Channel Myanmar

Tom Kenny

Ant-Man (2015) Ant Man 7.2

Ant-Man (2015) Ant Man

2015
4K HEVC
Plankton: The Movie (2025) 5.6
Plankton: The Movie (2025) Plankton: The Movie 2025ကျွန်တော်တို့ ငယ်ငယ်တည်းက သည်းခြေကြိုက်ဖြစ်တဲ့ nickelodeon က SpongeBob SquarePants ဇာတ်ကားလေးလာပါပြီ။ ဒီကားကတော့ အရင်တုန်းကလို အပိုင်းနဲ့ မဟုတ်ပဲ တစ်ကားတည်းနဲ့အပြီးပါ။မူရင်း SpongeBob SquarePants က အသံသရုပ်ဆောင်တွေပဲဖြစ်ပြီး Netflix က အသစ်စက်စက်ထုတ်လုပ်ထားတာပါ။ဒီဇာတ်လမ်းမှာတော့ SpongeBob အကြောင်းမဟုတ်ပဲ ရှယ်ဒန်ပလိန်းတိန် နဲ့ သူ့ရဲ့ စက်ရုပ်မလေးတို့အကြောင်းကို အဓိကရိုက်ပြထားတာပါ။ရှယ်ဒန်ပလိန်းတိန် ကသူအရင်ကအတိုင်းပဲ မစ္စတာခရက်ဘ်ရဲ့လျှို့ဝှက်ဖော်မြူလာကို ရဖို့ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစဉ်ရင်း သူရဲ့ လက်တွဲဖော်စက်ရုပ်မလေး နဲ့ကြားက ဆက်ဆံရေးကိုသီချင်းလေးတွေနဲ့ မြူးမြူးကြွကြွ မူလ ခံစားချက်မပျက်အောာင် တင်ဆက်ပေးထားတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။ File size…1.4 GB / 710 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Linn Myat
movie

Plankton: The Movie (2025)

Sky High (2005) 6.3
Sky High (2005)  ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(915 Mb) Quality….Blu-Ray 1080p / 720p Format… ...
movie

Sky High (2005)

Tom and Jerry: The Fast and the Furry (2005) 6.5
Tom and Jerry: The Fast and the Furry (2005) တွမ်နဲ့ဂျယ်ရီ ပရိသတ်တွေအနေနဲ့ ဒီAnimationကို မသိသူ အတော်လေးရှားမှာပါ။Fast & Furious theme ပုံစံမျိုးနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကျွန်တော်တို့ငယ်စဉ်က အတော်‌ကိုကြိုက်ခဲ့ရတဲ့ ဇာတ်လမ်းဖြစ်သလိုဇာတ်ကွက် တွေကိုပါ အလွတ်ရတဲ့အထိ ထပ်ခါတလဲလဲကြည့်ခဲ့ဖူးတဲ့ animationပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ပိုင်ရှင်ရဲ့နှင်ထုတ်ခြင်းကို ခံလိုက်ရတဲ့ တွမ်နဲ့ဂျယ်ရီတို့နှစ်ယောက်ဇိမ်ခံစံအိမ်ကြီးကို ပထမဆုအနေနဲ့ ပေးမယ့် ဟောလိဝုဒ်က ကားပြိုင်ပွဲကြီးရဲ့ ကြော်ငြာကိုမြင်ပြီး ပြိုင်ဖို့ လုပ်ကြပါတော့တယ်။ပြိုင်ပွဲကျင်းပတဲ့ စတူဒီယိုဘက်ကလည်း တွမ်ရဲ့ဉာဏ်နီဉာဏ်နက် များတဲ့ပုံစံနဲ့ဉာဏ်ပြေးတဲ့ ဂျယ်ရီရဲ့ပုံစံကို သဘောကျပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ပေးလိုက်ပါတယ်။သူတို့နှစ်ကောင် ကြောင့်ပဲ အဲဒီကားပြိုင်ပွဲ အစီအစဉ်က ကြည့်ရှုနှုန်းတွေ ထိုးတက်လာတဲ့နောက် စတူဒီယိုဘက်က လောဘတက်ပြီးမူလပန်းတိုင်အစား ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ပြိုင်ပွဲရှည်အောင် လုပ်ပါတော့တယ်။အဲဒီလို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြမ်းတမ်းလှတဲ့ ပြိုင်ပွဲကြီးမှာ တွမ်နဲ့ဂျယ်ရီ နှစ်ကောင် လူတွေနဲ့ရင်ဘောင်တန်းပြီးဘယ်လိုမျိုး ကား အလန်းစားတွေနဲ့ ယှဉ်ပြိုင်သွားမှာလဲ၊တခြားသူတွေကို အသာရအောင် ဘယ်လိုဉာဏ်များကြဦးမလဲ၊ပြိုင်ပွဲကြီးမှာဘယ်သူအနိုင်ရပြီး ...
movie

Tom and Jerry: The Fast and the Furry (2005)

2005
Tom and Jerry Blast Off to Mars! (2005) 6.0
Tom and Jerry Blast Off to Mars! (2005) ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီတို့ အင်္ဂါဂြိုဟ်ပေါ် ရောက်သွားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိမရှိ စစ်ဆေးဖို့အတွက် အာကာသလေ့လာရေးယာဉ်တစ်စီး စေလွှတ်ထားရာအဲဒီယာဉ်ပေါ်မှာ တွမ်နဲ့ ဂျယ်ရီနှစ်ကောင်လုံးပါသွားခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်မှာပဲ သူတို့နှစ်ကောင်လုံး ကျန်ခဲ့ရာတကယ့် အင်္ဂါဂြိုဟ်သား အစစ်တွေနဲ့ တွေ့ပြီး ဖမ်းဆီးခံလိုက်ရပါတယ်။အင်္ဂါဂြိုဟ်သားတွေက သူတို့နှစ်ကောင်ကိုအင်္ဂါဂြိုဟ်ပေါ် ကျူးကျော်လာတဲ့ ကမ္ဘာသားတွေလို့ ယူဆပြီးကမ္ဘာဂြိုဟ်ကို လက်စားချေတဲ့အနေနဲ့ ပြန်ကျူးကျော်ဖို့ဆုံးဖြတ်ပြီး တိုက်ခိုက်လာကြတဲ့အတွက်ကမ္ဘာဂြိုဟ်ကို ပြန်ကာကွယ်ဖို့ တွမ်နဲ့ဂျယ်ရီတို့ ကြိုးပမ်းရပါတော့တယ်။ File Size :  1 GB, 535 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : ...
movie

Tom and Jerry Blast Off to Mars! (2005)

Eight Crazy Nights (2002)
Eight Crazy Nights (2002) IMDb - 5.3 မင်းသားကြီး Adam Sandler ကိုယ်တိုင် အသံသရုပ်ဆောင်‌ထားတဲ့ ခရစ္စမတ်ကာလ ကာတွန်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒေဗီ စတုန်း (Adam Sandler) ကတော့ ရာဇဝတ်မှတ်တမ်းများစွာနဲ့ ပျက်စီးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ပြီး ဒူ့စ်ဘယ်ရီမြို့မှာနေပါတယ်။ငယ်ငယ်ကတော့ လူငယ်ဘက်စကက်ဘောအသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမဲ့ အသက် ၁၂ နှစ်သားအရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့ရဲ့အနာဂတ်ရော သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့တာပါ။ ခရစ္စမတ်မတိုင်ခင် ဟာနူကာပွဲတော်ညမှာလည်း အရက်မူးပြီး မြို့ထဲကရေခဲရုပ်တုတွေကိုဖျက်ဆီးမိလို့ ထောင် ၁၀ နှစ်ထိချခံရတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူငယ်ဘက်စကက်ဘောပွဲဒိုင်လူကြီး ဝှိုက်တီရဲ့‌ ကြားဝင်‌ေဖြာင့်ဖျပေးမှု‌ကြောင့် လူငယ်ဘက်စကက်ဘောပွဲအတွက် အလုပ်သင်ဒိုင်လူကြီးလုပ်ဖို့ ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ဒီလိုနဲ့ သက်ကြီးပု ဝှိုက်တီနဲ့ အရက်သမား စတုန်းတို့နှစ်ယောက်ကြားက ဟာနူကာပွဲညရှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ စတုန်းတစ်ယောက်ရော သူ့ရဲ့အကျင့်‌ဟောင်းတွေကို ဖျက်နိုင်ပါ့မလားဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရှုကြရမှာပါ။ လူကြီးဟာသတချို့နဲ့ အသုံးအနှုံးတချို့ကြောင့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်တဲ့ လူကြီးကာတွန်းကားတစ်ကားပါဗျ။File size…(1.2 GB)/(573 MB) Quality….Webrip HEVC ...
movie

Eight Crazy Nights (2002)

Scooby-Doo! & Batman: The Brave and the Bold (2018) 6.5
Scooby-Doo! & Batman: The Brave and the Bold (2018) စကူဘီဒူးတို့အုပ်စု ထူးဆန်းထွေလာတွေနဲ့အတူပြန်လာခဲ့ပါပြီဒီတစ်ခါမှာတော့ ခါတိုင်းနဲ့မတူဘဲ Batman ရဲ့အမှုကို သူငယ်ချင်းတစ်သိုက်က ပါဝင်အားဖြည့်ပေးကြမှာပဲဖြစ်ပါတယ်တစ်နေ့မှာ ဂေါ့သန်မြို့က ဓာတုသိုလှောင်ရုံတစ်ခု ဖောက်ထွင်းခံလိုက်ရပေမဲ့ဒီအမှုက သာမန်ဟုတ်မနေဘဲ batmanရဲ့ အတိတ်က မပြီးပြတ်သေးတဲ့ အမှုတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာတော့မေးခွန်းထုတ်စရာအခြေအနေတွေပေါ်လာပါတော့တယ်DC Universeက ဟီးရိုး‌တွေနဲ့ စကူဘီဒူးတို့စကွက်ရဲ့ ဂယက်တွေကို ဟာသနှောလျက်သားကြည့်ရှုရမှာဖြစ်ပြီးတော့အကုန်လုံးပူးပေါင်းပြီး အမှုကိုတစ်ဆင့်ချင်းဖြေရှင်းသွားကြပုံတွေကို ဒီmovieထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ  File Size :  1 GB, 537 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant
movie

Scooby-Doo! & Batman: The Brave and the Bold (2018)

Aloha Scooby-Doo! (2005) 6.3
Aloha Scooby-Doo! (2005) Scooby-Doo နဲ့ သူငယ်ချင်း တစ်သိုက်ရဲ့ စွန့်စားခန်းလာပါပြီဒီဇာတ်လမ်းလေးကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဟာဝိုင်အီ ကျွန်းမှာ ဇာတ်အိမ်တည်ထားတာပါ။Scooby-Doo နဲ့ သူငယ်ချင်းတစ်သိုက်ဖြစ်တဲ့ Mystery Inc ဟာ အပန်းဖြေအနားယူဖို့အတွက်ဟာဝိုင်အီ ကျွန်းက ဟာနာဟူနာမြို့လေးပေါ်ကို ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့ ဒီမြို့လေးက မြို့ခံတွေဟာ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ခံစားနေကြရပါတယ်။ဒါတွေကို Scooby တို့ လိုက်လံ စုံစမ်းတဲ့ အခါမှာတော့ ဘာတွေကို ရင်ဆိုင်ရမလဲဒီဆန်းကြယ်မှုကို Scobby တို့ ဖော်ထုတ် သွားနိုင်မှာလား ဆိုတာကို ကြည့်ရှု ခံစားနိုင်မှာပါဒီဇာတ်ကားလေးမှာတော့ ဟာဝိုင်အီကျွန်းရဲ့ ရှေးဟောင်း ဒဏ္ဍာရီတွေနတ်ဝင်ဇာတ်လမ်းတွေကို ချိတ်ဆက်မှုအပြည့် ဒရာမာ အပြည့်နဲ့ကာတွန်းပုံစံ ဖန်တီးထားတာတွေကို ကြည့်နိုင်မှာပါ။Halloween ရာသီဆိုတော့ spooky ဖြစ်ပြီး မိသားစုနဲ့ အတူ ကလေးတွေပါ အတူတူကြည့်ဖို့သင့်တဲ့ ဇာတ်ကားမျိုးပါ။  File Size :  1.8 GB, 861 MB Quality ...
movie

Aloha Scooby-Doo! (2005)

SpongeBob Squarepants: Kreepaway Kamp (2024) 6.0
SpongeBob Squarepants: Kreepaway Kamp (2024)  Horror ပရိသတ်တွေကြိုက်ကြတဲ့ Horror ဇာတ်ကားကောင်းတွေတ၀ကြီးကြည့်ရမဲ့ ဟောလိုးဝင်းကာလကြီးနီးကပ်လာပါပြီ။အဲ့ဒါကြောင့်ပဲရုပ်ရှင်စတူဒီယိုအကြီးတွေ အသေးတွေအကုန်လုံးကနေHorror ဇာတ်ကားတွေအပြိုင်အဆိုင်ရိုက်ကူးလာကြတာ ကလေးလူကြီးမရွေးကြိုက်နှစ်သက်တဲ့ Spongebob တောင်အပါအဝင်ပါပဲ။အဲ့ဒါကြောင့် Spongebob ချစ်သူတွေအတွက်အသစ်ထွက်ရှိထားတဲ့လက်ရှိ IMDb 6.0 အထိရရှိထားတဲ့ Kreepaway Kamp ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Spongebob က Horror ထွက်တာရှားပေမဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ကြည့်လို့ကောင်းမှာအမှန်ပါပဲ။ဇာတ်လမ်းအစမှာတော့ ထုံးစံအတိုင်း သူငယ်ချင်းနှစ်ယောက်ပေါတောတောတွေလုပ်နေရင်း သူတို့ငယ်ငယ်က သွားခဲ့ဖူးတဲ့နွေရာသီစခန်းဖြစ်တဲ့ သန္တာကျောက်တန်းစခန်းကနေ သူတို့ကိုပြန်လည်တွေ့ဆုံပွဲလာဖို့ဖိတ်တဲ့ ဖိတ်စာရလာခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့နှစ်ယောက်တည်းရတာမဟုတ်ဘဲ တစ်မြို့လုံးရတဲ့အတွက် အကုန်လုံးကလည်း ကလေးဘ၀တုန်းကအမှတ်တရလေးတွေရှိခဲ့ဖူးတဲ့နေရာကို အသက်ကြီးလာတဲ့အခါမှာပြန်သွားချင်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ သန္တာကျောက်တန်းစခန်းကိုရောက်ခဲ့ကြတဲ့အခါမှာတော့ ထင်ထားသလိုဖြစ်မနေဘဲ တော်တော်လေးစုတ်ပြတ်သတ်နေပြီးခြောက်ခြားစရာဖြစ်နေခဲ့ပါတော့တယ်။ပြန်မယ်လုပ်တော့လည်း ပြန်စရာလမ်းတွေကတစ်ခုမှမရှိတော့တဲ့အတွက် Spongebob နဲ့ သူငယ်ချင်းတွေအားလုံးအဲ့ဒီမှာပိတ်မိနေကြရင်း ဘယ်လိုသည်းထိပ်ရင်ဖိုစရာတွေဖြစ်လာမယ်ဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…807MB / 416MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….45m Genre ….. Animation , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

SpongeBob Squarepants: Kreepaway Kamp (2024)

Albert (2016) 6.2
Albert (2016) နှစ်တိုင်း ဒီဇင်ဘာ ၂၅ရက်နေ့မှာ ကျရောက်တဲ့နေ့ရက်လေးကတော့ ခရစ္စမတ်နေ့လေးပါ။ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထူးအမြတ်အလေးထားရတဲ့ နေ့လေးတစ်နေ့ပေါ့ခင်ဗျာ။မိသားစု သူငယ်ချင်း မိတ်ဆွေများတို့နဲ့ ဆုံတွေ့ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းကြတဲ့အဓိပ္ပာယ်ရှိတဲ့နေ့ရက်လေးကို အစွဲပြုပြီး ရိုက်ကူးထားတဲ့ဇာတ်ကားတွေထဲကမှAlbert ဆိုတဲ့ ချစ်စရာ ကာတွန်း animation ကားလေးအကြောင်း နည်းနည်းပြောချင်ပါတယ်။ဇာတ်လမ်းအကျဉ်းAlbert ဆိုတဲ့အပင်ငယ်လေးဟာ သူတို့မြို့မှာခရစ္စမတ်ရောက်တိုင်း အကောင်းဆုံး အချောဆုံး အပင်ကိုရွေးပြီးမြို့ရင်ပြင်မှာ ခရစ္စမတ်သစ်ပင်အဖြစ် အလှဆင်ပြီး ခင်းကျင်းပြသရတဲ့ ခရစ္စမတ်သစ်ပင် ဖြစ်ဖို့စိတ်ကူးအိပ်မက်ရှိတဲ့အပင်လေးပါ။တစ်နှစ် ခရစ္စမတ်ရာသီမှာတော့သူဟာ အပင်ရွေးတဲ့နေရာမှာ ဝင်အရွေးခံဖို့ ဆုံးဖြတ်ပြီး သူ့ရဲ့မိတ်ဆွေ ထန်းပင်မလေးရယ်သူ့အိုးထဲမှာ ကပ်နေနေတဲ့ ပေါင်းပင်လေးနဲ့အတူ စွန့်စားခန်းထွက်လာတဲ့အကြောင်းလေးကို တွေ့မြင်ရမှာပါ။ဇာတ်လမ်းလေးက ကလေးတွေအတွက် အများစုရည်ညွှန်းပေမဲ့လို့ မိတ်ဆွေသူငယ်ချင်းမေတ္တာ မဆုတ်မနစ်တဲ့ဇွဲနဲ့ ခရစ္စမတ်ရဲ့အဓိပ္ပာယ်အနှစ်သာရလေးကို ပေါ့ပါးစွာမီးမောင်းထိုး ပြသထားတဲ့ကားလေးမို့ animation ပရိသတ်တွေ ကြည့်သင့်တဲ့ကားလေးတစ်ကားပါခင်ဗျာ။  File Size : 820 MB, 400 MB Quality : WEB-DL 1080p / 720p Running ...
movie

Albert (2016)

Saving Bikini Bottom: The Sandy Cheeks Movie (2024)
Saving Bikini Bottom: The Sandy Cheeks Movie (2024)  သားသားမီးမီးတို့အားလုံးကြိုက်ကြတဲ့ ရေမြုပ်ကောင်လေးကာတွန်းကားအသစ်ထွက်လာပါပြီဒီတစ်ခါမှာတော့ စပွန့်ချ်ဘော့ဘ်နဲ့သူ့သူငယ်ချင်း ရှဥ့်မလေးတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ ဘီကီနီဘော်တွန်လို့ခေါ်တဲ့သူတို့နေထိုင်ရာရေအောက်မြို့လေးကို သိပ္ပံပညာရှင်လူဆိုးတစ်သိုက်သိမ်းပိုက်သွားရာကနေ စပွန့်ချ်တို့နှစ်ယောက်ပြန်ကယ်ထုတ်ဖို့ကြိုးစားကြမှာပါ''''မင်းမျက်နှာကို သေခြင်းတရားကစိုက်ကြည့်လာတဲ့အခါ မင်းဘာလုပ်မလဲကွ'''' ''''ကျွန်တော်လား ဒီလိုကြည့်တာရိုင်းတယ် အခြားနေရာကိုကြည့်လို့ပြောလိုက်မှာပေါ့ဗျ''ဆိုတဲ့ စပွန့်ချ်ဘော့ဘ်ပါနော်ကလေးတွေရဲ့အကြိုက်ဟာသကာတွန်းကားလေးပါရှင်... File size…(1.5 GB)/(870 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:22:00 Genre... Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si
movie

Saving Bikini Bottom: The Sandy Cheeks Movie (2024)

Superman: Doomsday (2007) 6.9
Superman: Doomsday (2007) Superman: Doomsday (2007) IMDB: 6.9/10 Rotten Tomatoes: 57%Superman: Doomsday (2007) ရုပ်ရှင်ဟာ DC Comics Book တစ်ခုဖြစ်တဲ့ The Death of Superman ကိုအခြေခံကာ ရိုက်ကူးထားတဲ့ DC Animation ဖြစ်ပါတယ်။ဇာတ်ညွှန်းစူပါမန်းရှိတဲ့ ကမ္ဘာဟာငြိမ်းချမ်းပါတယ်။ စူပါမန်းဆိုတာ နှိုင်းယှဉ်လို့မရနိုင်တဲ့ စံပြု ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ခုလိုမျိုး အနှိုင်းမဲ့တဲ့လူတောင်မှ နေဝင်ချိန်ဆိုတာရှိလာတတ်ပါတယ်။ လက်စ်လူသာဟာသူ့ရဲ့ထုံးစံအတိုင်း လက်စ်ကော်ပိုရေးရှင်းကိုအကြောင်းပြပြီး တစ်ဖက်မှာ မှောင်ခိုလုပ်ငန်းတွေကိုလုပ်နေပါတယ်။တစ်ရက်မှာတော့ လက်စ်ကော်ပိုရေးရှင်းက သိပ္ပွံပညာရှင် အချို့ဟာမြေအောက်မှာ လုပ်ငန်းတစ်ခုဆောင်ရွက်နေရင်း ပြင်ပကမ္ဘာကလာတဲ့ ယာဉ်ပျံတစ်စီးကိုတွေ့ခဲ့ပါတယ်။ အဆိုပါယာဉ်ပျံထဲမှာပါနေတဲ့အရာဟာ Doomsday ဖြစ်ပြီး မြင်မြင်သမျှကို ဖျက်ဆီးမယ့်လူတစ်ယောက်ဖြစ်ပါတယ်။ နောက်ဆုံးတော့ Doomsday ကိုတိုက်ခိုက်နိုင်မယ့် တစ်ဦးတည်းသောသူက စူပါမန်းဖြစ်လို့လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ....File size…    1.2 GB /  654 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Superman: Doomsday (2007)

The Batman vs. Dracula (2005) 6.6
The Batman vs. Dracula (2005) The Batman vs. Dracula (2005) ======================= IMDb Rating - 6.6/10Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ပင်ကွင်းလည်း သူများအပြောနဲ့ ...
movie

The Batman vs. Dracula (2005)

2005
Woody Woodpecker Goes to Camp (2024)
Woody Woodpecker Goes to Camp (2024)  သစ်တောက်ငှက် ဝူဒီလေးရဲ့ ဒုတိယကားထွက်ရှိလာပါပြီ....။ဝူဒီလေးကိုတော့ အားလုံးသိကြပြီးသားဖြစ်မှာပါ ...သူ့ကိုယ်ပိုင်ရယ်သံလေးနဲ့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သစ်တောက်ငှက်လေးပေါ့...။ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရရင်ဝူဒီ ဆိုတာ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ သူ့တောအုပ်ထဲမှာဆူညံပူညံလာလုပ်တဲ့လူတွေ၊ လာဖျက်ဆီးတဲ့လူတွေကိုပညာပေးပြီး နှင်ထုတ်လေ့ရှိတဲ့ သစ်တောက်ငှက်လေးပေါ့....။ကံဆိုးချင်တော့ လူတွေဖျက်ဆီးတာထက် ဝူဒီရဲ့အဆင်အခြင်မဲ့လုပ်ဆောင်မှုကြောင့် သစ်တောပျက်ဆီးရတာကပိုများပါတယ်...။ဒါကြောင့် တောပိုင်ကြီးက ဝူဒီလေးကို အသင်းအဖွဲ့နဲ့နေတတ်မှပြန်လာခဲ့ဆိုပြီးတောအုပ်ထဲမှ နှင်ထုတ်လိုက်ပါတယ်...။ဒီလိုနဲ့ ဝူဒီလေးတစ်ယောက် အသင်းအဖွဲဲ့နဲ့ နေတတ်အောင်သင်ယူဖို့ဆိုပြီး နွေရာသီစခန်းတစ်ခုကိုရောက်သွားပါတယ်...။ဒီစခန်းမှာရော ဘယ်လိုလူတွေနဲ့စုံရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေကစောင့်ကြိုနေဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။  File size…2.79GB / 1.26GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Woody Woodpecker Goes to Camp (2024)

Dicks: The Musical (2023) 5.5
Dicks: The Musical (2023) Dicks: The Musical ( 2023 )A24ကားအသစ်ဆိုတဲ့အတိုင်း A24မှာ အတွေ့ရများတဲ့အတိုင်း ဆန်းဆန်းပြားပြားဇာတ်လမ်းကို ထူးထူးခြားခြားတင်ဆက်ထားတဲ့ ဇာတ်လမ်းပါပဲ။ A24 အနေနဲ့ Comedy အမျိုးအစား သီးသန့်ရုပ်ရှင်မရှိခဲ့သေးသလို Musicalရုပ်ရှင်လည်းမရှိခဲ့သေးပါဘူး။ ဒစ်ကတော့ ဒီသမိုင်းကို ချိုးဖောက်လိုက်ပါတယ်။ A24ရဲ့ ပထမဆုံး မြူဇစ်ကယ်ရုပ်ရှင်ပါပဲ။ မြူဇစ်ကယ်ဆိုပေမဲ့ ပျင်းစရာကောင်းမယ်တော့ မထင်ပါနဲ့။ ပြောခဲ့သလို ဒါက A24က ထုတ်တာပါ။ သမားရိုးကျဖြစ်နေတဲ့အလုပ်မျိုး ဒီကောင်တွေ ဘာမှမလုပ်ပါဘူး။ ဇမ္မူမှာတစ်လူ ငါသာအတော်ဆုံးဆိုတဲ့‌ ကောင်၂ကောင်ရှိတယ်။ သူတို့ဘဝနဲ့သူတို့နေနေကြတယ်။ သူတို့ချင်းတစ်ခါမှလည်းမတွေ့ဖူးကြဘူး။ ရုပ်ချင်းလည်း တစ်စက်မှမတူကြဘူး။ ဒါပေမဲ့ သူတို့က ချွတ်စွပ်တူတဲ့ အမွှာတွေ။ ဘာလို့လဲ မမေးနဲ့ ရုပ်ချင်းမတူပေမဲ့ သူတို့၂ယောက်ကို ချွတ်စွပ်တူတယ်ဆို တူလိုက်လို့ ဒီထဲက ဘုရားသခင်က ထအော်ထားတယ်။ တူတယ်ဆို တူလိုက်။ ဘလင်းဘလင်းတွေအပြည့်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ ဂေးရုပ်ထွက်နေတဲ့ ဘုရားသခင်ရဲ့အစီအစဉ်တိုင်း တစ်နေ့အလုပ်မှာ သူတို့ချင်းတွေ့ပြီး စကားပြောရင်း သီချင်းတွေဆိုရင်းမှပဲ သူတို့က ကွဲကွာနေတာ နှစ်ပေါင်းများစွာကြာနေတဲ့အမွှာတွေဆိုတာ သူတို့သိလိုက်ရတယ်။ ငယ်ငယ်ကတည်းက အဖော်ကို ငံ့လင့်နေတဲ့ ဘယ်နားမှမတူပေမဲ့ ဘုရားသခင်က တူတယ်လို့ပြောထားတဲ့ ...
movie

Dicks: The Musical (2023)

2023
God Bless America (2012) 7.1
God Bless America (2012)  ဒီတစ်ခါမှာတော့ IMDb 7.1 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးတစ်ခုတင်ဆက်ပေးပါ့မယ် Social media လွှမ်းမိုးလာတာနဲ့အမျှ လူတွေဟာလည်း နေ့ရှိသရွေ့ Cele အကြောင်းတွေ အတင်းတွေ နိုင်ငံရေးအယူအဆတွေ ဝက်ဆိုဒ်ပေါ်မှာတွေ့တာတွေကို ပြောကြဆိုကြရင်း အချိန်ကုန်လာကြပါတယ် အဲ့ဒီလို Social Media လွှမ်းမိုးမှုကို မကြိုက်တဲ့ ဖရန်ခ့်တစ်ယောက်ကတော့ လူ့ဂွစာကြီးဖြစ်နေတာပေါ့ဗျာ ပြီးတော့ ဖရန်ခ့်ဟာ ယဉ်ကျေးမှုပြောင်းလဲလာတာတွေကိုလည်း သဘောကျသူမဟုတ်ပါဘူး ဒီလိုနဲ့ လူ့ဂွစာကြီး ဖရန့်ခ့်ဟာ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပါတော့တယ် အလုပ်ပြုတ်ပြီးပြီးချင်းမှာပဲ သူရဲ့ဦးနှောက်မှာ အကြိတ်တည်နေတာကို ပါ ထပ်သိလိုက်ရပါသေးတယ်ကျန်းမာရေးလည်းမကောင်း အလုပ်လည်းပြုတ် အိမ်ထောင်လည်းကွဲထားတဲ့ ဖရန်ခ့်တစ်ယောက် သူ့ကိုသူ အဆုံးစီရင်ဖို့ကြံစည်ပါတော့တယ် ထိုအချိန်မှာပဲ တီဗီရှိုးတစ်ခုမှာလာတဲ့ ကလိုအီဆိုတဲ့ လူကြီးကို လူကြီးလို မထင်တဲ့ နာမည်ကြီး ကောင်မလေးတစ်ယောက်ဟာ ဖရန်ခ့်အတွက် မျက်စိစပါးမွှေးစူးစရာဖြစ်နေတာပေါ့ ဒီလိုနဲ့သူဟာ သူ့ကိုယ်သူ အဆုံးမစီရင်ဘဲ ကလိုအီကို သွားသတ်ပါတော့တယ် ဒီလိုနဲ့ ...
movie

God Bless America (2012)

The SpongeBob Movie: Sponge Out of Water (2015) 6.0
The SpongeBob Movie: Sponge Out of Water (2015)  SpongeBob Squarepants ကိုတော့အားလုံးသိကြပြီးသားဖြစ်မှာပါ 2015 ခုနှစ်ကထွက်ရှိထားတဲ့ action & adventure movie ဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ် ဒီတစ်ခေါက်မှာတော့ Mr. Krabs ရဲ့လျှို့ဝှက်ဟင်းချက်နည်းက ရုတ်တရက်ပျောက်သွားရာကနေအစပြုပြီး Krabby Patties တွေလည်းထပ်မရှိတော့တာကြောင့် Bikini Bottom ကြီးတစ်ခုလုံးပရမ်းပတာတွေဖြစ်ပြီး ကပ်ဘေးကြီးဆိုက်သွားပါတော့တယ် SpongeBob တို့သူငယ်ချင်းတစ်စုသားလျှို့ဝှက်ဖော်မြူလာကိုရှာရင်းကုန်းပေါ်အထိပါတက်သွားရတဲ့အထိပါပဲ သူတို့ကုန်းပေါ်မှာ လျှိူ့ဝှက်ဖော်မြူလာကိုပြန်ရှာဖို့စွန့်စားခန်းတွေဖွင့်ရင်း Bikini Bottom ကိုကယ်တင်ဖို့ကြိုးစားကြတာတွေကိုပျော်ပျော်ကြီးကြည့်ရှုရမှာပါ File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Family, Adventure, Comedy, Fantasy, Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The SpongeBob Movie: Sponge Out of Water (2015)

Transformers: The Last Knight (2017) 5.2
Transformers: The Last Knight (2017) ၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။ အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ်အော်တိုဘော့တွေကိုပါ တရားမဝင်ကြေညာပြီး တိုက်ခိုက်နေပါပြီ။ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်ကကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.to/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(8.2 GB)/(4.2 GB)/(1.5 GB) Quality….BluRay 4K HDR HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

Transformers: The Last Knight (2017)

2017
4K HEVCHDR
Transformers: Dark of the Moon (2011) 6.3
Transformers: Dark of the Moon (2011) ဇာတ်လမ်းအကျဉ်းကတော့........ စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။~ Review Credit(Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.to/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(6.8 GB)/(4.3 ...
movie

Transformers: Dark of the Moon (2011)

2011
4K HEVCHDR