Channel Myanmar

Tim Bergmann

Rommel (2012) 6.5
Rommel (2012) Rommel (2012) ****************IMDb - 6.5/10ဒီဇာတ်လမ်းလေးကတော့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရိုးမဲလ် ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ် ...သဲကန္တရမြေခွေးကြီးလို့လည်းအတော်များများကြားဖူးကြမယ်ထင်ပါတယ်...ဒီစစ်ကားမှာ တခြားစစ်ကားတွေထက် ပိုကောင်းတဲ့အချက်တွေကတော့ ဗိုလ်ချုပ်ကြီးရိုးမဲလ်အပါအဝင် ဂျာမန်စစ်ခေါင်းဆောင်တွေရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်အချိန် ဘယ်လိုစစ်ပြင်ဖို့ဆွေးနွေးကြပုံတွေစစ်ဖြစ်နေတဲ့အချိန်အတောအတွင်းမှာလဲ တန်ပြန်တိုက်စစ်တွေကို ဘယ်လိုပုံဖော်ကြလဲဆိုတာတွေအပြန်အလှန်ဆွေးနွေးကြပုံတွေကို အသေးစိတ်ရိုက်ကူးပုံဖော်ထားပါပဲ....ဗိုလ်ချုပ်ကြီးရိုးမဲဟာ သူ့ရဲ့စစ်ခေါင်းဆောင်ကြီးဟစ်တလာရဲ့အပေါ်မှာ အလွန်သစ္စာစောင့်သိတဲ့စစ်သားတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေအပေါ်လူမဆန်တဲ့လုပ်ရပ်တွေကိုသိသွားတဲ့အခါမှာ ဆက်ပြီးတော့ဟစ်တလာအပေါ်မှာ သစ္စာစောင့်သိဦးမှာလား...အဲဒီအချိန်မှာပဲ ဂျာမန်တွေဟာ မဟာမိတ်တို့ရဲ့ပြင်းထန်တဲ့တိုက်စစ်တွေကြောင့် အဘက်ဘက်ကစစ်ရေးရှုံးနိမ့်လို့နေခဲ့တယ်..ရိုးမဲလ်က ဟစ်တလာကို ငြမ်းချမ်းရေးညှိနှိုင်းဖို့အကြံပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး..အဲဒီနောက်မှာတော့ ဟစ်တလာရဲ့ခေါင်းဆောင်မှုအပေါ်မှာ သဘောမကျတဲ့ဂျာမန်စစ်ခေါင်းဆောင်အချို့ဟာ အာဏာသိမ်းဖို့အတွက်တိတ်တဆိတ်ကြံစည်လုပ်ဆောင်လာခဲ့တဲ့အခါမှာတော့...ဗိုလ်ချုပ်ကြီးရိုးမဲလ် ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ.. (အညွှန်းကို Zwel Zan Aung မှ ရေးသားထားပါတယ်) File size…3.2GB / 835MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet 
movie

Rommel (2012)

The World Will Tremble (2025) 6.1
The World Will Tremble (2025)  ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် ဒုတိယကမ္ဘာစစ်နောက်ခံ သမိုင်းဇာတ်ကားလေးဖြစ်ပါတယ်။နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်သိမ်းပိုက်အပြီးမှာ ဂျူးလူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။မီခေး၊ ဝုဖ် နဲ့ ရှောလမွန်တို့ ဟာ နာဇီအလုပ်စခန်းမှာအလုပ်လုပ်ရမယ်လို့ လိမ်ညာခေါ်ဆောင်ခံခဲ့ရပြီး တကယ်တမ်းရောက်သွားတဲ့အချိန်မှ အလုပ်စခန်းမဟုတ်ဘဲ လူသတ်စခန်းဖြစ်နေမှန်းသိခဲ့ရပါတယ်။ ဒီလိုနဲ့ သေမထူးနေမထူးဘဝတွေမို့ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ထွက်ပြေးတယ်ဆိုတာလည်း အပြောကသာ လွယ်ပေမဲ့နာဇီတွေပတ်လည်ဝိုင်းနေတဲ့ နယ်မြေမှာ ထွက်ပြေးဖို့ဟာဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေပါ။ဒီလိုနဲ့ သူတို့တွေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ။ အသည်းတအေးအေးနဲ့ စိတ်ဝင်စားဖွယ်ပါပဲ။ဒီရုပ်ရှင်လေးမှာတော့ သမိုင်းအဖြစ်အပျက်တွေကိုလက်တွေ့ကျကျတင်ဆက်ပြသထားတာမို့ ဒုတိယကမ္ဘာစစ်အတွင်းက ပိုလန်နိုင်ငံ ဂျူးလူမျိုးတွေရဲ့ ဘဝကို ပြန်လည်မြင်‌ယောင်ခံစားမိစေမှာပါ။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာမို့ စိတ်ဝင်စားဖို့လည်းကောင်းပြီး ကြည့်ရတာ နောင်တမရစေမဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါကြောင်း ...   File size… (1.68 GB) / (978 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h ...
movie

The World Will Tremble (2025)