဆုံးသွားပြီးနောက်မှာ သူတို့အတွက် ရွှေမိုင်းတွင်း‌ဟောင်းတစ်ခုကိုအမွေပေးခဲ့တယ်။အဲ့နောက်ပိုင်းမှာ ပိုနီဟာစိတ်ကယောင်ခြောက်ခြားတွေစဖြစ်လာပြီး ကိုယ့်ကိုယ်သတ်သေဖို့အဆင့်အထိဖြစ်လာတယ်။ လုခ်ဟာသူ့တူမကိုတားဆီးလိုက်နိုင်ပြီးတော့ ဆေးရုံပို့လိုက်တယ်။ တူမလေးကိုအရမ်းစိတ်ပူတဲ့အတွက်သီးသန့်နေရာကိုပြောင်းပေးချင် ပိုက်ဆံကလည်းမရှိဘူး။ သူနဲ့အတူတူနေတဲ့ရော့စကိုနဲ့ဒွန်ဟာ အမွေရထားတဲ့‌ရွှေမိုင်းတွင်းကို သွားကြည့်သင့်ကြောင်းပြောလာတဲ့အခါမှာတော့......   File size…1.85GB / 806MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Haunting of Hell Hole Mine (2023)