Channel Myanmar

Thomas Schultz

Don’t Mess with Grandma (2024) 6.0
Don’t Mess with Grandma (2024)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့သည်းထိတ်ရင်ဖို အက်ရှင်ဟာသဇာတ်မြူးကားလေးပဲဖြစ်ပါတယ်..ဒီကားလေးမှာဆိုရင် အဘွားဖြစ်သူနေအိမ်ကို ဝင်ရောက်လုယက်ဓားပြတိုက်ဖို့ ကြိုးစားသူလူတစ်စုကို မြေးဖြစ်သူကကာကွယ်တိုက်ထုတ်ပုံတွေကို ရယ်သွမ်းသွေးဖွယ် စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်..Jasper ဟာ စစ်ပြန်တစ်ယောက်ဖြစ်ပါတယ် အဘွားဖြစ်သူ့အိမ် ပြန်လာတဲ့တစ်ည အရက်လေးတမြမြနဲ့လက်ဆေးကန်ပြင်ဆင်ရင်းရှိနေသူ Jasper ဟာ နေအိမ်တွင်းသို့ ဖောက်ထွင်းဝင်ရောက်လာသူ ဓားပြများနှင့်ကြုံကြိုက်ရကာ ၎င်းတို့အား တိုက်ထုတ်ရပါတော့တယ်..ဓားပြများဟာ သေစေနိုင်လောက်တဲ့ လက်နက်များနှင့်တိုက်ခိုက်သော်လည်း လူသတ်ဖို့ကိစ္စကို မလုပ်လိုသူJasper ဟာ ဖောက်ထွင်းဝင်ရောက်သူများကို ထိုးကြိတ်သတ်ပုတ်ကာ အိမ်အပြင်သို့သာ နှင်ထုတ်ပါတယ်..အဘွားဖြစ်သူဟာတော့ အကြားအာရုံမကောင်းသဖြင့်အိမ်အတွင်းတိုက်ခိုက်သတ်ပုတ်ရာမှ ထွက်လာသောဆူညံသံများကို မကြားဘဲ နေမြဲအတိုင်း လုပ်စရာရှိတာလုပ်ရင်း သာမန်ညလေးတစ်ညကို စာဖတ်ရင်း ဟင်းချက်ရင်းဖြတ်သန်းနေလျက်ရှိစဉ် Jasper တစ်ယောက်ကတော့အသက်အန္တရာယ်ဘေးကို အဘွားမသိအောင် ရင်ဆိုင်နေရပါတယ်...ဖောက်ထွင်းဝင်ရောက်သူများဟာ Jasperရဲ့ ထွက်သွားဖို့သတိပေးစကားကိုနားမထောင်ဘဲ လူတွေထပ်တိုးထပ်တိုးစစ်ကူခေါ်ရင်း Jasper အဘွားအိမ်ကို ရအောင်ဓားပြတိုက်ဖို့ကြိုးပမ်းရာ ဘော်လိဝုဒ်ကားအလား အသတ်အပုတ် အတိုက်အခိုက် အလွင့်အစင်များဖြင့် လူ ၁ ယောက်နှင့် အယောက်၂၀ နီးပါးလူတစ်စု တိုက်ခိုက်ရတဲ့နောက်မှာတော့…ဒီရုပ်ရှင်လေးကတော့ အက်ရှင်ဟာသဇာတ်မြူးကြည့်ရှုလိုသူပရိသတ်များအတွက် ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Don’t Mess with Grandma (2024)