Channel Myanmar

Tim Russ

The Star City Murders (2024) 5.0
The Star City Murders (2024)  ရုပ်ရှင်ကားကြီးတွေမှာ မြင်တွေ့နေကျတော့မဟုတ်ပေမဲ့တချို့နာမည်ကြီး Series တွေမှာမြင်တွေ့နေကျဖြစ်တဲ့ နာမည်မကြီးတကြီးမင်းသားမင်းသမီးတွေနဲ့ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Star City Murders ဖြစ်ပြီးလူသတ်မှုတွေကိုရှာဖွေစုံစမ်းစစ်ဆေးရတဲ့ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့ စုံထောက်လောင်းတို့အတွက်တော့ကြည့်ရတာစိတ်ဝင်စားစရာကောင်းစေမှာဖြစ်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့ ဇာတ်ကားနာမည်ကိုကြည့်လိုက်တာနဲ့ စတားစီးတီး(မြန်မာကမဟုတ်) မှာဖြစ်တဲ့လူသတ်မှုတွေကိုနယ်ခံရဲဌာနကစုံထောက်ကြီးတွေက အဖြေရှာရတဲ့ပုံစံမျိုးရိုက်ကူးထားတာဖြစ်ပါတယ်။လူသတ်တဲ့ပုံစံကတခြားလူသတ်သမားတွေနဲ့မတူဘဲ မျက်နှာကိုကြည့်လိုက်ရုံနဲ့ဘယ်သူမှန်းတောင်မသိနိုင်လောက်တဲ့အထိ မျက်နှာပါမရှိတော့အောင်လုပ်ပြီးသတ်ဖြတ်ထားတဲ့အတွက် ဒီအမှုကိုအပူတပြင်းဦးစားပေးပြီး စုံစမ်းနေကြပါတယ်။အဲ့လိုစုံစမ်းနေရင်းတန်းလန်းနဲ့ကိုမှလူသတ်သမားက နောက်ထပ်တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်ရင်းနဲ့မှ သေဆုံးသူတွေများလာလေလေ သူတို့ကြားကဆက်နွယ်မှုတွေ ပိုသိသာလာလေလေနဲ့ တစ်ဆင့်ချင်းစီဆက်စပ်ရင်းနဲ့မှ လူသတ်သမားရဲ့ရည်ရွယ်ချက်နဲ့ တရားခံဘယ်သူလဲဆိုတာတွေကို ဖော်ထုတ်သွားမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… (861 MB) / (389 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 19m Genre ….. Adventure , Crime , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Star City Murders (2024)

Death Wish 4: The Crackdown (1987) 5.4
Death Wish 4: The Crackdown (1987) ပေါလ်ကာဆင်ရဲ့ ဇာတ်လမ်းဟာ နယူးယောက်မှာတင် အဆုံးမတင်နိုင်သေးဘဲCity of Angels လို့ တင်စားခေါ်ဝေါ်တဲ့ လော့စ်အိန်ဂျလိကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။Vigilante ဘဝကနေ အနားယူခဲ့တာကြာပြီဖြစ်တဲ့ ပေါလ်ကာဆင်ရဲ့ဘဝထဲကိုကယ်ရန် နဲ့ အယ်ရစ်ကာတို့ သားအမိက ဝင်ရောက်လာခဲ့ပြန်ပါတယ်။ အရမ်းထူးချွန်ပြီးလိမ္မာလွန်းတဲ့ အယ်ရစ်ကာကို ဆုံးပါးသွားတဲ့သမီးလေးကို သတိရစိတ်နဲ့ ခင်တွယ်မိနေပြန်ပါတယ်။လူငယ်သဘာဝ စူးစမ်းချင်စိတ်နဲ့ မူးယစ်ဆေးကို သုံးစွဲမိခဲ့တဲ့ အယ်ရစ်ကာတစ်ယောက်ကံမကောင်းအကြောင်းမလှဘဲ ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်ပါတယ်။အယ်ရစ်ကာ သေဆုံးရတဲ့ကိစ္စကို မကျေချမ်းနိုင်ဘဲ အယ်ရစ်ကာရဲ့ရည်းစားကို ခြေရာခံလိုက်ရင်းဆေးအရောင်းသမား ဂျိုဂျိုရဲ့ လက်ချက်မှန်း သိခဲ့ပါတယ်။ဂျိုဂျိုက ရန်ဒီကို သတ်နေတဲ့အချိန်မှာ မျက်မြင်တွေ့လိုက်ရပြီး ဂျိုဂျို့ကို တစ်ခါတည်း ပစ်သတ်ခဲ့ပါတယ်။ထိုကိစ္စပြီးတဲ့အချိန်မှာ ပေါလ်တစ်ယောက် ထူးဆန်းတဲ့စာတစ်စောင်ကို အိမ်မှာတွေ့ရှိပြီး သူ့ကို ဖုန်းခေါ်ဆိုလာခဲ့ပါတယ်.။သူ့ရဲ့နောက်ကြောင်းတွေကို သိရှိတဲ့သူဖြစ်ပြီး သူနဲ့တွေ့ဆုံဖို့ ငြင်းဆန်ပါကရဲတွေကို သူ့ရဲ့ Vigilante ဘဝကို ထုတ်ဖော်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ပေါလ် သွားရောက်တွေ့ဆုံတဲ့အချိန်မှာ လူကုံတံသတင်းစာတိုက်ပိုင်ရှင် နေသန်ဝှိုက်ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။အယ်ရစ်ကာ့လို အဖြစ်ဆိုးမျိုးကြုံခဲ့ရတဲ့ ...
movie

Death Wish 4: The Crackdown (1987)

Live Free or Die Hard (2007) Die hard 4 7.2
Live Free or Die Hard (2007) Die hard 4 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Live Free or Die Hard (2007) Die hard 4

2007
4K HEVC
Spaceballs (1987) 7.1
Spaceballs (1987)   ဒီဟာကတော့ ရှားရှားပါးပါး Star Wars နဲ့ Star Trek ကို parody ဟာသလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ meme တွေမှာလည်း မြင်ဖူးကြမှာပါ။ ရယ်ရသလို ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း အာကာသဘောလုံးဂြိုလ်သားတွေဟာ သူတို့ဂြိုလ်က လေသန့်တွေကို အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် အကုန်သုံးလိုက်မိတာကြောင့် အခြားဂြိုလ်က လေသန့်တွေကို လုယူဖို့ ကြံစည်နေပါတယ်။ ဒါပေမဲ့ အဲဒီဂြိုလ်ကလည်း ကာကွယ်ရေးစနစ်နဲ့ လေဆာဒိုင်းတွေ ရှိတာကြောင့် ဖောက်ဝင်နိုင်ဖို့ ပက်စ်ဝါ့လိုတာပေါ့။ အဲဒီပက်စ်ဝါ့ကို ရဖို့ ဂြိုလ်ကြီးရဲ့ ဘုရင်ရဲ့ တစ်ဦးတည်းသောသမီးလေးကို ပြန်ပေးဆွဲပါတော့တယ်။ အဲဒီမင်းသမီးလေးကို ကယ်တင်ဖို့အတွက် အာကာသထဲက မှောင်ခိုသမား သူငယ်ချင်းနှစ်ယောက်က ကြိုးစားကြပုံပါပဲ။ အဓိက အားဖြင့်တော့ Star Wars : A New Hope ကို ဟာသလုပ်ထားတာပါပဲ။ ခွီလိုက်ကြပါဦး။File size…(2.86GB/1.36GB/(757MB) Quality….Webrip 1080p / 720p ...
movie

Spaceballs (1987)

Nightshade (2022)
Nightshade (2022) လူသတ်မှုစုံထောက်ဘန်ဟာ အိပ်မပျော်သလိုခံစားနေလို့စိတ်ရောဂါကု ဆရာဝန်ဆီမှာ အိပ်ငွေ့ချကုသမှုခံယူနေရတာပါတဖြည်းဖြည်းနဲ့ အိပ်နေရင်းလမ်းလျှောက်တဲ့ရောဂါပါရလာပြီးအကြားအမြင်ရသလိုဖြစ်လာပါတော့တယ်အဲဒါကို သူ့မိန်းမကိုလည်းပြောမပြသလိုသူ့တွဲဖက်သူငယ်ချင်းကိုလည်း မပြောပြခဲ့ပါဘူးပုံစံတူ လူသတ်မှု ၃ခုဆက်တိုက်ဖြစ်လာတဲ့အခါမှာသဲလွန်စတွေကိုလိုက်ရင်း စိတ်ဝင်စားစရာလေးတွေတွေ့လာပါတော့တယ်ဘန့် ညဘက်လမ်းထလျှောက်တာကို သူ့မိန်းမကဘာလို့မသိရတာလဲသူက ဘာလို့ အကြားအမြင်ရသလိုဖြစ်နေရတာလဲသူ့သူငယ်ချင်း ကရော သူ့ကိုယုံပါ့မလားနောက်ဆုံး လူသတ်မှုကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ရမှာပါပဲ File size…(1.5 GB)/(800 Mb)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

Nightshade (2022)

The Midnight Sky (2020) 5.6
The Midnight Sky (2020) The Midnight Sky (2020)===================IMDb Rating - 5.6/10 ဒီနေ့ ညနေကမှ Netflix ကနေ ထွက်ရှိထားတဲ့ Sci-Fi, Fantasy, Drama ကားသစ် ကားကောင်းလေးပါ။အော်ဂတ်စတင်းဆိုတဲ့ လူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ္ပံပညာကို စွဲလမ်းလွန်းလို့ ချစ်သူနဲ့တောင်အဆက်ပြတ်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေအတွက် နေရာသစ်တွေကို ရှာဖွေချင်တဲ့သူတစ်ယောက်ပါ။ငယ်ရွယ်တဲ့ဘ၀ ကုန်ဆုံးပြီး နောက်အနှစ် ၃၀ လောက်ကြာတဲ့အခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ဆိုးရွားတဲ့ ကပ်ဆိုးတွေဖြစ်ပေါ်လာပြီး အားပြင်းတဲ့ ရေဒီယိုလှိုင်းတွေကြောင့် လူတွေအမြောက်အများသေကြေကုန်ကြပါတော့တယ်။ လူတိုင်းကိုယ့်နေရာကို စွန့်ခွာပြီး လုံခြုံမယ့်နေရာ ရှာကြပေမယ့် အော်ဂတ်စတင်းကတော့ သူ့ရဲ့ ကင်ဆာရောဂါအခြေအနေကြောင့်အာတိတ်ဒေသမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့ပါတယ်။တစ်ဖက်အာကာသထဲမှာကျတော့လည်း နေရာသစ်ရှာဖို့သွားတဲ့ယာဥ◌်တွေထဲကမှ တစ်စီးထဲ အသက်ရှင်ကျန်နေတဲ့ ယာဉ်အဖွဲ့ဟာ ကမ္ဘာမြေက အခြေအနေတွေကို မသိဘဲ နေရာသစ်တွေ့ကြောင်းသတင်းပေးဖို့ ကမ္ဘာမြေကိုပြန်လာဖို့ ကြိုးစားပါတော့တယ်။ အော်ဂတ်စတင်းကလည်း ကမ္ဘာပေါ်ကအခြေအနေတွေအကြောင်း ထိုအဖွဲ့ကို ပြောနိုင်ဖို့ ဆက်သွယ်ချင်ပေမယ့် ...
movie

The Midnight Sky (2020)

2020