Channel Myanmar

Thomas Vernant

Banger (2025) 5.5
Banger (2025)  ယခုတစ်ခေါက်တင်ဆက်ပေးလိုတဲ့ ဇာတ်ကားလေးကတော့ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်..ဒီကားလေးမှာဆိုရင် မူးယစ်ဆေးအဖွဲ့ခေါင်းဆောင်ကိုဖမ်းဆီးဖို့အတွက် ဒီဂျေသမားဟောင်းတစ်ယောက်အားအသွင်ယူထောက်လှမ်းစေသည့်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်..ScorpeX အမည်ရ ဒီဂျေသမားဟောင်းတစ်ယောက်ဟာအကြွေးပတ်လည်ဝိုင်းနေလျက် ၎င်းရဲ့သီချင်းဓာတ်ပြားတွေဟာလည်းရောင်းတန်းမဝင်ဘဲ လူကြိုက်နည်းကာအခက်အခဲကြုံနေရသူတစ်ယောက်ဖြစ်ပါတယ်..၎င်းဒီဂျေသမားဟာ မိမိကိုယ်ကိုယ်မိမိ ရောင်းတန်းမဝင်တော့သည့် အိုပယ်အနုပညာသမားအဖြစ်ကို ငြင်းဆန်လျက်လူငယ်ခြေတက်ဒီဂျေသမားများနဲ့ လိုက်လံတုပပြိုင်ဆိုင်နေစဉ်မှာပဲ ၎င်းထံသို့ အထူးအေးဂျင့်တစ်ယောက်ရောက်ရှိလာကာ မူးယစ်ခေါင်းဆောင်တစ်ဦးကို အသွင်ယူကာကူညီစုံစမ်းပေးဖို့ အတင်းအဓမ္မခြိမ်းခြောက်ခြင်းခံရပါတော့တယ်..ScorpeX နှင့်သိကျွမ်းသူ ဒီဂျေတစ်ယောက်ဟာ ထိုမူးယစ်ဆေးခေါင်းဆောင်နှင့်ပတ်သက်ကြောင်း သိရှိထားကြသည့်ထောက်လှမ်းရေးအဖွဲ့ဟာ ScorpeX မှတဆင့် ထောက်လှမ်းဖို့ကြိုးစားကြပြီး ScorpeX ဟာလည်း ခြိမ်းခြောက်မှုကိုမလွန်ဆန်နိုင်ဖြစ်လျက် သားရဲတွင်းဆီ ဝင်ရောက်ရဖို့ဖြစ်လာခဲ့ပါတယ်...ဂီတအနုပညာရူးသွပ်သူ ScorpeX အဖို့ အသက်ဘေးအန္တရာယ်နဲ့နီးကပ်လှတဲ့ ထောက်လှမ်းရေးလုပ်ငန်းကို ဝါသနာပါရာဒီဂျေစက်တွေကိုင်တွယ်ရင်း ရင်တထိတ်ထိတ်နဲ့လုပ်ဆောင်ရပုံကိုဟာသဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်..ဒီကားလေးဟာဆိုရင် ဒီဂျေသမားများကို အခြေခံရိုက်ကူးထားတာဖြစ်လို့ အီလက်ထရိုသီချင်းပေါင်းများစွာနဲ့ မြူးမြူးကြွကြွကြည့်ရှုရမယ့်ကားလေးဖြစ်ပြီး မိမိကိုယ်ကိုယ်အထင်ကြီးလှတဲ့ScorpeX ရဲ့ မဝံ့မရဲဖြစ်မှု မချင့်မရဲနိုင်မှု လေကြီးမှုတွေကိုပေါ့ပေါ့ပါးပါးတင်ဆက်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များစိတ်အပန်းပြေကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ.....................File size… (1.46GB) / (801MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / ...
movie

Banger (2025)