Channel Myanmar

Tobias Forrest

Daruma (2024) 6.7
Daruma (2024)  Daruma (2024)IMDb Rating (6.7) / Rotten Tomatoes (100%) အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းနဲ့ ရှုပ်ထွေးပွေလီလှတဲ့ ဆက်ဆံရေးတွေအကြောင်း ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားပါ။ဘီးတပ်ကုလားထိုင်ပေါ်မှာနေရတဲ့ Patrick ဆိုတဲ့ အလုပ်လက်မဲ့လူတစ်ယောက်ဟာ သူ့မှာ Camilla လေးနှစ်အရွယ်သမီးတစ်ယောက်ရှိကြောင်းကို ကလေးသူငယ်စောင့်ရှောက်ရေးဌာနက အိမ်ရှေ့ရောက်လာမှသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ ကလေးကို နိုင်ငံတစ်ဖက်မှာ‌နေတဲ့ အဘိုးအဘွားတွေဆီပို့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ရန်ဖြစ်နေကျ အိမ်နီးချင်း စစ်ပြန် Robert ဆိုသူကိုအကူအညီတောင်းပြီး Camilla လေးကို ပို့ဖို့ထွက်ခွာခဲ့ကြပါတယ်။လမ်းခရီးတစ်လျှောက်ဘာတွေဆက်ဖြစ်မှာလဲ..? Daruma အရုပ်လေးရဲ့ အဓိပ္ပာယ်ကဘာများဖြစ်မလဲ..?လူ့ဘဝမှာ လဲကျပြန်ထနိုင်စွမ်းရှိခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့က အရေးကြီးကြောင်း အစရှိတာတွေကို ဒီ drama ထဲမှာခံစားနိုင်ပါတယ်။ရင်ထဲလည်းထိရှစေနိုင်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တာကြောင့် ဒရာမာရုပ်ရှင်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်လို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (2.8 GB) / (800 MB) Quality…. ...
movie

Daruma (2024)

2024
Coffee Wars (2023) 5.5
Coffee Wars (2023)  ကော်ဖီထဲမှာ နွားနို့ထည့်ပြီးတော့ မလိုင်အပြည့်နဲ့သောက်ရတာကိုအကုန်လုံးကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမဲ့ နွားနို့ပါတဲ့ ကော်ဖီတစ်ခွက်သောက်လိုက်တိုင်းမှာ ကမ္ဘာကြီးအတွက် ဘေးအန္တရာယ်တွေအများကြီးဖြစ်စေတယ်ဆိုတာ သိပါသလား။ ကော်ဖီအထဲမှာ ထည့်တဲ့ နွားနို့တစ်ဂါလံရဖို့ ရေဂါလံပေါင်းများစွာကိုအသုံးပြုရပါတယ်တဲ့။ နွားနို့ရဖို့ နွားမတွေဆီက ညှစ်တဲ့အခါမှာလည်းနွားမတွေကို ဘေးအန္တရာယ်တွေဖြစ်စေတာ၊ နို့ထွက်အောင်လို့အတင်းသားဖောက်ခိုင်းတာ ဒါတွေဟာ ဘဘာဝရဲ့သယံဇာတဖြစ်မှုကိုဖျက်ဆီးနေတာပါပဲ။ ဒီဇာတ်ကားအထဲမှာ ဂျိုးဆိုတဲ့သူဟာ ကော်ဖီဆိုင်ဖွင့်ထားပြီး ကမ္ဘာကြီးအတွက်တိုက်ခိုက်နေတဲ့သူပါ။ "ကော်ဖီတစ်ခွက်ရောင်းရတိုင်း ကမ္ဘာကြီးကိုကယ်တင်မယ်"ဆိုတာ သူမရဲ့ဆောင်ပုဒ်ပါပဲ။ အဲဒီတော့ သူဟာ နွားနို့အစား အသီးအနှံတွေကိုအခြေခံပြီးထုတ်လုပ်တဲ့ ပဲနို့၊ ဂျုံနို့၊ almond နို့တွေပဲ သူ့ရဲ့ကော်ဖီထဲမှာထည့်သွင်းအသုံးပြုပါတယ်။သိတဲ့အတိုင်းပဲ မလိုင်အပြည့်နဲ့ နွားနို့လောက်တော့ အရသာမကောင်းတဲ့အတွက်ဆိုင်ကအရှုံးပေါ်လုနီးနီးဖြစ်နေတာပါ။Britain မှာ တစ်နှစ်တစ်ကြိမ် အကောင်းဆုံးကော်ဖီဖျော်ဆရာကို ရွေးချယ်တဲ့ပြိုင်ပွဲကျင်းပပါတယ်။ ဂျိုးက မနှစ်ကဝင်ပြိုင်ခဲ့ပေမဲ့ နွားနို့ကိုအသုံးမပြုဘူးလို့ငြင်းဆန်တဲ့အတွက် အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ဒီနှစ်မှာတော့ သူ့စီးပွားရေးအခြေအနေက ဆိုးရွားလာတဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်ပြီးဆုငွေရမှဖြစ်မှာပါ။ကဲ ဂျိုးတစ်ယောက် သူ့ရဲ့အသင်းသားတွေနဲ့အတူတူ ပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရအောင်လုပ်မလဲ၊ ကမ္ဘာကြီးကိုရော ကယ်တင်ဖို့ လုပ်ဆောင်နိုင်ပါ့မလားဆိုတာကိုဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။ဇာတ်ကားကြည့်ပြီးရင် နွားနို့ကိုမရှောင်ဖြစ်ရင်တောင် တစ်နေ့မှာ ကော်ဖီတစ်ခွက်လောက်တော့ ...
movie

Coffee Wars (2023)