Channel Myanmar

Tom Hardy

Legend (2015) 6.9
Legend (2015) Legend (2015)IMDb Rating (6.9) / Rotten Tomatoes (60%)Gangster ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် Tom Hardy ကိုလည်းချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ပြည့်နှစ်-၆၀ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Gangsters တွေဖြစ်တဲ့ ခရေးအမြွှာညီနောင်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ Identical twins ဖြစ်တဲ့အတွက် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ရော်နယ်ခရေးနဲ့ ရတ်ဂျီနယ်ခရေးဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန်လို့ခေါ်တဲ့ ရော်နယ်ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင် ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ဒီရုပ်ရှင်ကို ရတ်ဂျီရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ(Emily Browning)က ဇာတ်ကြောင်းကို ပြောပြနေဟန်ရိုက်ကူးထားတယ်။ ...
movie

Legend (2015)

4K HEVC
Havoc (2025) 6.7
Havoc (2025)  မင်းသား တွမ်ဟာဒီရဲ့ ရဲအက်ရှင်ကားသစ် ထွက်လာပါပြီ။ဒါရိုက်တာကလည်း The Raid ရဲ့ ဖန်တီးရှင် Gareth Evansပါပဲ။ အက်ရှင်မှ အက်ရှင်အစစ်ပါ။ တရုတ် ရာဇဝတ်ဂိုဏ်းနဲ့အမေရိကန်ဂိုဏ်း နှစ်ခုကြားမှာ ရဲတွေနဲ့ သုံးပွင့်ဆိုင်ကျုံးကြတဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း++++++++++ဝေါ်ကာဆိုတဲ့ ရဲက လာဘ်စားပြီးတော့ အမတ်လောင်းတစ်ယောက်ရဲ့ တရားမဝင်အလုပ်တွေကို လုပ်ပေးနေတဲ့သူပါ။တစ်နေ့မှာ အမတ်လောင်းရဲ့ သားက တရုတ် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ရဲ့ သားကို သတ်မိသွားတယ်ဆိုပြီး တရုတ်ဂိုဏ်းတစ်ခုလုံးက လိုက်လာပါတယ်။အဲဒီ ဂိုဏ်းနှစ်ခုကြားမှာ အမတ်လောင်းရဲ့သားကို ကယ်ဖို့ကြိုးစားနေရတဲ့ ဝေါ်ကာနဲ့ သူ့ထက်အကျင့်ပျက်နေတဲ့ရဲတွေကလည်း ထပ်ပြီး ထိပ်တိုက်တွေ့ကြပါတော့တယ်။ဒီတော့ ပတ်လည်တွေ ကျုံးကုန်ကြပြီး ဘာဆက်ဖြစ်မလဲကြည့်ရမှာပါ။  File size… (7.67 GB) / (2.74 GB) / (1.16 GB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h ...
movie

Havoc (2025)

4K HEVC
The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါတွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ HughGlass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။survival adventure ...
movie

The Revenant (2015)

2015
4K HEVC
Tinker Tailor Soldier Spy (2011) 7
Tinker Tailor Soldier Spy (2011) Tinker Tailor Soldier Spy (2011) ********************************* IMDb - 7.0/10_____Rotten - 83%  Tinker Tailor Soldier Spy ဇာတ်ကားကလည်း စပိုင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်..စပိုင်တွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်တယ် အနေအထိုင်ကျစ်လစ်တယ်...သူ့တို့ဟာ တခြားဘက်ကလူဆိုတာကို မသိနိုင်လောက်အောင် လျှို့ဝှက်တတ်ကြတယ်...အရမ်းတော်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုရှိတယ်....ဒီအေဂျင်စီခေါင်းဆောင်ဟာ သူ့အဖွဲ့ထဲမှာ စပိုင်တစ်ယောက်ပါနေတယ်လို့သံသယရှိနေတယ်...ဒါကြောင့် ခေါင်းဆောင်ဖြစ်သူဟာ  စပိုင်ကိစ္စကိုစုံစမ်းဖို့ သူယုံကြည်ရတဲ့ သူတစ်ယောက်ကိုစုံစမ်းဖို့ ဘူတာပက်စ်ကို လွှတ်ခဲ့ပါတယ်။ သို့ပေမယ့် သူလွှတ်လိုက်တဲ့သူဟာ ဘူတာက်စ်မှာ ပစ်သတ်ခံခဲ့ရပါတယ်...စပိုင်တွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ အလုပ်တစ်ခုမှာ ယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ ကောင်းကောင်းပြထားတဲ့ကားပါ...ဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက နာမည်ကြီးမင်းသားတွေဖြစ်တဲ့အပြင် IMDb, Rotten ရောအကောင်းဆုံးအနေအထားမှာရှိနေပါတယ်....ကျွန်တော်တို့ရဲ့  doctor strange ကြီးလည်း ပါဝင်ထားပါတယ်...  File Size : 3.46GB/ 670MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:08:00 Genre :  Drama, Mystery, Thriller Subtitle : Myanmar ...
movie

Tinker Tailor Soldier Spy (2011)

Venom: The Last Dance (2024) 6.2
Venom: The Last Dance (2024)  မာဗယ် စူပါဟီးရိုးမကျဗီလိန်မကျ ဇာတ်ကောင်ဖြစ်တဲ့ ဗဲနွမ်သုံးကားမြောက်လာပြီ။ ဒါရိုက်တာက ၁ တုန်းကလိုပဲKelly Marcel ပါ။ မင်းသားကလည်း တွမ်ဟာဒီ ပါပဲ။ဗဲနွမ် အသံသရုပ်ဆောင်အဖြစ်လည်း တွမ်ဟာဒီပဲလုပ်ပေးထားတာပါ။ ဆိုနီအတွက် နောက်ဆုံး ဗဲနွမ်ရုပ်ရှင်လို့လည်းဆိုပါတယ်။ ဇာတ်လမ်းအကျဉ်း*************စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို့ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမို့ပါပဲ။သူလွတ်လာဖို့ကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီးအဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို့ နှစ်ကောင်ဆီရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖို့အတွက် ဇယ်နိုဖာ့ဂျ်ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့ဗဲနွမ်တို့ ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာဒီမှာ တွေ့ရပါလိမ့်မယ်။ File size…(4.1 GB)/ (1.77GB) / (1.04GB ) Quality… WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ...
movie

Venom: The Last Dance (2024)

4K HEVC
Venom (2018) 7.0
Venom (2018) DatShin Review: Venom (2018) … PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိတစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom ...
movie

Venom (2018)

2018
4K HEVC
Venom: Let There Be Carnage (2021) 6.3
Venom: Let There Be Carnage (2021) Venom: Let There Be Carnage (2021)==========================IMDb Rating - 6.3/10Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ.....အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာစပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

Venom: Let There Be Carnage (2021)

2021
4K HEVC Web-DL
Dunkirk (2017) 7.9
Dunkirk (2017) Dunkirk (2017)IMDb Rating (7.9) / Rotten Tomatoes (92%)စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်လုပ်ဖို့ဆိုတာသိပ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ Imitation Game ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing စကားကိုပြန်ပြောပါရစေ “You know why people like violence? Because it’s feel good’’လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို့ စာအုပ်ဖတ်လို့ စကားအဖြစ်ပြောလို့ပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော ကြားနေတဲ့အဖွဲ့ရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။ ရိုက်ခဲ့သမျှရုပ်ရှင်အားလုံးနီးပါး ...
movie

Dunkirk (2017)

2017
4K HEVC IMAX
Inception (2010) 8.8
Inception (2010) Inception (2010)IMDb Rating (8.8) / Rotten Tomatoes (87%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်း....ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ ...
movie

Inception (2010)

2010
4K HEVC
The Bikeriders (2024) 7.1
The Bikeriders (2024)  Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင်ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကိုအလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။The Bikeriders မှာတော့ မင်းသားကြီး Tom Hardy,ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီးJodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့The Bikeriders photo book ကို မှီငြမ်းထားတယ်လို့သိရပါတယ်။ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်ကအဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက်ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကိုဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်းတစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။ File ...
movie

The Bikeriders (2024)

Black Hawk Down(2001) 7.7
Black Hawk Down(2001) Black Hawk Down(2001)IMDb - 7.7/10_____Rotten - 76%Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေအချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာMohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီးထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကိုငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီးတစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာAididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီးအမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေစစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီးအကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်  File Size :(14.55 GB) (4.3GB)  (1.4GB) Quality : Web-Dl 4K ...
movie

Black Hawk Down(2001)

4K HEVC
Locke (2013)

Locke (2013)

Thick as Thieves (2009) 6
Thick as Thieves (2009) Thick as Thieves (2009)ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသ‌ဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ...
movie

Thick as Thieves (2009)

2009
RocknRolla(2008) 7.2
RocknRolla(2008) RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie

RocknRolla(2008)

The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
Marie Antoinette(2006) 7.0
Marie Antoinette(2006) Marie Antoinette(2006) အညွှန်း****************************IMDb...7.0၁၇ ရာစုမှာ ပြင်သစ်တော်လှန်ရေးဖြစ်ခဲ့ပြီး တော်လှန်ရေးမဖြစ်ခင် နောက်ဆုံးစိုးစံခဲ့တဲ့ ဘုရင်မက မာရီအန်တွီနက်ပါပဲသူကတော့ တခြားသူမဟုတ်ပါဘူး ‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စား’ ဆိုပြီး ရာဇဝင်တွင်မယ့် စကားကိုဆိုခဲ့တဲ့သူပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာ သူ့ကိုဗဟိုပြုပြီး ရိုက်ကူးထားတာဖြစ်ပြီးspiderman မင်းသမီးဟောင်း Christen Dunst ပါဝင်ထားပါတယ်မာရီတစ်ယောက် အမျိုးသမီးပင် ဖြစ်လင့်ကစားပြင်သစ်နန်းတွင်းမှာ ဝင်ဆန့်အောင်ကြိုးစားရပုံတွေထီးနန်းဆက်ခံမယ့်သားတော်မွေးစေချင်တဲ့ ဖိအားတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ...File Size :(2.1GB)(1.1GB) and (239MB) Quality : Blu-Ray 1080p5.1Ch, 720P Format…mp4 Duration…02:03:00 Genre : , Drama ,Biography , History Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Marie Antoinette(2006)

Spider-Man: No Way Home ( 2021 ) 9.1
Spider-Man: No Way Home ( 2021 ) စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ(function(f,b,n,j,x,e){})();IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲအောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါအညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioကဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်းအဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီးပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့်အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကိုအကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ...
movie

Spider-Man: No Way Home ( 2021 )

Child 44 (2015) 6.5
Child 44 (2015) ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့‌နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူ‌တွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie

Child 44 (2015)