Channel Myanmar

Tommi Korpela

Little Siberia (2025) 5.8
Little Siberia (2025)  စိတ်ဝင်စားစရာကောင်းတဲ့ နယ်မြို့လေးတစ်မြို့ကအဖြစ်အပျက်တွေကိုစိတ်ကူးယဉ်တီထွင်ပုံဖော်ရိုက်ကူးထားတဲ့ ဖင်လန်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Little Siberia ဖြစ်ပြီးလက်ရှိ IMDb Rating 5.8 ရရှိထားပါတယ်။ကိုယ်နဲ့မရင်းနှီးတဲ့ နယ်မြို့လေးကိုပြောင်းသွားခဲ့တဲ့သင်းအုပ်ဆရာလင်မယားနဲ့ အဲ့ဒီမြို့လေးမှာဖြစ်လာမဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေအကြောင်းကို ဟာသဒရာမာ သည်းထိပ်ရင်ဖိုတို့နဲ့ပေါင်းစပ်တင်ဆက်ထားတဲ့အတွက်အပျင်းပြေရှုစားလို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။အထက်မှာပြောခဲ့တဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့သင်းအုပ်ဆရာလင်မယားက ကလေးရဖို့အရေးကြိုးပမ်းနေခဲ့ကြပေမဲ့လက်တွေ့ အကောင်အထည်မပေါ်လာသေးလို့ အနည်းအကျဉ်းတော့စိတ်ညစ်နေရသူတွေဖြစ်ပါတယ်။ဒါပေမယ့်လည်း သူတို့ပြောင်းလာတဲ့နယ်မြို့လေးမှာတစ်ယောက်တစ်မျိုး လူထုအကျိုးသယ်ပိုးရင်းနဲ့နေထိုင်နေခဲ့ကြပါတော့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ သူတို့မြို့လေးဆီဥက္ကာခဲတစ်လုံးကြွေကျလာခဲ့ပြီး တစ်မြို့လုံးဗြောင်းဆန်သွားပါတော့တယ်။ဒီဥက္ကာခဲကို ရောင်းစားချင်တဲ့သူတွေ ခရီးသွားဆွဲဆောင်ဖို့ပြထားချင်သူတွေကိုယ့်မြေပေါ်ကျလို့အပိုင်သိမ်းချင်သူတွေနဲ့ရှုပ်ရှတ်ခတ်နေခဲ့ပြီး နောက်ဆုံးမှာတော့ ပြတိုက်ထဲပဲရောက်သွားပါတော့တယ်။ဒါပေမယ့်ဒီဥက္ကာခဲရဲ့တန်ဖိုးက မနည်းမနောဖြစ်တဲ့အတွက် ညဖက်ကင်းစောင့်ဖို့လူလိုလာပါတော့တယ်။ဒီအခါမှာ အရင်တုန်းကစစ်သားဖြစ်ခဲ့ဖူးတဲ့အတွက် သင်းအုပ်ဆရာက လုပ်အားပေးကင်းစောင့်ပေးဖို့ဆုံးဖြတ်ပြီးနောက်ပိုင်းဒီဥက္ကာခဲကိုအရင်းခံပြီး ဘယ်လိုအဖြစ်အပျက်မျိုးတွေဖြစ်လာဦးမယ်ဆိုတာကို ရှုစားရမဲ့ စိတ်ဝင်စားစရာဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size… (1.17 GB) / (702 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre …. Comedy , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Little Siberia (2025)

The Eternal Road (2017) 7.1
The Eternal Road (2017) အချိန်ကတော့ အမေရိကန်ကစခဲ့တဲ့ Great Depressionစီးပွားရေးပျက်ကပ်ကြီးဆိုက်နေတဲ့ခုနှစ်တွေ။အလုပ်လက်မဲ့ဖြစ်နေတဲ့လုပ်သား‌တွေအတွက်စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုကဖိတ်ခေါ်မှုကရေငတ်တုံးရေတွင်းထဲကျသလိုဖြစ်လာခဲ့တယ်။အမေရိကန် ကနေဒါတို့ကနေလုပ်သားပေါင်းတသောင်းကျော်တို့ဟာ ဆိုဗီယက်တို့ရဲ့မြေကိုဘ၀သစ်စနိုင်ဖို့ရွှေ့ပြောင်းလာခဲ့ကြတယ်။ဆိုဗီယက်တို့ရဲ့နယ်စပ် ဖင်လန်နိုင်ငံမှာကတော့ယူဆီ ကဲတိုလာဆိုတဲ့ အမေရိကန်ကပြန်လာတဲ့သူတ‌ယောက်ကတော့ ကွန်မြူနစ်အဖြစ်စွပ်စွဲခံရပြီးတော့ မိသားစုတွေဆီကနေပြန်ပေးဆွဲခံခဲ့ရပေမယ့်ဆိုဗီယက်နိုင်ငံထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ဒါပေမယ့် မိအေးနှစ်ခါနာဆိုသလိုပဲ ကဲတိုလာရဲ့ အမေရိကန်နောက်‌ေကြာင်းကိုမယုံသင်္ကာဖြစ်နေတဲ့ဆိုဗီယက်တို့ကရွှေ့ပြောင်းအမေရိကန်တွေဦးစီးတဲ့ ရုရှားစိုက်ပျိုးမွေးမြူရေးခြံတခုမှာနေပြီးလျှို့၀ှက်ထောက်လှမ်းဖို့တွန်းအားပေးခဲ့တယ်။ဒီလိုနဲ့ပဲ ယူဆီ ကဲတိုလာ တဖြစ်လဲ ယူဆီ ကာရီတယောက်မိသားစုအသစ်နဲ့ ဒီခြံမှာပဲဘ၀သစ်တခုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ စတာလင်ရဲ့သူလျှိုအဖြစ်စွပ်စွဲအမြစ်ဖြုတ်မှုတွေကဒီရွှေ့ပြောင်းအမေရိကန်‌‌ တွေအပေါ်ကိုပါရိုက်ခတ်လာခဲ့တဲ့အခါမှာတော့ယူဆီတယောက် ဒီ၀ရုန်းသုံးကားအခြေအနေတွေကြားထဲဘာတွေဘယ်လိုဆက်ဖြစ်မှာလဲ။အသက်ရှင်လျက်နဲ့ပဲထွက်လာနိုင်မလား။သူ့မိသားစုလေးကရောအဆုံးမှာဘယ်လိုဖြစ်သွားမလဲ။သူ့ရဲ့ရှည်လျားလှတဲ့ဘ၀ခရီးလမ်းကြီးကဘယ်လိုမျိုးပြီးဆုံးသွားမလဲဆိုတာကိုThe Eternal Road ဆိုတဲ့ ဖင်လန်စကားပြောဇာတ်ကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ File size…  1.8 GB /  700 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h 44m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by Brackman
movie

The Eternal Road (2017)

2017
Priest of Evil (2010) 5.8
Priest of Evil (2010)  ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Priest of Evil ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ တီမိုကရဲတစ်ယောက်ပါ။ ဘဝကို မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေသူဆိုလည်း ဟုတ်ပါတယ်။ တစ်နေ့မှာတော့သမီးဖြစ်သူ အယ်မီက သူငယ်ချင်းတွေနဲ့အတူ အပြင်သွားဖို့လုပ်ခဲ့တယ်။ အဖေဖြစ်တဲ့ တီမိုက တာဝန်ချိန်ပြီးတဲ့အခါမှာ သွားကြိုပေမဲ့ ကံမကောင်းစွာပဲ အယ်မီဟာသေဆုံးသွားခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့မိန်းမဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး အိမ်ထောင်ရေးမသာယာခဲ့တော့ပါဘူး။ ဒါ့အပြင် တရားခံကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ နှစ်အနည်းငယ်ကြာပြီးနောက်မှာ မြေအောက်ရထားလူသေမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တီမိုတို့အဖွဲ့က အဲဒီအမှုကိုလိုက်ရတာပါ။ အဲဒီအမှုလိုက်ရင်းနဲ့မှ အရင်က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုလို့ သတ်မှတ်ထားတဲ့ အမှုဟောင်းတွေနဲ့ သွားချိတ်ဆက်နေခဲ့တာကို သိခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဒီအမှုဟာထင်သလောက်မရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့တယ်။ အဲဒီလိုကနေ သမီးဖြစ်သူ သေဆုံးခဲ့တဲ့အမှုနဲ့ နွှယ်နေတာကို တွေ့ခဲ့ရပါတယ်။ ကဲ…ဒီလိုဆိုရင် တီမိုက အဲဒီလူသတ်သမားက ဘယ်သူလဲဆိုတာဖော်ထုတ်နိုင်မလား၊  ဘယ်လိုဖော်ထုတ်သွားမလဲ၊အဲဒီလူသတ်သမားက တကယ်ပဲ သူ့သမီးရဲ့ သေဆုံးမှုနဲ့ဆက်နွှယ်နေသူလား၊ သူက ပြစ်မှုတွေကို ...
movie

Priest of Evil (2010)

Rare Exports: A Christmas Tale (2010) 6.6
Rare Exports: A Christmas Tale (2010)  Sisu movieက ဖင်လန်ကွန်မန်ဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့Jorma Tommilaနဲ့ Schützeအဖြစ်သရုပ်ဆောင်ခဲ့တဲ့သားဖြစ်သူOnni Tommila တို့ရဲ့ သားအဖနှစ်ယောက်သရုပ်ဆောင်ထားတဲ့ခရစ်စမတ်အချိန်အခါ သည်းထိတ်ရင်ဖိုဇာတ်ကား‌တခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ ခရစ်စမတ်မတိုင်ခင် ၂၄ရက်အလိုမှာပေါ့။ဥရောပမြောက်ပိုင်း စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့အာတိတ်စက်ဝိုင်း‌နဲ့အနီးဆုံးဖြစ်တဲ့ လက်ပ်လန်းဆိုတဲ့ဒေသ။ အထူးသဖြင့် ဖင်လန်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားကကော်ဗာ တွန်တူရီဆိုတဲ့တောင်မှာ တူးဖော်နေကြတဲ့အမေရိကန်-ဗြိတိန်အဖွဲ့က ဒေသခံ ဆာမီလူမျိုးတွေရဲ့ရှေးဟောင်းသင်္ချိုင်းတခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကိုချောင်းကြည့်နေခဲ့တာက ပီရဲတာရီနဲ့ ဂျူးဆိုဆိုတဲ့ ကောင်လေးနှစ်ယောက်။ပီရဲတာရီယုံကြည်ထားတာ ဒီတောင်ဟာဆာမီလူမျိုးတွေက ဆိုးသွမ်းတဲ့ကလေးတွေကိုနှိပ်စက်တတ်တဲ့ ဆန်တာ ကလော့အစစ်အမှန်ကိုဖမ်းဆီး မြေမြှုပ်ထားတဲ့နေရာပဲ။ တောင်‌ပေါ်ကတူးဖော်နေတာတွေရပ်သွားတဲ့အချိန်မှာပဲသူ့ရဲ့ရွာနားမှာ သမင်တွေအကုန်လုံးနီးပါးသေကြေနေတာတွေပစ္စည်းတွေပျောက်ကုန်လာတာတွေကလေးတွေပျောက်ကုန်တာအပြင်လူထူးလူဆန်းတယောက်ကိုပါ သူ့အဖေရဲ့ ထောင်ချောက်မှာမိလာတဲ့အချိန်မှာတော့ပီရဲတာရီနဲ့ ပီရဲတာရီရဲ့အဖေတို့က ဒီကိစ္စကိုအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ သမင်တွေဘာလို့သေကုန်တာလဲ။ဒီဖမ်းမိထားတဲ့သူကဘာလဲ။ကလေးတွေဘယ်ရောက်ကုန်တာလဲ။တောင်ပေါ်မှာကဘာလို့တိတ်ဆိတ်သွားရတာလဲ။ဒီခရစ်စမတ်ကိုသူတို့တွေကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုRare Exports ဆိုတဲ့ဒီဇာတ်ကားလေးမှာရှုစားပေးပါဦးခင်ဗျ။  File size…1.68GB / 727MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ..... Adventure , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Rare Exports: A Christmas Tale (2010)

Maria’s Paradise 2019 6.0
Maria’s Paradise 2019 Maria's Paradise ဆိုတဲ့ ဇာတ်​ကား​လေးက​တော့ တကယ်​ဖြစ်​ပျက်​ခဲ့တဲ့ ဘာသာ​ရေးဖြစ်​ရပ်​ကို အ​ခြေခံထားတဲ့ စိတ်​ကူးယဉ်​ဇာတ်​ကား​လေးဖြစ်​ပါတယ်​။ ၁၉၂၀ခုနှစ်​​နောက်​ပိုင်း ဖင်​လန်​နိုင်​ငံမှာ ခရစ်​ယာန်​ဘာသာတွင်း အသင်းအဖွဲ့တစ်​ခု ​ခေတ်​စားခဲ့ပါတယ်​။ အဲဒီ့အဖွဲ့ရဲ့ ​ခေါင်း​ဆောင်​က​တော့ ​ကောင်းကင်​ဘုံရဲ့ ​စေတမန်​နဲ့ ဆက်​သွယ်​နိုင်​တယ်​လို့ ဆိုသူ Mariaလို့​ခေါ်တဲ့ အမျိုးသမီးတစ်​ဦးပါ။ Mariaကို ယုံကြည်​သူ​တွေဟာ သူတို့ရဲ့ပိုင်​ဆိုင်​မှု​တွေကို Mariaကိုလှူဒါန်းကြတယ်​။ Mariaဟာ ဒီ​ငွေ​တွေနဲ့ မိဘမဲ့က​လေး​တွေကို ​မွေးစားထားခဲ့တယ်​။ Salome ဆိုတဲ့ မိန်းက​လေးက​တော့ Mariaရဲ့အချစ်​ဆုံးမိဘမဲ့တစ်​ဦးဖြစ်​ပြီး Maria ဟာသူတို့ကို ​ကောင်းကင်​ဘုံဆီ လမ်းညွှန်​​ပေးမယ်​လို့ ယုံကြည်​ထားသူပါ။ Marlin က​တော့ နတ်​ဘုရား​တွေကို မယုံကြည်​သူ လမ်း​ဘေးက ​ကောင်​မ​လေးတစ်​​ယောက်​ပါ။ Maria လုပ်​သမျှ အကုန်​ယုံကြည်​​ပေးသူ Salome တစ်​​ယောက်​ Marlinနဲ့ခင်​သွားပြီး ​ကောင်းကင်​ဘုံအစား ကမ္ဘာတစ်​ဝှမ်းကို သူငယ်​ချင်းနဲ့အတူ ​ခြေဆန့်ချင်​လာတဲ့အခါမှာ​တော့....... ??? ဘာသာတရားကို သက်​ဝင်​ယုံကြည်​သူနဲ့ ဘာသာ​ရေးနဲ့ လူ​တွေရဲ့စိတ်​ကို ခြယ်​လှယ်​​နေသူတို့ကြားကို ...
movie

Maria’s Paradise 2019