Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Togo Igawa
6.3
47 Ronin (2013)
47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ်အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာ ဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံက ငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ ငါတို့ထဲကဘယ်သူမှ ဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ဒါပေမယ့် အနှေးနဲ့အမြန် ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာ လက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင် ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကို ကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကို ရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။ သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုထားနေေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာ ရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်ေယာက်ဟာ သတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ် တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာ တာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာ သူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက် ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့ သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။ တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်က ပြင်ထန်လွန်းလှတယ်။ဒီဇာတ်လမ်းမှာ အာကိုဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့ သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်း သခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။ အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာ သခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ အရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့ သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ သူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလား အဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။ ---------------- ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့ John Wickဇာတ်ကားေတွနဲ့ကျွန်တော်တို့ရဲ့ အချစ်တော်ကြီးဖြစ်လာတဲ့ ...
movie
47 Ronin (2013)
2013
4K HEVC
5.7
Night Train (2009)
Night Train (2009)******************IMDb....5.7 ၂၀၀၉ ခုနှစ်ကထွက်ရှိထားတဲ့ Night Train ကတော့ Mystery ၊ Thriller အမျိုးအစားဖြစ်ပါတယ်။ခရစ္စမတ်ညရဲ့ လူနည်းစုသာလိုက်ပါလာတဲ့ ရထားတစ်စီးပေါ်မှာ အမျိုးသားတစ်ဦးဟာ ဆေးလွန်ပြီးသေဆုံးသွားခဲ့ပါတယ်။ တွဲစောင့်မိုင်စ်နဲ့အတူ သေဆုံးသူနဲ့တစ်တွဲတည်းအတူစီးခဲ့ကြတဲ့ခရီးသည်တွေဖြစ်တဲ့ခိုးလီနဲ့ ပိတို့ဟာ သေဆုံးသူရဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကို ရှာတွေ့သွားခဲ့ကြပါတယ်။အဆိုပါသေတ္တာလေးဟာ သဘာဝလွန်စွမ်းအားရှိတဲ့ ပစ္စည်းတစ်ခုဆိုတာ မသိကြဘဲ သေတ္တာထဲကိုကြည့်မိသူတိုင်းက မိမိလောဘကိုရောင်ပြန်ဟပ်ပြီး ကိုယ်အလိုချင်ဆုံးအရာကိုမြင်တွေ့ရတတ်ပါတယ်။သေတ္တာထဲကို ကြည့်မိတဲ့ မိုင်စ်၊ ပိနဲ့ ခိုးလီတို့ သုံးယောက်ပေါင်းပြီး သေတ္တာကိုအပိုင်စီးဖို့အတွက်အလောင်းဖျောက်ဖို့ ကြိုးစားကြရာကနေ ရထားပေါ်မှာ သေတ္တာကိုလိုချင်နေတဲ့လူတွေက သူတို့တင်မကဘူးဆိုတာသိရှိလာကြရပါတော့တယ်။ ရထားပေါ်မှာ သေတ္တာကိုပိုင်ဆိုင်ရဖို့ အချင်းချင်း သတ်ဖြတ်လာကြတဲ့အခါမှာတော့မိုင်စ်၊ ပိနဲ့ခိုးလီတို့ အသက်ရှင်ကျန်ရစ်ခဲ့နိုင်မှာလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ July ပဲဖြစ်ပါတယ်) File Size : 800MB/ 2.23GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:31:00 Genre : Crime, ...
movie
Night Train (2009)
5.5
Ninja (2009)
ဒီဇာတ်ကားကတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်။Scott Adkins, Tsuyoshi Ihara, Mika Hijii တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Isaac Florentine ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း….Casey ဆိုတဲ့ အနောက်တိုင်းသားကောင်လေးတစ်ယောက်က အခြေအနေအမျိုးမျိုးကြောင့် ဂျပန်နိုင်ငံကို ရောက်ရှိလာပြီးတော့ နင်ဂျစ်စု သိုင်းကို သင်ကြားနေသူတစ်ဦးပါ။သူ့ရဲ့ဆရာဖြစ်သူဟာ သူ ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာနင်ဂျာလက်နက်တွေနဲ့ ဝတ်စုံတွေဟာ Casey နဲ့သာထိုင်တန်တယ်လို့တွေးထားသူပါ။ဒါပေမယ့် Masazuka ဆိုတဲ့ နောက်ကျောင်းသားတစ်ယောက်ကတော့ သူနဲ့သာ ထိုက်တန်တယ်လို့ ထင်နေခဲ့ပါတယ်။တစ်နေ့မှာတော့ Masazuka ဟာ Casey ကိုတိုက်ခိုက်ခဲ့ပြီး Casey ရဲ့ ပြန်ခုခံမှုကြောင့် Masazuka ဟာ ဒဏ်ရာရသွားခဲ့ပြီး သူ့ဆရာရဲ့ အပြစ်ပေးချင်းကိုပါခံခဲ့ရပါတယ်။အဲ့ဒိနောက် Casey ဟာ အမေရိကန်နိုင်ငံကို အဲ့ဒိဒဏ္ဍာရီလာ လက်နက်တွေကို ယူဆောင်သွားဖို့ဖြစ်လာပြီးMasazuka ဟာလည်း လက်နက်တွေကို ပြန်ယူဖို့ ကြိုးစားပါတော့တယ်။ဘယ်သူက နောက်ဆုံးမှာ ...
movie
Ninja (2009)
2009
7.4
Memoirs of a Geisha (2005)
၁၉၆၈နောက်ပိုင်း Bpအော်စကာရတဲ့ တစ်ကားတည်းသော မြူဇစ်ကယ်ကားဖြစ်ခဲ့တဲ့Chicagoကို ရိုက်ခဲ့တဲ့ Rob Marshallက ချီကာဂိုအပြီးမှာ Arthur Goldenရေးတဲ့ Memoirs of a Geishaဝတ္တုကို ရိုက်ခဲ့တယ်။ဂျပန်ဂေးရှားမယ်တွေအကြောင်းကို အမေရိကန်စာရေးဆရာက ရေးထားတာကို အမေရိကန်ဒါရိုက်တာက ရိုက်ထားတဲ့ ရုပ်ရှင်ပေါ့။စားတာက ဒါတင်ပဲမဟုတ်ဘူး။ဂေးရှားဇာတ်ဆိုတော့ မင်းသမီးက အဓိကဆိုတာ သိသာနေပြီ ဒါကို သုံးထားတဲ့ အဓိက မင်းသမီးသုံးယောက်စလုံးက တရုတ်မင်းသမီးတွေဖြစ်နေတယ်။Steven Spielbergကတော့ ပရိုဂျူဆာလုပ်ထားပေးတယ်။အော်စကာ ခြောက်ဆုဆန်ခါတင်ဝင်ခဲ့ပြီး Best Art Direction, Best Cinematography, Best Costume Design ၃ဆုကိုတော့ ရခဲ့တယ်။၁၉၂၉မှာ ချိရိုဆိုတဲ့ကောင်မလေး ဂေးရှားဂေဟာကို အရောင်းခံလိုက်ရတာကနေ စပြီး ဇာတ်အိမ်တည်ထားတယ်။သူ့အစ်မရော သူရော နှစ်ယောက်စလုံးမတူတဲ့ဂေဟာတွေကို အရောင်းခံလိုက်ရတယ်။ဂေးရှားအဖြစ် ပုံသွင်းခံခဲ့ရတယ်။နည်းနည်းကြာတော့ သူ့အစ်မနဲ့သူပြန်တွေ့ပြီး ထွက်ပြေးဖို့လုပ်တယ်။ထွက်ပြေးဖို့လုပ်ရာကနေ မိသွားပြီး သူ့အစ်မနဲ့ တစ်သက်လုံးကွဲသွားခဲ့တယ်။ဂေဟာကလည်း သူ့ကို ဂေးရှားမယ်အဖြစ် လက်မခံတော့ဘဲ အိမ်စေအဖြစ်သာ ...
movie
Memoirs of a Geisha (2005)
2005
7.5
Star Wars: Episode VIII – The Last Jedi (2017)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VIII – The Last Jedi (2017)
4K HEVC
7.8
The Gentlemen (2019)
The Gentlemen (2019) IMDb - (7.8)/ Rotten Tomatoes (75%)သူ့နာမည်က မစ်ကီပီရာဆန်.....ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်...သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး...ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်... လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်.... ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ...ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ... လည်သူစားစတမ်းတွေ....လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်... The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ...The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်...အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ...အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ...
movie
The Gentlemen (2019)
2019
4K HEVC
7.8
The Last Samurai (2003)
The Last Samurai ဆိုပဲ Tom Cruise ဆိုပဲ ပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာ မြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ် ************ အဲ့မှာ သောက်ဂွကျတာပဲ တက်တက်စင်အောင်လွဲ မြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော် အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီ ယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့ တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ်The plot - ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်း ဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ...ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ ...
movie
The Last Samurai (2003)
2003
4K HEVC
6.3
Revolver (2005)
ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီးAction၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့်ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ...။တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့ဆိုကြပါသတဲ့...။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ...။မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသားဂျေဆင် စတက်သန်ပါ...။ ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင်အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ၇ နှစ်လောက်အောင်းလိုက်ရပါတယ်...။ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်...။တစ်ယောက်က စစ်တုရင်ဆရာကြီး...နောက်တစ်ယောက်က အယုံသွင်းလှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး...။ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့်သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာကုန်ဆုံးပြီး ထောင်ကထွက်လာခဲ့ပါတယ်...။စစ်တုရင်ပညာနဲ့ လှည့်စားမှုအတတ်ပေါင်းလိုက်တော့ အတော်အစွမ်းထက်သွားပါလေရော...။ထောင်ကအထွက် ထောင်ထဲမှာသင်ယူခဲ့တဲ့ပညာတွေနဲ့ နှစ်နှစ်လောက် လောင်းကစားလုပ်ရင်းငွေကိုရှာ၊ ကြွယ်ဝချမ်းသာလာပြီးတဲ့နောက် ဂန်စတားခေါင်းဆောင်မစ္စတာဒီနဲ့ ပညာချင်းပြန်ပြိုင်ပါတော့တယ်....။ဒီဇာတ်လမ်းက တွေ့နေကျ action၊ crime တွေနဲ့မတူဘဲ သူ့ထက်ငါဆရာပညာချင်းပြိုင်တဲ့ပုံစံအပြင် plot twist ခပ်ဆန်းဆန်းကိုမြင်တွေ့ရမှာပါ....။တွေးတောရင်းကြည့်ရမယ့်ကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ...။ဒါရိုက်တာ Guy ...
movie
Revolver (2005)
7.4
Tetris (2023)
Tetris (2023) ========== IMDb Rating - 7.4/10တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect ...
movie
Tetris (2023)
2023
6.3
Johnny English Reborn (2011)
IMDb Rating (6.3)ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Johnny English Reborn (2011)
1080p HEVC
The Host (2020)
The Host 2020===========#Unicode၂၀၂၀ မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Crime / Mystery နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...လောင်းကစားတွေနဲ့ အကြွေးတွေနဲ့ ပတ်ချာလည်နေတဲ့ ရောဘတ်... အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်မိတဲ့ ရောဘတ်... သူ့ဘဝမှာ အမှားပေါ်အမှားဆင့်နေတဲ့ ရောဘတ်..သူ့အကြွေးတွေ အတွက် အလျော်အစားအနေနဲ့ ဘာမှန်းမသိတဲ့ သေတ္တာတစ်လုံးကို အလဲအလှယ်လုပ်ပေးရမယ့်အခါ...အဲ့သေတ္တာထဲမှာ ဘာတွေပါတာလဲ ရောဘတ်တစ်ယောက် ဘယ်လိုလူတွေနဲ့ ပတ်သက်ဆက်နွယ်မိတာလဲ ဆိုတာကို ရင်ထိတ်သည်းဖိုကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..R rated ဖြစ်ပြီး IMDB 5.4/10 ရရှိထားပါတယ်...#ZawgyiThe Host၂၀၂၀ မွာ အသစ္စက္စက္ထြက္ရွိထားတဲ့ Crime / Mystery နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...လောင်းကစားတွေနဲ့ အကြွေးတွေနဲ့ ပတ်ချာလည်နေတဲ့ ရောဘတ်... အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်မိတဲ့ ရောဘတ်... သူ့ဘဝမှာ အမှားပေါ်အမှားဆင့်နေတဲ့ ရောဘတ်..သူ့အကြွေးတွေ အတွက် အလျော်အစားအနေနဲ့ ဘာမှန်းမသိတဲ့ သေတ္တာတစ်လုံးကို အလဲအလှယ်လုပ်ပေးရမယ့်အခါ...အဲ့သေတ္တာထဲမှာ ဘာတွေပါတာလဲ ရောဘတ်တစ်ယောက် ဘယ်လိုလူတွေနဲ့ ပတ်သက်ဆက်နွယ်မိတာလဲ ဆိုတာကို ရင်ထိတ်သည်းဖိုကြည့်ရှုရမှာပဲ ...
movie
The Host (2020)
2020
6.7
Mamma Mia! Here We Go Again (2018) IMDb - 6.7/10_____Rotten - 79% ဒီတစ်ခါတော့ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ "Mamma Mia! Here we go again" ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2008 တုန်းက ထွက်ခဲ့တဲ့ "Mamma Mia"ဇာတ်လမ်းပြီးနောက် ဒုတိယမြောက်ထွက်ရှိထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...2008 ဇာတ်လမ်းကို ကြည့်ရှုပြီးသူများကတော့ ဒီဇာတ်လမ်းနဲ့ စိမ်းမယ်မထင်ပါဘူး....အရင်ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်လိုက်မင်းသမီးရဲ့ ငယ်ဘဝနေရာ သရုပ်ဆောင်သူကလဲ CM ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူး.. သူလေးကတော့ Cindrella ဇာတ်လမ်းထဲက မင်းသမီး "Lily James" ပဲဖြစ်ပါတယ်...ဇာတ်လမ်းက musical/comedy movie ဖြစ်တာကြောင့် တစ်ကားလုံး သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရမှာပါ...ဒါကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ... အညွှန်းဖတ်ရှုကြပါဦး...အညွှန်း- ...
movie
Mamma Mia! Here We Go Again (2018)
2018
7.4
Eyes Wide Shut (1999)
Eyes Wide Shut (1999) IMDb - 7.4/10_____Rotten - 75% ဒီဇာတ်ကားကတော့ နာမည်ကြီး ဒါရိုက်တာ Stanley Kubrick ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Drama/Mystery/Thriller ပါ။ အက်ရှင်ကားတွေမှာပဲ ကျွန်တော်တို့ အတွေ့များတဲ့ မင်းသား Tom Cruise ကို ဒီကားမှာ ဆရာဝန်'ဘေးလ် ဟားဖို့ဒ်' အဖြစ်နဲ့ အဓိက သရုပ်ဆောင်နေရာမှာ တွေ့ရမှာဖြစ်ပါတယ်။ လူမသိသူမသိ လျှို့ဝှက်ကျင်းပတဲ့ အုပ်စုလိုက်ဆင်နွဲကြတဲ့ လိင်အပျော်အပါးပါတီတစ်ခုကို မလိမ့်တပတ်လုပ်ပြီး ဝင်ရောက်သွားတဲ့ ဆရာဝန်'ဘေး ဟားဖို့ဒ်' ရဲ့ တစ်ညတာ ကြုံတွေ့ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားရဲ့ အရသာမျိုးကို အရင်က တခါမှ မခံစားခဲ့ဖူးပါဘူး။ တခြားကားတွေနဲ့ မတူတဲ့ ခံစားမှုမျိုးကို ဒီကားမှာ မိတ်ဆွေတို့ ထိတွေ့ခွင့်ရပါလိမ့်မယ်။ ပြကွက်တိုင်းကိုက အဓိပ္ပါယ်ရှိပါတယ်။ IMDB rating (7.4) နဲ့ Rotten Tomatoes (75%) ...
movie
Eyes Wide Shut (1999)
1999