Channel Myanmar

Tim Storms

A Simple Plan (1998)
A Simple Plan (1998) IMDb 7.5/10 Rotten tomato 91% ဒီဇာတ်ကားကတော့ Scott B.Smith ရဲ့ ၁၉၉၃ခုနှစ်နှစ်ကထွက်ထားတဲ့ဝတ္ထုကိုသူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ Sam Raimiကရိုက်ကူးထားပါတယ် ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Billy BobThornton (ဘီလီဘော့သွန်တန်)၊Bill Paxton(ဘီလ်ပက်စ်တန်)နဲ့ Bridget Fonda(ဘရစ်ဂျစ်ဖောင်ဒါ)တို့ပါဝင်ထားပါတယ်။ ဘီလီဘော့သွန်တန်က ဇာတ်ပို့ဆုအတွက်အော်စကာနဲ့ရွှေကမ္ဘာလုံးဆုအတွက်နာမည်စာရင်းတင်သွင်းခံရသလိုအခြားဆုတွေရထားပါတယ်။Best Adapted Screenplay အတွက်လည်းရွှေကမ္ဘာလုံးဆုအမည်စာရင်းတင်သွင်းခံရပါ တယ်။အစပိုင်းကြည့်လိုက်ရင်တော့ သာမန်ဇာတ်ကားတစ်ကားလို့ထင်ရပေမဲ့ တစ်ဖြည်းဖြည်းဇတ်ရှိန်မြင့်လာတဲ့အခါ မထင်မှတ်တဲ့အလှည့်အပြောင်းလေးတွေနဲ့တကယ်ကိုကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်လာပါတယ်။ လူတွေအများစုက ငွေရှိရင်အကုန်ပြည့်စုံပျော်ရွှင်မယ်ထင်ကြတယ်။အဲဒီတော့ငွေထုတ်ကြီးကောက်ရပြီးပျော်လိုက်ရလားကြည့်ကြရအောင်။ဒီဇတ်ကားကတွေးစရာတွေလည်းအများကြီးပေးပါတယ်။ပုထုဇဥ်လူတွေဟာကိုယ့်အတ္တနဲ့ယှဥ်လာရင်သူငယ်ချင်းဆိုတာမရှိ ညီအကိုဆိုတာတောင်မရှိတော့ဘူးဆိုတဲ့အဆုံးအမတွေကိုလည်းသတိရမိတယ်။အထက်တန်းတုန်းကသင်ရတဲ့ မဟောသဓာဇာတ်တော်မှာလျို့ဝှက်ချက်ဆို အိမ်ကမိန်းမကိုတောင်မပြောနဲ့ မယုံရဘူးဆိုတာကိုလည်းသတိရမိတယ်။ကိုယ်မကောင်းတာလုပ်ထားရင် ဘယ်သူမသိသိကိုယ်တော့သိတယ် နောင်တရတတ်ရတယ်ဆိုတာကိုဒီဇာတ်ကားမှာပြထားပါတယ်။ လူတွေကတော့ အမရိကန်နိုင်ငံဆိုတာနတ်ဘုံလိုလိုထင်နေကြပေမဲ့ လူတန်းစေ့နေနိုင်ဖို့မနည်းရုန်းကန်နေရတဲ့မိသားစုဘဝတွေကို စကားလုံးတွေကမီးမောင်းထိုးပြထားပါတယ်။ယာတွေလယ်တွေပေါင် ကောလိပ်ထားရပြီး ရ လာတဲ့အလုပ်ရဲ့လစာကတော့မနည်းလူတန်းစေ့အောင်ရုန်းကန်နေရတယ်ဆိုတာလည်းတွေ့ရမှာပါ။သရုပ်ဆောင်တွေက မျက်လုံး၊မျက်နှာပေးတွေနဲ့သရုပ်ဆောင်တာတစ်အားကောင်းပါတယ်။တေးဂီတကလည်း ဇာတ်ကားကိုပံ့ပိုးပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဟန့်ခ်နဲ့ ဂျေကော့ဖ်ကညီအကိုတွေဖြစ်တယ်။ဟန့်ခ်ကတိရစ္ဆာန်အစာစက်ရုံတစ်ခုမှာ စာရင်းကိုင်လုပ်ပြီး သူ့မိန်းမဆာရာက စာကြည့်တိုက်မှာအလုပ်လုပ်ပါတယ်။ သူတို့မကြာခင်သမီးဦးလေးရတော့မှာပါ။ ဂျေကော့ဘ်မှာ အချစ်ဆုံးသူငယ်ချင်း လူးဆိုတာရှိပါတယ်။ လူးမှာအချစ်ဆုံးခွေးကြီး မေရီဘက်သ်ဆိုတာရှိပါတယ်။တစ်နေ့ သူတို့သုံးယောက် ဟန့်ခ်တို့ရဲ့အဖေရဲ့ အုတ်ဂူမှာနှစ်ပတ်လည်အတွက်ပန်းစီးသွားချကြရင်းအပြန် သဘာဝကာကွယ်တောနားမှာ​မြေခွေးတစ်ကောင်ကြောင့်ကားချော်သွားပြီး နည်းနည်းပျက်စီးသွားလို့ မြေခွေးနောက်ကိုလိုက်ကြရင်းလေယာဥ်ပျက်တစ်စီးကိုမမျှော်လင့်ဘဲသွားတွေ့ပါတယ်။ လေယာဥ်မှူးကသေနေပါပြီ။ အားကစားအိတ်နဲ့အပြည့် ဒေါ်လာတစ်ရာတန်တွေကိုတွေ့လို့ယူမယ်မယူဘူး အပ်မယ်မအပ်ဘူး ...
movie

A Simple Plan (1998)

Swordfish (2001) 6.5
Swordfish (2001) Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် "  ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie

Swordfish (2001)

2001
Robin Hood: Men in Tights (1993) 6.7
Robin Hood: Men in Tights (1993) Robin Hood: Men in Tights (1993)~ IMDb - 6.7/10, Rotten Tomatoes - 41% ~Mel Brooks ဆိုတဲ့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ရုံနဲ့အားမရလို့ ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်မြောက် လက်ရာ တစ်ခု ဖြစ်တဲ့ Robin Hood Parody လေး ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Mel Brooks ဟာ ဟာသလိုင်းမှာတော့ တော်တော်ပေါက်တဲ့လူဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ကားကိုလည်း စောက်တလွဲတွေအပြည့်နဲ့ စခွီထချင်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထားတာခံရပြီး သော့ပျောက်လို့ ...
movie

Robin Hood: Men in Tights (1993)

1993
Spider-Man 2 (2004) 7.3
Spider-Man 2 (2004) Spider Man 2 က ပထမဇာတ်ကားရဲ့ အဆက်အနေနဲ့ ထွက်ရှိခဲ့တာပါ။ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်...သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘဝကို ရာဇဝတ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်း နေရပါတယ်..မေရီဂျိန်းဟာလည်း သူဌေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ ...သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့ အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုဒုက္ခပေးမယ့် အန္တရာယ်တွေလည်းတိုးလာပါတယ်..ဒီလိုပြသနာတွေကြားမှာ ပီတာပါကားတစ်ယောက် ဘယ်လိုခွန်အားနဲ့ ဆက်လက်အသက်ရှင်ပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ...။မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay DS4K HEVC ...
movie

Spider-Man 2 (2004)

2004
Cradle 2 the Grave (2003) 5.8
Cradle 2 the Grave (2003) Cradle 2 the Grave (2003)______IMDb - 5.8/102003 က ထွက်ရှိခဲ့တဲ့ Cradle 2 the Grave ဇာတ်ကားမှာ မင်းသားကြီး ဂျက်လီ နဲ့အတူ ပါရာနာဝေးလို့ ပရိတ်သတ်တွေ သိကြတဲ့ Mark Dacascos တို့အတူတွဲဖက်သရုပ်ဆောင်ထားပါတယ် IMDb 5.8  ရရှိထားပြီး Action ကားကောင်းကောင်းကြည့်လိုသူ တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့.. ကျွမ်းကျင်သူခိုးအဖွဲ့တစ်ဖွဲ့က အဖိုးတန်ကျောက်တုံးလေးကို ခိုးယူမိပြီးသူတို့ထင်သလိုလည်းမဖြစ်လာခဲ့ဘူး..သူတို့လက်ထဲကနေ အဆင့်ဆင့်လုယူချင်နေတဲ့သူတွေကလည်းပေါများနေပါတယ် ဒီကျောက်တုံးအနက်လေးဟာ ဘယ်လိုများတန်ဖိုးရှိနေတာလဲ ပြီးတော့ အဲ့အရာကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့သူခိုးအဖွဲ့ကရော ဘယ်လိုမျိုး အခက်အခဲတွေကြုံမလဲ..ဆိုတာကို တစ်ကားလုံးစွန့်စားခန်း ဖိုက်တင်ခန်းတွေအပြည့် နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်  File Size - 1 GB Quality - Blu-Ray 720p Duration - 01:41:13 Translator - Phyo Zaw Encoder - LK
movie

Cradle 2 the Grave (2003)

2003