Channel Myanmar

Timethai

My Boo (2024) 6.5
My Boo (2024) My Boo (2024)IMDb Rating (6.5)Netflix က ထွက်ရှိလာတဲ့ ထိုင်းသရဲဟာသကားလေးရပါပြီ။ သရဲကားလေးကိုမှ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးစွက်လို့ ရှုစားလိုသူတွေအတွက် P'Bow ရဲ့ ရိုမန့်သရဲကားလေးပါ။ သရဲကားဆိုပေမဲ့ ရိုးရှင်းတဲ့ plotကိုမှ အခွီဘက် အသားပေး တင်ဆက်ထားတာမလို့ သရဲကြောက်တတ်တဲ့လူတွေတောင် သဘောကျမိမယ့် ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။ဂျိုးဆိုတဲ့ gamer ကောင်လေးတစ်ယောက်ဟာ ဘဝကို ရေသာခိုအချောင်လိုက် ပေါ့ပေါ့နေပေါ့ပေါ့စားရှင်သန်လာရင်းနဲ့ သူဌေးဖြစ်သူ သူ့အဘိုးဆုံးသွားတော့ အမွေထုပ်ကြီးကြီးရဖို့ မျှော်လင့်နေပေမဲ့ ကံဆိုးချင်တော့ သေတမ်းစာက သူ့နာမည်အရောက်မှာ အဆုံးသတ်သွားသတဲ့။ ဒီတော့ အစ်ကိုဖြစ်သူက ဂျိုးကိုသနားတာနဲ့ပဲ သူ့အမွေထဲက ပါထုန်ထာနီကအိမ်ကြီးကို ညီဖြစ်သူဂျိုးကို ခွဲပေးလိုက်တော့တာပေါ့။ ဘာအလုပ်မှလုပ်မစားတဲ့ဂျိုးလည်း အမွေရပြီဆိုတာနဲ့ အမွေရထားတဲ့အိမ်ကြီးကို ရောင်းစားဖို့ဆိုပြီး ပွဲစားခေါ်ပြီး ချက်ချင်းလာအကြည့်မှာ အိမ်ထဲက သရဲတွေနဲ့ ပက်ပင်းတိုးပါတော့တယ်။တကယ်တော့ ဒီအိမ်ကြီးမှာ လွန်ခဲ့တဲ့နှစ်တွေက ဓားပြတိုက်တုန်းက အိမ်ကြီးရှင်သခင်မလေးအနုန်နဲ့အတူ အစေခံနှစ်ယောက်ပါ လူမသိသူမသိအသတ်ခံလိုက်ရပြီး သရဲအဖြစ် မကျွတ်မလွတ်ဖြစ်နေကြတာပါ။ဒီတော့ အိမ်ကိုရောင်းချင်တဲ့ဂျိုးနဲ့ ဘဝမကူးနိုင်ရင် အိမ်ကဖယ်မှာမဟုတ်တဲ့ သရဲ ၃ ကောင် ဘယ်လိုအလွဲ‌တွေနဲ့ရှေ့ဆက်ကြမလဲဆိုတာ ရှုစားကြပါဦး။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို CM ...
movie

My Boo (2024)

4 Kings 2 (2024) 7..4
4 Kings 2 (2024) 4 Kings 2 (2024)ရုံတင်ဝင်ငွေတွေ တော်တော်များများ ရရှိထားတဲ့ 4 Kings 2021ရဲ့အဆက်ဖြစ်တဲ့ 4 Kings 2 ထွက်ရှိလို့လာပါပြီ။ 4Kings 2 ကလည်း Box officeတော်တော်လေးများတဲ့အပြင် good review, good ratingတွေပိုင်ဆိုင်ထားတဲ့ အက်ရှင်ကားကောင်းလေးဆိုတော့ ထိုင်းကားက လင်လုကားတွေ LGBTQ ကားတွေချည်းပဲလားဆိုသူတွေအတွက် အက်ရှင်ကားလေးလည်းရှိပါတယ်လို့ရည်ညွှန်းရင်း...4 Kings တုန်းကလိုပဲ 4 Kings 2ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ကျောင်းဆိုတဲ့အရာတွေက ဇိုးအဖွဲ့တွေကြောင့် ကျောင်းသားတွေအတွက် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေတာပေါ့။ ဒီတစ်ခါမှာတော့ 2 Kingsကပဲ အဓိကလှုပ်ရှားသွားမှာဖြစ်ပြီး ခိုးဆိုးလုနှိုက်တစ်ပိုင်း ဘုရားစူးကျောင်းသားရိုင်းလေးတွေကြားကရန်ပွဲကိုပဲ ဆက်လက်ရှုစားရမှာပါ။ဇိုးကိုမှဆရာတင်တဲ့အမှောင်ခေတ်နဲ့အညီ ထုံးစံအတိုင်း ကျောင်းတွေမှာ ဂိုဏ်းတွေကိုယ်စီနဲ့ ဆက်လက်ဆိုးသွမ်းမြဲ သောင်းကျန်းမြဲဖြစ်နေတုန်းပါပဲ။ ဒီတစ်ခါမှာတော့ ဘူရန်ဖွန်ကျောင်းက ဇိုးတစ်သိုက်က ကနော့ကျောင်းက ကျောင်းသားတစ်ယောက်ကို လက်စွမ်းပြရာကနေ ကျောင်းတော်ကရန်စတွေ ပြန်လည်စတင်လာပြန်တာပေါ့။နဂိုထဲက တစ်ယောက်နဲ့တစ်ယောက် အားပြိုင် မိုက်လုံးချင်းပြိုင်ဘယ်သူဖြစ်နေတဲ့ ကင်းတွေကြားမှာ ရန်စတစ်ခုရသွားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်စားချေဖို့ အမုန်းပွေပါတော့တယ်။ဒီရန်ပွဲတွေကြားထဲမှာ ရတ်ဆိုတဲ့ကောင်ဇိုးလေးကတော့ ကြားခံဖြစ်နေတာပေါ့။ ဒါပေမဲ့ ရတ်ကလည်း ကျောင်းတွင်းရန်ပွဲကြောင့် ...
movie

4 Kings 2 (2024)

2024