Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tine Joustra
6.9
Hitman’s Wife’s Bodyguard (2021)
Hitman's Wife's Bodyguard (2021)IMDb Rating (6.9)ရုံတင်တုန်းက မပါတဲ့အခန်းတွေကို ပြန်ထည့်ပေးထားတဲ့ BluRay Extended Version နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဒီကားကတော့ မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အပိုင်း ၂ ဖြစ်ပါတယ်။ ရှေ့မှာထွက်ထားတဲ့ အပိုင်း ၁ ရုပ်ရှင်ကား The Hitman’s Bodyguard (2017) ကိုကြည့်ထားရင်တော့ ပိုချိတ်ဆက်မိပါမယ်။ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲ ကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီး ပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတော့တယ်။ပထမကားက သရုပ်ဆောင်တွေဖြစ်တဲ့ Ryan Reynolds နဲ့ မားသားဖက်ခါ Samuel L. Jackson နဲ့ Salma Hayek တို့အဓိကပါဝင်ထားပြီး ဒီကားမှာတော့ Morgan Freeman လဲအားဖြည့်ထားပါသေးတယ်။ ဝါရင့်တွေချည်း ...
movie
Hitman’s Wife’s Bodyguard (2021)
2021
4K HEVC
6.9
The Hitman’s Bodyguard (2017)
The Hitman's Bodyguard (2017)IMDb Rating (6.9)2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ......သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို တစ်ကားလုံး အလန်းစား ...
movie
The Hitman’s Bodyguard (2017)
2017
4K HEVC
7
Narcosis (2022)
Narcosis (2022)ပူဆွေးသောကဆိုတာ လူတိုင်းမှာရှိစမြဲပါ။ တချို့ကတော့ ဒီသောကကို ယစ်မူးစေတတ်တဲ့အရာတွေနဲ့ ဖြေသိမ့်တတ်ကြတယ်။ တချို့ကျတော့ ကိုယ့်ရဲ့အချစ်ဆုံးသောသူတွေရဲ့မေတ္တာကြောင့် ဒီအပူတွေက အလိုလိုငြိမ်းသွားတတ်ကြပါတယ်။ တချို့ကျတော့ ကြုံကြုံသမျှအခက်အခဲမှန်သမျှကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတာပေါ့။ ဒီဇာတ်ကားမှာတော့ အဖြစ်ဆိုးတစ်ခုနဲ့ တွေ့ကြုံလိုက်ရတဲ့ မိသားစုတစ်စုရဲ့ ရင်ဆိုင်လာရတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကို ရှုမြင်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ နာမည်ကြီး ဒတ်ခ်ျဒါရိုက်တာ Martijn de Jong ကိုယ်တိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆုပေါင်း ၉ ခုနဲ့ IMDb ဆို 7/10 အထိရရှိထားပါသေးတယ်။ဒီဇာတ်ကားမှာဆိုရင်တော့ ရိုးရှင်းမှုရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်အောင် CGI တွေကိုလည်း လျှော့သုံးထားပါတယ်။ သည်းထိတ်ရင်ဖိုကြိုက်တတ်တဲ့သူတွေအတွက်တော့ အားမရတာမျိုးဖြစ်စေနိုင်ပေမဲ့ ရိုးရိုးလေးတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ ဖီးလ်အပြည့်ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.05GB, 891MB Quality - 1080p, 720p IMDb Rating - 7/10 Format ...
movie
Narcosis (2022)
2022