Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tomasz Włosok
4.8
Below the Surface (2024) Orzel. Ostatni patrol
Below the Surface (2024)ဒီဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာအစစ်အတွင်း ပိုလန်ရေငုပ်သင်္ဘောထဲမှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ တပ်သားတွေအကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။နေရောင်မရှိ လေကောင်းလေသန့်မရှိတဲ့ ရေအောက်အမှောင်ထုကြီးထဲမှာပဲ အချိန်များစွာကုန်ဆုံးရရင်း ရန်သူသင်္ဘောတွေလေယာဥ်တွေလာရင် ရှောင်ပြေးရ ပြန်တိုက်ခိုက်ရတဲ့ ရေတပ်သားတို့ဘဝကိုမြင်တွေ့ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (1.7 GB) / (870 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Drama, History, War Duration…. 01:49:19 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw
movie
Below the Surface (2024) Orzel. Ostatni patrol
2024
6.4
Green Border (2023)
အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေဟာ ဥရောပသမဂ္ဂမှာခိုလှုံခွင့်ရရှိဖို့ ပိုလန်နဲ့ဘယ်လာရု့စ်ကြားက Green Border လို့ခေါ်တဲ့ကြမ်းတမ်းပြီးညွန်ပေါတဲ့တောအုပ်တွေကို ခက်ခဲရာခဲဆစ်ဖြတ်သန်းကြရပါတယ်။ ဒီနေရာမှာ သက်သောင့်သက်သာနေရတဲ့ဘဝကိုစွန့်လွှတ်ပြီး ဒုက္ခသည်တွေရဲ့အသက်ကိုကယ်တင်နေတဲ့ဂျူလီအာ၊ပိုလန်နယ်စပ်အစောင့်တပ်ဖွဲ့ဝင်ဂျန်နဲ့ ဆီးရီးယားမိသားစုတစ်ခုတို့ပတ်သက်ဆက်နွယ်မိကြပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။Drama အမျိုးအစားဖြစ်ပေမယ့် အလွန်အမင်းစိတ်ဆင်းရဲစရာကောင်းတဲ့အနိဌာရုံဖြစ်ရပ်တွေပါဝင်နေပြီး အဖြူအမည်းရုပ်ရှင်ဖြစ်နေတာက ဇာတ်ကိုပိုကြွအောင်ဖော်ကျူးနိုင်တာမြင်တွေ့ရပါတယ်။Green Border ဟာ ဖြစ်ရပ်မှန်ပါလို့မပြောထားပေမယ့် ဒါရိုက်တာAgnieszka Holland နဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ဟာဒုက္ခသည်တွေ၊ နယ်စပ်ကဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ကျွမ်းကျင်ပညာရှင်တွေ၊ အမည်မဖော်လိုတဲ့ပိုလန်နယ်စပ်အစောင့်တပ်ဖွဲ့ကအရာရှိတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းပြီးမှတ်တမ်းတွေရယူပြီးမှ ရုပ်ရှင်ကိုရိုက်ကူးခဲ့ကြတာဖြစ်လို့Agnieszka Holland ကတော့ ဒီရုပ်ရှင်ထဲမှာ လုပ်ကြံဖန်တီးပြီးထည့်ထားတဲ့ဖြစ်ရပ်တစ်ခုမှမရှိဘူးလို့ ဆိုပါတယ်။ရုပ်ရှင်ထွက်လာချိန်မှာ ပိုလန်အစိုးရအဖွဲ့ဝင်တွေက ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ပေမယ့် ပိုလန်မှာပထမဆုံးရုံတင်တဲ့အားလပ်ရက်မှာပဲအမိမြေမှာပြသတဲ့ပိုလန်ရုပ်ရှင်တစ်ကားအတွက် ကြည့်ရှုသူအများဆုံးစံချိန်တင်သွားခဲ့ပါတယ်။ဒီရုပ်ရှင်ကိုဆန့်ကျင်ချီတက်ဆန္ဒပြတဲ့ အစိုးရထောက်ခံသူတွေရှိခဲ့သလိုရုပ်ရှင်ပါအကြောင်းအရာတွေကိုထောက်ခံသူတွေကလည်း တန်ပြန်ဆန္ဒပြချီတက်ပွဲတွေလုပ်ဆောင်ကြတဲ့အထိဖြစ်ခဲ့ရပါတယ်။ခရမ်းချဉ်သီးပုပ်ရဲ့ပျမ်းမျှ Rating က 8.3/10 ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာရရှိထားပါတယ်။Green Border မှာ ပိုလန်အစိုးရဟာ ယူကရိန်းအရေးနဲ့မတူဘဲအရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်ဆက်ဆံခဲ့ပုံတွေကိုမီးမောင်းထိုးပြသွားခဲ့တာဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ JULY ဖြစ်ပါတယ် ) File size… (2.17GB) Quality… WEB-DL 1080p Format… ...
movie
Green Border (2023)
5.5
Kleks Academy (2023)
ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက်ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်..ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာတက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီးအလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက်နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာတက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေးအရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီးစိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်းမမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာမသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်းဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖိုဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်းသူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူမိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့....။ File size…2.15GB / 1.02GB Quality…NF WEB-DL ...
movie
Kleks Academy (2023)
6.9
I’m a Killer (2016)
I'm a Killer (2016)IMDb-6.9/10 ဒီရုပ်ရှင်ကတော့ 1970 ခုနှစ်ပိုင်း ပိုလန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့"သွေးစုပ်ဖုတ်ကောင်" ကွင်းဆက်လူသတ်မှု ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကာတိုဝဇ်မြို့မှာ အမျိုးသမီးတွေဆက်တိုက် အသတ်ခံနေပြီး ပါတီဝန်ကြီးဖြစ်သူရဲ့ တူမငယ်ပါအသတ်ခံလိုက်ရပါတယ်။ ရဲဌာနကလည်း အမှုကိုသုံးနှစ်ကျော်စုံစမ်းစစ် ဆေးခဲ့ပေမဲ့သံသယတရားခံတောင် ပေါ်မလာတာကြောင့် ရဲမှူးကစုံထောက်ငယ်လေး ဂျန်နက်ဇ် ဂျန်ဆင်စကီးကိုစုံစမ်းဖို့အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့စေပါတယ်။ ဂျန်နက်ဇ်လည်း ရနိုင်သမျှ အကူအညီတွေယူပြီး "သွေးစုပ်ဖုတ်ကောင်"ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးဖို့ကြိုးစားရင်းဝဇ်ကော ကာဆင်စကီးဆိုတဲ့ သံသာတရားခံတစ်ယောက်ကို မိသွားခဲ့ပါတယ်။ဒါပေမဲ့လည်း တိကျသေချာတဲ့ သက်သေမရှိတဲ့အတွက်ဂျန်နက်ဇ်လည်းသက်သေတွေလိုက်လံစစ်ဆေးရင်းဝဇ်ကောက "သွေးစုပ်ဖုတ်ကောင်" လူသတ်သမား အစစ်လား၊ သေဆုံးခဲ့ရတဲ့အမျိုးသမီး ၁၂ ယောက်အတွက်ရောတရားမျှတမှုရရှိနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 2.7 GB / 961 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ..... Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
I’m a Killer (2016)
2016
How I Fell in Love with a Gangster (2022)
ဒီကားလေးကတော့ အရင်ခေတ်က နာမည်ကြီးခဲ့တဲ့ပိုလန်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး Niko Skotarczak ရဲဘ၀ဇာတ်ကြောင်းကိုမှီငြမ်းပြီး ရိုက်ပြထားတာပါ။သူကပိုလန်နိုင်ငံမှာ ကွန်မြူနစ်ခေတ်က အရှေ့ဂျာမဏီနဲ့မှောင်ခိုကူးပြီးတော့အရမ်းချမ်းသာလာတာပါ။သူ့ကိုပိုလန်ရဲ့ Pablo Escobar လို့တောင်ခေါ်ကြပြီး သူလည်း Escobar လိုပဲသူ့မြို့ကဆင်းရဲသားတွေအတွက် တော့လူကြိုက်များပြီး ဘောလုံးအသင်းတစ်သင်းကိုလည်းငွေကုန်ခံပြီး၀ယ်ခဲ့ပါသေးတယ်။နီကိုရဲ့လူနေမှုစရိုက်ကတော့အဲဒီခေတ်မှာ ထူးဆန်းပြီးတော်တော်လူပြောများခဲ့ပါတယ်။ ဒီကားမှာတော့နီကိုရဲ့ ကလေးဘ၀ကနေစပြီး လူမိုက်ဖြစ်လာပုံ၊ဒုစရိုက်လုပ်ငန်းတွေနဲ့ကြီးပွားလာပုံ၊ပိုလန်ရဲ့နာမည်အကြီးဆုံးဂိုဏ်းစတားဖြစ်လာပုံနဲ့နောက်ပိုင်းမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လာပြီးကျဆုံးသွားပုံတွေကို ရိုက်ပြထားပါတယ်။နီကိုရဲ့ဘ၀တလျှောက် များပြားလှတဲ့ချစ်သူအမျိုးသမီးတွေ၊သူ့မိသားစု၀င်အကြောင်းတွေ၊ဒုစရိုက်လောကရဲ့ လှည့်ဖျားမှုတွေ၊သစ္စာဖောက်မှုတွေ ရက်စက်တာတွေပါကြည့်ရှူရမှာပါ။ ပိုလန်ဘာသာစကားပြောကားလေးဖြစ်ပြီး တင်ဆက်ပုံက Goodfellas ကားတို့လိုပုံစံဖြစ်ပြီးတမူထူးခြားပါတယ်။ဒါရိုက်တာ Maceij Kawulskiကရိုက်ကူးထားပြီး Tomasz Wlosok,Antoni Krolikowski, Agnieszka Grochowska, Magdalena Lamparska တို့ပါ၀င်ထားပါတယ်။ File size…(3 GB)/(1.7 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….03:05:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
How I Fell in Love with a Gangster (2022)