Channel Myanmar

Tina Fey

Wine Country (2019) 5.5
Wine Country (2019) Wine Country (2019) ********************"ဟဲ့ မသာမကြီး ဟိုကောင်မ" စတဲ့ ခပ်ရိုင်းရိုင်းအသုံးအနှုန်းမျိုးနဲ့ နှုတ်ဆက်ပေမယ့် မျက်နှာတွေကပြုံးချိုနေတဲ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေ လူတိုင်းမှာရှိကြတယ်...အထူးသဖြင့် State ကျောင်းသား ကျောင်းသူဘဝကငယ်သူငယ်ချင်းတွေပေါ့...အရွယ်လေးရောက်လာတော့ လောကကြီးကိုဖြန့်ကျက်ဖို့ရာ ကိုယ်အားသန်ရာနေရာကိုယ်စီကိုလျှောက်လမ်းကြရင်း တဖြည်းဖြည်း ကျွန်တော်တို့ငယ်သူငယ်ချင်းတွေဟာ ဝေးကွာမှန်းမသိဝေးကွာကုန်တယ်...ဘဝကိုယ်စီရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကစဉ့်ကလျားမဖြစ်အောင် အံကြိတ်ထမ်းပိုးရင်း ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံဖို့အခွင့်အရေးဆိုတာ နောက်ဆုံးမှလုပ်ရမဲ့ အစီအစဉ်ထဲကိုရောက်မှန်းမသိရောက်ကုန်ကြတယ်...ခရီးအတူထွက်ဖို့ ဆိုင်မှာအတူဆုံပြီးစားကြဖို့မျိုးစုံကြိုးစားကြပေမဲ့ ငယ်သူချင်းတွေနဲ့ပြန်ဆုံဖို့ဆိုတာ တိမ်ထဲမှာစာရေးသလိုပါပဲ...ကိုယ့်ဆန္ဒထက်ဦးစားပေးရမဲ့ လက်ရှိဘဝလေပွေလည်းတစ်ချက်တိုက်လိုက်ရုံနဲ့ ကျွန်တော်တို့အစီအစဉ်တွေအကုန်လုံးပျက်ကုန်ကြတာပဲမဟုတ်လား...ခင်ဗျားတို့အားလုံး ဒီလိုအဖြစ်မျိုးမကြုံဖူးတဲ့သူ ခပ်ရှားရှားပါပဲ...ဇာတ်လမ်းအညွှန်း --------------ဒီကားထဲမှာတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဟာ သူတို့အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့အသက် ၅၀ပြည့်မွေးနေ့အတွက် ခရီးစုထွက်ဖို့ကြိုးစားကြတယ်...ကျွန်တော်တို့လိုတော့မဟုတ်ဘူးပေါ့...သူတို့အဖွဲ့ကတော့ တကယ်ကိုဆုံဖြစ်ခဲ့ကြတယ်...ငယ်သူငယ်ချင်းတွေပြန်ဆုံတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်းပြောစရာရှိပြောကြဆိုကြနဲ့ပေါ့...ဒီကားလေးကိုကြည့်ရင်း ရယ်စရာလေးတွေတွေ့ရသလိုပြန်ဆုံကြတဲ့အခိုက်အတန့်မှာ သူတို့သောင်းကျန်းတဲ့ပုံတွေကိုလည်း ဟာသလေးတွေနှောပြီးတွေ့ရလိမ့်မယ်...ခံစားကြည့်လိုက်ပါဦးလို့ပဲ ပြောပါရစေ...File Size : 2.06GB / 997MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:43:00 Genre : Comedy Subtitle : ...
movie

Wine Country (2019)

Mean Girls (2024) 6.1
Mean Girls (2024) အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ...
movie

Mean Girls (2024)

Baby Mama (2008) 6.0
Baby Mama (2008) ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ chillရင်းကြည့်လို့ရမယ့်comedyကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းမှာ ကိတ်အဖြစ် သရုပ်ဆောင်ထားတဲ့ Tina Feyကိုတော့Mean Girlsဇာတ်ကားကနေတစ်ဆင့် လူသိများကြမယ်ထင်ပါတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ကိတ်ဟိုးလ်ဘရွတ်ခ်ဟာ သူ့ဘဝတစ်လျှောက်လုံး ပိုက်ဆံရှာဖို့ကိုပဲရှေ့တန်းတင်ခဲ့တဲ့ ဇီဇာကြောင် အပျိုကြီးတစ်ယောက်ပါ။ အသက် ၃၇နစ်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ကိတ်တစ်ယောက်ကလေးလိုချင်တဲ့ ရောဂါထပါတော့တယ်။ ဒါပေမယ့် ကိတ်မှာ ရည်းစားလည်းမရှိသလို ကံမကောင်းစွာနဲ့သူ့ရဲ့ သားဥတွေကပါ မျိုးမအောင်နိုင်တဲ့ ပြဿနာဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့အဆုံး ကိတ်တစ်ယောက်အငှားကိုယ်ဝန်ဆောင်စနစ်ကိုသုံးပြီးကလေးယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကနေတစ်ဆင့်ရရှိခဲ့တဲ့ အငှားအမေကတော့ ပြာကလူးဆန်ကောင်မလေးတစ်ယောက်ဖြစ်တဲ့ အန်ဂျီပါ။ အန်ဂျီရဲ့ဗိုက်ထဲကို ကိုယ်ဝန်ထည့်သွင်းမှုအောင်မြင်တယ်လို့သိလိုက်ရတဲ့အခါမှာတော့ ကိတ်တစ်ယောက် ကလေးအတွက်စိတ်တိုင်းကျပြင်ဆင်ပါတော့တယ်။ ဒါပေမယ့် ပြဿနာတစ်ခုဖြစ်လာတာကတော့ကိတ်နဲ့ အန်ဂျီတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ ပြောင်းပြန်ဖြစ်နေတာပါပဲ။ဒီလိုနဲ့ အရာရာကို စိတ်တိုင်းကျထိန်းချုပ်ချင်တဲ့ ကိတ်ဟာမိန်းမဆိုးလေး အန်ဂျီကို ထိန်းကျောင်းဖို့ အခက်တွေ့လာပါတော့တယ်။ဒါကြောင့် ဒီကိုယ်ဝန်ဆောင်ကာလကို ကိတ်နဲ့ အန်ဂျီတို့ဘယ်လိုအလွဲအမှားတွေ အရွဲ့အစောင်းတွေလုပ်ကြရင်းနဲ့ ဖြတ်သန်းကြမလဲဆိုတာကိုရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။  File size…   1.9 GB /   934 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Baby Mama (2008)

2008
A Haunting in Venice (2023) 6.8
A Haunting in Venice (2023)  ( စုံထောက်ကြီး ဟာကျူလီ ပွာရိုး နဲ့ ဝိညာဉ်လူသတ်သမား ) ဒီရုပ်ရှင်ကတော့ အဝေးပြေးရထားလူသတ်မှု၊ နိုင်းမြစ်လူသတ်မှု ရုပ်ရှင်တွေအပြီးမှာထပ်မံထွက်ရှိလာတဲ့ စုံထောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်တွေလိုပဲကောင်းပါတယ်။ အပြင်လူမလာနိုင်တဲ့ ပိတ်မိနေတဲ့နေရာတစ်ခုမှာ သံသယရှိသူတွေကိုတစ်ယောက်ချင်း စုံစမ်းရပြီး အဖြေရတာမျိုးပါပဲ။ဒီရုပ်ရှင်ထဲမှာတော့ စုံထောက်ကြီး ပွာရိုးဟာ စုံထောက်အလုပ်ကနေအငြိမ်းစားယူပြီးဗင်းနစ်မှာ အနားယူနေပါပြီ။ သူ့ဆီကို အမှုလာအပ်တဲ့သူတွေနဲ့အတွေ့မခံချင်လို့သက်တော်စောင့်တစ်ယောက်တောင် ငှားထားရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့မိတ်ဆွေဟောင်း နာမည်ကျော် စာရေးဆရာမ ရောက်လာပြီး အကူအညီတစ်ခုတောင်းလာပါတော့။ အဲဒါကတော့ နာမည်ကျော် ဝိညာဉ်ဟောဆရာမ (မီရှဲယို)တစ်ယောက်ရဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက ဝိညာဉ်ခေါ်ပွဲကို တက်ပေးဖို့ပါပဲ။အဲဒီဝိညာဉ်ဟောဆရာမ လုပ်ပြနေတာတွေကို စာရေးဆရာမက ဘယ်လိုမှလိမ်နေကြောင်းသက်သေမပြနိုင်တာမို့ စုံထောက်ကြီးက ဖော်ထုတ်ပေးဖို့ လာအကူအညီတောင်းတာပါ။ ဒါပေမဲ့ စုံထောက်ကြီးကိုယ်တိုင် သရဲခြောက်တဲ့အိမ်ကြီးထဲမှာ ပိတ်မိနေပြီးလူသတ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်လာသမျှလူသတ်မှုတွေရဲ့ သက်သေတွေကရဲ့ဝိညာဉ်၊ သရဲလက်ချက်လို့ပဲ အဖြေထွက်နေတဲ့အခါ... File size… 3.3GB/1.67GB / 652MB Quality…WEB-D 4K, 1080P 5.1CH ...
movie

A Haunting in Venice (2023)

4K HEVC
Sisters (2015) 6.0
Sisters (2015) IMDB 6/10Rotten tomatoes 60% Mean Girls, Baby Mama တို့လိုဇာတ်ကားကြီးတွေတင်မကပဲOscars, Emmys, Golden Globesတို့လို ဆုပေးပွဲကြီးတွေမှာပါစင်ပေါ်တက်‌ပြောင် Hostလုပ်နေကြ Hollywood ရဲ့ အတွဲအညီဆုံးဟာသမင်းသမီးနှစ်‌ယောက်ဖြစ်တဲ့Tina Fey နဲ့ Amy Poehler တို့ရဲ့နောက်ထပ်ဟာသဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။Tina တဖြစ်လဲ ကိတ်ကတော့ အဲလစ်စ်ညီအစ်မမှာ အမဖြစ်တဲ့သူပေါ့။သမီးတယောက်ရှိနေတာတောင်မှ ဘာအသိတရားမှမ၀င် အလုပ်ကလည်းမမြဲဘ၀ကိုခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့သူ။ Amyတဖြစ်လဲ ‌မော်ရာကကြတော့ ညီမဖြစ်တဲ့သူကိုမှ အရမ်းစိုးရိမ်တတ် သူတပါးအလိုကိုပဲလိုက်တတ်တဲ့သူ။ အမဖြစ်သူ ကိတ်ရဲ့ ပြဿနာပေါင်းစုံကို နောက်ကလိုက်ရှင်းပေးရတာလည်းသူပါပဲ။ ဒီလိုနဲ့ပဲ တနေ့မှာ ကလေးဘ၀တုံးကအိမ်ကြီးကို မိဘတွေကမရောင်းခင် နောက်ဆုံးနှုတ်ဆက်တဲ့ပါတီတခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အချိန် ညီအစ်မနှစ်ယောက် ဘယ်လိုမျိုး တလွဲတွေဖြစ်ကြဦးမှာလဲ။ ဘယ်လိုပြဿနာတွေဖြစ်ကြဦးမှာလဲ။အဆုံးမှာ ညီအစ်မနှစ်ယောက်အတွက်မေ့‌မရတဲ့ ပါတီတခုဖြစ်ခဲ့မလားဆိုတာကို ရယ်မောခံစားရင်း ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။Maya Rudolph လိုမျိုးမင်းသမီးကြီးကလည်း ဒီဇာတ်ကားမှာ ၀င်ရောက်အားဖြည့်ပေးထားပြီးတော့ Tina နဲ့Amyတို့ရဲ့နောက်ထပ် တွဲချက်ညီညီ ပြက်လုံးတွေ သရုပ်ဆောင်မှုတွေကို CMပရိတ်သတ်ကြီးကလည်း ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ File size…  2.3 GB /  1.7 GB Quality… BluRay 1080p / ...
movie

Sisters (2015)

2015
Maggie Moore(s) (2023) 6
Maggie Moore(s) (2023) Maggie Moores (2023)ဒီ Maggie Moores ဆိုတဲ့ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ဒါရိုက်တာ John Slattery ကရိုက်ကူးထားတာပါ။2000 ခုနှစ် အောက်တိုဘာလ 12 ရက်နေ့မှာ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။ အောက်တိုဘာလ 16 ရက်နေ့မှာ နာမည်တူ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦးထပ်အသတ်ခံရပြန်တယ်။ နှစ်ဦးစလုံးအသတ်ခံရတာဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့လက်ချက်ဆိုတာပါပဲ။ပထမလူကို မှားသတ်မိလို့ ဒုတိယလူကိုထပ်သတ်တာလား ဒါမှမဟုတ် ပထမအမှုကို ရှုပ်ထွေးအောင် ဒုတိယလူကို ထပ်သတ်လိုက်တာလားကတော့ ယနေ့ထိတိုင်အငြင်းပွားနေကြဆဲပါ။အားလုံးလည်း ပဟေဠိလေးတွေ ဖြစ်သွားမလား ဆိုတာတော့ ဇာတ်လမ်းကြည့်ရင်း အတွေးပွားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime,Thriller Quality…. 1080p | 720p File size…966MB | 527MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Maggie Moore(s) (2023)

2023
Whiskey Tango Foxtrot(2016) 7.0
Whiskey Tango Foxtrot(2016) Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie

Whiskey Tango Foxtrot(2016)

The Invention of Lying (2009) 6.4
The Invention of Lying (2009) The Invention of Lying (2009) ~ IMDb - 6.4/10, Rotten Tomatoes - 55% ~မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ ...
movie

The Invention of Lying (2009)

2009
Free Guy (2021) 7.6
Free Guy (2021)  Free Guy (2021) ===============================IMDb - 7.6/10ကဲ ...... ရေးနိုး ကြီး တစ်ရေးနိုးပါပြီနော့။ မျှော်နေတဲ့လူတွေ အားရကျေနပ်စေဦးမှာပါ။ခေတ်နဲ့ စနစ်နဲ့ အညီ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။မြန်မာနိုင်ငံက ဂိမ်မာတွေအတွက်ဆိုရင်တော့ ရုပ်ရှင်ထက်ပိုတဲ့ ခံစားမှုကို ရနိုင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ..... ဂိုင်း က လူတွေဖန်တီးထားတဲ့ အွန်လိုင်း ဗီဒီယိုဂိမ်းတစ်ခုရဲ့ ကမ္ဘာထဲမှာ နေထိုင်တဲ့ ကွန်ပြူတာဇာတ်ကောင်တစ်ကောင်ပါသူ့ရဲ့ တစ်နေ့တာဟာ ဖန်တီးသူတွေ သတ်မှတ်ထားတဲ့အတိုင်း တစ်သွေမတိမ်းဘဲ နေ့စဥ် ဖြစ်နေပါတယ်။ဒါပေမယ့် တစ်နေ့မှာ မီလီဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီးနောက် သူ့ရဲ့နေ့စဥ်ဘဝကနေ သွေဖယ်ချင်စိတ်တွေ ဖြစ်လာပါတယ်။ သူ့ရဲ့ ဖြစ်တည်မှုကို မေးခွန်းတွေ ထုတ်လာခဲ့တယ်။အဲလိုနဲ့ ဂိုင်းဟာ နေ့စဥ်လုပ်နေကျ လုပ်ငန်းစဥ်တွေကနေ သွေဖယ်ပြီးလုပ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့...ဒီကားဟာ GTA Online ကို ရုပ်ရှင်ပြန်ရိုက်ထားတာနဲ့တောင်တူနေလို့ GTA ပရိတ်သတ်တွေဆိုရင် ပိုပြီးသဘောကျကြမှာပါ။ဒီကားဟာ ဂိမ်မာတွေ သဘောကျပြီး စိတ်ဝင်စားမယ့် ကားတစ်ကားပဲဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…2.5GB and 1.3 GB Format…mp4 Duration….1h 55min Subtitle….Myanmar ...
movie

Free Guy (2021)

2021
Mean Girls (2004) 7.0
Mean Girls (2004) IMDb Rating (7/10) / Rotten Tomatoes (84%)နာမည်ကျော်မင်းသမီး လင်းဆေးလိုဟန် ပါဝင်သရုပ်ဆောင်ထားတဲ့ Rating မြင့် Teen School ကျောင်းသား အချစ် ဟာသ ရုပ်ရှင်ဇတ်မြူးလေး ဖြစ်ပါတယ်... ဒီရုပ်ရှင်ကားကို April 30, 2004 (USA) မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး ရိုက်ကူးစဉ်က Budget $17 million သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ $130 million ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ... ဇာတ်လမ်းကတော့... နယ်ကပြောင်းလာပြီး သက္ကသိုလ်ကျောင်းတက်ရတဲ့ ကေဒီ တစ်ယောက် ကျောင်းမှာ ထူးထူးဆန်းဆန်းတွေသာ မြင်ရပါတယ် သူမြင်နေကြ မဟုတ်တဲ့ ဂုဏ်အရှိန်အဝါ ပြိုင်ဆိုင်တာတွေ အလှပြိုင်တာတွေ အဆင့်အတန်း ခွဲတာတွေ နဲ့ အုပ်စုလိုက် သွားလာတက်တာတွေကို စတင် လေ့လာရပါတော့တယ်.. သူတို့ ကျောင်းမှာ နာမည်ကြီးနေတဲ့ ပလစ်စတစ် ကောင်မလေး အဖွဲ့က ကေဒီ ရဲ့ အလှကို စတင် သတိထားမိသွားပြီး ကေဒီ ကို သူတို့ အဖွဲ့ထဲ စတင်ခေါ်ပါတော့တယ်… ရိုးသား ...
movie

Mean Girls (2004)

1080p Untouched
Soul (2020) 8.3
Soul (2020)  IMDb Rating (8.3)/ Rotten Tomatoes (97%)ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ ...
movie

Soul (2020)

Anchorman 2: The Legend Continues (2013) 6.3
Anchorman 2: The Legend Continues (2013) ရွန်ဘွန်ဂနီပြန်လာပါပြီ ဒီအပိုင်း၂မှာတော့ ရွန်ဟာ ဗရိုနီကာနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ပါ ရထားပါပြီ မိန်းမဖြစ်သူနဲ့ အတူတူတကွ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေရင်းမှ အထက်လူကြီးက ဝန်ထမ်းလျှော့တဲ့ ကာလမှာ သူ့မိန်းမကို ရာထူးတိုးပေးပြီး သူ့ကိုတော့ အလုပ်ဖြုတ်လိုက်ပါတော့တယ် ဒီမှာတင် မိန်းမဖြစ်သူနဲ့ အချေအတင်စကားများကြပြီး ရွန်တစ်ယောက် အိမ်ပေါ်ကဆင်းကာယစ်ထုပ်ကြီးတစ်ယောက်ဖြစ်လာပါတော့တယ် အဏ္ဏဝါပြတိုက်တစ်ခုမှာ တင်ဆက်သူလုပ်နေတဲ့ယစ်ထုပ်ကြီး ရွန် အဲ့အလုပ်ကပါ အလုပ်ပြုတ်ပြီးသူ့ဘာသာသူသတ်သေဖို့ကြံတဲ့အထိ ဘဝကို အရှုံးပေးလိုက်ပါတယ် သို့သော်လဲ တစ်မိုးအောက်တစ်ယောက်ရွန်ကို လူတစ်ယောက်က သတင်းကြေငြာဖို့လာခေါ်ပါတယ် အဲ့ခေတ်အခါက၂၄ နာရီလုံး သတင်းကြေငြာတဲ့ ရုပ်သံလိုင်းတွေကမရှိသေးဘဲ စွန့်ဦးထုတ်လွှင့်ဖို့ ရွန်ကိုလာငှါးတာပါ အဲ့မှာတင်ပဲရွန်တစ်ယောက် ထိုအလုပ်ကိုလက်ခံပြီး သူ့ရဲ့ တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့ သူငယ်ချင်း၃ယောက်ကိုပါပြန်ခေါ်လို့ နယူးယော့မြို့ကြီးမှာ သတင်းတင်ဆက်သူအဖြစ် ပြန်လာရောက်ရှိလာပါပြီ အလွဲတွေနဲ့ ရွန်တစ်ယောက် နယူးယော့မှာ ဘယ်လိုတွေတွေ့ကြုံဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှူခံစားရယ်မောလိုက်ပါဦး... --------------------------------------------------------Translated by Waizin WayneEncoded by sithu
movie

Anchorman 2: The Legend Continues (2013)

2013
Date Night(2010) 6.3
Date Night(2010) ဖီလ်ဖော်စတာနဲ့ကလျာဖော်စတာတို့ဟာနယူးဂျာစီပြည်နယ်မှာနေတဲ့အိမ်ထောင်သည်​လင်​မယား ၂ဦးပါ။ လင်​မယား ၂​ယောက်​ဟာ သားသမီး​တွေပြုစုရ ​ငွေရှာရ ဆို​တော့ တစ်​​ယောက်​ကိုတစ်​​ယောက်​ အချိန်​မ​ပေးနိုင်​ကြဘူး:။ ဒီ​​တော့ သူတို့ ၂​ယောက်​ ဟာ အလှည့်​အ​ပြောင်း​လေးဖြစ်​သွား​အောင်​ အိမ်​နဲ့ခပ်​လှမ်းလှမ်းမှာရှိတဲ့ မြိုတစ်​မြို့ရဲ့ ဆိုင်​ကြီးတစ်​ဆိုင်​မှာ ​ပျော်​စရာ​တွေပြန်​ဖန်​တီးဖို့ ညဘက်​မှာချိန်း​​တွေ့ကြတယ်​ ။ဆိုင်​က နာမည်​ကြီး လူကြိုက်​များတဲ့အပြင်​ အထင်​ကရ​တွေပဲလာတတ်​​လေ​တော့ ဘွတ်​ကင်​ကြိုမလုပ်​တဲ့သူတို့အဖို့ ​နေရာ မရရှာဘူး။သူတို့လင်​မယား ၂​ယောက်​ဟာ ဘွတ်​ကင်​လုပ်​ပြီးမလာတဲ့ သူရဲ့ဝိုင်းကိုခပ်​တည်​တည်​နဲ့ဝင်​ထိုင်​ကြတယ်​။။။အဲ့ဒီမှာပြသနာစ​တော့တာပဲ။။။ လူဆိုး​တွေက အဲ့စားပွဲကို လာထိုင်​တဲ့ သူကို​​စောင့်​​နေတာပါ ဘာလို့ဆို ဘွတ်​ကင်​လုပ်​ထားတဲ့နာမည်​နဲ့လူဟာ နိုင်​ငံအကြီးအကဲ ရဲ့ လျှို့ဝှက်​ အချက်​အလက်​​တွေခိုးယူထားတဲ့သူမို့ပါ။ ​ပျော်​ချင်​လို့ ​လာတဲ့လင်​မယား ၂​ယောက်​ ၆ပါးစ​မှောက်​​တော့တာပဲ။ ကိုင်းပြိတ်​သတ်​ကြီး​ရေ အလွဲအ​ချော်​တွေနဲ့ ဟာသကား​လေး​တွေကြည့်​ချင်​တယ်​ဆိုရင်​​တော့ ကိုင်း ........ ဒီကားထဲကအဓိကသရုပ်​​ဆောင်​ တလွဲမင်းသားကြီးကို​တော့သိကြမှာပါ​နော်​File Size…(874 MB) and (355 MB) Quality…BluRay Rip 720p Format…mp4 Duration…01:27:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Saw Wunna
movie

Date Night(2010)

2010