Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tim Roth
6.2
Tornado (2025)
ဆာမူရိုင်း ဖူဂျင်နဲ့ သမီးဖြစ်သူ တိုနေတိုးဟာ အင်္ဂလန်ပြည်တလျှောက် လှည်ကလေးတစ်စီးနဲ့ ဂျပန်ရိုးရာဆာမူရိုင်း ရုပ်သေးပြဇာတ်ကို လှည့်လည်ဖျော်ဖြေရင်းအသက်မွေးဝမ်းကျောင်းပြုနေတဲ့ သားအဖတွေဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ ရုပ်သေးပြဇာတ်ဖျော်ဖြေနေရင်း ရာဇဝတ်သားသုံးယောက်က လမ်းကြုံတဲ့အတွက် သူတို့ဓားပြတိုက်လာတဲ့ရွှေထုပ်ကိုခဏချပြီးပြဇာတ်ကို ဝင်ကြည့်နေခဲ့ပါတယ်။ပြဇာတ်မှာ ဈာန်ဝင်ပြီး မျောသွားတဲ့ဓားပြသုံးယောက်ဟာ သတိလည်းဝင်လာရော ရွှေထုပ်ကြီးက မရှိတော့ပါဘူး။အဲအချိန်မှာ တိုနေတိုးက ရွှေထုပ်ခိုးသွားတဲ့ကောင်လေးကို ဓားပြလက်ချက်နဲ့သေမှာစိုးလို့ ကူဖွက်ပေးခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဓားပြသုံးယောက်က ကြမ်းပေ့ ရက်စက်ပေ့ဆိုတဲ့ ရှူးဂါမန်းနဲ့ လစ်တဲရှူးဂါးတို့ သားအဖ ဦးဆောင်တဲ့ဓားပြအုပ်စုရဲ့ အဖွဲ့ဝင်တွေ ဖြစ်လို့နေပါတယ်။ဓားခုတ်ရာလက်ဝင်ရှိုမိတဲ့ တိုနေးတိုးကြောင့် သူမရဲ့အဖေဟာ ဓားပြအုပ်စုရဲ့လက်ချက်နဲ့ သေရတဲ့အတွက် သူမဟာ အဲဓားပြအုပ်စုကိုဘယ်လိုလက်စားလိုက်ချေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။File Size… (1.74 GB) / ( 849 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre ….. Action , Drama ...
movie
Tornado (2025)
8.3
Reservoir Dogs (1992)
IMDb 8.3 ရရှိထားတယ်ဆိုတာတော်ယုံ Rating မျိုးမဟုတ်ဘူးနော် 1992 ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားဟောင်းလေးဆိုပေမဲ့ကောင်းနေဆဲဇာတ်ကားလေးပါ။ Crime/Thriller ဇာတ်ကားလေးဖြစ်ပါတယ်ဗြိတိန်နာမည်ကြီး Film magazine တစ်ခုဖြစ်တဲ့ Empire Film magazine ကတောင် "Greatest Indenpendent Film of all Time" အဖြစ်သတ်မှတ်ခံထားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ရုံဝင်ငွေဒေါ်လာ၂.၅သန်းအထိရရှိခဲ့ပြီး အင်္ဂလန်နိုင်ငံမှာပိုလို့အောင်မြင်ကာ ဝင်ငွေပေါင် ၆.၅သန်းအထိရလာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ယောက်ကိုတစ်ယောက် မသိကြတဲ့နာမည်ဝှက်ကိုယ်စီနဲ့ဒုစရိုက်သမား ၆ယောက်ကို ဓားပြတိုက်မှုတစ်ခုလုပ်ဖို့အတွက် စုစည်းလိုက်တဲ့တာကစတာပဲဖြစ်ပါတယ်။ တကယ်တော့ အဲဒါဟာရဲတွေရဲ့ထောင်ချောက်ဆင်မှုတစ်ခုဖြစ်ပြီး ဒါကိုမသိလိုက်တဲ့၆ယောက်သား ကိုယ်လွတ်ရုန်းဖို့လုပ်ရတော့တာပဲဖြစ်ပါတယ်။သူတို့တွေထောင်ချောက်ဆင်ခံလိုက်ရတာကိုသိသွားပြီးတဲ့နောက်မှာ အဓိကလက်သည်ဟာဘယ်သူလဲအဲဒီသူဟာသူတို့ထဲမှာရှိနေပြီး သစ္စာဖောက်သွားတာလားဆိုတာအဖြေရှာကြတော့တာပါပဲ။ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့စိတ်ဝင်စားစရာကောင်းပြီး ဝေဖန်မှုတွေလည်းကောင်းကောင်းရထားပြီး အောင်မြင်ခဲ့တဲ့ Crime/Thriller ဖြစ်တာကြောင့်ကြည့်စေချင်ပါတယ်။ R rated ဖြစ်ပြီးအပြောအဆိုကြမ်းတမ်းတာတွေပါနိုင်ပါတယ်။အညွှန်းကိုတော့ Thura Zarni Aung က ရေးသားပေးထားပါတယ်။ File size…(5.7 GB)/(1.4 GB)/(670 Mb) Quality….Blu-Ray 4K HEVC/1080p / 720p Format… ...
movie
Reservoir Dogs (1992)
1992
4K HEVC
6.8
The Incredible Hulk (2008)
Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor ...
movie
The Incredible Hulk (2008)
2008
4K HEVC
5.7
The Million Dollar Hotel (2000)
The Million Dollar Hotel (2000)IMDb Rating (5.7) ဒီဇတ်ကားမှာတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆန်(Mel Gibson) မီလာဂျိုဗိုဗစ်ချ် ( Milla Jovovich) နဲ့ ဂျယ်ရမီဒေးဗစ်(JeremyDavid)တို့ ပါဝင်ထားကြပါတယ်။ဒါရိုက်တာက Wim Wenders ဖြစ်ပါ တယ်။2000ခုနှစ်ဘာလင်ရုပ်ရှင်ပွဲတော်မှာဆုရထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်းလော့စ်အိန်ဂျယ်လိစ် မြို့လယ်မှာ “မီလီယံဒေါ်လာလို့”ခေါ်တဲ့ဟိုတယ်တစ်ခုရှိပါတယ်။ဟိုတယ်မှာနေတဲ့သူတွေက လော်ဘီ(ဧည့်သည်စောင့်တဲ့ခန်းမ)လို့ခေါ်တဲ့နေရာမှာ တီဗွီကြည့်ရင်း ခေတ်ဟောင်းတုန်းကအကြောင်းတွေပြောရင်း အချိန်ဖြုန်းတတ်ကြတဲ့ ခပ်ကြောင်ကြောင်လူတစ်စုရှိပါတယ်။သူတို့အထဲမှာ အများက တွမ်တွမ်(ဂျယ်ရမီဒေးဗစ်)လို့ခေါ်တဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်နေတဲ့ကောင်လေးလည်းပါပါတယ်။တစ်နေ့မှာ ဟိုတယ်မှာနေနေတဲ့ အစ်ဇီဂိုးလ်ကစ်လို့ခေါ်တဲ့လူတစ်ယောက်ဟိုတယ်ခေါင်မိုးပေါ်ကပြုတ်ကျပြီးသေသွားပါတယ်။သူ့ကို အိမ်မဲ့ယာမဲ့လို့သိထားပေမဲ့သူက မီဒီယာသူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေပါတယ်။ကိုယ့်ကိုကိုယ်သတ်သေတာမဖြစ်နိုင်ဘူးဆိုပြီးသူဌေးကြီးကဆီးနိတ်အမတ်ကိုပြောတဲ့အတွက်အက်ဖ်ဘီအိုင်နဲ့လော့စ်အိန်ဂျယ်လိစ်ရဲဌါတို့အမှုကိုလိုက်ပါတယ်။အက်ဖ်ဘီအိုင်က စုံထောက်စကင်းနား(မဲလ်ဂစ်ဘ်ဆင်)က အစ်ဇီနဲ့ရင်းနှီးတဲ့သူတွေကို လူသတ်သမားလို့သံသယထားပြီး အမှုကိုစုံစမ်းပါတယ်။ဟိုတယ်ကလူကြောင်အုပ်စုကစကင်းနားကိုသူတို့ထက်ပိုရူးတယ်လို့သတ်မှတ်လိုက်ပြီးကြောက်သွားကြပါတယ်။မီဒီယာသူဌေးကြီးရဲ့သားအမှုဖြစ်တဲ့အတွက် မီဒီယာတွေကလည်း တွေ့ဆုံတာတွေမေးမြန်းရုပ်သံလွှင့်တာတွေလုပ်လာပါတယ်။ရက်ဒ်အင်ဒီးယန်းဂျီရွန်နီမိုကိုအင်တာဗျူးရိုက်ရင်းနဲ့နောက်ခံကကတ္တရာစေးနဲ့ပုံဖော်ထားတဲ့ ပန်းချီကားကို အစ်ဇီဆွဲတာလို့ချန်နယ်၆ရုပ်သံကထုတ်လွှင့်လိုက်တဲ့အခါသူတို့အုပ်စုလည်းချော်လဲရောထိုင်ပြီးလူတွေကိုယုံအောင်လုပ်ပြီးပန်းချီကားတွေကိုစျေးကြီးကြီးနဲ့ရောင်းနိုင်ရင် သူတို့ရဲ့ဘဝတွေလည်းပြောင်းလဲမယ်ဆိုပြီးတက်ညီလက်ညီနဲ့ဇတ်လမ်းထွင်ကြပါတယ်။အဲဒီအတောအတွင်းတွမ်တွမ်ကသူတစ်ဖက်သတ်ကြိုက်နေတဲ့ ညငှက်မလေးအယ်လွိစ်(မီလာဂျိုဗိုဗစ်ချ်)နဲ့ရင်းနှီးသွားပါတယ်။စကင်းနားကအယ်လွိစ်ကိုတွမ်တွမ့်အခန်းကိုလွှတ်ပြီးသူတို့ပြောတာတွေကိုအသံဖမ်းစက်နဲ့ခိုးနားထောင်ပါတယ် ။တွမ်တွမ့်ကို စားသောက်ဆိုင်ခေါ်ကျွေး အစ်အောက်ပြီးဂျီရွန်နီမိုကလူသတ်သမားလို့စကင်းနားကကောက်ချက်ချပြီးဖမ်းလိုက်ပါတယ်။ဂျီရွန်နီမိုပိုင်တဲ့ အစ်ဇီဆွဲတာလို့ဂျင်းထည့်ထားတဲ့ပန်းချီကားရောင်းမယ့်အစီအစဥ်ပျက်မလိုဖြစ်လာတဲ့အခါဂျီရွန်နီမိုအစား လူသတ်တရားခံအဖြစ်တွမ်တွမ်ကိုဝန်ခံပေးဖို့တိုက်တွန်းလို့တွမ်တွမ်ကသူခေါင်မိုးကနေတွန်းချတဲ့အကြောင်းရုပ်သံရိုက်ကူးပြီးဝန်ခံလိုက်ပါတယ်။လူကြောင်အုပ်စုရဲ့ပန်းချီကားရောင်းတဲ့ကိစ္စအောင်မြင်မလား တရားခံအစစ်ကဘယ်သူလဲ မထင်မှတ်တာတွေဘာဆက်ဖြစ်မလဲဆိုတာဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ထူးခြားချက်ဇတ်ညွှန်းရေးသူတွေနဲ့ဒါရိုက်တာကတော့ အက်ဘီအိုင်(FBI) ပန်းချီဆရာလောက ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူတွေရဲ့လောက ရုပ်သံလွှင့်မီဒီယာတွေအကြောင်းနဲ့တေးဂီတဝိုင်းတွေရဲ့အကြောင်းကိုပါးပါးလေးသရော်ထားပါတယ်။သရော်ထားပေမဲ့အရှိတရားတွေလည်းဖြစ်နေနိုင်ပါတယ်။အတွေးစတွေချန်ပေးထားခဲ့ပါလိမ့်မယ်။“ဘုရားသခင်က လူဖြူဖြစ်ရမယ်”ဆိုတာလေးရဲ့နောက်မှာလည်းပြောချင်တာတွေအများကြီးရှိပါလိမ့်မယ်။လူတွေနဲ့ အတ္တမာန( Ego)အကြောင်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်သလိုအကြောင်းပြချက်မရှိတဲ့ unconditionallove ...
movie
The Million Dollar Hotel (2000)
2000
5.5
Classified (2024)
တစ်ချိန်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီးAaron Eckhart ရဲ့ Classified ဆိုတဲ့အက်ရှင်ဇာတ်ကားအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။အသက်ကြီးပေမဲ့ မပျက်စီးသေးပဲအခုထက်ထိကြမ်းနေတုန်းဆိုတာကို တွေ့ရမှာဖြစ်ပြီး အက်ရှင်ခန်းတွေကလည်းအကြမ်းစားတွေပါပဲ။ကြေးစားလူသတ်သမားတစ်ယောက် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေတယ်လို့မှတ်ယူပြီး လူတွေလိုက်သတ်ပေးနေရင်းနဲ့နောက်ပိုင်းမှာ သူ့ကိုအမိန့်ပေးနေတဲ့လူပြောင်းသွားပြီး ပစ်မှတ်တွေကလည်းနိုင်ငံအတွက်အကျိုးမရှိဘဲ လိုက်သတ်ပေးနေရတာကိုတွေ့တဲ့အခါမှာ အဖြစ်မှန်ပေါ်ပေါက်အောင်လိုက်လံစုံစမ်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့ဒီကြေးစားလူသတ်သမားကတော့ရှောပဲဖြစ်ပြီး သူ့ကိုယ်သူတော့CIA အတွက်အလုပ်လုပ်ပေးနေတယ်လို့ထင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ကေစီဆိုတဲ့ MI6 ကကောင်မလေးကသူ့ဆီကိုရောက်ချလာခဲ့ပြီးသူထင်နေသလိုမဟုတ်ဘူးဆိုတာကို သက်သေတွေနဲ့တကွလာရှင်းပြပါတော့တယ်။ကေစီပြောတာတွေကလည်းယုတ္တိရှိနေတဲ့အတွက်သူ့ကိုအလုပ်ခိုင်းနေတာ CIA မဟုတ်ဘူးဆိုရင် နောက်ကွယ်ကကြိုးကိုင်ထားတဲ့လူဘယ်သူလဲဆိုတာကို အဖြေရှာဖို့အတွက် ကေစီနဲ့အတူတူစတင်စုံစမ်းခဲ့ကြပါတော့တယ်။တစ်ဖက်မှာလည်း သူ့ကိုအလုပ်ခိုင်းနေတဲ့လူကစစ်ဆင်ရေးတွေကိုဆက်လုပ်ဖို့ တွန်းအားပေးတဲ့အနေနဲ့ သူ့နောက်ကိုလူတွေလွှတ်ပြီးတောက်လျှောက်တိုက်ခိုက်ခိုင်းတဲ့အခါမှာတော့ ရှောနဲ့ကေစီတို့နှစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်ပြီး နောက်ကွယ်ကလူကိုအဖြေရှာပုံတွေအပြင် တခြားသောမြှုပ်ကွက်လေးတွေကိုပါ စိတ်ဝင်တစားကြည့်ရှုရမဲ့ အက်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… 1.83GB / 992MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Classified (2024)
6.7
Four Rooms (1995)
ဒီဇာတ်ကားလေးက ဟိုတယ်ဧည့်ကြိုကောင်လေး Ted တယောက်ရဲ့ နှစ်သစ်ကူးညမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးရိုက်ကူးထားတာပါ၊ ထူးခြားတာက ဒီဇာတ်ကားကို ဒါရိုက်တာ ၄ ယောက်ကရိုက်ကူးခဲ့တာဖြစ်ပြီး ဟိုတယ်အခန်း ၄ ခန်းမှာ Ted တယောက်ကြုံတွေ့ခဲ့ရတာတွေကို ပုံဖော်ထားတာပါ၊ပထမအခန်းကတော့ နတ်ဘုရားတယောက်ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေတဲ့ စုန်းမတွေနဲ့ Ted တယောက်တွေ့ခဲ့ရတာပါ၊ အသက်ပြန်သွင်းဖို့အစီအရင်မှာ ပစ္စည်းတခုလိုအပ်နေခဲ့ပြီး ဒါကိုလည်း Ted ကဖြည့်ဆည်းပေးခဲ့ရပါတယ်၊ဒုတိယအခန်းကတော့ ရန်ဖြစ်နေတဲ့လင်မယား၂ယောက်အခန်းပါ၊ Ted တယောက် ဒီရန်ပွဲထဲမှာ ကြားညှပ်ခဲ့ရပါတယ်၊နောက်တခန်းကတော့ ဂန်းစတားတယောက်ရဲ့အခန်းဖြစ်ပြီး ဂန်းစတားရဲ့ သားနဲ့သမီးကို ထိန်းဖို့ဖြစ်လာရကနေ အခက်အခဲပေါင်းများစွာကို Ted တယောက်ထပ်ပြီးကြုံတွေခဲ့ရပါတယ်၊နောက်ဆုံးအခန်းကတော့ ဟောလိဝုဒ်နာမည်ကြီးတယောက်ရဲ့ အခန်းဖြစ်တာမို့ Ted တယောက်သက်သာရာရပြီထင်ခဲ့ပေမယ့် နှစ်သစ်ကူးညကြုံတွေ့ရသမျှထဲမှာ အဆိုးဆုံးနဲ့ကြောင်တောင်တောင်အနိုင်ဆုံးကိစ္စကို ကြုံတွေ့ခဲ့ရပြန်ပါတယ်၊ဒီဇာတ်ကားက ဟိုတယ်တခုထဲမှာပဲ ဖြစ်ခဲ့တဲ့ မတူညီဖြစ်ရပ်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပြီး တကယ်လည်းရယ်ရတဲ့ကားလေးပါ၊ File size…(1.7 GB)/(860 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. ...
movie
Four Rooms (1995)
8.9
Pulp Fiction (1994)
Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino ဖြစ်ပါတယ်... Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်... အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ...
movie
Pulp Fiction (1994)
1994
4K HEVC
7.8
The Hateful Eight (2015)
The Hateful Eight (2015)IMDb Rating (7.8) / Rotten Tomatoes (75%)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards,Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေရိုက်တတ်လဲ သိမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကိုအခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ်( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ်အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာနှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကိုစိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ကြာမြင့်ချိန် ၃ ...
movie
The Hateful Eight (2015)
2015
4K HEVC
Virgin Territory (2007)
Virgin Territory (2007) Genre – Adventure, Comedy, Romanceနာမည်ကျော် Star Wars ရုပ်ရှင်တွေမှာ Darth Vader မဖြစ်ခင်ဘဝAnakin Skywalker နေရာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသားHayden Christensen ငယ်ရွယ်နုပျိုစဉ်တုန်းကကောင်မလေးတသိုက်နဲ့ ပျော်ပိုက်ကြတဲ့အချစ်ဟာသ စွန့်စားခန်းကားလေး ဖြစ်ပါတယ်။အပေါ်ပိုင်း ဗလာကျင်းမှုတွေ တော်တော်များများ ပါဝင်တာရယ်လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ ပါဝင်တာကြောင့်မိသားစုနဲ့ ကြည့်ရှုဖို့ဆို အထူးသတိချပ်စေလိုပါတယ်။ MCU မှာ Abomination လုပ်တဲ့ မင်းသားကြီး Tim Roth လည်းဗီလိန်နေရာပါ ပါဝင်ထားပါသေးတယ်။ကျန်တာတော့ နာမည်မသိပေမဲ့ အတော်ကိုချောမောလှပကြတဲ့မင်းသမီးတွေ အုပ်လိုက်ပါပါတယ် ဆက်စီလည်းဆန်ပါတယ်။ဇာတ်လမ်းကတော့ ရှေးခေတ် အီတလီကို ပလိပ်ရောဂါတွေဖြစ်နေတဲ့အချိန်အရ အခြေခံထားပါတယ်။ လိုရန်ဇိုဆိုတဲ့ကောင်ချောလေးတစ်ယောက်ဟာ လောင်းကစားလုပ်ရင်းလူဆိုးသူဌေးဖြစ်တဲ့ ဂျာဘီနိုကို အနိုင်ရပေမဲ့ ဟိုကအကျင့်ယုတ်ပြီးလိုက်သတ်ဖြတ်နေတဲ့အတွက် မြို့ကနေ ရှောင်ပြေးရာကနေအပျိုစင်တွေချည်း ရှိတဲ့ သီလရှင်ကျောင်းထဲကိုပရမ်းပတာနဲ့ ရောက်သွားပါတော့တယ်။ သူချစ်တဲ့ သူဌေးမလေးဆိုတာကျ မိဘသဘောအရရုရှားမြို့စားတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုပေမဲ့လည်းလူဆိုးသူဌေး ဂျာဘီနိုကလည်း သိမ်းပိုက်ဖို့ချောင်းနေတာပါ။ဒီမှာတင် သူဌေးမလေးကလည်း ...
movie
Virgin Territory (2007)
6.1
Möbius (2013)
Mobius (2013)===========မောဘီးယပ်စ်ဆိုလို့ မာဗယ်ထဲက မောဘီးယပ်စ်နဲ့ လွဲမသွားကြပါနဲ့ဦး။ ဒီမောဘီးဘပ်စ်က သတ်သတ်ပါ။ဒီကားက Mobius Strip ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က ကစားဖူးလောက်မဲ့ မျက်နှာပြင်နှစ်ဖက်ရောနေတဲ့ စက္ကူအဝိုင်းစလေးကနေ reference ယူထားတာပါ။ 2013ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 6.1/10 ရရှိထားပါတယ်။ ရုရှား-ပြင်သစ်-အင်္ဂလိပ်စကားပြောရုပ်ရှင်ပါ။ Drama/Thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်ညွှန်းကတော့ ရော့စ်တော့ဗ်စကီဆိုတဲ့လူကို ဖမ်းတဲ့နေရာမှာ အချက်အလက်တွေနှိုက်ဖို့သူလျှိုရွေးတော့ Financial Expert တစ်ယောက်ဖြစ်တဲ့ မင်းသမီးကို ရွေးလိုက်ကြတယ်။ အပေးအယူကတော့ U.Sကနေ အလုပ်လုပ်ခွင့်အပိတ်ခံထားရတဲ့သူ့ကို ပြန်ရအောင်လုပ်ပေးမယ်ပေါ့လေ။ အချက်အလက်နှိုက်ရမဲ့သူလျှိုဆိုတော့ စီးပွားရေးလုပ်ငန်းကနေတဆင့် ဝင်လုံးပေမဲ့ အီစီကလီကိစ္စလေးတွေပါပါတာပေါ့။ အဲလိုသူလျှိုအလုပ်လုပ်နေတုန်းမှာပဲ မင်းသမီးကသူ့အချစ်စစ်ကိုရှာတွေ့ပါလေရော။ ဖြစ်ချင်တော့ သူ့ချစ်သူကလည်း တကယ့်လူမှသွားဖြစ်နေပြန်တယ်။ သူလျှိုအလုပ်နဲ့ အချစ်ရေးရောထွေးလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ )File size_(2GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Thriller Subtitle_Myanmar ...
movie
Möbius (2013)
7.5
Selma (2014)
၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်းခွဲခြားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်တောင်ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်ရပ်ကွက်တွေ လူမည်းမဝင်ရတဲ့ စားသောက်ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူးကန် စာသင်ကျောင်းနဲ့ ဘတ်စ်ကားတွေအထိ လူဖြူတွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကားပေါ်ကလူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ လူဖြူသီးသန့်ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကားရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကားဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa Park က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲကဖမ်းဆီးခဲ့ရာမှ Montogomery ဘတ်စ်ကားသပိတ်ကြီးပေါ်ပေါက်လာပြီး သမိုင်းဝင် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) ပေါ်ပေါက်လာပါတော့တယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိကခေါင်းဆောင်ကတော့ ဒေါက်တာမာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစကို ဒေါက်တာမာတင်လူသာကင်း ...
movie
Selma (2014)
7.5
[18+] The Cook, the Thief, His Wife & Her Lover (1989)
The Cook, the Thief, His Wife & Her Lover (1989)~ IMDb - 7.5/10, Rotten Tomatoes - 86% ~" 18+ ခန်းတွေပါတာကြောင့် အသက်ပြည့်မှကြည့်ဖို့အကြံပေးပါရစေ "ဒီကားကတော့ 1989 မှာထွက်ရှိထားပြီး ဆုတွေလည်းအများကြီးရထားရုံတင်မက တစ်ခေတ်တစ်ခါရဲ့ ဗြိတိန်ဂန္ထဝင်မင်းသားကြီး မင်းသမီးကြီးတွေပါဝင်ထားတဲ့ မှုခင်းဒရာမာကားကောင်းတစ်ကား The Cook, the Thief, His Wife & Her Lover ဆိုတဲ့ကားပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကလည်း BAFTA လို ဗြိတိန်အကယ်ဒမီဆု အပါအဝင် ဆုတွေအများကြီးရထားတဲ့ Peter Greenaway ပဲဖြစ်ပါတယ်။ဇာတ်လမ်းကျောရိုးကိုတော့ ဇာတ်လမ်းနာမည်အတိုင်း ဇာတ်ကောင် ၄ ယောက်ကို ဗဟိုပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လန်ဒန်မြို့က စားသောက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး နေ့တိုင်း ထင်တိုင်းကြဲသောင်းကျန်းနေတဲ့ အဲဘက် (The ...
movie
[18+] The Cook, the Thief, His Wife & Her Lover (1989)
1989
6.6
Arbitrage (2012)
Pretty woman ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေသိကြတဲ့ မင်းသား Richard Gere ရဲ့ ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အောင်မြင်ပြီး ကျိကျိတက်ချမ်းသာတဲ့ စီးပွားရေးသမား Robert ဟာ အပေါ်ယံကြည့်ရင်တော့ အိမ်ထောင်ရှင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်ပေါ့။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ဒီလိုမဟုတ်ပါဘူး။ အိမ်ကမိန်းမကို ချစ်ချင်ယောင်ဆောင်ပြပြီး စကီလေးတွေ ထည်လဲတွဲနေတဲ့ Robert မှာ သူ့အိမ်သားတွေကို ဖုံးကွယ်ထားတဲ့ နောက်လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ်။ အဲလျှို့ဝှက်ချက်မပေါက်ကြားခင် သူ့ကုမ္ပဏီကို ရောင်းပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ သူ့စမောလေးနဲ့ ကားပတ်စီးရင်း အက်စီးဒင့်ဖြစ်ပြီး ကောင်မလေးသေသွားပါတယ်။ အဲလိုကံဆိုးမသွားရာ မိုးလိုက်လို့ရွာခြင်းခံနေရတဲ့ Robert တစ်ယောက် ပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ကြည့်ရှုခံစားမှာဖြစ်ပါတယ် File size…(1.7 GB)/(800 MB)/(450 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat ...
movie
Arbitrage (2012)
6.4
Punch (2022)
IMDb 6.4/10 ထိရရှိထားပြီး 2023 Nominee Audience Award အတွက်ဇကာတင်ထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့အတုအယောင်တွေ၊ပေါ်ယံတွေပေါများတဲ့လောကအကြောင်းကိုလူငယ်လေးနှစ်ယောက်ရဲ့ဘဝဇာတ်လမ်းလေးတွေနဲ့ရိုက်ကူးပြထားတာကိုတွေ့ရမှာပါ Whetu နဲ့ ဂျင်မ်ဆိုတဲ့ကောင်လေးနှစ်ယောက်ဟာ သူတို့နေတဲ့အမြင်ကျဉ်းမြောင်းပြီးအကျင့်ယုတ်တဲ့သူတွေရှိတဲ့မြို့လေးကနေထွက်သွားနိုင်ဖို့အတွက်ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ပြီးကြိုးစားကြရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.4 GB)/(780 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Punch (2022)
The Legend of 1900 (1998)
နာမည်က နံပါတ်ဖြစ်နေတဲ့ထူးချွန်ပေမယ့် ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာပဲ မွေးပြီးစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးကို စိတ်သဘောကောင်းတဲ့လူမည်းအလုပ်သမားတစ်ယောက်က မွေးစားပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၁၉၀၀လို့ နာမည်ပေးခဲ့ပါတယ်။ မိဘမဲ့ကလေး၁၉၀၀ဟာ တစ်သက်လုံးဗာဂျင်နီးယန်းသင်္ဘောကြီးပေါ်ကမဆင်းဖူးဘဲ စန္ဒရားတီးပညာကို တစ်ဖက်ကမ်းကျွမ်းကျင်လာပါတယ်။ ၁၉၀၀ရဲ့ ထူးဆန်းလှတဲ့ဘ၀ဇာတ်ကြောင်းကို သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြန်ပြောပြရင်း ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ။ ဂုဏ်သတင်းကျော်စောမှုနဲ့ ချမ်းသာမှုကို မမက်မောဘဲ သင်္ဘောပေါ်ကမဆင်းရဲတဲ့ ၁၉၀၀ ရဲ့ဘ၀ကို ဒါရိုက်တာ Giuseppe Tornatoreက ရိုက်ကူးပြီး Tim Roth, Pruitt Taylor Vince တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ File size…(3.2 GB)/(1.6 GB)/(898 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:50:00 Genre...Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Legend of 1900 (1998)
6.7
Bergman Island (2021)
Bergman Island (2021) ================= IMDb Rating - 6.7/10Romantic Drama ကိုမှ ငြိမ့်ငြိမ့်လေးစီးမျောခံစားချင်သူတွေအတွက် IMDb rating 6.7/10 ရထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။အမေရိကန်ရုပ်ရှင်ဒါရိုက်တာစုံတွဲဖြစ်တဲ့ ခရစ်နဲ့တိုနီဟာ နွေရာသီမှာ သူတို့ အလုပ်အတွက် စိတ်ကူးစိတ်သန်းတွေရှာဖွေဖို့ ဆွီဒင်နိုင်ငံက ဖော်ရိုကျွန်းကို ရောက်ရှိလာပါတယ်။ အဲဒီကျွန်းဟာ သူတို့အရမ်းကြိုက်တဲ့၊ ခေတ်အဆက် ဆက်နာမည်ကြီးဆုံး ဆွီဒင်ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူ Ingmar Bergman နေထိုင်ခဲ့ရာနေရာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့အမှတ်တရများစွာ ရှိတဲ့ကျွန်းတစ်ကျွန်းပါ။စိတ်ဓာတ်တွေကျဆင်းပြီး ဇာတ်လမ်းတစ်ပုဒ်ဖန်တီးဖို့တောင် တွန့်ဆုတ်နေခဲ့တဲ့ ခရစ်တစ်ယောက် ကျွန်းအနှံ့သွားလာရင်း၊ ဘာဂမန်ရဲ့အနုပညာဈာန်၀င်စားမှုတွေကို လိုက်လံရှာဖွေရင်း ဇာတ်လမ်းတစ်ပုဒ်ရလာပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဟာ စိတ်ကူးနဲ့ လက်တွေ့ရောထွေးနေခဲ့ပါတယ်။အချစ်နဲ့သစ္စာတရားကြား လွန်ဆွဲမှုတွေ၊ အချစ်လား ခဏတာတပ်မက်မှုလား မဝေခွဲ နိုင်ခြင်းတွေက ဇာတ်ကောင်တွေနဲ့အတူ ကြည့်ရှုသူတွေကိုပါ တစ်သားတည်းစီးမျော ခံစားရစေမှာပါ။ အဲဒါကြောင့် ခပ်ငြိမ့်ငြိမ့်လေးနဲ့ အတွေးစတွေပွားရင်း ကြည့်ရမယ့် drama ရုပ်ရှင်မျိုးမျှော်နေတဲ့ ပရိသတ်တွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.0 GB) / (836 MB) / (450 ...
movie
Bergman Island (2021)
2021
6.1
Resurrection (2022)
Resurrection ( 2022) ------------- IMDb - 6.2/10 Rotten Tomatoes - 80% , Metacritic - 70%Thriller တစ်ပေါက်မှာ လျှမ်းလျှမ်းတောက်သလို နိုလန်တိုနာမည်ကျော် ဒါရိုက်တာကြီးတွေနဲ့ ကားကောင်းတွေရိုက်ဖူးပြီး မနှစ်က Passingဆိုတဲ့ အနုပညာအရ အတန်အသင့်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကိုပါ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးခဲ့တဲ့ Rebecca Hall ဦးဆောင်ပါဝင်ထားတဲ့ Thrillerရုပ်ရှင်အသစ်ပါ။ Tim Rothလို ဝါရင့်မင်းသားကြီးကလည်း အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းပုံစံကတော့ A24 Thrillerတွေကြိုက်တဲ့သူတွေ ကြိုက်ကြမယ့်ပုံစံပါပဲ။ မသိမသာနဲ့ကို အရင်လတွေကထွက်ခဲ့တဲ့ Menရဲ့ အငွေ့အသက်မျိုးလည်း ရနေပါတယ်။ thriller horrorအနေဲ့ဆို သူရထားတဲ့ Rotten Tomatoesနဲ့ Metacriticတိုလို ဝေဖန်ရေးဆရာတွေပေးတဲ့ ရိတ်တင်တွေဟာ မိုးပေါ်ပျံနေတာကြောင့် Thrillerအနေနဲ့ဆို ရှားပါးကားကောင်းတွေထဲက တစ်ကားပြောရပါမယ်။ လန့်စရာတော့ မပါလှပါဘူး။ ဘာတွေဖြစ်နေမှန်းမသိတာကို ရင်တစ်သိမ့်သိမ့်တုန် ကြည့်ရင်း ရင်ဖိုရမယ့် ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ...
movie
Resurrection (2022)
6.6
Sundown (2021)
Sundown (2021)==============IMDb Rating - 6.6/10ချမ်းသာတဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ နေလ်ဟာ သူရယ် သူ့ညီမမိသားစုနဲ့အတူ မက်စီကိုမြို့ကို အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်...... ခရီးထွက်နေတဲ့အချိန် သူတို့အမေ ဆုံးပါးသွားတာကြောင့် သူတို့နေတဲ့ လန်ဒန်ကို ချက်ချင်းပြန်ခဲ့ရပါတယ်...... ဒါပေမဲ့ နေလ်ဟာ Passport ပျောက်သွားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မက်ဆီကို မှာပဲ နေရစ်ခဲ့ပါတယ် နောက်တော့ အိမ်ကို လုံးဝမပြန်တော့ဘဲ မက်စီကိုမှာပဲ သောင်တင် နေခဲ့ပါတော့တယ်.......ဒါပေမယ့် တကယ်တန်းတော့ နေလ်မှာ အိမ်ကိုမပြန်ရတဲ့ အကြောင်းရင်းကရှိနေပါ တော့တယ်။ နေလ်တစ်ယောက် အမေဆုံးပါးသွားတာတောင် ဘာလို့အိမ်မပြန်တာလဲ မက်စီကိုမှာ ဘာလို့နေရစ်ခဲ့တယ်ဆိုတာကို ဆက်လက်ကြည့်ရှူပေးပါဦး...... ဒရမ်မာ ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ သူတွေ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်......(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (965 MB) /(494 MB) / (343 MB) Quality – WebRip 1080p / 720p/480p Duration - 1h 22mins Subtitle ...
movie
Sundown (2021)
2021
6.9
Rob Roy (1995)
Rob Roy (1995)အင်္ဂလိပ် နန်းတွင်း ကိစ္စရေးရာကိုမှ အခုလို ဆောင်းတွင်းအေးအေးလေးမှာ အချိန်ယူပြီး အေးဆေးကြည့်လို့ရမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။မင်းသားကလည်း နာမည်ကြီး Liam Neeson ဖြစ်ပါတယ်။ ဘုရင်မျိုးနွယ်ဖြစ်ခဲ့ဖူးတဲ့ ရော့ဘ်တစ်ယောက်အခုတော့ နွားကျောင်းသားဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့ဂုဏ်သိက္ခာ၊ သူ့မာနနဲ့ ခက်ထန်တဲ့ သူတစ်ယောက်ပေါ့။အင်္ဂလန် မင်းမျိုးကြီးတွေရဲ့ ကောက်ကျစ်မှုတွေ၊ ရှုပ်ထွေးမှုတွေကြားထဲ သူ့မာနနဲ့သူနေနေတဲ့ ရော့ဘ်တစ်ယောက်မှာ ပြဿနာတွေတက်လာတဲ့အခါ... ဇာတ်လမ်းက အေးပေမယ့် စိတ်ဝင်စားစရာကောင်းလွန်းပါတယ်။အတိုက်အခိုက်အရှုပ်အထွေးတွေကြားထဲ ရော့ဘ်တစ်ယောက်ဘယ်လိုရုန်းထွက်မလဲ၊ ရော့ဘ်ရဲ့ မာနတွေ၊ မိသားစုချစ်စိတ်တွေ၊ တာဝန်သိတတ်မှုတွေက အင်္ဂလိပ်မင်းကြီးတွေကို ဘယ်လိုတုန်လှုပ်စေမလဲဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ဆက်ကြည့်ပြီး ရှူစားကြစေချင်ပါတယ်...(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)Size - 2.1GB, 1.3GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 19Min Type ...
movie
Rob Roy (1995)
1995
7.9
Shang-Chi and the Legend of the Ten Rings (2021)
Shang-Chi and the Legend of the Ten Rings (2021)===================================IMDb Rating - 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကိုပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက်အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ်ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ်ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခုပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။(ဒီဇာတ်လမ်းရဲ့ ...
movie
Shang-Chi and the Legend of the Ten Rings (2021)
2021
IMAX 4K HEVC
1
2
Next