Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tom Wilkinson
Black Knight (2001)
Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာအသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ဂျမဲလ်ကတော့ ...
movie
Black Knight (2001)
7.1
Valkyrie (2008)
Valkyrie(2008) ဒုတိယကမ္ဘာစစ်အခြေခံ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက်2008 ခုနှစ်ထဲ ထွက်ခဲ့တဲ့ Valkyrie ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်..Valkyrie ဆိုတဲ့အဓိပ္ပာယ်က နော်ဝေ ဒဏ္ဍာရီထဲက စစ်ပွဲထဲမှာ ဘယ်သူသေမယ် ဘယ်သူရှင်မယ်ဆိုတာကိုဆုံးဖြတ်ပေးတဲ့ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာတော့ Valkyrie ဆိုတာဟစ်တလာက သူ့အစိုးရကိုအရေးပေါ်ကာကွယ်ဖို့ ဘာလင်မြို့ပေါ်မှာ ဖွဲ့စည်းထားတဲ့အရေးပေါ်အရံစစ်တပ်ပဲဖြစ်တယ် ...အဲဒီအတွက် ဒီစစ်တပ် လုပ်တဲ့ စစ်ဆင်ရေးကို Valkyrie စစ်ဆင်ရေးလို့ခေါ်တယ် ...ဟစ်တလာအစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကို ဝေဖန်လို့ ရှေ့တန်းအပို့ခံရတဲ့ တပ်ရင်းမှူးစတက်ဖန်ဘာ့ (တွမ်ခရုစ်) ဟာ ဒဏ်ရာတွေရပြီး ဘာလင်ကို ပြန်ရောက်လာတယ်...မကြာခင် ဥရောပမဟာမိတ်တွေက ဘာလင်ကိုချီတက် သိမ်းပိုက်တော့မယ့်အခြေအနေမှာဘာလင်ပြည်သူတွေရဲ့ဘေးကိုတွေးမိတဲ့ စတက်ဖန်ဘာ့ ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေတဲ့ဟစ်တလာကိုလုပ်ကြံဖို့ ကြိုးစားပုံကို သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတဲ့အတွက်ရင်တမမ နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်တယ်....IMDb - 7.1/10 ရရှိထားပြီးတော့ Box office မှာ အမေရိကန်ဒေါ်လာ 201 ...
movie
Valkyrie (2008)
6.0
Chain of Fools (2000)
Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲအတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ်ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန်ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီးAvent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲဆိုတာကိုတော့ကြည့်လိုက်ကြပါ။Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah WoodKresk ...
movie
Chain of Fools (2000)
5.3
Jackboots on Whitehall (2010)
ဒါကတော့ ဒုတိယကမ္ဘာစစ်ကိုသရော်ထားတဲ့ ကားလေးပါဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်တွေ Dunkirk ဆိပ်ကမ်းမှာ ပိတ်မိသွားတဲ့ alternative timeline အနေနဲ့ ဂျာမန်တွေက လန်ဒန်ကို မြေအောက်ကတူးပြီးဝင်လာကျူးကျော်တာကို အဲ့ဒိခေတ် စစ်အကျော်အမော်တွေကို သရော်ထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ်ဟာသကားလေးပါ File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre... Satire, Animation, Comedy, Sci-fi, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
Jackboots on Whitehall (2010)
5.8
The Green Hornet (2011)
The Green Hornet (2011)နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို ...
movie
The Green Hornet (2011)
7.0
If Only (2004)
If Only (2004) IMDb: 7.0/10 Genre: Comedy / Drama / Fantasyတစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrewsက ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသားပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကိုတွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ....Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size… 3.3 GB / 1.1 GB Quality… BluRay 1080p ...
movie
If Only (2004)
6.9
This Beautiful Fantastic (2016)
ဒီကားလေးတော့ English Romance Drama ဇာတ်လမ်းလေးဖြစ်ပြီး အဓိကဇာတ်ဆောင် ဘယ်ဘာဘရောင်းဆိုတဲ့ OCD ရှိတဲ့ကောင်မလေးက သူ့ရဲ့တစ်နေ့တာကို တိတိကျကျဖြတ်သန်းနေပါတယ်။ဒါပေမဲ့ သူ့မှာအပင်တွေကိုကြောက်တဲ့ အကျင့်တစ်ခုရှိပါတယ် တနေ့မှာတော့ သူ့အိမ်ပိုင်ရှင်က အပင်တွေကြောက်လို့ မရှင်းပဲထားထားတဲ့ သူ့အိမ်ရှေ့က ဥယျာဉ်ကို မရှင်းနိုင်ရင် အိမ်ပေါ်ကဆင်းကမယ်လို့ပြောလာတဲ့ အခါသူ့အနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကြည့်ရမှာပါ။ အဆုံးသတ်လေးကတော့တော်တော်လေးကောင်းပါတယ် ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက်ကြည့်ရတာလည်း အဆင်ပြေပါတယ်။ File size…(1.6 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikkobaby
movie
This Beautiful Fantastic (2016)
7.2
The Patriot (2000)
၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာသူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာသူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီးမိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။သို့သော်က မပါတ်သတ်လိုပေမယ့်ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကိုစောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူကဒဏ်ရာရလာခဲ့ပါတယ်။သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီးနှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန်ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကိုဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက်တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့တပိုင်းတစကူညီရပါတော့တယ်။Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားကထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲတမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်းဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေကအမြင်ဆန်းသစ်နေပါတယ်။နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ်အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ဒီဇတ်ကားကို ...
movie
The Patriot (2000)
2000
6.1
Duplicity (2009)
cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန်တစ် မှုခင်း ဟာသဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကို ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီးကြီး ဂျူလီယာရောဘတ်နဲ့မင်းသား ကလိုက်ဗ်အိုဝင်တို့ တွဲဘက်ညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဂျူလီယာရောဘတ်ရဲ့ ပရိသတ်ဆိုရင်ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကြောင်းက အစိုးရစစ်တပ်ထောက်လှမ်းရေးအရာရှိ ရေးကိုဗယ်ဟာ ဒူဘိုင်းက ပါတီတစ်ခုမှာ စီအိုင်အေအေးဂျင့်တစ်ဦးဖြစ်တဲ့ ကလဲရာစတန်ဝစ်ကို အကြောင်းမသိဘဲလူပါးပုလင်းထိ သွားပြီးဇာတ်လမ်း စမိပါတယ်။ဟိုတယ်ရောက်တော့ ကလဲရာက သူ့ကို ဆေးခတ်အိပ်ပျော်အောင်လုပ်ပြီး သူ့ဆီက လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကိုအလစ်သုတ်သွားခဲ့တာပါ။ နောက်သုံးနှစ်အကြာ ရောမမြို့မှာပြန်ဆုံမိကြတဲ့အခါ နှစ်ယောက်အတူ အကောင်းစားဟိုတယ်တစ်ခုမှာ ရက်အတန်ကြာ ပြန်ချိတ်မိခဲ့ကြပါတယ်။အစိုးရအလုပ်တွေကို ထွက်ပြီး ပြိုင်ဆိုင်မှု များတဲ့ စီးပွားရေးကော်ပိုရေးရှင်းအလုပ်မှာ ဂျင်ပေါ်ကထုံး လုပ် ပိုက်ဆံများများရှာဖို့ အတူကြံခဲ့ကြပြီး အစီအစဉ်တွေ ဆွဲကြပါတော့တယ်။တခြားသူတွေကို လှည့်စားနိုင်ဖို့အတွက် နှစ်ဦးသားအကွက်ကျကျ ဘယ်လိုတွေ လုပ်ကြမလဲ။တစ်ဦးခြေလှမ်း တစ်ဦးကြိုမြင်နေကြတဲ့ သူတို့နှစ်ဦးဘယ်လိုတွေ ကွက်ကျော်ရိုက်ကြမလဲဆိုတာကိုတော့ဇာတ်လမ်းလေးနဲ့ မျောပါရင်း ကြည့်ရှုခံစားကြည့်ကြပါဦး...။ File size…1.66GB , ...
movie
Duplicity (2009)
8.3
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of The Spotless Mind (2004)IMDb Rating (8.3) / Rotten Tomatoes (93%)သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့....မင်းသားကြီး ဂျင်မီကာရေး မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။++++++++++++++++++++++++++++++“ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင် အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့ မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။” အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင် မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ ) ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။ ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့ Eternal ...
movie
Eternal Sunshine of the Spotless Mind (2004)
2004
4K HEVC
5.5
SAS: Red Notice (2021)
SAS အဖွဲ့ဝင်ဟောင်း Andy McNab ရဲ့ရောင်းအားအကောင်းဆုံးဝတ္တုကိုအခြေခံပြီး ဒါရိုက်တာ Magnus Martens ကရိုက်ကူးပေးထားပါတယ်။ဗြိတိန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့SAS: Red Notice မှာ Sam Heughan ၊ Ruby Rose နဲ့Hannah John-Kamen တို့ပါဝင်သရုပ်ဆောင်ထားပြီးအရေးပေါ်စစ်ဆင်ရေးတစ်ခုကို လက်တွေ့ဆန်ဆန်ပုံဖော်ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဗြိတိန် SAS အထူးအဖွဲ့ဝင်တွမ်ဘက်ကင်ဟမ်ဟာဒေါက်တာမလေးဆိုဖီဟာ့တ်ကို လက်ထပ်ခွင့်တောင်းဖို့လန်ဒန်ကနေ ပါရီကိုရထားနဲ့အသွား ဂရေ့စ်လူးဝစ္စခေါင်းဆောင်တဲ့ စစ်ရာဇဝတ်သားတွေဖြစ်တဲ့ငန်းမည်းအဖွဲ့ကချန်နယ်တန်နယ်ဥမင်တစ်နေရာအရောက်မှာ ရထားကိုပြန်ပေးဆွဲလိုက်ပါတယ်။ ဂရေ့စ်က သူတောင်းဆိုတဲ့ပြန်ရွေးငွေကိုသာမပေးရင် ဗြိတိန်အစိုးရရဲ့ညစ်ညမ်းတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး ဥမင်ကိုပါဖောက်ခွဲပစ်မယ်လို့ခြိမ်းခြောက်ထားပါတယ်။ ဒီအချိန်မှာ ရထားပေါ်မှာလိုက်ပါလာတဲ့တွမ်က လက်နက်နဲ့လူအင်အားမပါဘဲ ချစ်သူဆိုဖီနဲ့ခရီးသည်တွေကိုကယ်တင်နိုင်အောင် ကြိုးပမ်းရပါတော့တယ်။ File size…2.07GB / 995MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
SAS: Red Notice (2021)
7.0
Rush Hour (1998)
ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်......ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ......မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်....အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ.....သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်......တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.ခေါင်းဆောင်တော့မပါဘူးပေါ့....အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်.......တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့........တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ.......ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ် FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က " လီ " ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်......အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်.......တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်......ပေါက်ကရတွေလျှောက်ပြောပြီး ...
movie
Rush Hour (1998)
1998
7.5
Selma (2014)
၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်းခွဲခြားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်တောင်ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်ရပ်ကွက်တွေ လူမည်းမဝင်ရတဲ့ စားသောက်ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူးကန် စာသင်ကျောင်းနဲ့ ဘတ်စ်ကားတွေအထိ လူဖြူတွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကားပေါ်ကလူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ လူဖြူသီးသန့်ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကားရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကားဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa Park က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲကဖမ်းဆီးခဲ့ရာမှ Montogomery ဘတ်စ်ကားသပိတ်ကြီးပေါ်ပေါက်လာပြီး သမိုင်းဝင် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) ပေါ်ပေါက်လာပါတော့တယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိကခေါင်းဆောင်ကတော့ ဒေါက်တာမာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစကို ဒေါက်တာမာတင်လူသာကင်း ...
movie
Selma (2014)
8.1
In the Name of the Father (1993)
ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာလက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie
In the Name of the Father (1993)
6.9
Girl with a Pearl Earring (2003)
CM ပရိတ်သတ်ကြီးအတွက် Scarlett Johansson ရဲ့ အရင်က ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDB 6.9/10, Rt 73 % ရရှိထားတဲ့ Romance/Drama ကားလေးဖြစ်ပြီး မင်းသမီး Scarlett Johansson၊ မင်းသား Colin Firth (Kingsman: Secret Service/ Pride and Prejudice) နဲ့ မင်းသား Cillian Murphy (Peaky Blinders/ Oppenheimer) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒက်ချ် ပန်းချီဆရာ Johannes Vermeer ရဲ့ နာမည်ကြီး လက်ရာတစ်ခုဖြစ်တဲ့ Girl with a Pearl Earring ဆိုတဲ့ပန်းချီကားကို အခြေခံပြီး ဖန်တီးထားတဲ့ Tracy Chevalier ရဲ့ နာမည်တူဝတ္တုကို ဒါရိုက်တာ Peter Webber က ရုပ်ရှင်အဖြစ် ...
movie
Girl with a Pearl Earring (2003)
6.6
Cassandra’s Dream (2007)
တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ခင်ကြတဲ့ ဘလိန်းညီအစ်ကိုတွေဟာ ပြန်ရောင်းတဲ့ရွက်လှေအဟောင်းလေးတစ်စီးကို ဝယ်ဖို့ကြိုးစားပါတော့တယ်။ထိုကဲ့သို့ကြိုးစားနေစဉ်မှာပဲ ညီဖြစ်သူကလည်း လောင်းကစားတွေဆက်တိုက်နိုင်လာသဖြင့် ရွက်လှေကို ပိုင်ဆိုင်ခွင့်ရသွားကြပါတယ်။ ဘလိန်းညီအစ်ကိုမှာ အောင်မြင်တဲ့ဆေးခန်းတွေကို ဖွင့်ထားတဲ့ ဦးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့တော့ ဦးလေးဖြစ်သူ သူတို့ဆီအလည်အပတ်လာတုန်း ဘလိန်းညီအစ်ကိုက သူတို့အခက်အခဲတွေကို ဦးလေးထံမှအကူအညီတောင်းဖို့ ကြိုးစားကြပါတော့တယ်။သို့သော်လည်း သူတို့ကို အကူအညီမပေးခင်မှာ ဦးလေးဖြစ်သူက သူတို့ကို တစ်စုံတစ်ယောက်ကို သတ်ပေးဖို့ အကူအညီတောင်းသောအခါ ညီအစ်ကိုနှစ်ဦးက ငြင်းဆန်မလား ကိုယ့်အလို ဆန္ဒတွေပြည့်ဖို့ ဦးလေးခိုင်းတာကို လုပ်ပေးမလား လူသားတွေက ငွေနဲ့ပတ်သတ်လာရင် အရောင်ပြောင်းတတ်ပုံ၊စည်းတွေလျော့လာပုံ စသဖြင့် ကြောက်စရာလူ့သဘာဝကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie
Cassandra’s Dream (2007)
7.2
Michael Clayton (2007)
အော်စကာဆုကို ထိုင်ထိုက်တန်တန်ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားကတော့ Crime, Mystery, Thriller အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်သူ မိုက်ကယ်ကလေတွန်ဟာဆိုရင် အကြွေးနွံနစ်နေတဲ့ fixer တစ်ယောက်ပဲဖြစ်တယ်။ သု့အလုပ်က သူများအရှုပ်တွေကို ရှင်းပေးဖို့ပဲဖြစ်ပြီး တရားခွင်ရှေ့နောက်တစ်ယောက်မဟုတ်။ဒါပေမဲ့ မိုက်ကယ်က သူ့ရဲ့လက်ရှိအသက်မွေးဝမ်းကျောင်းကို စိတ်ကုန်လာပြီး သူ့အစ်ကို တင်မီနဲ့ ဘားဖွင့်ခဲ့ပေမဲ့လဲ ဆေးစွဲနေတဲ့ တင်မီကြောင့် အကြွေးပဲတင်သွားခဲ့တယ်။ နောက်ဆုံး ကိုင်ရတဲ့အမှုက အလုပ်က စီနီယာဖြစ်သူ အာသာအီဒင်ရဲ့ ကေ့စ်။ အာသာက လယ်ယာဓာတုကုမ္ပဏီ U/North ရဲ့ ဒေါ်လာ ၃ ဘီလီယံတန် Action Lawsuit တစ်ခုတည်းကို ကိုင်တွယ်နေတာ ၆ နှစ်ရှိပြီဆိုပေမဲ့ အီဒင်က စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးပုံမှန်သောက်နေရတဲ့သူတစ်ယောက်။ တစ်ရက် ဆေးပုံမှန်မသောက်မိဘဲ ကိစ္စကို အန္တရယ်တောထဲ ပို့မိသွားခဲ့တယ်။ မိုက်ကယ်ဟာ အရှုပ်တွေကို ရှင်းပေးနေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို သတ်ဖို့ကြိုးစားခဲ့ပြန်ပါရော.....ဘယ်သူများဖြစ်နိုင်မလဲ? File ...
movie
Michael Clayton (2007)
7.2
The Best Exotic Marigold Hotel (2011)
The Best Exotic Marigold Hotel (2011)~ IMDb - 7.2/10, Rotten Tomatoes - 78% ~Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ...
movie
The Best Exotic Marigold Hotel (2011)
2011
7.1
Shakespeare in Love (1998)
“Shakespeare in Love” ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့တင် အထွေအထူးညွှန်းနေစရာမလိုတော့လောက်ဘူး ထင်ပါတယ်။ ဒီနာမည်ကို မရင်းနှီးကြတဲ့သူတွေအတွက်ကတော့ “ရိုမီရိုနဲ့ ဂျူးလိယက်” လို့ဆိုလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ အော်စကာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “ရိုမီရိုနဲ့ ဂျူးလိယက်” ပြဇာတ် ဖြစ်တည်လာခဲ့တဲ့ ဇာတ်ကြောင်းရင်းခံပဲဖြစ်ပါတယ်။William Shakespeare ဟာ သူရဲ့ ပြဇာတ်အသစ်ဖြစ်တဲ့ “ရိုမီရိုနဲ့ ပိုင်းရိတ်သမီးတော် အီသယ်” ကို ကြိုရောင်းထားနှင့်ပြီးသားပေမဲ့ Writer Block ဖြစ်နေတာကြောင့် စလုံးရေ မစနိုင်ဖြစ်နေခဲ့တယ်။ သူရဲ့စိတ်ကူးယဉ်ပုံစံအမျိုးသမီးလေး Viola De Lesseps နဲ့ မတွေ့ခင်အထိပေါ့ Lady Viola က လက်ထပ်ရမဲ့ သူရှိပြီးသားဖြစ်တဲ့ ဆွေကြီးမျိုးကြီးသခင်မလေးတစ်ယောက်ဖြစ်သလို ပြဇာတ်ကို အရူးအမူးသဘောကျတဲ့ သူတစ်ယောက်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက အမျိုးသားတွေပဲ ပြဇာတ်ကခွင့်ရှိတာကြောင့် သူက ယောက်ျားလေးလို ဟန်ဆောင်ပြီး ပြဇာတ်အတွက် ...
movie
Shakespeare in Love (1998)
7.7
Sense and Sensibility (1995)
တိုင်တန်းနစ် မင်းသမီး Kate Winslet ၊ ဟယ်ရီပေါ်တာရုပ်ရှင်တွေမှာ ပါမောက္ခ စနိတ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Alan Rickman ၊ ဒလောရပ်စ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Imelda Staunton၊ House M.d မှာ ဒေါက်တာဟောက်စ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Hugh Laurie တို့ အပြင်မင်းသမီး Emma Thompson နဲ့ မင်းသား Hugh Grant တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 1995 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Jane Austen ရဲ့ 1811 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Sense and Sensibility ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး အော်စကာဆန်ခါတင် နေရာ (၇) ခုအထိ ဝင်ခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အော်စကာရခဲ့ပါတယ်။ ဒါအပြင် တခြားဆုပေါင်း (၃၃) ခုလည်း ရရှိခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ ...
movie
Sense and Sensibility (1995)
1
2
Next