Channel Myanmar

Toma Ikuta

The Tale of Genji: A Thousand Year Enigma (2011) 6.1
The Tale of Genji: A Thousand Year Enigma (2011) Tale of Genji: A Thousand Year Engima (2011)******************************************** IMDb.....6.1  လွန်ခဲ့တဲ့ နှစ်၁ထောင်ကျော်လောက်က‌ရေးခဲ့တဲ့ ကမ္ဘာ့ပထမဆုံးသော အချစ်ဇာတ်လမ်းဖြစ်တဲ့"ဂန်ဂျီမိုနိုဂါတာရီ" ဇာတ်လမ်းကို အခုထိလည်း တွင်တွင်ကျယ်ကျယ် ဖတ်လျက်ရှိနေကြတုန်းပါပဲ။ဇာတ်ကောင် ဟီဟာရူဂန်ဂျီဟာ ဧကရာဇ်မင်းရဲ့ ကိုယ်လုပ်တော်တစ်ယောက်ကို ချစ်ကြိုက်မိလို့နာကျင်ခံစားခဲ့ရတာကို ဖော်ပြထားပြီး ဒီနာကျင်မှုကနေ လွတ်မြောက်စေဖို့အတွက် ဂန်ဂျီဟာမိန်းကလေးအမြောက်အများနဲ့ ပတ်သတ်ခဲ့ပါတော့တယ်။ဒီ ဂန်ဂျီဆိုတဲ့ ဇာတ်ကောင်ကို ထိန်းချုပ်ထားတဲ့သူကတော့ စာရေးဆရာမ မူရာဆာကီရှီကီဘူပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ စာရေးဆရာမရှီကီဘူဟာ ဂန်ဂျီဆိုတဲ့ဇာတ်ကောင်ကို ဖန်တီးပြီး ဟဲရန်ခေတ်ကာလမှာဇာတ်အိမ်ကို တည်ထောင်ခဲ့ပါတယ်။ ဒီလို ဖန်တီးခဲ့ရာမှာ ရှီကီဘူတစ်ယောက် ဂန်ဂျီမိုနိုဂါတာရီနဲ့ ပတ်သတ်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့အတူ လျှို့ဝှက်ဆန်းကြယ်တဲ့ အချစ်ဇာတ်လမ်းအသစ်လေးကိုဘယ်လိုဖန်တီးပြောပြပေးသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ရှေးခေတ်အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Char Ou ပဲ ဖြစ်ပါတယ်။)  File Size : 1.56GB/ 720MB Quality : Blu-Ray 1080p/720p Format…mp4 Duration…02:34:00 Genre : Drama, Fantasy Subtitle : ...
movie

The Tale of Genji: A Thousand Year Enigma (2011)

Demon City (2025) 6.0
Demon City (2025)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့Demon City ဆိုတဲ့ဂျပန်အက်ရှင်ကားလေးပဲဖြစ်ပါတယ်..ဒီကားလေးဟာဆိုရင် အသတ်အပုတ်အတိုက်အခိုက်ခန်းများတင်းကြမ်းပါဝင်လို့ အက်ရှင်ဇာတ်ကားချစ်သူများအတွက်အရသာတွေ့စေမှာ သေချာပါတယ်...Sakata ဟာဆိုရင် လက်မရွံ့လူသတ်သမားတစ်ယောက်ဖြစ်ပြီးShinjo မြို့တော်ရဲ့ ဒဏ္ဍာရီအတိုင်း နတ်ဆိုးဝင်ပူးနေသူလို့လည်းသတ်မှတ်ခံသူတစ်ယောက်ဖြစ်ပါတယ်..Shinjo မြို့တော်တွင် အင်အားချင်းပြိုင်နေသည့် ယာကူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းရှိရာ ဇာတ်လမ်းအစမှာပဲ Sakata လက်ချက်နဲ့ ဂိုဏ်းတစ်ဂိုဏ်းဟာ ကိစ္စတုံးခဲ့ရပါတယ်..ထိုသို့ကိစ္စတုံးအပြီး Sakata တစ်ယောက်ဟာ မိသားစုဘဝလေးကိုအေးအေးချမ်းချမ်းအလုပ်လုပ်ရင်း ဖြတ်သန်းဖို့ဆုံးဖြတ်ကာလက်မရွံ့လူသတ်သမားအဖြစ်က အနားယူဖို့လုပ်ချိန်မှာတော့အနားယူခွင့်မပေးလိုတဲ့သူတချို့ဟာ Sakata ရဲ့အေးချမ်းပျော်ရွှင်နေတဲ့မိသားစုဘဝလေးကို ဖျက်ဆီးကာ ၎င်းကိုသတ်ဖြတ်ဖို့ အိပ်မက်ဆိုးသဖွယ်လာခဲ့ပါတယ်...သာမန်အလုပ်ကလေးတစ်ခုကို ရှာဖို့ ဇနီးဖြစ်သူနဲ့တိုင်ပင်ထားကြတဲ့Sakata တို့ရဲ့ အိမ်ဂေဟာလေးအတွင်းကို ဘယ်သူဘယ်ဝှာမှန်းမသိတဲ့မျက်နှာဖုံးစွပ်အဖွဲ့တွေ ရောက်လာပြီး သမီးနဲ့ ဇနီးကို ချုပ်ကိုင်ကာSakata ကို အလွယ်တကူပဲ သတ်ဖို့လုပ်ပါတယ်...ဒေသတွင်းသတင်းများမှာတော့ ဇနီးဖြစ်သူနှင့် သမီးကို ပစ်သတ်ကာကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တဲ့ Sakata အကြောင်းဟာဟိုးလေးတကြော်ဖြစ်ခဲ့ပြီး လူသတ်မှုနှင့် ထောင်ကျခဲ့ရပါတယ်...ထိုဖြစ်စဉ်အပြီး ၁၂ နှစ်အကြာ ထောင်ကထွက်လာတဲ့ Sakata ဟာသေနတ်ဒဏ်ရာကြောင့် ဦးနှောက်သေသလိုဖြစ်နေခဲ့ပေမဲ့ ထောင်ထွက်ဖြစ်သူ ၎င်းထံ အပြတ်ရှင်းဖို့ မျက်နှာဖုံးစွပ်များ အလျှိုအလျှိုရောက်လာချိန်မှာတော့ ဒဏ်ရာရလျက်သားနဲ့ ...
movie

Demon City (2025)

Yudo: The Way of the Bath (2023) 6.6
Yudo: The Way of the Bath (2023) Yudo: The Way of the Bath ( 2023 ) ========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ  ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ...
movie

Yudo: The Way of the Bath (2023)

The Top Secret: Murder in Mind (2016) 5.4
The Top Secret: Murder in Mind (2016) Top secret murder in mindတိုကျိုမြို့တော်ရဲဌာနရဲ့ လက်အောက်မှာ နည်းပညာသစ်ကိုအသုံးပြုပြီး ဆန်းသစ်တဲ့နည်းလမ်းနဲ့ အမှုလိုက်နေတဲ့ "ဌာန၉"ဆိုတာ ရှိပါတယ်။ ဌာန၉က စမ်းသပ်ဆဲဌာနတစ်ခုဖြစ်ပြီး တရားဝင်ဌာနအဖြစ် အသိအမှတ်ပြုမခံရသေးပါဘူး။သူတို့ရဲ့အဓိကအလုပ်ကတော့ သေဒဏ်ကျခံရပြီး သေသွားတဲ့အပြစ်သားရဲ့ဦးနှောက်ကို လူတစ်ယောက်နဲ့ချိတ်ဆက်ကာ scanဖတ်ပြီး မှတ်ဉာဏ်ဟောင်းတွေကို ကြည့်ရှုတာပါ။ ဒီလိုကြည့်ပြီးတော့ ဒီအမှုမှာဘာတွေဖြစ်ခဲ့လဲ တရားခံဟာ ဘယ်လိုနည်းလမ်းတွေသုံးခဲ့လဲဆိုတာကို စမ်းသပ်စစ်ဆေးနေတဲ့ဌာနပါ။ ဒါမှ တရားခံနဲ့ဆက်စပ်ပြီး နောက်ထပ်ပေါ်လာနိုင်တဲ့ပြစ်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဆုယုဂုချိလို့ခေါ်တဲ့သိပ္ပံပညာရှင်က သူ့မိန်းမ၊ယောက္ခမနဲ့ သမီး၂ယောက်ကို ရက်စက်စွာသတ်ခဲ့တာကြောင့် သေဒဏ်ကျခံခဲ့ရပါတယ်။ သူ့ရဲ့ဦးနှောက်ကို ဌာန၉က လွှဲပြောင်းယူပြီး စစ်ဆေးလိုက်တဲ့အခါ တကယ့်လူသတ်သမားက သူမဟုတ်မှန်း သိလာရပါတယ်။ ဆုယုဂုချိရဲ့ သမီးအကြီးကလည်း တကယ်မသေဘဲ ပျောက်ဆုံးနေပါတယ်။ သမီးကြီးဖြစ်သူက ခိုင်နုမလို့ခေါ်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ စိတ္တဇလူတစ်ယောက်နဲ့ပါ ပတ်သက်မှုရှိနေတဲ့အခါတကယ့်လူသတ်သမားအစစ်ကို မှတ်ဉာဏ်တွေထဲကနေ အတိတ်ကအမှုကို လျှို့ဝှက်စွာ ပြန်လည်စစ်ဆေးဖော်ထုတ်ကြမဲ့ စုံထောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin ...
movie

The Top Secret: Murder in Mind (2016)

My Teacher (2017) 5.9
My Teacher (2017) Sensei : mangaကို live action ပြန်ရိုက်ထားတဲ့ ဒီ My Teacher ဇာတ်ကားလေးမှာတော့ အထက်တန်းကျောင်းသူလေးတစ်ဦးရဲ့ သူ့ သမိုင်းဆရာအပေါ် ချစ်မိတဲ့ အချစ်ကို ဖော်ပြထားပါတယ်...�ရှီမားဒါးဟာ အသက်၁ရနှစ်အရွယ် ဆယ်ကျော်သက်အထက်တန်းကျောင်းသူလေးပါ...အချစ်ဆိုတာ ဘာလဲ စူးစမ်းချင်နေတဲ့အရွယ်ပေါ့...အဲ့ဒီအချိန်မှာပဲ သူဟာ လူတစ်ယောက်အပေါ် ရူးရူးမိုက်မိုက် ချစ်မိသွားပါတော့တယ်...သူကတော့တခြား မဟုတ်ပါဘူး...သူတို့ အတန်းမှာ ကမ္ဘာ့သမိုင်းသင်တဲ့ ဆရာအီတို ပါပဲ...ဆရာနဲ့ တပည့်ကြားက အချစ်ရေးကိစ္စဆိုတာလည်း ပြောရအခက်သားနော်...ဒါဟာမဖြစ်သင့်ပါဘူးလို့ပဲ လူတိုင်းကပြောကြလိမ့်မယ်...ဆရာအီတို ကိုယ်တိုင်ကလည်း ဆရာသိက္ခာကိုစောင့်ထိန်းလို့ ဒီချစ်စရာကောင်းလှတဲ့ တပည့်မလေးရဲ့ အချစ်ကို ငြင်းပယ်ခဲ့ပါတယ်...ဒါပေမယ့် ရှီမာဒါကနောက်မဆုတ်ဘဲရှေ့ဆက်တိုးလာတဲ့အခါမှာတော့...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (381 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Drama, Romance Subtitle : Myanmar ...
movie

My Teacher (2017)

2017