Channel Myanmar

Todd Allen

Wyatt Earp (1994) 6.7
Wyatt Earp (1994) အမေရိကအနောက်ဖက်ပိုင်းမှာ နယ်မြေတည်ဆောက်နေဆဲဖြစ်ခဲ့တဲ့ကာလ၊ လူမှုရေး၊ စီးပွားရေးစတဲ့ ဘယ်အရေးမှ အတည်တကျမရှိသေးချိန် အရာရာဗရုတ်ကျဆဲပဲ ရှိနေချိန်မှာ ဝိုင်ရတ်ဒ်အပ်က ဥပဒေသားတစ်ယောက်အနေနဲ့ ရှင်သန်နေထိုင်ခဲ့ပါတယ်။ အစိုးရအနေနဲ့ နယ်မြေစိုးမိုးနိုင်စွမ်းကောင်းကောင်းမရှိသေးခဲ့ချိန်မှာ ဝိုင်ရတ်ဒ်အပ်တို့ ညီအစ်ကိုတစ်သိုက်ရဲ့ တွမ့်စတုံးဆိုတဲ့ ဒေသမှာ လွှမ်းမိုးထိန်းချုပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ဖို့ လုပ်ဆောင်တာတွေကို မြင်တွေ့ရနိုင်ပါတယ်။ သိပ်ဗရုတ်ကျခဲ့တဲ့ အမေရိကန် အနောက်ပိုင်းဒေသတစ်နေရာမှာ ဥပဒေဖော်ဆောင်တဲ့သူတစ်ဦးအနေနဲ့ ဝိုင်ရတ်ဒ်အပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ သိပ်ကိုပြောင်မြောက်ခဲ့ပုံပါပဲ။ ကောင်းဘွိုင်ဆိုသူတွေနဲ့ ဥပဒေသားတွေကြား ကြီးကြီးမားမားဖြစ်ပျက်ခဲ့တဲ့ O.K Corral ဆိုတဲ့ သေနတ်တွေနဲ့ ပစ်ကြခတ်ကြတဲ့ဖြစ်စဥ်မှာ ပါဝင်နေခဲ့တာကလည်း ဝိုင်ရတ်ဒ်ကို ပိုပြီးတော့တောင် အသိအမှတ်ပြု သတိထားမိလာစေခဲ့တာ ဖြစ်ခဲ့ပါလိမ့်မယ်။(၁၉၉၄)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံဇာတ်လမ်း “Wyatt Earp” ကို ကြည့်လိုက်မယ်ဆိုရင်တော့ အဲ့ဒီခေတ် အဲ့ဒီ့အခါတုန်းက အခြေအနေတွေနဲ့၊ လူနေမှုပုံစံ၊ လူနေမှုစံနှုန်းတွေကို မြင်တွေ့ရနိုင်ပြီးတော့ ဝိုင်ရတ်ဒ်ဆိုတဲ့ လူတစ်ယောက်အကြောင်းကိုလည်း တီးမိခေါက်မိရှိသွားကြမှာ အသေအချာပါပဲ။ လွယ်မနေခဲ့တဲ့ ...
movie

Wyatt Earp (1994)

Django Unchained (2012) 8.4
Django Unchained (2012) Django Unchained (2012)IMDb Rating (8.5) / Rotten Tomatoes (87%)ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ...
movie

Django Unchained (2012)

2012
4K HEVC
The Postman (1997) 6.1
The Postman (1997) သဘာဝဘေးတွေ ကပ်ရောဂါတွေ စစ်ပွဲတွေရဲ့နှိပ်စက်မှုဒဏ်ကြောင့် ကမ္ဘာကြီးပျက်ဆီးသွားခဲ့ပြီ။ လျှပ်စစ်တွေ ဖုန်းတွေ အသင့်စား အစားအစာတွေ ဘာမှမရှိတော့တဲ့ ခေတ်ပျက်ကြီးထဲမှာ လူတွေဟာ မျှော်လင့်ချက်မဲ့စွာ ရှင်သန်နေထိုင်ကြရပါပြီ။ အားလုံး လမ်းပျောက်နေကြတဲ့ ခေတ်ပျက်ကြီးထဲမှာ "တောမီးလောင် တောကြောင်လက်ခမောင်းခတ်" ဆိုသလိုပဲ လူယုတ်မာတစ်ယောက်က အစပျိုးခဲ့ပြီး သူတို့ကိုယ်သူတို့ ပြည်သူ့စစ်လို့ခေါ်တဲ့ "ဟုန်းနစ်" ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာခဲ့ပြီး ဒုက္ခသည်အချင်းချင်း ဗိုလ်ကျအနိုင်ကျင့်နေကြတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ကြီးစိုးတဲ့နေရာကို တစ်ကိုယ်တော်လေလွင့်ပြီး နယ်တစ်ကာလှည့်ကာ ရှိတ်စပီးယားပြဇာတ်တွေကို သရုပ်ဆောင်ပြပြီး ဝမ်းရေးဖြေရှင်းတဲ့လူတစ်ယောက် ရောက်လာပြီး အိပ်မက်တွေပျောက်ဆုံးနေတဲ့ လူတွေအားလုံးကို သူကိုယ်တိုင် မရည်ရွယ်ပါဘဲနဲ့ ဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေပေးမိသွားတဲ့အခါမှာတော့.... File size…(3.1GB)  / (1.86GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:57:00 Genre...Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Robin 
movie

The Postman (1997)

Collateral Damage (2022) 5.5
Collateral Damage (2022)    မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein
movie

Collateral Damage (2022)