Channel Myanmar

Tiku Talsania

Raja Hindustani (1996) 6.1
Raja Hindustani (1996) Raja Hindustani 1996 ကြမ္မာချစ်သူ Imdb 6.1/10ဒီကားကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာဒါမက်ရှ်ဒါရှန်ရဲ့အချစ်နဲ့ ဒရာမာကို ပေါင်းစပ်တင်ဆက်ထားတဲ့ လက်ရာမြောက် ဇာတ်ကားတစ်ကားပါ အိန္ဒိယရုပ်ရှင်သမိုင်းမှာလည်းအောင်မြင်မှုအများကြီးရခဲ့တဲ့ ရုံတင်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား အာမီရ် ခန်းနဲ့ မင်းသမီးကာရစ္စမာကာပူးရ်တို့က အချိတ်အဆက်မိမိသရုပ်ဆောင်ပေးထားပြီးနဲ့ အစွမ်းကုန်ချောမောပေးထားကြပါသေးတယ်ဇာတ်လမ်းရဲ့ အစကတော့ အိန္ဒိယနိုင်ငံ၊ ကိုယင်ဘာတိုနားက တောင်ကုန်းမြို့လေးတစ်ခုမှာ တက္ကစီဒရိုင်ဘာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရာဂျာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ စတင်ပါတယ် ရာဂျာက အရမ်းရိုးသားဖြောင့်မတ်ပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ သူ့ရဲ့ အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့ ဒေသခံလူငယ်လေးတစ်ဦးပေါ့ မိဘတွေက ငယ်စဉ်ကတည်းကဆုံးပါးသွားကြလို့ တွေ့ရာလူနဲ့ အဆင်ပြေပြေပေါင်းပြီး ဘဝကိုဖြတ်သန်းခဲ့ပါတယ်တစ်ဖက်မှာတော့ မွန်ဘိုင်းမြို့က ချမ်းသာကြွယ်ဝပြီး ခေတ်မီတဲ့ မိသားစုက ဆင်းသက်လာသူ အာရ်တီဆိုတဲ့ အလှပဂေးလေးတစ်ဦးရှိပါတယ်အာရ်တီက အမေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ မိထွေးရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာပါ နွေရာသီအားလပ်ရက်အဖြစ် ကိုယင်ဘာတိုနားက ...
movie

Raja Hindustani (1996)

Mere Husband Ki Biwi (2025)
Mere Husband Ki Biwi (2025) Mere Husband Ki Biwi 2025 (ကျွန်မယောက်ျားရဲ့ ဇနီးလောင်း)IMDb - 5/10 အန်ကူဆိုတဲ့လူငယ်လေးဟာ အိမ်ထောင်ကျပြီးသွားပေမဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသူတစ်ယောက်ပါ။အန်ကူရဲ့ ဇနီးဖြစ်သူ ပရာဘလင်းဟာ အမြဲ ပြဿနာရှာတတ်လို့ အန်ကူတစ်ယောက်လည်း စိတ်မချမ်းမသာဖြစ်နေရတော့တာပေါ့။တစ်နေ့တော့ အန်ကူတစ်ယောက် ရီရှီကေ့ရှ်ကို သွားပြီးတော့ မိသားစုပိုင်ဆိုင်မှုတွေကို သွားရောင်းဖို့လုပ်တဲ့အချိန်မှာ တစ်ချိန်က ဇာတ်လမ်းရှိခဲ့ဖူးတဲ့ အန်တာရာခန်နာဆိုတဲ့ ကောင်မလေးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတော့တယ်။အန်တာရာခန်နာဆိုတာကတော့ ယောက်ျားလေးများကြားမှာ ရေပန်းစားပြီး အကုန်လုံးက ဇာတ်လမ်းဖြစ်ချင်လောက်တဲ့အထိကို အရမ်းလှတဲ့ကောင်မလေးပါ။ဒီလိုနဲ့ ရီရှီကေ့ရှ်မှာ အန်ကူနဲ့ အန်တာရာတို့ တွေ့ဆုံကြရင်း အန်ကူတစ်ယောက် မိန်းမကို မေ့ပြီး အန်တာရာကို ချစ်မိသွားရာကနေ ..........အန်ကူ, အန်တာရာနဲ့ ပရာဘလင်းတို့ ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲ ......... ပရာဘလင်းတစ်ယောက် ယောက်ျားဖြစ်သူကို သူ့ဘက်ပြန်ပါလာအောင် ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ... ဆိုတာကို အချစ်ဟာသကားလေးဖြစ်တဲ့အတိုင်း ဟာသလေးတွေနဲ့အတူ ရယ်ရယ်မောမောကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်?(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.5 GB / 1.2 GB Quality…WEB ...
movie

Mere Husband Ki Biwi (2025)

Vicky Vidya Ka Woh Wala Video (2024) 5.8
Vicky Vidya Ka Woh Wala Video (2024) Vicky Vidya Ka Woh Wala Video (2024) "ဗစ်ကီ-ဗစ်တရာနဲ့ အမှု‌ပွေတဲ့ဗီဒီယိုစီဒီ)"တဝါးဝါးတဟားဟားနဲ့ အချစ်ဟာသကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် IMDb 5.9/10 rating ရထားတဲ့ ဟင်ဒီဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။‌ဗစ်ကီဟာ ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နေတတ်တဲ့ ဒန်းဆိုးဆရာလေးတစ်ယောက်ပါ။ သူ့ချစ်သူကတော့ ဆရာ၀န်မလေး ဗစ်တရာပေါ့။ တစ်နေ့ ဗစ်ကီခရီးသွားရာက ပြန်ရောက်တဲ့အခါ ဗစ်တရာရဲ့ စေ့စပ်ပွဲသတင်းကို ကြားရပါတော့တယ်။ဒါပေမဲ့ ဗစ်ကီတစ်ယောက် အသည်းကွဲပြီး မှိုင်နေမယ်တော့ မထင်ပါနဲ့။ စေ့စပ်ပွဲမှာ စားစရာတွေ တစ်ပွဲပြီးတစ်ပွဲ တွယ်နေတာပါ။ စေ့စပ်ပွဲရဲ့အရေးကြီးတဲ့အချိန်ကို ရောက်လာတဲ့အခါကျမှ ဗစ်ကီတစ်ယောက် ဗရုတ်ကျပြီး ပညာသားပါပါ နှောင့်ယှက်ပါတော့တယ်။ဒီလိုနဲ့ အဲဒီစေ့စပ်ပွဲပျက်သွားပြီး ‌အဆင့်အတန်းချင်းမတူတဲ့ ဗစ်ကီနဲ့ဗစ်တရာတို့နှစ်ဦး ပေါင်းဖက်ရဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့ဇာတ်လမ်းက ဒီမှာပြီးမသွားပါဘူး။ သူတို့လက်ထပ်ပြီးနောက်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ဗီဒီယိုစီဒီ အခိုးခံလိုက်ရပါ‌တယ်။ ဇာတ်လမ်းက အဲဒီမှာစတာပါ။‌အဲဒီ‌နောက်မှာ သူတို့နှစ်ဦးသား အဲဒီလျှို့ဝှက်ဗီဒီယိုစီဒီကို ဘယ်လိုပြန်ရှာယူကြမလဲ၊ အိမ်ထောင်ရေးခရီးလမ်းမှာ ဘယ်လိုပြဿနာတွေကြုံရမလဲဆို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်စားစရာ ကြည့်ရမှာ စိတ်အပန်းပြေစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Vicky Vidya Ka Woh Wala Video (2024)

Tera Jadoo Chal Gayaa (2000)
Tera Jadoo Chal Gayaa (2000) Tera Jadoo Chal Gaya (2000)သုံးပွင့်ဆိုင်အချစ်၂၀၀၀ ခုနှစ်များဆီက ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်တတ်တဲ့ CM ပရိသတ်ကြီးအတွက် အဘီရှိတ်ခ်ဘဂျမ်း ၊ ကီရ်သီရတ်ဒီနဲ့ ဟာသမင်းသားကြီးဂျွန်နီတို့ အဓိကပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ပူဂျာက အောင်မြင်တဲ့ဒါရိုက်တာကြီးအရမ်းဖြစ်ချင်တဲ့သူ ဒါပေမဲ့ အလုပ်မှာတော့အမြဲနောက်ကျတတ်လို့ ခဏခဏအဆူခံရတဲ့သူပေါ့ ၊ အများနဲ့မတူထူးခြားကောင်းမွန်တဲ့ သူ့အိုင်ဒီယာတွေကိုလည်း အလုပ်က စီနီယာတွေဆီမှာ ဖြတ်လုခံရနဲ့ ဒါရိုက်တာကြီးအိပ်မက်က အလှမ်းဝေးနေလေရဲ့။တစ်နေ့သူငယ်ချင်းမင်္ဂလာဆောင်သွားရင် အာဂရာမြို့မှာတွေ့ခဲ့တဲ့ ကဘီးရ်က သူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားသွားတော့တယ် ၊ ကဘီးရ်ဆိုတာလည်း သူ့မြို့မှာတောင် မသိသူမရှိ လူချစ်လူခင်များတဲ့သူ ၊ကဘီးရ်ကသာ ပူဂျာ့ကိုစိတ်ဝင်စားပေမဲ့ ပူဂျာကတော့ ကဘီးရ်ရဲ့ အစွမ်းအစနဲ့ လူချစ်လူခင်များတာကိုသဘောကျရုံကလွဲ စိတ်ဝင်စားမှုရှိမလာပါဘူး၊ သူ့စိတ်ထဲမှာ သူ့လက်တွဲဖော်အတွက် ပုံဖော်ထားပြီးသားဖြစ်နေတာကြောင့်လည်းပါတယ်ပူဂျာအိပ်မက်ထဲက လက်တွဲဖော်ပုံစံနဲ့ထပ်တူကျတဲ့သူပေါ်လာချိန်မှာတော့ အိပ်မက်တွေကိုအလေးထားတဲ့ ပူဂျာနဲ့ သူတန်ဖိုးထားလိုချင်တဲ့အရာတွေကို ရအောင်ယူနိုင်စွမ်းရှိတဲ့ ကဘီးရ်တို့ကြားမှာ ဘယ်လိုအပြောင်းအလဲ ၊ အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size…2.56 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard ...
movie

Tera Jadoo Chal Gayaa (2000)

Ishq (1997) 6.9
Ishq (1997) Ishq 1997 ( ချိုမြိန်တဲ့သောက) IMDb - 6.8/10Ishq ဇာတ်ကားဟာ1997 ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb - 6.8ရရှိထားကာ အဲဒီနှစ်ရဲ့ တတိယ၀င်ငွေအများဆုံးရခဲ့ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း. နာမည်ကျော် ခန်း ၃ ခန်းထဲက Pk မင်းသားဖြစ်တဲ့ အမီရာခန်း ( Aamir Khan ) ၊ မင်းသားကြီး အဂျေး ( Ajay Devgn ) ၊ မင်းသမီးကြီး Juhi Chawla နဲ့ Kajol တို့ရဲ့ ငယ်စဉ်ကာလ နုပျိုချောမောမှုတွေနဲ့အတူ Chemistry မိမိရိုက်ကူးတာပါ..ဇာတ်ကားအကျဉ်းကတော့-ဆင်းရဲသားကို မစင်ပုံရွံသလို ရွံတတ်ကြတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး နှစ်ဦးဟာ သူတို့ရဲ့သားနဲ့သမီးကို သဘောမတူတဲ့လူနဲ့ ယူသွားမှာကြောက်လို့ သူတို့မသိစေဘဲ လက်ထပ်စာချုပ်ကြိုချုပ်ပေးထားဖို့လုပ်ရာက အသိုင်းအဝိုင်းထဲကမဟုတ်တဲ့လူနဲ့တွေ့ဆုံမိပြီး သဘောကျသွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ? ဘယ်လို ပြဿနာ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာဦးမလဲ? ချစ်သောသူချင်းပေါင်းရပါ့မလား? အလွဲလွဲအမှားမှားနဲ့ပဲ ချစ်ရသူနဲ့လက်ထပ်မယ့​သူ မတူကွဲပြားသွားမလား? ဘာညာသာရကာကတော့ ...
movie

Ishq (1997)

Chaahat (1996) 5.5
Chaahat (1996) Chaahat (1996) **************** ပရိတ်သတ်အချစ်တော်မင်သားကြီး ဘောလိဝုဒ်King SRKရဲ့ 1996ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 5.5ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်း ရူပ်းဆင်းရာထောရ်နဲ့ သူ့အဖေ ရှန်ဘူးနားသ်ဟာ ရွာမှာသီချင်းဆိုတဲ့သူတွေဖြစ်ကြပြီး တစ်နေ့မှာတော့ အဖေဖြစ်သူ ရှန်ဘူးနာသ်းဟာ နာမကျန်းဖြစ်လာကာ ဆေးကုရမယ့်အခြေအနေဆိုက်ရောက်လာပါတော့တယ်။ဒီလိုနဲ့ပဲ အဖေကို ဆေးကုပေးဖို့အတွက် မြို့ပေါ်တက်လာတဲ့ တောသားလေးရူးပ်နဲ့ သဘောကောင်းပြီးဖော်ရွေတဲ့သူနာပြုမလေး ပူဂျာတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံရာကနေ သူမကို မြင်မြင်ချင်း ချစ်မိသွားတယ်။အဲဒီအချိန်မှာပဲ ရွှေဇွန်းကိုက်မွေးလာပြီး လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ သူဌေးသမီးလေး ရေးရှ်မာကလည်း ရူးပ်ကိုမြင်မြင်ချင်းစွဲလမ်းမိသွားပြီး ရူးပ်ကိုပိုင်ဆိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားပါတော့တယ်။ ရူးနဲ့ ပူဂျာတို့ ပေါင်းဖက်ခွင့်ရနိုင်မှာလား ? ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့ရမလဲ ? မင်းသားကြီး ရှာရွတ်ခန်းရဲ့ Action/Romanceအမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီး သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းတဲ့အတွက်ကြောင့် ပရိသတ်တွေမမေ့နိုင်တဲ့ ကားလေးလည်းဖြစ်တာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝ လက်မလွှင့်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…3.21GB/ 1.47GB Quality…1080p NF  WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard ...
movie

Chaahat (1996)

1996
Cirkus (2022) 6.4
Cirkus (2022) Cirkus (2022) Comedy, Drama IMDb 6.4/10 (21K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ...
movie

Cirkus (2022)

2022
Yeh Raaste Hain Pyaar Ke(2001) 4.0
Yeh Raaste Hain Pyaar Ke(2001) Yeh Raaste Hain Pyaar Ke (2001)အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်...မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ်တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်...ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Yeh Raaste Hain Pyaar Ke(2001)

2001
Deewangee (2002) 6.5
Deewangee (2002) မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။"အချစ်" ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်...ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်..ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့ လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ...ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ် ရှိလည်း ရှိနိုင်ပါတယ်...ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်...မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်..လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက ကွေကွင်းသွားခဲ့ရပါတယ်..ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်...ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်...တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်...ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့ ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်...ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား...တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ...
movie

Deewangee (2002)

Duplicate (1998) 5.6
Duplicate (1998) လောကမှာ လူသူမရှား နာမည်တူမရှားဆိုပြီး ပြောစမှတ်တွင်ခဲ့ကြတယ်မလားဒီဇာတ်ကားလေးမှာလည်း မင်းသားကြီး ရှာရွတ်ခန်းက နှစ်ကိုယ်ခွဲနေရာက သရုပ်ဆောင်ထားတယ်...တစ်ယောက်က ငွေရဖို့အတွက်ဆိုရင် ကမ္ဘာမီးလောင်လည်း သားကောင်ချနင်းမယ့် လူစားမျိုးဖြစ်တဲ့ လူမိုက်ကြီးမန်နူးဒါဒါ...နောက်တစ်ယောက်ကတော့ မိခင်ကိုပျော်အောင်ထားပြီး ကမ္ဘာ့အတော်ဆုံး စားဖိုမှူးလေးဖြစ်ချင်နေတဲ့ ဘဗ်လူး...မန်နူးကို လိုက်ဖမ်းရင်းနဲ့ ရဲတွေက ဘဗ်လူးကို မှားဖမ်းမိတဲ့အခါ အရှုပ်တော်ပုံတွေ ပေါ်လာရပါတော့တယ်။ရိုးသားဖြူစင်တဲ့ဘဗ်လူးကို အကောက်ကြံပြီး သူ့ဘဝကိုပါ လုယူချင်လာတဲ့ မန်နူးနဲ့ကြောက်တတ်ပေမယ့်လည်း အနိုင်ကျင့်သူကို သင်ခန်းစာပြန်ပေးဖို့ကြိုးစားရမယ့် ဘဗ်လူးတို့ကြားသူတို့ရဲ့ ချစ်သူတွေ မိသားစုတွေပါ ပါလာတဲ့အခါမှာတော့...ဘယ်လိုတွေဇာတ်ရှိန်တက်လာမလဲဆိုတာ.........။ရှရွတ်ခန်း ၂ ကိုယ်ခွဲနဲ့ ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးကို ရုပ်ရှင်ရုံထဲ လိုက်ကြည့်ရသလို အကအလှရသအစုံ ခံစားရမှာပါ။ File size…(4 GB)/(1.6 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:44:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Duplicate (1998)

Devdas (2002) 7.6
Devdas (2002) IMDb Rating(7.6) / Rotten Tomatoes (89%)တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ ထူးထူးခြားခြား ဆူညံပွက်လောရိုက်နေတယ်ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့.. ဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေးသားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ ဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ "ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ "============================================"နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား တစ်ခါမှ မရပါဘူးငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ် နင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာနင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ ငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့"******************************************အမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုဆီကို အပြေးသွားခဲ့လေသူ ဒေ့ဗ်သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ...
movie

Devdas (2002)

2002
Hungama 2 (2021) 4.8
Hungama 2 (2021) Disney+Hotstar က ဖြန့်ချိတဲ့ အသစ်စက်စက် Bollywood ရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်...ဒီဇာတ်ကားက ၂၀၀၃ ခုနှစ်က နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ Hungama ဇာတ်ကားရဲ့ Sequel အနေနဲ့ထွက်ရှိလာတာပါ...ဇာတ်လမ်းကတော့.....သူဌေးကြီး မစ္စတာဘဂျာဂျ်နဲ့ အငြိမ်းစားထောင်မှူးမစ္စတာကပူရ်တို့က အရမ်းကိုခင်မင်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီးသူတို့သားသမီးတွေကို လက်ထပ်ပေးဖို့အထိပါ စီစဉ်ထားကြတဲ့သူတွေဖြစ်ပါတယ်...မစ္စတာကပူရ်ရဲ့သားဖြစ်သူ အာကာရှ်ဟာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတူတွေတူမတွေနဲ့ ဘဝကိုပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး ဖြတ်သန်းနေသူတစ်ယောက်ပါ...ဒါပေမယ့် အေးဆေးနေရမယ့်ရက်တွေ ကုန်ဆုံးသွားချိန်ကတော့ သူ့ရဲ့ငယ်ရည်းစားဆိုသူက သူ့ရဲ့ကလေးဆိုသူကိုရင်ခွင်ပိုက်လို့ အိမ်ကိုရောက်ချလာတဲ့အချိန်ပါပဲ...ငယ်တုန်းကရှုပ်ထားတဲ့ ရည်းစားရဲ့ ကလေးက သူ့ကလေးအစစ်အမှန်လား....နှစ်ဖက်မိဘသဘောတူထားတဲ့ ဂုဏ်သိက္ခာအိမ်ထောင်ရေးကိုရော ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ...ဟာသအသောလေးတွေနဲ့ ခပ်သွက်သွက်တင်ဆက်ထားတဲ့ အချစ်ဟာသဇာတ်လမ်လေးပါ။ရုပ်ရှင်ရုံတွေမှာ မိသားစုလိုက် အပန်းဖြေကြည့်ရှုရမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီးစိတ်ညစ်စရာများလှတဲ့ ခုကာလမှာ ခဏတာဖြစ်ဖြစ် အပန်းဖြေဖို့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။  File size…(2.6 GB) / (1.3 GB) / (700 MB) Quality…WEB-DL 1080p /720p/ 360p Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Zin ...
movie

Hungama 2 (2021)

Kabhi Haan Kabhi Naa(1994) 7.9
Kabhi Haan Kabhi Naa(1994) Kabhi Haan Kabhi Naa(1994) ==================================== "ကိုယ့်ဆန္ဒအတိုင်းသာဆိုဟောဒီအိပ်မက်ထဲကလုံးဝကိုမနိုးထချင်တော့ပါဘူး" "ကြယ်တွေကြွေတိုင်းဘုရားထံတောင်းတဲ့ဆုကမင်းအချစ်ရရှိဖို့ပါ" ဟောဒီလောကမှာသူရဲကောင်းတွေရဲ့အချစ်ဇာတ်လမ်းတွေကို ဘယ်လောက်ထိတောင်ကြားသိဖူးပြီးသွားပြီလဲ အရှုံးသမားတွေရဲ့အချစ်ဇာတ်လမ်းတွေရောသိကြရဲ့လား တဖွဲ့တနွဲ့ရေးတဲ့သူတွေရောရှိပါ့မလား လောကမှာဟီးရိုးတွေအတွက်သာခမ်းနားတဲ့အချစ်ဇာတ်ရှိပြီး ဇီးရိုးတွေအတွက်ရောရှိပါ့မလား ဘယ်သူကရောရေးဖွဲ့လို့ဘယ်သူကရောအချိန်ပေးဖတ်ရှု့မှာလဲ အခုဇာတ်လမ်းလေးကလည်းဒီလိုပါပဲ အရှင်းဆုံးပြောရရင်ဇီးရိုးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့ ဘယ်လောက်ဇီးရိုးကျလဲဆိုရင် မိသားစုထဲမှာမျက်နှာကောင်းမရ အပေါင်းသင်းကြားထဲမှာမျက်နှာငယ် ကိုယ်ချစ်တဲ့မိန်းကလေးရှေ့မှာခေါင်းမမော့နိုင်တဲ့သူတစ်ယောက်အကြောင်း သူ့နာမည်ကတော့ဆူနီးလ်တဲ့ ဟုတ်ပါတယ် အလုပ်အကိုင်မယ်မယ်ရရမရှိ ပညာရေးကျတော့လည်းစာမေးပွဲ၃နှစ်ဆက်တိုက်ကျဆိုတဲ့ဂုဏ်နဲ့ ဘာထူးခြားတာများရှိလဲ အများနဲ့မတူထူးခြားတာဆိုလို့တေးဂီတ ဆူနီးလ်ဟာတေးဂီတပိုင်းမှာတော့ပါရမီရှိသူတစ်ဦး ဒါပေမဲ့ဖြစ်ဖြစ်မြောက်မြောက်တော့အောင်မြင်မှုမရှိသေးဘူး သူ့မှာတဖက်သတ်စိတ်ဝင်စားနေရတဲ့အန္နာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် အန္နာဟာဆူနီးလ်ကိုတော့သူငယ်ချင်းတစ်ယောက်လိုပဲသဘောထားပြီး သူတို့အဖွဲ့ထဲကခရစ်ကိုတော့ရင်ခုန်နေပုံပါပဲ ဘာကြောင့်လဲဆိုတော့ ဆူနီးလ်နဲ့ယှဉ်လိုက်ရင်ခရစ်ဟာအဖက်ဖက်ကအပုံကြီးသာနေလေတယ် ပညာအရည်အချင်း အလုပ်အကိုင် ဂုဏ်အဆင့်အတန်းအသိုင်းအဝိုင်း ဒီလိုအခြေနေမှာဆူနီးလ်တစ်ယောက်အန္နာ့အချစ်ကိုရပါ့မလား...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  Zaw Htooပဲဖြစ်ပါတယ်...  File Size : (1.1 GB) and (399MB) Quality : Web-DL720P, Format…mp4 Duration…02:38:00 Genre : Drama, Music,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encoded by Phyo Pyae
movie


1994