Channel Myanmar

Tom Cruise

A Few Good Men (1992) 7.7
A Few Good Men (1992) A Few Good Men (1992) ***************************** IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်... အဲဒီလိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်..... ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်.... စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်.. အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး.... သို့ပေမဲ့ စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... File Size : 2.18GB/ 870MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle ...
movie

A Few Good Men (1992)

Tropic Thunder (2008) 7.1
Tropic Thunder (2008) Tropic Thunder (2008)IMDb Rating (7.1) / Rotten Tomatoes (82%)ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့် တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr... Night at The Museum မင်းသားကြီး Ben Stiller... ဂါလီဗာ မင်းသားကြီး Jack Black... She's Out of My League ထဲက Jay Baruchel... မင်းသားကြီး Tom Cruise , Matthew McConaughey ...စတဲ့ နာမည်ကြီးမင်းသားတွေပါ ပါဝင်ထားပါသေးတယ်။နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။ သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။ဇာတ်လမ်းကတော့ စစ်ကားရိုက်တဲ့ သရုပ်ဆောင်မင်းသားတသိုက် ရိုက်ကွင်းလို့ သူတို့ထင်နေတဲ့နေရာကို ရောက်သွားကြပေမယ့် အဲ့နေရာက တကယ်တော့ ...
movie

Tropic Thunder (2008)

2008
4K HEVC
Far and Away (1992) 6.6
Far and Away (1992)  Tom Cruise နဲ့ Nicole Kidman တို့ရဲ့ 1992 ခုနစ်မှာ ထွက်ရှိခဲ့တဲ့ romance/drama ဇာတ်လမ်းတစ်ပုဒ်ပါ နှစ်ယောက်လုံးရဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်လှလွန်းတဲ့ အသက်ပါပါ သရုပ်ဆောင်ချက်တွေကို ဒီကားထဲမှာ ခံစားကြည့်ရှုရမှာပါ IMDb rating 6.6 နဲ့ Letterboxd မှာ 3.2 ရထားတဲ့ western film ကောင်းတစ်ခုပါပဲ၁၈၉၀ ဝန်းကျင်ကာလ အိုင်ယာလန်ပြည်မှာ မြေရှင်တွေဟာ အမြတ်ကြီးစားပြီး မြေငှားခ မတရားတင်တဲ့အတွက် မြေငှားလယ်သမားတွေက အလွန်အမင်း မုန်းတီးစက်ဆုပ်ကြတယ် အဲဒီထဲမှာ လူငယ်လေး ဂျိုးဆက်ဖ်ဒေါ်နယ်လီ လည်း အပါအဝင်ပါပဲ တစ်နေ့ မြေငှားတွေနဲ့ မြေရှင် ရုန်းရင်းဆန်ခတ်ဖြစ်ကြချိန် ဂျိုးဆက်ဖ်ရဲ့ အဖေဟာ သေနတ်မှန်ပြီး ဆုံးသွားခဲ့တယ် သူ့အဖေအတွက် ကလဲ့စားချေဖို့ ဂျိုးဆက်ဖ်ဟာ မြေရှင်ဖြစ်သူ ဒန်နီရယ်ခရစ်စတီ ကို လိုက်ရှာခဲ့တယ်မြေရှင်ရဲ့အိမ်ကိုရောက်တော့ မြေရှင်ရဲ့ သမီးဖြစ်သူ ရှာနွန်ခရစ်စတီ ...
movie

Far and Away (1992)

Jerry Maguire (1996) 7.3
Jerry Maguire (1996) Jerry Maguire (1996)IMDb Rating (7.3) / Rotten Tomatoes (85 %) ဒီကားထဲမှာ မင်းသား Tom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ် စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေး ကစားနေတဲ့သူတစ်ယောက်ပေါ့....အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ..... သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်......... ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှာ အချစ်ရယ် အလုပ်ရယ် ငွေကြေးရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်........ နှလုံးသားနဲ့ဦးဏှောက်ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်.... တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ် နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေအတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်...ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့ အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလို ကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်... ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင် ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ်ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award ...
movie

Jerry Maguire (1996)

1996
4K HEVC
Collateral (2004) 7.6
Collateral (2004) Collateral (2004)IMDb Rating (7.5) / Rotten Tomatoes (86 %)နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ်တို့ရဲ့ လိုက်ဖက်ညီလှတဲ့ သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime/Thriller ရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းကတော့... မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max... ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားလာပါတယ် ... သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်....အဲ့လိုချိန်မှာ မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်.... သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ ... သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်...မျက်မြင်သက်သေဖြစ်သွားတဲ့ Taxi သမား Max နဲ့ ကြေးစားလူသတ်သမားတို့ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ.....။ File size…(7.7 GB)/ (1.7 GB )/(980 MB) Quality…BluRay  4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by ...
movie

Collateral (2004)

2004
4K HEVC
Lions for Lambs (2007) 6.2
Lions for Lambs (2007) Lions for Lambs(2007)***********************IMDb....6.2ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Tom Cruise ,Robert Redford နဲ့Meryl Streep  တို့ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်...အမှန်ပြောရရင် ကျွန်တော်ကတော့ Meryl Streep ကို The post မှာခမ်းနားတဲ့သူ့ရဲ့သရုပ်ဆောင်ဟန်တွေကြောင့်သတိထားမိခဲ့တာပါ.တကယ့်လူတွေ တစ်ပြိုင်နက်သုံးထားတော့ ဒီကားကို နည်းနည်းစူးစမ်းမိသွားတယ်.......ဒီကားဟာ scene (၃) ခုကို အလှည့်ကျပြသွားရင်း ကြီးကျယ်ခမ်းနားတဲ့ ဒိုင်ယာလော့တွေနဲ့ကြည့်ရှူသူ ပရိတ်သတ်ကိုပခုံးဖက်တွဲခေါ်ပြီး အတွေးအခေါ်တွေ ဖြန့်ကျက်စေတဲ့လိုဆိုရမယ်ထင်တယ်..အဲဒါတွေကြောင့် တကယ့်လူ ၃ ယောက်ကို သရုပ်ဆောင်ခိုင်းထားတယ်ထင်တယ်...Andrew Garfield လည်းပါသေးတယ်...ပထမ Sceneပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို သူ့ရုံးခန်းထဲခေါ်တွေ့တယ်...အဲ့ဒီကျောင်းသားဟာ ထက်မြက်ပေမယ့် ပရော်ဖက်ဆာ အမြင်မှာလွဲမှားဟန်ရှိတဲ့အယူအဆတစ်ချို့ကြောင့် ဆွေးနွေးဖို့ခေါ်လိုက်တာပါ....ဒုတိယ Sceneအဖဂန်နစ်စတန်စစ်မြေပြင်နဲ့ပတ်သက်ပြီး အမတ်တစ်ယောက်ဟာရှေ့တန်းစစ်မြေပြင်ထိုးစစ်တွေအကြောင်းကို ဂျာနယ်လစ် တစ်ယောက်ကိုခေါ်ပြောပြတယ်....သူတို့တွေ ဘယ်လိုထိုးစစ်ဆင်တယ် ..ဘယ်လိုတွေအတွက် ဒီတိုက်ပွဲကိုဆင်နွှဲနေတယ်...ဂျာနယ်လစ်ရဲ့ မေးခွန်းတွေနဲ့ အမတ်ရဲ့ အဖြေတွေနဲ့ပေါ့...တတိယ Sceneအမေရိကန်ရှေ့တန်းစစ်မြေပြင်အခြေစိုက်စခန်းတစ်ခုရဲ့ တကယ့်စစ်မြေပြင် ထိုးစစ်အသွင်တွေကို ပြတာပါ....ဒီကားဟာ ဖျော်ဖြေရေးမဆန်ဘူး....သူ့ရဲ့ဆိုလိုရင်းဟာ ဘာလဲဆိုတာကိုတော့ ကျွန်တော်မပြောချင်ဘူး....ပြောပြဖို့လည်းခက်တာမို့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုစေချင်ပါတယ် .. File Size : (1.71 GB) and (548 MB) Quality ...
movie

Lions for Lambs (2007)

Valkyrie (2008) 7.1
Valkyrie (2008) Valkyrie(2008) ဒုတိယကမ္ဘာစစ်အခြေခံ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက်2008 ခုနှစ်ထဲ ထွက်ခဲ့တဲ့ Valkyrie ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်..Valkyrie ဆိုတဲ့အဓိပ္ပာယ်က နော်ဝေ ဒဏ္ဍာရီထဲက စစ်ပွဲထဲမှာ ဘယ်သူသေမယ် ဘယ်သူရှင်မယ်ဆိုတာကိုဆုံးဖြတ်ပေးတဲ့ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာတော့ Valkyrie ဆိုတာဟစ်တလာက သူ့အစိုးရကိုအရေးပေါ်ကာကွယ်ဖို့ ဘာလင်မြို့ပေါ်မှာ ဖွဲ့စည်းထားတဲ့အရေးပေါ်အရံစစ်တပ်ပဲဖြစ်တယ် ...အဲဒီအတွက် ဒီစစ်တပ် လုပ်တဲ့ စစ်ဆင်ရေးကို Valkyrie စစ်ဆင်ရေးလို့ခေါ်တယ် ...ဟစ်တလာအစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကို ဝေဖန်လို့ ရှေ့တန်းအပို့ခံရတဲ့ တပ်ရင်းမှူးစတက်ဖန်ဘာ့ (တွမ်ခရုစ်) ဟာ ဒဏ်ရာတွေရပြီး ဘာလင်ကို ပြန်ရောက်လာတယ်...မကြာခင် ဥရောပမဟာမိတ်တွေက ဘာလင်ကိုချီတက် သိမ်းပိုက်တော့မယ့်အခြေအနေမှာဘာလင်ပြည်သူတွေရဲ့ဘေးကိုတွေးမိတဲ့ စတက်ဖန်ဘာ့ ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေတဲ့ဟစ်တလာကိုလုပ်ကြံဖို့ ကြိုးစားပုံကို သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတဲ့အတွက်ရင်တမမ နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်တယ်....IMDb - 7.1/10 ရရှိထားပြီးတော့ Box office မှာ အမေရိကန်ဒေါ်လာ 201 ...
movie

Valkyrie (2008)

The Outsiders (1983) 7.0
The Outsiders (1983)  ဒီရုပ်ရှင်ကားက S.E Hinton ရဲ့ နာမည်တူဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး 1960 ခုနှစ် ဝန်းကျင်မှာ ဇာတ်အိမ် တည်ထားပါတယ်။ Greaserလို့ ခေါ်တဲ့ အမေရိကရဲ့ လမ်းသရဲလူငယ်လေးတွေ နဲ့ Soc လို့ခေါ်တဲ့ အထက်တန်းလွှာ လူငယ်တွေရဲ့ ရန်ပွဲ ပဋိပက္ခကို နောက်ခံထားပြီး သူငယ်ချင်း ညီအစ်ကို ဆက်ဆံရေးတွေကို လှပအောင် ရိုက်ထားတာပါ။ Castတွေ အနေနဲ့လည်း အများသိပြီးသား နာမည်ကျော်တွေ ပါဝင်ထားပြီး The Godfather တို့ Apocalypse Now တို့ရဲ့ Director Francis Ford Coppola ပဲ ရိုက်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်း ဆက်ရရင် Ponyboy နဲ့ Johnny ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ သူတို့ သူငယ်ချင်းအဖွဲ့ထဲမှာ အငယ်ဆုံးတွေ ဖြစ်သလို Socs တွေရဲ့ အနိုင်ကျင့်ရိုက်နှက်တာကိုလည်း ...
movie

The Outsiders (1983)

Legend (1985) 6.3
Legend (1985) Legend (1985) IMDB: 6.3/10 Rotten Tomatoes: 41% Metacritic: 30% Genre: Dark FantasyLegend (1985) ရုပ်ရှင်ဟာ Gladiator, The Martian, Alien တို့လို နာမည်ကြီးကားတွေကိုရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Ridley Scott ရဲ့ လက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ ဒါတင်မကသေးပဲမင်းသားကလည်း အချစ်တော် Tom Cruise ဖြစ်တာကြောင့်ကြည့်ရတာ တန်မှာဖြစ်ပါတယ်။ဇာတ်ညွှန်း အမှောင်သခင်ကြီးမှာ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ နေကိုထာဝရပျောက်ကွယ်သွားအောင်ပြုလုပ်ပြီး အမှောင်ထုနဲ့ ကမ္ဘာကြီးကိုကြီးစိုးဖို့ဖြစ်ပါတယ်။ နေကိုထာဝရ ဝင်စေချင်ရင် ကမ္ဘာပေါ်မှာကျက်စားနေတဲ့ ယူနီကွန်းမှောင်နှံကိုသတ်မှပဲရမှာပါ။ ပြဿနာက သူဟာ နေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါ့ကြောင့် သူ့ရဲ့လက်ပါးစေထဲမှာမှ အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ ဘလစ်ဇ် ဆိုတဲ့မှင်စာတစ်ကောင်ကိုခေါ်ပြီး ယူနီကွန်းနှစ်ကောင်ကိုသတ်ဖို့ ကမ္ဘာမြေပေါ်ကိုလွှတ်လိုက်ပါတော့တယ်။ လီလီဆိုတာ တိုင်းပြည်တစ်ခုရဲ့ အိမ်ရှေ့မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။ ငယ်ရွယ်တယ်၊အပြစ်ကင်းစင်တယ်၊ ချစ်ဖို့ကောင်းတယ်၊ ဟန်ဆောင်မှုမရှိဘူး။ ဂျက်ခ်ဟာတောထဲမှာနေထိုင်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဂျက်ခ် ဟာလီလီကို ယူနီကွန်းတွေကိုတွေ့ရဖို့ခေါ်သွားခဲ့ပေမယ့်လီလီက မထင်မှတ်ထားတာကိုလုပ်ခဲ့ပြီး ယူနီကွန်းတစ်ကောင်ကိုလက်နဲ့ထိလိုက်ပါတယ်။ကံမကောင်းစွာနဲ့ မှင်စာပစ်လိုက်တဲ့အဆိပ်မြားကလည်း ယူနီကွန်းအထီးကိုထိခဲ့ပါတယ်။ကမ္ဘာကြီးတစ်ခုလုံးရေတွေခဲသွားပြီး အမှောင်ထုကြီးကကြီးစိုးသွားပါတော့တယ်။မင်းသမီးလေး ...
movie

Legend (1985)

War of the Worlds (2005) 6.5
War of the Worlds (2005) War of the Worlds (2005)IMDb Rating  (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie

War of the Worlds (2005)

4K HEVC
The Last Samurai (2003) 7.8
The Last Samurai (2003) The Last Samurai ဆိုပဲ Tom Cruise ဆိုပဲ ပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာ မြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ် ************ အဲ့မှာ သောက်ဂွကျတာပဲ တက်တက်စင်အောင်လွဲ မြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော် အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီ ယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့ တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ်The plot - ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်း ဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ...ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ ...
movie

The Last Samurai (2003)

2003
4K HEVC
Jack Reacher 2: Never Go Back (2016) 6.3
Jack Reacher 2: Never Go Back (2016) Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie

Jack Reacher 2: Never Go Back (2016)

2016
4K HEVC
Jack Reacher (2012) 7.0
Jack Reacher (2012) Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie

Jack Reacher (2012)

2012
4K HEVC
Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie

Mission: Impossible – Fallout (2018)

2018
4K HEVC IMAX
Mission: Impossible – Ghost Protocol (2011) 7.4
Mission: Impossible – Ghost Protocol (2011) Mission: Impossible - Ghost Protocol (2011) ================================ IMDb Rating 7.4/10ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့...အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့  သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့...။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay ...
movie

Mission: Impossible – Ghost Protocol (2011)

2000
4K HEVC
Mission: Impossible III (2006) 6.9
Mission: Impossible III (2006) 2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible   ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie

Mission: Impossible III (2006)

2006
4K HEVC
Mission: Impossible – Rogue Nation (2015) 7.4

Mission: Impossible – Rogue Nation (2015)

2015
4K HEVC
Mission: Impossible II (2000) 6.1
Mission: Impossible II (2000) Mission: Impossible II (2000) ======================= IMDb Rating 6.1/10မင်းသား Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေထဲကမှ နံပါတ် ၂ ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့....ဒေါက်တာ ဗလာဒီမာဟိုနိုဗစ်ဟာ အဖျက်စွမ်းအားအင်မတန်ကြီးမားတဲ့ ကိုက်မယ်ရာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို မှားယွင်းတီထွင်မိပါတယ်။သူ့ကိုယ်သူအမှားလုပ်မိမှန်းသိလို့ ဖြေဆေးကိုပါ ပြန်ပြီး တီထွင်ပါတယ်။ပြီးတော့ ဒီဗိုင်းရပ်ကို မသမာသူတွေလိုချင်တယ်ဆိုတာကိုသိလို့ ဖြေဆေး ရော ဗိုင်းရပ်စ်ပိုးကိုယူပြီး အဝေးကိုထွက်သွားဖို့ကြိုးစားရမှာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့ IMF အေးဂျင့် အီသန်ဟန့် ကိုအကူအညီတောင်းပါတယ်။ ဖြစ်ချင်တော့ အီသန်ဟန့်ဟာအဲ့အချိန်မှာ အားလပ်ရက်ယူနေတာဖြစ်ပြီး၊ IMF အဖွဲ့အစည်းက ဘယ်လိုမှရှာမရတာမို့ အီသန်ဟန့်ရဲ့မျက်နှာ ဖုံးကိုတခြားသူမှာတက်ပြီးလူစားထိုးလွှတ်လိုက်ပါတယ်။အဲ့လူက လောဘတက်ပြီးသစ္စာဖောက် သွားတဲ့အခါမှာ အီသန်ဟန့်တစ်ယောက် ဗိုင်းရပ်ကိုဘယ်လိုပြန်ပြီးယူမလဲ စတဲ့စွန့်စားခန်းတွေနဲ့အတူ အက်ရှင်ကားအကောင်းစားတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible   ကြည့်ပါ။ File size…(8.9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:03:35 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated ...
movie

Mission: Impossible II (2000)

2000
4K HEVC
Mission: Impossible (1996) 7.1
Mission: Impossible (1996) Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible   ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie

Mission: Impossible (1996)

1996
4K HEVC